← Chapters

တည်ငြိမ်သော ချူးယွင်ဖန်း

Vol. 78 Ch. 1156

တည်ငြိမ်သော ချူးယွင်ဖန်း

Vol. 78 Ch. 1156

ချူးယွင်ဖန်း၏စကားကြောင့် အန်းရှို့ရှို့နှင့် စီတုမြောင်ယီတို့ ချက်ချင်းပင် စိတ်ရှုပ်ထွေးသွားခဲ့သည်။

အန်းရှို့ရှို့က တစ်စုံတစ်ခုကိုတွေးနေသကဲ့သို့ချက်ချင်း သတိရှိလာသည်။ စီတုမြောင်ယီသည်လည်း အတွေးထဲတွင်နစ်မြောနေ၏။

“ဟဲဟဲ ငါ့ကို ရှာတွေ့သွားမယ်လို့ မမျှော်လင့်ထားမိဘူး”

ဤအခိုက်အတန့်တွင် မူလက လွတ်နေသောနံရံ၌ အစိမ်းရောင်ဝတ်ထားသောလူသုံးယောက် ရုတ်တရက် ပေါ်ထွက်လာသည်။ ဤလူသုံးယောက်တွင် တစ်ယောက်က အလွန်ဝတုတ်လျက်ရှိကာ တစ်ဦးကမူ အလယ်အလတ်ကိုယ်ခန္ဓာမျိုးရှိ၍ ကျန်တစ်ဦးက အလွန်ပိန်သည်။ ဤသုံးဦးလုံးတွင် မတူညီသောတည်ဆောက်မှုများရှိသော်လည်း အနည်းငယ်ဆင်တူသည်။ ၎င်းတို့ သုံးဦးထဲမှ အစိမ်းဝတ်ထားသော ဝဝတုတ်တုတ်ယောက်ျားမှာ ခေါင်းဆောင်ဖြစစ်သည်။ ဤလူ၏ ခန္ဓာကိုယ်က အလွန်ဖောင်းကားနေကာ ဘောလုံးနှင့် ထူးမခြားနားပင်ဖြစ်သည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်သည် အလွန်ကြောက်မက်ဖွယ် ရောင်ဝါကို သယ်ဆောင်လာရာ အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

နတ်အဆင့်ပဲ

ချူးယွင်ဖန်းက လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ ၎င်းတို့သုံးဦးက နတ်အဆင့်ဖြစ်ကြောင်း အထူးဖုံးကွယ်ရေးနည်းလမ်းများဖြင့် ဖုံးကွယ်ထား‌သော်လည်း ချူးယွင်းဖန်းနှင့်တွေ့ရသည်မှာ သနားဖွယ်ကောင်းလှသည်။ သူ့တွင် မှော်အစွမ်းမရှိသော်လည်း ချူးယွင်ဖန်း၏ နတ်အာရုံက ဦးနှောက်မှ ဆင်းသက်လာခြင်းဖြစ်၍ ထိခိုက်မှုမရှိပေ။ သူ၏ နတ်အာရုံမရှိလျှင်ပင် လက်ရှိအဆင့်ဖြင့်

အနည်းငယ်မျှသော အပြောင်းအလဲကိုပင် သတိမထားမိဘဲနေမည်မဟုတ်ပေ။

ချူးယွင်ဖန်း၏ အတွေ့အကြုံအရ အစိမ်းရောင်ဝတ်ထားသည့် ခပ်ဝဝယောက်ျားသည် နတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ကျန်နှစ်ဦးက နတ်အဆင့် တတိယအဆင့်တွင်ရှိနေကြောင်း တစ်ချက်တည်းကြည့်၍ ပြောနိုင်သည်။ ယခင်က ဤကဲ့သို့ ကျင့်ကြံမှုအဆင့်သည် ဘိုးဘေးကြီးချူးနှင့် ရှေးဘိုးဘေးကျန်းတို့ကဲ့သို့ အင်အားကြီးသော ပုဂ္ဂိုလ်များနှင့် ညီမျှသည်။ စကားလုံးတစ်လုံးတည်းဖြင့် ဆုံးဖြတ်ချက်ချနိုင်ခဲ့ကြသည်။ သို့သော် ပြည်ထောင်စုအတွင်း ကိစ္စရပ်များ အများအပြားရှိခဲ့သည်။

ချူးယွင်ဖန်းက ထိုအတွေးကို မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။ ပြည်ထောင်စု၏ အခြေခံအုတ်မြစ်သည်

လေးနက်လွန်း၏။

“အစိမ်းရောင်ဝတ်လုံအဖွဲ့”

အခြေအနေအကြောင်း ဘာမှမသိသောချူးယွင်ဖန်းနှင့်နှိုင်းယှဥ်လျှင် အန်းရှို့ရှို့နှင့် စီတုမြောင်ယီတို့ကဲ့သို့ ဒေသခံများက ကောင်းစွာသိသည်။

“မှန်တယ်။ မင်းတို့ မိန်းကလေးနှစ်ယောက်က ပညာရှိတာပဲ” ခပ်ဝဝအမျိုးသားက ဆိုးသွမ်းစွာရယ်မောသည်။

အစိမ်းရောင်ဝတ်လုံအဖွဲ့လား။

ချူးယွင်ဖန်းသည် ၎င်းအကြောင်းကို သေသေချာချာတွေးပြီးနောက် လွန်ခဲ့သည့်နှစ်တွင် အစိမ်းရောင်ဝတ်လုံအဖွဲ့အကြောင်း သူကြားသိခဲ့ရကြောင်း အမြန်ပြန်သတိရမိသည်။ မဟာဝေ့နိုင်ငံတော်တွင် အစိမ်းရောင်ဝတ်လုံအဖွဲ့သည် ဥပဒေမဲ့ လုပ်ကြံသတ်ဖြတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဖြစ်ရာ မဟာဝေ့နိုင်ငံတော်တစ်ခုလုံးတွင် မျက်စိနှင့်နားများရှိသဖြင့် အဆင့်မြင့်အရာရှိများနှင့် မှူးမတ်အများအပြားပင်လျှင် အလွန်ခြိမ်းခြောက်ခံရမည်ဖြစ်သည်။

ဝေနိုင်ငံတော်သည် အားကောင်းသော်လည်း၊ ၎င်း၏ အလုံးစုံအင်အားသည် ကျွမ်းကျင်သူအရေအတွက်အရ ပြည်ထောင်စုထက် အဆပေါင်းများစွာ နိမ့်ပါးသည်။ ထို့အပြင် အင်အားကောင်းသည့် ဗဟိုအစိုးရလည်း မရှိခဲ့ပေ။ အစိမ်းရောင်ဝတ်လုံအဖွဲ့ကဲ့သို့သော ကြောက်မက်ဖွယ် လုပ်ကြံသတ်ဖြတ်သည့် အဖွဲ့အစည်းတစ်ခုနှင့် ရင်ဆိုင်ရာတွင် ၎င်းတို့က ဝိုင်းရံချေမှုန်းပစ်ခဲ့သော်လည်း သက်ရောက်မှုမှာ အလွန်သေးငယ်သည်။ အများစုမှာ အကိုင်းအခက် အနည်းငယ်မျှသာ ဖျက်ဆီးခံခဲ့ရသည်။ ၎င်းတို့က အစိမ်းရောင်ဝတ်လုံအဖွဲ့၏ တည်နေရာကို မရှာနိုင်ခဲ့ကြပေ။

သို့သော်၊ ချူးယွင်ဖန်းသည် အစိမ်းရောင်ဝတ်လုံအဖွဲ့က လူစည်ကားသောမြို့လယ်တွင် လူတစ်ဦးကို သတ်ပစ်ရန် သတ္တိရှိမည်ဟု မမျှော်လင့်ထားပေ။ ဤကိစ္စသည်သာ ပြည်ထောင်စုတွင်ဖြစ်ခဲ့ပါက ပြည်ထောင်စုကို ဆိုးရွားစွာ စော်ကားခြင်းပင်ဖြစ်၍ အခြေခံအားဖြင့် ပြည်ထောင်စုသည် ၎င်းတို့ကို သုတ်သင်ရှင်းလင်းရန် မြေကြီးစွန်းအထိ လိုက်လံဖမ်းဆီးမည်ဖြစ်သည်။ ပြည်ထောင်စုအစိုးရ၏ အဓိက အချက်မှာ ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်ဖြစ်၍ ယင်းကို ချိုးဖောက်သူသည် သေရပေလိမ့်မည်။ တစ်ဖက်တွင်မူ စွန့်ပစ်နယ်မြေများရှိတိုက်ပွဲများအကြောင်းကို ၎င်းတို့ ဂရုမစိုက်လှပေ။

"မြွေညီအစ်ကိုတွေ" အန်းရှို့ရှို့က ဤလူသုံးယောက်မှာ မည်သူမည်ဝါများဖြစ်ကြောင်း ချက်ချင်း သတိရသွားသည်။

အစိမ်းရောင်ဝတ်လုံအဖွဲ့ကဲ့သို့ ကြီးမားသော အဖွဲ့အစည်းတစ်ခုတွင်ပင် မြွေညီအစ်ကိုများက အလွန်ကျော်ကြားခဲ့သည်။ ၎င်းတို့သည် လူများကို သတ်ရုံသာမက ၎င်းတို့၏ ပစ်မှတ်များကို သေသည်အထိ မကြာခဏ ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် အများစုကို အလွန်ထိတ်လန့် တုန်လှုပ်စေသည်။

"မဆိုးဘူး” ညီအစ်ကိုသုံးယောက်အနက် အဝဆုံးဖြစ်သော ယောက်ျားက လှောင်ရယ်သည်။

"အစိမ်းရောင်ဝတ်လုံတွေက ဥပဒေမဲ့တွေပဲ။ ကြီးမြတ်တဲ့ဝေ့နိုင်ငံတော်က ဖမ်းမှာကို မကြောက်ဘူးလား။ ဒါက ခုန်းလုံမြို့ရှင့်၊ ရှင်တို့ စိတ်ကြိုက်လုပ်လို့ရတဲ့နေရာမဟုတ်ဘူး” စီတုမြောင်ယီက အော်ဟစ်လိုက်ရာ သူမ အပေါ် ချူးယွင်ဖန်းအမြင်က အနည်းငယ်ပြောင်းသွားရသည်။

စီတုမြောင်ယီသည် နူးညံ့သိမ်မွေ့သော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း၊ ထိုကဲ့သို့သော အန္တရာယ်ရှိသော အခြေအနေမျိုးတွင် သူမသည် ငြိမ်သက်စွာ တည်ရှိနေနိုင်သည်။ ဤအချက်က အမှန်ပင်စိတ်ဝင်စားဖွယ်ကောင်းလှ၏။

"ဟားဟား ဝေ့နိုင်ငံတော်က ငါတို့ကို ဖမ်းနိုင်မလား။" ခေါင်းဆောင်က ရယ်သည်။

"စီတုမြောင်ယီ တစ်ခါ ငါတို့ရဲ့ပစ်မှတ်က မင်းပဲ။ အကြောင်းပြချက်ကို မင်းသိမယ်ထင်တယ်။ မင်းအဖေက လူတစ်ယောက်ကို အသက်တစ်ခါရှုချိန်အတွင်း ဝိဉာဥ်ကျောက်တုံးပေါင်း သန်းပေါင်းများစွာကို ဆုံးရှုံးစေခဲ့တယ်၊ အခု မင်းအဖေကို နာကျင်ခံစားရအောင် မင်းရဲ့ဦးခေါင်းကို တစ်ယောက်ယောက်က လိုချင်နေတယ်ကွ”

"မှန်တယ်။ ငါတို့ ဒီနေ့ အချိန်သိပ်မရှိဘူး၊ ဒါကြောင့် အများကြီး မလုပ်တော့ဘူး။ ကျွတ်ကျွတ် နှမျောစရာကောင်းလိုက်တာ ဒီလောက် နူးညံ့တဲ့ မိန်းမလှလေးနှစ်ယောက်” ဒုတိယညီဖြစ်သူက ရယ်မောလိုက်ပြန်သည်။

"အော်နေစရာ မလိုပါဘူး။ ငါတို့က တစ်ခန်းလုံး အကာအရံတွေ ချထားတယ်။ မင်းအော်ရင်တောင် အသုံးမဝင်ဘူး” အလွန်ပိန်လှီသော ယောက်ျားဖြစ်သည့် တတိယညီဖြစ်သူက ပြောသည်။

ညီအကိုသုံးယောက်သည် အောင်ပွဲလက်ထဲတွင်ရှိနေပြီဟု ခံစားမိကြကာ ချူးယွင်ဖန်း၊ အန်းရှို့ရှို့နှင့် စီတုမြောင်ယီတို့ကို ဂရုမစိုက်ကြပေ။ ၎င်းတို့အနက် စွမ်းအားအကြီးဆုံး အန်းရှို့ရှို့သည် နတ်အဆင့်သို့ ရောက်ရုံသာရှိသေးကာ စီတုမြောင်ယီကမူ မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်တွင်ရှိသည့်အပြင် ချူးယွင်ဖန်းကမူ ကျင့်ကြံရေးအဆင့်ပင်မရှိသဖြင့် သူက မည်သို့ ခြိမ်းခြောက်မှုမျိုးကို ဖြစ်စေနိုင်မည်နည်း။

ထိုအချိန်တွင် စီတုမြောင်ယီ၏ မျက်နှာက ဝမ်းနည်းမှုအပြည့်ဖြင့် တောက်ပလာသည်။ သူမ များများစားစား မသိလှသော်လည်း မကြာသေးမီက သူမ၏ဖခင်သည် မယုံနိုင်စရာရန်သူကို နှိုးဆော်ခဲ့ကာ တစ်ဖက်သားကို ဆုံးရှုံးမှုများစွာ ခံစားစေခဲ့ကြောင်း သူမသိသည်။ စီတုမိသားစုသည် မြို့စားကျုံးရှင်၏အိမ်ထောင်စုနှင့် ဆက်ဆံရေးထူထောင်လိုသောကြောင့် ချူးယွင်ဖန်းနှင့် ကြင်ဖက်တွေ့ရန် စီစဥ်ခဲ့ခြင်းဖြစ်သည်။

စီတူမိသားစုသည် ချမ်းသာကြွယ်ဝသော ကုန်သည်မိသားစုဖြစ်ကာ ကြီးမြတ်ဝေ့ပြည်တော်တွင် သြဇာကြီးမားသော်လည်း မြို့စားကျုံးရှင်၏အိမ်ထောင်စု၏ သြဇာအာဏာနှင့် နှိုင်းယှဉ်ရန် မလုံလောက်သေးပေ။ ဤအရာအားလုံးကို သူမသိသော်လည်း ဂရုမစိုက်သေးပေ။ အကြောင်းမှာ သူမသည် မဟာဝေ့နိုင်ငံတော် ဘိုးဘေးကြီး၏ လုပ်ငန်းစတင်ရာနေရာဖြစ်သော ခုန်းလုံမြို့တွင် ရှိနေသည်ဟုတွေးထားသောကြောင့်ဖြစ်သည်။ ဤနေရာတွင် ချမ်းသာ၍ သြဇာကြီးမားသော စီးပွားရေးသမားများလည်း ရှိသေးသည်။ ချမ်းသာကြွယ်ဝမှုအရ၊ ၎င်းသည် အင်ပါယာ၏တောင်ဘက်ခြမ်းရှိ နေရာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ အစိမ်းရောင်ဝတ်လုံအဖွဲ့က ဤမျှရဲရင့်လိမ့်မည်မဟုတ်ဟု သူမတွေးခဲ့ကာ ဖခင်စီစဉ်ပေးသော အစောင့်များကို ခေါ်လာရန် ငြင်းဆိုခဲ့သည်။ ယခု သူမသည် သူမ၏ဆုံးဖြတ်ချက်အတွက် တန်ကြေးကို ပေးဆပ်ရတော့မည်ဖြစ်သည်။

"ငါ သူတို့ကို ထိန်းထားလိုက်မယ်။ နင်တို့နှစ်ယောက် မြန်မြန်ထွက်သွား" ထိုအချိန်တွင် အန်းရှို့ရှို့သည် စီတုမြောင်ယီရှေ့တွင် ရပ်နေသည်။

"မဟုတ်ဘူး၊ သူတို့က ငါ့အတွက် လာတာ အပြင်မှာ အတားအဆီးတစ်ခုရှိတယ်၊ ဒါကြောင့် ငါထွက်မပြေးနိုင်ပေမယ့် နင်တော့ ထွက်နိုင်လိမ့်မယ်" စီတုမြောင်ယီက အမြန်ပြောသည်။

နှစ်ယောက်သား ငြင်းခုံကြစဥ် ခေါင်းဆောင်က ရယ်မောလိုက်သည်။

"ညီအစ်မတွေ ချစ်ဖို့ကောင်းလိုက်တာ။ စိတ်မပူပါနဲ့ နှစ်ယောက်လုံးကို ခရီးအတူတူ လိုက်ပို့ပေးမယ်"

အန်းရှို့ရှို့သည် ချက်ချင်းပင် တိုက်ခိုက်လိုက်ရာ သူမ၏ တစ်ကိုယ်လုံးက မီးများဖြင့် ဖုံးလွှမ်းလျက် ခေါင်းဆောင်ဆီသို့ချီတက်လာသည်။

“အသေးအဖွဲ့လှည့်ကွက်လေး ဖန်လုံအိမ်ထဲကြီးလားတဲ့ကလေးတွေက ငါ့ရှေ့မှာမိုက်ရိုင်း ဝံ့ကြွားရဲတယ်ပေါ့”

ခေါင်းဆောင်က အားပါးတရရယ်မောပြီးနောက် လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ လက်သီးတစ်ချက်တည်းသာဖြစ်သော်လည်း ၎င်းက သူ့ဆီသို့ ပျံသန်းနေသော မီးတောက်များကို ဖြိုခွဲပစ်လိုက်သည်။ အန်းရှို့ရှို့သည် လက်သီးချက်၏ တုံ့ပြန်မှုကို ခံခဲ့ရကာ ထောင့်တစ်နေရာသို့ ချောင်ပိတ်ခံလိုက်ရ၏။

ကြီးမားသော သီးသန့်ခန်းသည် ဤအဆင့်ရှိ ကျွမ်းကျင်သူများကြားတွင် တိုက်ပွဲငယ်တစ်ခုသာ ဖြစ်ခဲ့သည်။

ဒုတိယနှင့်တတိယညီအစ်ကိုများက စီတုမြောင်ယီကိုတိုက်ရိုက်တိုက်ခိုက်ခဲ့သည်။ ချူးယွင်ဖန်းနှင့် ပတ်သက်၍မူ အားလုံးက လုံးဝ လျစ်လျူရှု့ထားသည်။ သူသည် လောကရေးရာများတွင် ပါဝင်ပတ်သက်ခြင်းမရှိသကဲ့သို့ လက်ဖက်ရည်ကို ငြိမ်သက်စွာ သောက်နေခဲ့၏။

All Chapters