မြွေညီအစ်ကိုအဖွဲ့၏ ခေါင်းဆောင်ကိုချေမှုန်းခြင်း
Vol. 78 Ch. 1158
ပြင်းထန်သော နာကျင်မှုက ပထမအစ်ကို၏ ဦးခေါင်းအတွင်းထဲထိ တိုးဝင်သွားကာ ထိတ်လန့်စေခဲ့သည်။
ရေကို ဓားထဲသို့ ရောထည့်ခြင်းသည် ၎င်းတို့ကဲ့သို့ နတ်အဆင့်များအတွက် သေးငယ်သော လှည့်ကွက်တစ်ခုမျှသာ ဖြစ်သည်။ တကယ်တမ်းကြောက်မက်ဖွယ်ကောင်းသည်မှာ ဤ လှည့်ကွက်သေးသေးလေးက သူ့လက်မောင်းကို ဖြတ်ပစ်လိုက်နိုင်ခြင်းပင်ဖြစ်သည်။ လောက၌ ယင်းထက်ပို၍ ချဲ့ကားသောအရာမရှိတော့ပေ။
ပထမအစ်ကိုဖြစ်သူက အလွန်ဝတုတ်သဖြင့် အဆီခဲဟု ထင်ရသော်လည်း အမှန်မှာ သူ့အဆီများကို အထူးသန့်စင်ထားသဖြင့် သူ့ခန္ဓာကိုယ်က ကျောက်တုံးကဲ့သို့ တောင့်တင်းသည်။ သူသည် ရွှေနှင့်သံကို တိုးဟူးကဲ့သို့ ပေါ့ပေါ့ဆဆ ချေမှုန်းနိုင်သည်။
၎င်းသည် လက်ဖက်ရည်ဓားကြောင့် ပွင့်ထွက်သွားသော အစွမ်းထက်သော ခန္ဓာကိုယ်ကြီးဖြစ်လာကာ သူ၏ လက်မောင်းကို ဖြတ်တောက်ပစ်ခြင်းခံလိုက်ရသည်။
'ဒီကောင်က အရမ်းရက်စက်တယ်” လုပ်ကြံသတ်ဖြတ်မှုများတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့သောကြောင့် ချူးယွင်ဖန်းသည် အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်သူတစ်ဦးဖြစ်ကြောင်း ချက်ချင်းသိလိုက်ရကာ ထိတ်လန့်သွားခဲ့သည်။
"မင်း မသေသေးဘူးပေါ့ စိတ်ဝင်စားစရာပဲ။"
ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ပထမအစ်ကို၏ ဦးခေါင်းကို ဓားဖြင့်ချိန်ရွယ်ခဲ့သော်လည်း ထိုသူက သားရဲနှင့်တူသော ဗီဇကိုအသုံးပြုကာ ရှောင်တိမ်းနိုင်ခဲ့သည်။
"ဒါပေမယ့် ကိစ္စမရှိပါဘူး၊ မင်း မကြာခင်သေလိမ့်မယ်!"
သူပထမအကြိမ်တိုက်ခိုက်ခြင်းမအောင်မြင်ပြီးနောက်၊ ချူးယွင်ဖန်း၏အမူအရာမှာ မပြောင်းလဲဘဲ ရှေ့သို့တိုးသွားပြန်သည်။
ပထမအစ်ကိုက ဤသို့သော အခြေအနေမျိုးဖြင့် တစ်ခါမျှ မကြုံဖူးပေ။ ၎င်းတို့ကြားခဲ့ရသည်မဇာ ဤလူသည် စီတုမြောင်ယီနှင့် ကြင်ဖက်တွေ့ရန်သာရှိသည်ပင်ဖြစ်သည်။ ထို့အပြင် လူများက သူ့ကို အမှိုက်ဟု ခေါ်ဝေါ်ကြသည်။
ပထမအစ်ကိုသာမက အန်းရှို့ရှို့နှင့် စီတုမြောင်ယီတို့လည်း လုံးဝအရှက်ကွဲသွားကြသည်။
ဘာတွေဖြစ်နေတာလဲ
ယခင်က ကောလဟာလများပြောခဲ့သည့်အတိုင်း ချူးယွင်ဖန်းက်ု ဆန်ကုန်မြေလေးဟု ထင်ခဲ့ကာ စိတ်ထဲတွင် ဒုက္ခိတမဟုတ်ရုံဟုသာ သဘောထားခဲ့သည်။ ချူးယွင်ဖန်းသည် မကျင့်ကြံနိုင်၍ နတ်စွမ်းအင်မရှိလျှင်ပင် ၎င်းကို အသုံးမကျသူဟု မဆိုလိုပေ။ သူပြသခဲ့သော လေးနက်သော အသိပညာကို ကောင်းစွာ ဝှက်ထားခြင်းဖြစ်ပေမည်။
သို့သော် ချူးယွင်ဖန်း၏ အစွမ်းသတ္တိကို ဖုံးကွယ်ထားနိုင်မှုသည် သူမမျှော်လင့်ထားသည်ထက် လုံးဝကျော်လွန်သွားခဲ့သည်။ သူမအတွက်ကတော့ ပထမညီဖြစ်သူက သူမကို ဆယ်ကြိမ်တိုင်တိုင် အနိုင်ယူနိုင် သတ်ပစ်နိုင်သော်လည်း ချူးယွင်ဖန်းရှေ့တွင်မူ သူက အားနည်းလွန်းလှသည်။
သူမသည် ဒုတိယနှင့် တတိယညီအစ်ကိုများ၏ ကြေကွဲဖွယ်အခြေအနေကို ကြည့်ရန်ပင် အချိန်ရခဲ့သည်။ ၎င်းတို့သည် ဒဏ်ရာအနာတရ တစ်စုံတစ်ရာမရှိဘဲ တစ်နေရာတည်းတွင် သေဆုံးသွားခဲ့သည်။
သူ့မျက်စိနှင့် မမြင်ဖူးပါက တစ်စုံတစ်ယောက်က ဤသို့ လုပ်နိုင်လိမ့်မည်ဟု သူမ ယုံနိုင်မည်မဟုတ်ပေ။ မဟာဝေ့နိုင်ငံတော်တွင် အရည်အချင်းရှိသော လူငယ်အုပ်စုလေးများကြားတွင်ပင် မည်သူမျှ ဤကဲ့သို့ မလုပ်နိုင်ကြပေ။
ယနေ့ တိုက်ဆိုင်မှုများကြောင့်သာ မဟုတ်ပါက သူမ တစ်သက်လုံး မကျင့်ကြံနိုင်သည့် သာမန်ပုံစံနှင့် လူတစ်ယောက် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို ဘယ်သောအခါမှ သိနိုင်မည်မဟုတ်ပေ။
နတ်စွမ်းအင်မရှိဘဲ သူ၏ရုပ်ခန္ဓာကို ကျင့်ကြံရုံဖြင့် ဤမျှလောက် သန်မာနိုင်ပါမည်လော။
ဤသည်က ရိုးရှငိးစွာပင် လူမဆန်လှပေ။ သူမ၏ အကန့်အသတ်ရှိသော အသိပညာတွင် ထိုသို့သော အရာမရှိပေ။
သူမရှေ့မှ စီတုမြောင်ယီသည်လည်း အံသဩနေရာမှ တုန်လှုပ်ချောက်ချားမှုမှ သူမ အသိဝင်လာခဲ့သည်။ မည်သည့် သိုင်းပညာမျှ မကျွမ်းကျင်ထားဟု ထင်ရသောသူသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားနိုင်သည်။
တစ်ဖက်တွင်မူ ချူးယွင်ဖန်းနှင့် ပထမမြွေအစ်ကိုအကြား တိုက်ပွဲသည် အရေးကြီးသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ချူးယွင်ဖန်းသည် ပထမအစ်ကိုဖြစ်သူနှင့် ဆော့ကစားနေပုံရသည်။ သူသည် အေးအေးဆေးဆေး လမ်းလျှောက်နေကာ အစ်ကိုဖြစ်သူကို လှုပ်ရှားမှုအနည်းငယ်ဖြင့် အဆုံးစွန်သို့ အလွယ်တကူ တွန်းပို့ခဲ့သည်။
ပထမအစ်ကိုက တစ်ချက်ကိုမျှပင် ထိပ်တိုက်မရင်ဆိုင်ရဲပေ။ သူ့၏ ပင်ကိုယ်စိတ်က သေခြင်းတရား၏ ရလဒ်ကို ပြောပြနေသည်။
သို့သော် ယခုအချိန်တွင် သူသည် ချူးယွင်ဖန်း၏ လက်ထဲတွင် ချောင်ပိတ်တိုက်ခံရကာ နောက်ဆုတ်ရန် နည်းလမ်းမရှိတော့ပေ။ သူ့နောက်တွင် သီးသန့်ခန်း၏ နံရံတစ်ခုရှိသည်။ အခြားအချိန်သာဖြစ်ပါက နံရံကိုဖောက်၍ ပြေးနိုင်သည်။ သို့သော် ဤတစ်ကြိမ်တွင် သတိမထားမိစေရန် နံရံကို အကာအရံများ ခိုင်ခံ့စေခဲ့သည်။
စီတုမြောင်ယီကို ထောင်ချောက်ဆင်ရန် မူလရည်ရွယ်ခဲ့သော လှောင်အိမ်သည် ယခုအခါ ၎င်း၏ နောက်ဆုံးထွက်ပြေးလမ်းကြောင်းကို ဖြတ်တောက်မည့် ထောင်ချောက်တစ်ခု ဖြစ်လာခဲ့သည်။
"ငါ မင်းကို သတ်မယ်"
ဆိုးရွားသောအခြေအနေသို့ အတင်းအကျပ် တွန်းပို့ခံရသောအခါ ပထမအစ်ကိုဖြစ်သူ၏ ရက်စက်ယုတ်မာမှု ပေါ်ပေါက်လာသည်။
"အားးး”
ပထမအစ်ကိုဖြစ်သူငည် ရှေးမြွေပွေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား ကြုံးဝါးကာ ချူးယွင်ဖန်းကို အသေသတ်ပစ်ချင်စိတ်များကို သိသာစေသည်။
ရှေးခေတ်မြွေပွေး၏ ရက်စက်မှုသည် သီးသန့်ခန်းတစ်ခုလုံးကို တုန်လှုပ်သွားစေသော်လည်း ချူးယွင်ဖန်းသည် အလျင်စလိုမပြုဘဲ သူ့ဓားဖြင့် ခုတ်လှဲပစ်လိုက်သည်။
ရှေးခေတ် မြွေကို ရေဓါးဖြင့် ထက်ဝက် ဖြတ်ပိုင်းလိုက်ရာ သွေးများ ပန်းထွက်လာသည်။ သိုင်းပညာပုံရိပ်ယောက် ပျောက်ကွယ်သွားပြီးနောက် ပထမအစ်ကို၏ ဆူဖြိုးသော ခန္ဓာကိုယ်သာ ကျန်တော့သည်။
ချူးယွင်ဖန်းသည် သူ့ခေါင်းကို ဖြတ်ပစ်လိုက်သည်။
သူမသေဆုံးမီတွင် သူ၏စိတ်အားထက်သန်သော တန်ပြန်တိုက်ခိုက်မှုသည် ချူးယွင်ဖန်း၏ရှေ့မှောက်တွင် အလွန်အသုံးမဝင်ကြောင်း မယုံမကြည်နိုင်ဖြစ်နေဆဲဖြစ်ရာ ရုတ်တရက်ဓားချက်ဖြင့် လုံးလုံး သေဆုံးသွားသည်။
ပထမအစ်ကိုကိုသတ်ပြီးနောက် ချူးယွင်ဖန်း၏ လက်ထဲမှရေဓားသည် ပေါက်ကွဲသံနှင့်အတူ လက်ဖက်ရည်အဖြစ်ပြန်ပြောင်းသွားကာ မြေပြင်တစ်ခုလုံး ဖိတ်စင်သွားသည်။
တိုက်ပွဲပြီးဆုံးပြီးနောက်တွင် အန်းရှို့ရှို့နှင့် စီတုမြောင်ယီတို့သည် နောက်ဆုံးတွင် အသိတရားများ ပြန်လည်ရရှိလာခဲ့သည်။ ၎င်းတို့က ချူးယွင်ဖန်းအား ကြောင်တက်တက်ဖြင့် ကြည့်နေကြသည်။ အချိန်အတော်ကြာပြီးနောက်၊ သူတို့သည် နောက်ဆုံးတွင် ဘေးဒုက္ခတစ်ခုမှ လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။
ဤသည်က မယုံနိုင်စရာပင်ဖြစ်သည်။ ဤအရာသည် ကံတရားပင်ဖြစ်သည်ဟု ၎င်းတို့ထင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် လွတ်မြောက်ခဲ့ကြသည်။
"ဘယ်လို..."
စီတုမြောင်ယီ၏ လှပသော မျက်လုံးများက ချူးယွင်ဖန်းကို ကြည့်လိုက်သည်။ ခဏကြာသည်အထိ သူမ မည်သို့ပြောရမည်ကိုမသိပေ။
"အစိမ်းရောင်ဝတ်လုံအဖွဲ့ထဲက ဒီလူသုံးယောက်ကို မင်းမြင်လိုက်းပြီ။ နောင်မှာ မင်းနဲ့အတူ ကိုယ်ရံတော်တွေ ခေါ်လာရလိမ့်မယ်" ချူးယွင်ဖန်းက ပခုံးတွန့်ကာ ပြုံးပြသည်။
သူ၏ တည်တည်ငြိမ်ငြိမ် အမူအရာက သူသည် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲဖူးသူမဟုတ်သကဲ့သို့ ထင်ရစေသည်။
မြွေညီနောင်များ၏ ခေါင်းဆောင် ပြောသည်ကို သူ အစောကကြားကာ အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။ စီတုမြောင်ယီ၏ ဖခင်၏ စီးပွားရေးပြိုင်ဘက်သည် သူမကိုသတ်ရန်တစ်စုံတစ်ဦးကို ငှါးရမ်းခဲ့ခြင်း ဖြစ်နိုင်သည်။ မဟာဝေ့ပြည်တော်တွင် မဆိုထားနှင့် တင်းကျပ်သော စည်းမျဥ်းစည်းကမ်းများ ရှိသည့် ပြည်ထောင်စုတွင်ပင် ဤကဲ့သို့ ဖြစ်ပေါ်လာခြင်းမျိုးကို ရှောင်လွှဲ၍မရပေ။
သန်းပေါင်းများစွာသော အဆင့်နိမ့်ဝိဉာဉ်ကျောက်တုံးများသည် လူတို့ကို ရူးသွပ်သွားစေလောက်အောင်ပင်ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်" အန်းရှို့ရှို့က သူ့ကို ပထမဆုံးတုံ့ပြန်ကာ ကျေးဇူးတင်လိုက်သည်။
"ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ သူတို့က ငါ့ကို သတ်ချင်နေတာမို့ ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ရုံပါ" ချူးယွင်ဖန်းခေါင်းယမ်းလိုက်သည်။
"တကယ်လို့ မင်းငါ့ကို တကယ်ကျေးဇူးတင်ချင်ရင် ငါ့ကို နှစ်ချက်လောက်ကူညီပါ။ ပထမတစ်ခုက ဒီနေ့ အဖြစ်အပျက်ကို ဘယ်သူ့ကိုမှ မပြောရင် အကောင်းဆုံးပဲ။ ပြဿနာဖြစ်မှာစိုးတယ်။ ဒုတိယအနေနဲ့ ဒီသုံးယောက်က အစိမ်းရောင်ဝတ်လုံအဖွဲ့က နာမည်ကြီး လုပ်ကြံသတ်ဖြတ်သူတွေမို့ ဆုတွေ အများကြီး ရှိသင့်တယ်။ အချိန်ကျရင် ငါ့ဆီ ဆုလာဘ်တွေ ပို့ပေးဖို့ မင်းကို အလုပ်ရှုပ်စေရဦးတော့မှာပဲ"
ချူးယွင်ဖန်း၏ နောက်ဆုံးစကားသည် မိန်းမနှစ်ယောက်၏ နှလုံးသားထဲတွင် နားမလည်နိုင်သော ကျွမ်းကျင်သူတစ်ဦးအဖြစ် သူ့ပုံရိပ်ကို ဖျက်ဆီးလုနီးပါး ဖြစ်သွားသည်။ ထိုသူဌေးမျိုးသည် သာမန်ပြည်သူလူထု၏ အထက်တွင်ရှိကာ ငွေကို အညစ်အကြေးကဲ့သို့ ဆက်ဆံသင့်သည် မဟုတ်လော။
အခု သူဘာလို့ ပိုက်ဆံအရမ်းမက်နေတာလဲ”
"ဒါ့အပြင် ဒီနေ့ ကြင်ဖက်တွေ့တာ ဒီမှာပဲ ပြီးပြီနော် နောက်တစ်ကြိမ် မလုပ်တော့ဘူး။ မင်းကျန်တာစိတ်ချပါ။ အခြားကိစ္စမရှိတော့ရင် ငါအရင် သွားနှင့်မယ်နော်”
ချူးယွင်ဖန်းက ပြောပြီးသည်နှင့် သူလှည့်၍ တံခါးဖွင့်ကာ ထွက်သွားကာ ကြောင်အနေသော မိန်းကလေးနှစ်ယောက်ကို သီးသန့်ခန်းထဲတွင် ထားခဲ့သည်။