မင်း တကယ်ပဲ ကျင့်ကြံမထားတာဟုတ်ရဲ့လား
Vol. 78 Ch. 7757
စီတုမြောင်ယီက စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူမ၏ ပင်ကိုယ်စွမ်းအား အမြင့်ဆုံးသည် နတ်အဆင့်တတိယအဆင့်နှင့် ဝေးကွာလွန်းလှရာ မြွေညီအစ်ကို၏ ဖိအားအောက်တွင် သူမ ဆက်လက် မလှုပ်ရှားနိုင်တော့ပေ။ နှစ်ဘက်ကြားက အင်အားကွာခြားချက်က အလွန်ကြီးမားလှသည်။ ဤသည်က စိတ်အားထက်သန်မှုဖြင့် ဖန်တီးထားနိုင်သော အရာမဟုတ်ပေ။
ရုတ်တရက် ဤအရေးကြီးသောအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် သူ့လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။ သူ့လက်ကို အနည်းငယ် လှုပ်ယမ်းလိုက်သည်နှင့် သူ့လက်ထဲက လက်ဖက်ရည်ခွက်မှ လက်ဖက်ရည်များအားလုံး ရုတ်တရက် ပြန့်ကျဲသွားကာ ချွန်ထက်သော မြှားများအဖြစ်ပြောင်းလဲ၍ မြွေညီအစ်ကိုဆီသို့ဦးတည်သွားသည်။ မြွေညီအစ်ကိုများက ချက်ချင်းဆိုသကဲ့သို့ပင် သတိပြုမိကြကာ လျင်မြန်စွာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ခွာသွားကြသည်။
ချွန်ထက်သော မြှားများက နံရံကို ထိမှန်သွားကြသည်။ ညီအစ်ကိုမျှ တည်ဆောက်ထားသည့် အကာအရံပင်မဆိုနှင့် လက်ဖက်ရည်ဆိုင်၏နံရံများက အထူးပြုလုပ်ထားခြင်းဖြစ်၍ ကျောက်တုံးကဲ့သို့ ခိုင်မာသည်ဟု ဆိုနိုင်သည်။ နတ်ဘုရားများ ဤနေရာ၌ စစ်တိုက်လျှင်ပင် ၎င်းတို့ကို အချိန်တိုအတွင်း ဖြတ်ကျော်ရန် ခက်ခဲပေလိမ့်မည်။ သို့သော် နံရံတစ်ခုလုံးက ချွန်ထက်သော မြှားများကြောင့် ပေါက်ကွဲထွက်ကာ အပေါက်ကြီးတစ်ပေါက်သာ ကျန်ခဲ့သည်ကို အားလုံးမြင်လိုက်ကြရသည်။
ညီအစ်ကိုများ၏ စိတ်နှလုံးအားလုံး ချက်ချင်းတုန်လှုပ်သွားရသည်။ အချိန်မှီမတုံ့ပြန်နိုင်ခဲ့ပါက အကျိုးဆက်များကို ခန့်မှန်း၍ ရနိုင်မည်မဟုတ် ပစ်သတ်ခံလိုက်ရပေလိမ့်မည်ဖြစ်သည်။
ဤအခိုက်အတန့်တွင် ၎င်းတို့က အခန်းထဲရှိ ၎င်းတို့အနည်းငယ်မျှ ဂရုမစိုက်ဖူးသော အခြားလူကို လှည့်ကြည့်လိုက်ကြသည်။
ရုတ်တရက် ၎င်းတို့၏ ဆံပင်များထောင်မတ်သွားသည်ကို ခံစားလိုက်ရသည်။ ချူးယွင်ဖန်း၏ လှုပ်ရှားမှုမှတစ်ဆင့် သူသည် သာမန်လူမဟုတ်သည်မှာ သေချာနေသည်။ ဤကဲ့သို့အခြေအနေမျိုး၌ပင် ဤအပြောင်းအလဲများက သူနှင့်မဆိုင်သကဲ့သို့ လက်ဖက်ရည်သောက်လျက် ထိုင်နေဆဲဖြစ်သည်။ ဤအချက်ကပင် မူမမှန်နေပြီဖြစ်သော်လည်း ပို၍ ထူးခြားသည်မှာ များပြားသော မူမမှန်မှုများ
ရှိနေသေးသော်လည်း ၎င်းတို့ကို သူက မျက်ကွယ်ပြုထားသည်။ ဤသည်က မူမမှန်ဆုံး အပိုင်းပင်ဖြစ်သည်။
သတိထားနေခြင်းသည် လုပ်ကြံသတ်ဖြတ်သူများအတွက် အခြေခံကျွမ်းကျင်မှုတစ်ခုဖြစ်ရာ ပုံမှန်မဟုတ်သောအချက်များစွာရှိသော်လည်း တစ်စုံတစ်ဦးမှ တမင်တကာ မျက်လုံးမှိတ်ထားသကဲ့သို့ ၎င်းကို သတိမထားမိကြပေ။ နောက်ဆုံးတွင် ယခုမှသာ ၎င်းတို့က ချူးယွင်ဖန်းကို မှန်ကန်စွာကြည့်လိုက်ကြသည်။ ထိုမှသာ ၎င်းတို့က ယုတ္တိမတန်သော သိပ္ပံနည်းမကျသော ရှု့ထောင့်များစွာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဤအချိန်၌ ၎င်းတို့ ရုတ်တရက် အသက်ပြင်းပြင်းရှုလိုက်ကြသည်။
“ငါ ဒီကောင်ကို ဖြေရှင်းလိုက်မယ်။ တတိယညီ ဒီခွေးမကို အမြန်သတ်ပစ်” ဒုတိယအစ်ကိုက မြန်မြန်ပြောလိုက်သည်။ ကြန့်ကြာနိုင်သော်လည်း အကြာကြီး မနှောင့်နှေးနိုင်ပေ။ တကယ်တမ်းတွင် တိမ်တိုက်များကဲ့သို့ ပညာရှင်များများပြားလှသည့် ခုန်းလုံမြို့တွင် ၎င်းတို့ နောက်ကျနေသည့် မိနစ်တိုင်း၌ အန္တရာယ်များများပြားလာနိုင်သည်။ အောင်ပွဲက သူ့လက်ထဲတွင်ရှီနေမည်တွေးထားပြီးဖြစ်၍ ဤကဲ့သို့ မထင်မှတ်ထားသော အဖြစ်အပျက်မျိုး ဖြစ်လာမည်ဟု သူ မထင်ခဲ့ပေ။
“ကောင်းပြီ” ဒုတိယညီဖြစ်သူက ချူးယွင်ဖန်းဆီအပြေးတိုက်ခိုက်နေစဥ် တတိယညီဖြစ်သူက စီတုမြောင်ယီဆီသို့ ချီတက်လျက် ပြောလိုက်သည်။
တစ်ဖက်တွင်မူ ချူးယွင်ဖန်းက မြန်လည်းမြန် နှေးလည်းမနှေးပေ။ လက်ထဲတွင် လက်ဖက်ရည်ခွက်ကို ကိုင်ကာ ပစ်ချလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဒုတိယညီဖြစ်သူ၏ ဦးတည်ရာဆီသို့ ပျံသန်းလာခဲ့သည်။
ဒုတိယညီဖြစ်သူက အံ့သြသွားရသည်။ သူသည် သူသည် သူ၏ဓမ္မစွမ်းအားအားလုံးကို ပေါင်းစည်း၍ သူ့ပတ်ဝန်းကျင်တွင် ထူထဲသော အကာအကွယ်စွမ်းအင်ကို ဖန်တီးထားသည်။ ၎င်းသည် သာမန်လက်ဖက်ရည်ခွက်မျှသာဖြစ်သော်လည်း ၎င်းသည် သူ၏ဒိုင်းလွှားကို ထိုးဖောက်ဝင်ရောက်ကာ သူ့ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။
“ဘမ်း”
ဒုတိယညီဖြစ်သူသည် တရားဓမ္မစွမ်းအားကိုပင် မထုတ်နိုင်ဘဲ လွင့်ထွက်ကာ နံရံသို့ ထိမှန်သွားသည်။ ထိုအချိန်၌ တတိယညီဖြစ်သူက ချူးယွင်ဖန်းဆီသို့ ခုန်အုပ်လာပြီဖြစ်သည်။ သူက ရဲရင့်သောအကြည့်ဖြင့် လေဟာနယ်ထဲသို့ ဖမ်းဆုပ်ကာ ဓားကို ဆွဲထုတ်လိုက်သည်။ ဓားအလင်းက အနှိုင်းမဲ့ကြီးမားသောမြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ၎င်း၏သွေးသံတရဲရဲပါးစပ်ကိုဖွင့်လျက် ချူးယွင်ဖန်းကို မျိုချတော့မည့်ဟန်ပြင်လိုက်သည်။
ယခုအချိန်တွင် လက်ဖက်ရည်ကို ပစ်လိုက်သည့် ချူးယွင်ဖန်းက နှေးကွေးခြင်း သို့မဟုတ် လျင်မြန်ခြင်းလည်းမရှိပေ။ သူက လက်ဖဝါးကို ဓားတစ်ချောင်းကဲ့သို့ အသုံးပြုကာ ရိုးရှင်းစွာခုတ်ပိုင်းလိုက်သည်။ ပါးစပ်ကျယ်ကျယ်ဖွင့်ထားသော မြွေကြီးက ချူးယွင်ဖန်း၏ လက်ဖြင့် ထိတွေ့သောအခါ အပူပေးထားသော ဓားဖြင့် လှီးဖြတ်ခံလိုက်ရသည့် ထောပတ်တစ်တုံးနှယ် အလွယ်တကူ ပျက်ဆီးသွားသည်။ ထို့နောက် ဝိဉာဥ်စွမ်းအင်များအဖြစ်ပြောင်းလဲကာ ကောင်းကင်တစ်ခုလုံးအပြည့် လင်းလက်လျက် ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ချူးယွင်ဖန်း၏ လက်ဝါးက တတိယညီဖြစ်သူ၏ ချွန်ထက်သောဓားဖြင့် ထိမှန်သွားသည်ကို မြင်လိုက်ကြရသည်။ ၎င်းသည် နှစ်ပေါင်းများစွာ သန့်စင်ထားသော မှော်လက်နက်တစ်ခုဖြစ်ကာ ၎င်းတွင် အဆိပ်ပြင်းသည့် အလင်းတန်းတစ်ခုပင်ရှိသည်။ သို့သော် ချူးယွင်ဖန်း၏ လက်ဖဝါးဖြင့် ထိသွားသောအခါ စက္ကူနှင့် ပြုလုပ်ထားသော ဓားတစ်လတ်ကဲ့သို့ တစ်လမချင်းကွဲထွက်သွားသည်။
“ချီးပဲ ဒါဘယ်လိုဖြစ်တာလဲ”
တတိယညီဖြစ်သူက ဤအရာက မကောင်းသည်ကိုသိသော်လည်း မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်လျှံနေဆဲဖြစ်သည်။ ချူးယွင်ဖန်းတွင် နတ်စွမ်းအင်တစ်စုံတစ်ရာမရှိသည်ကို သူရှင်းလင်းစွာသိရှိထားကာ တကယ်တမ်းတွင် ဤတိုက်ခိုက်မှုက နတ်စွမ်းအင်နှင့် အနည်းအကျဥ်းမျှ မသက်ဆိုင်ပေ။ သို့သော် နတ်စွမ်းအင်မရှိသော ဤပုဂ္ဂိုလ်သည် သူ၏တိုက်ခိုက်မှုကို လျင်မြန်စွာ ဖြိုခွဲနိုင်ခဲ့ကာ မှော်လက်နက်ကို လက်တစ်ဖက်တည်းဖြင့် ချိုးဖျက်နိုင်ခဲ့သည်။
သို့သော် သူတုံ့ပြန်ရန် အချိန်နှောင်းသွားခဲ့သည်။ ချူးယွင်ဖန်း၏ လက်ထဲက ဓားက စာရွက်တစ်ရွက်ကဲ့သို့ လွယ်လွယ်ကူကူဖြင့် သူ့ကို ဖောက်ဝင်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ၏ အတွင်းအင်္ဂါများကို အပိုင်းပိုင်း ကွဲအက်သွားစေခဲ့သည်။ ဤအရာများအားလုံးက မြန်ဆန်လွန်းလှသောကြောင့် ဖော်ပြန်ရန် အချိန်တစ်ခုကြာခဲ့သော်လည်း လက်တွေ့တွင် တတိယညီဖြစ်သူက ချူးယွင်ဖန်းထံမှ တစ်ချက်မျှပင် မခံနိုင်ခဲ့ပေ။
ထိုအချိန်တွင် ဒုတိယညီဖြစ်သူသည် ထရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ချူးယွင်ဖန်း၏ လက်ဖက်ရည်တစ်ခွက်ကြောင့် သူ့ ရင်ဘတ်ထဲမှ အရိုးများအားလုံးကွဲကြေသွားသည့်နှယ်ခံစားလိုက်ရသည်။
"တတိယညီ”
ထို့နောက်တွင် သူ၏တတိယမြောက်ညီဖြစ်သူက ချူးယွင်ဖန်း၏ဓားဖြင့် အသတ်ခံရသည်ကို သူမြင်လိုက်ရသည်။ ထို့ကြောင့် သူ ချက်ချင်းပင်ဒေါသထွက်သွားကာ သူ၏ အမြင်အာရုံများ မှုန်ဝါးသွားလျက် ချူးယွင်ဖန်း၏ရုပ်သွင်သည် နဂါးကဲ့သို့ မြင့်တက်လာကာ ဖီးနစ်ကဲ့သို့ ဆင်သက်လာသည်ကို မြင်လိုက်ရသည်။ ချူးယွင်ဖန်းသည် နတ်ဆိုးမျောက်ဝံကဲ့သို့ ခုန်အုပ်ကာ အထက်မှ အောက်သို့ လက်သီးတစ်ချက် ထိုးချလိုက်သည်။
“ဘမ်း”
ညည်းတွားသံနှင့်အတူ ဒုတိယညီဖြစ်သူ ဆုံးပါးသွားခဲ့သည်။ ချူးယွင်ဖန်း၏ လက်သီးချက်သည် သူ့ရင်ဘတ်ကို ထိမှန်သွားကာ ချက်ခြင်းသေဆုံးသွားသည်။
"သူ့မှာ တကယ် ကျင့်ကြံမှုမရှိတာ ဟုတ်ရဲ့လား” စီတုမြောင်ယီက လုံးလုံးလျားလျားကြောင်အသွားသည်။
ချူးယွင်ဖန်းသည် တတိယနှင့် ဒုတိယညီဖြစ်သူတို့ကို ဖြေရှင်းပြီးနောက် ပထမညီဖြစ်သူဆီသို့ ဦးတည်သွားခဲ့သည်။ ထိုအချိန်တွင် အန်းရှို့ရှို့သည် ပထမညီဖြစ်သူ၏ တိုက်ခိုက်ခြင်းအောက်တွင် မရေရာသော အခြေအနေတွင် ရှိနေသည်။ သူမသည် နတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ပြန်လည်တိုက်ခိုက်ရန် စွမ်းအားမရှိသလောက်ဖြစ်သော စီတုမြောင်ယီနှင့် မတူပေ။
သို့သော် ခြားနားချက်မှာလည်း အကန့်အသတ်ရှိသည်။ ပထမညီဖြစ်သူသည် ပြင်းထန်လွန်းသဖြင့် လှုပ်ရှားမှုအနည်းငယ်မျှဖြင့် သူမကို ထောင့်တစ်နေရာသို့ တွန်းပို့ခဲ့သည်။ ပထမညီဖြစ်သူက အန်းရှို့ရှို့ကို အဆုံးစွန်ဆုံးအခြေအနေအထိ တွန်းပို့နေချိန် ရုတ်တရက် သူ့နောက်မှ လေပြင်းတစ်ခု ထွက်လာသည့်အလား ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ သေလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
သူ့ညီဖြစ်သူနှစ်ယောက်သည် သူပင်မသိလိုက်ဘဲ ချူးယွင်ဖန်းလက်ထဲတွင် အသတ်ခံခဲ့ရကာ သနားဖွယ်ကောင်းစွာဖြင့် သေဆုံးသွားခဲ့သည်။ ယခင်က အလေးအနက်မထားခဲ့သော ချူးယွင်ဖန်းသည် အမှန်တကယ်ပင် ပျံသန်ားလာပြီးနောက် သူ့လက်ကြီးဖြင့် လေကို ဖမ်းဆုပ်လိုက်သည်။ လက်ဖက်ရည်အိုးထဲမှ လက်ဖက်ရည်သည် ဆွဲဆောင်မှုတစ်ခုကို ခံစားလိုက်ရပြီးနောက် မြှားတစ်စင်းကဲ့သို့ လွင့်ထွက်လာသည်။ အားလုံးက ချူးယွင်ဖန်း၏ လက်ထဲတွင်စုစည်း၍ ရေနွေးငွေ့နှင့် လက်ဖက်ရည်၏ရနံ့တို့ကို ထုတ်လွှတ်ဆဲဖြစ်သော ဓားရှည်တစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။
သွေးများထွက်ပေါ်လာသည်။ ပထမအစ်ကိုသည် တုံ့ပြန်ရန်အချိန်ပင်မရှိလိုက်ဘဲ စွမ်းအားရှိပုံမပေါ်သော ဓားသွားက သူ့လက်ကို ခုတ်ပိုင်းပစ်လိုက်သည်။