လှိုင်းတစ်ခု မပြေသေးဘဲ နောက်လှိုင်းတစ်ခုတက်လာတယ်
Vol. 78 Ch. 1161
ချူးယွင်ဖန်း၏ လှုပ်ရှားမှုသည် ကျွန်များအား ချက်ချင်း အံ့အားသင့်စေခဲ့သည်။ ချူးယွင်ဖန်းသည် လွန်ခဲ့သည့်တစ်နှစ်အတွင်း သူ၏ခွန်အားကို ဖုံးကွယ်ထားနိုင်သည်ဟု ဉာဏ်ထက်မြက်သူအချို့က ချက်ချင်းသိလိုက်ကြသည်။ ၎င်းတို့ထင်ထားသလောက် ပျော့ညံ့နေခြင်းမဟုတ်ပေ။
သူသည် ဆန်ကုန်မြေလေး မဟုတ်ရုံသာမက ချူးယန်ဟွေ့ကို ကန်ချက်တစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေခဲ့သည်။ ဤကဲ့သို့သော ခွန်အားမျိုးသည် မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ မရောက်ဟု မည်သူမျှ ယုံမည်မဟုတ်ပေ။
သူ့တွင် ဤကဲ့သို့ ခွန်အားများရှိသော်လည်း တစ်ချိန်လုံး ခေါင်းငုံ့၍ကာနေခဲ့ရာ သူသည် မြူခိုးထဲမှ ရက်စက်သော သားရဲနှင့်တူသည်။ ယခု၊ ဤရက်စက်ကြမ်းကြုတ်သော သားရဲသည် ၎င်း၏ခြေသည်းများနှင့် အစွယ်များကို ထုတ်ဖော်ပြသတော့မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် သူ့ခြံဝင်းသို့ ပြန်သွားပြီး ချူးယန်ဟွေ့အား တစ်ချက်ကန်ချက်ဖြင့် နစ်နာသွားစေသည့်သတင်းသည် မြို့စားကျုံးရှင်၏နေအိမ်တစ်ခွင်သို့ လျင်မြန်စွာပျံ့နှံ့သွားသည်။
သို့သော်လည်း အိမ်ရှေ့မင်းသားအလောင်းအလျာနှစ်ဦး ပါ၀င်သောကြောင့် ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။ ယခုမူ နေအိမ်၌ ဆုံးဖြတ်ချက်ချနိုင်သူ နှစ်ဦးသည် အနီးနားတွင် မရှိပေ။ မြို့စားကျုံးရှင်သည် သခင်မကြီးနှင့်အတူ ဆွေမျိုးများထံ သွားရောက်လည်ပတ်ရန် သူမ၏ မွေးရပ်မြေသို့ ပြန်သွားခဲ့သည်။
ဤကိစ္စ၏ သက်ရောက်မှုက ဆက်လက်၍ သက်ရောက်မှုများစွာဖြစ်ပွားခဲ့သည်။ သို့သော် ချူးယွင်ဖန်းသည် ဤအရာများကို ဂရုမစိုက်ပေ။ သူ့အတွက် ခွန်အားပြန်လည်ရရှိရန်သာ အရေးကြီးဆုံးဖြစ်သည်။ သူ့အတွက်၊ ထိုဝေဖန်မှုများသည် လူရွှင်တော်များ ခုန်ပေါက်သွားသကဲ့သို့သာဖြစ်၍ ၎င်းတို့ကို အနည်းငယ်မျှ ဂရုမစိုက်ပေ။
သူနေထိုင်ရာ ဝေးလံခေါင်သီသော ခြံဝင်းတစ်ခုတွင် ချူးယွင်ဖန်းသည် ထိုင်ဖုံပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံသို့ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသော အဖြူရောင် မီးခိုးငွေ့များ အဆက်မပြတ် ထွက်နေသည်။
သူ၏ခန္ဓာကိုယ်ရှိမရီးဒျန်များက ပြင်းထန်စွာ ပျက်စီးသွားခဲ့ကာ နတ်စွမ်းအင်အနည်းငယ်ကိုပင် စုစည်းရန်ခက်ခဲလျက်ရှိသည်။ သို့သော်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုကြောင့် နောက်ဆုံးတွင် အနည်းငယ်သော ပမာဏကို စုဆောင်းနိုင်ခဲ့သည်။
ရုတ်တရက် ခြေသံကြားလိုက်ရသည်။ ခဏအကြာတွင် ခြံတံခါးဝတွင် အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် တစ်ဆယ့်ရှစ်နှစ်အရွယ် အမျိုးသားတစ်ဦး ပေါ်လာသည်။ သူ့မျက်နှာတွင် အနည်းငယ် နုပျိုသော အကြည့်မျိုး ရှိသည်။
"အစ်ကိုဖန်း အစ်ကိုရှိလား”
ဤသည်ကိုကြားသောအခါ ချူးယွင်ဖန်းက ပြုံး၍ပြောလိုက်သည်။
"ဝင်ပါ"
ကောင်လေးက တံခါးကိုတွန်းဖွင့်၍ အထဲသို့ဝင်လာပြီးနောက် ချူးယွင်ဖန်းကိုတွေ့လိုက်သောအခါ ပြောလိုက်သည်။
“အစ်ကိုဖန်း နောက်ဆုံးတော့ စပြီးလှုပ်ရှားလိုက်ပြီပေါ့။ အဲ့ခွေးမသားချူးယန်ဟွေ့ကို အစစ်ကို ပညာပြလိုက်ပြီ။ ကျွန်တော်ကြားတာ ဒီကောင် အစ်ကို့ကို တကယ်တိုက်ခိုက်ဖို့လုပ်ရဲတယ်ဆိုပဲ။ သူက တကယ်သေသင့်တယ်”
“ဒါက အပြစ်ပါးပါးလေးပေးလိုက်ရုံပါ” ချူးယွင်ဖန်းက လူငယ်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ဆက်ပြောသည်။
“ဟုန်ချိုင် မင်း ရန်ဖြစ်ခဲ့တာလား"
လူငယ်၏အဝတ်အစားများ ညစ်ပတ်နေကာ ဆံထုံးက ပြေလျော့နေသည်ကိုသူမြင်လိုက်ရသည်။ သူ၏ အဝတ်အစားများကလည်း အလွန်အမင်း ပေစုတ်နေ၏။
"ဒါတွေအားလုံးက ဒီခွေးသားကြောင့်ပဲ။ ချူးရှို့ကျဲနဲ့ သူ့အဖွဲ့ကအစ်ကို့ကို သင်ခန်းစာတစ်ခုပေးဖို့ စီစဥ်နေကြတာ အစ်ကိုဖန်းရဲ့လစဥ်ထောက်ပံ့ကြေးကိုလည်း ဖြတ်ချင်နေကြတယ်။ အဲ့တာကြောင့် သူတို့နဲ့ငြင်းပြီး အရမ်းဒေါသထွက်သွားလို့” လူငယ်လေးချူးဟုန်ချိုင်က ဒေါသတကြီးပြောသည်။
“ဒါပေမယ့် ကျွန်တော် ချူးရှို့ကျဲနဲ့ ဆက်မနေနိုင်တော့ဘူး။ အစ်ကိုဖန်း ချွင်းချက်အနေနဲ့ ကျွန်တော် အစ်ကိုဖန်းနောက်လိုက်ရင်ရောဘယ်လိုလဲဟင်။ ချူးရှို့ကျဲနဲ့ ချူးဟောက်ယွီတို့က အစ်ကိုနဲ့ ဘယ်လိုမှယှဥ်နိုင်တာမှမဟုတ်တာ”
ချူးယွင်ဖန်းသည် ချူးဟုန်ချိုင်ကိုကြည့်ရင်း ရယ်ရခက် ငိုရခက်ဖြစ်သွားရသည်။ ချူးဟုန်ချိုင်က အမှန်အတိုင်းပြောနေခြင်းဖြစ်သည်မှာသေချာလှသည်။ တကယ်တမ်းတွင် ချူးဟုန်ချိုင်က အိမ်ရှေ့မင်းသား ကိုယ်စားလှယ်လောင်း တစ်ဒါဇင်အနက် တစ်ယောက်လည်းဖြစ်သည်။ သို့သော် သူသည် ၎င်းတို့အနက် အငယ်ဆုံး ဆယ်ကျော်သက်တစ်ဦးသာဖြစ်၍ သူ၏ခွန်အားမှာလည်း အညံ့ဆုံးဖြစ်သည်။ သူနေထိုင်ရာသို့ စတင်ဝင်ရောက်စဉ်က သူ့ငယ်ရွယ်မှုကြောင့် အနိုင်ကျင့်ခံခဲ့ရကာ ချူးယွင်ဖန်း၏ လျှို့ဝှက်စွာ ကယ်တင်ခြင်းခံရပြီးနောက်တွင် ချူးယွင်ဖန်း၏အမိန့်ကို နားထောင်ခဲ့သည်။
သို့သော် ချူးယွင်ဖန်းကိုယ်တိုင်က မြို့စားကျုံးရှင်နေရာအတွက် တိုက်ပွဲဝင်ရန် ရည်ရွယ်ချက်မရှိသောကြောင့် ချူးဟုန်ချိုင်သည် ချူးရှို့ကျဲ၏ဘက်တွင် ရပ်တည်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
ယနေ့တွင် ချူးယန်ဟွေ့သည် ချူးယွင်ဖန်းကို ခိုးဝင်တိုက်ခိုက်ခြင်းကြောင့် ချူးရှို့ကျဲ၏စခန်းမှ လုံးဝထွက်လာခဲ့သည်။
"မင်းက စိတ်မြန်လွန်းတယ်" ချူးယွင်ဖန်းက ပြုံးပြသော်လည်း သူ စိတ်ထဲ ထိမိသွားသည်။ ချူးဟုန်ချိုင်သည် သွေးပူသောနှလုံးသားရှိသော လူငယ်တစ်ဦးဖြစ်သည်။ သူသည် သူ့စိတ်ဆန္ဒအတိုင်း လုပ်လေ့ရှိသည်။ ဤသို့သောသူမျိုးသည် ယခုရှားသွားပြီဖြစ်သည်။
"ကောင်းပြီ၊ ကျွန်တော် အခု စကားမပြောတော့ဘူး၊ ကျွန်တော် ချူးရုန်ယန်ကို ရန်တွေ့ဖို့ စိန်ခေါ်ထားပြီ။ သူ့ကို သတ်ပစ်တော့မယ်။ သူ့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ အသွင်အပြင်ကြောင့် ချောမောလှပတဲ့ ကောင်လေးတစ်ယောက်လို့ ကျွန်တော် အမြဲထင်ခဲ့တယ်။ သူ့ကို ဒီလောက် ယုတ်မာမယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။ သူက အစ်ကို့ကိုကိုင်တွယ်ဖို့ အကြံပေးတဲ့သူပဲ အစ်ကိုဖန်း”
ချူးယွင်ဖန်းက ရယ်ရခက်ငိုရခက်ဖြစ်နေပြန်သည်။ ဖြူစင်သန့်ရှင်းသော မျက်နှာသည် ချောမောလှပသော ယောက်ျားလေးတစ်ယောက်ကဲ့သို့ဖြစ်တည်လာကာ လူကောင်းတစ်ယောက်မဟုတ်ဟု အများအားဖြင့် ယူဆနိုင်သည်။ ဤသည်က မည်သို့သော ‘လော့ဂျစ်’ ဖြစ်သနည်း။
ထို့ကြောင့် ချူးဟုန်ချိုင်သည် အလျင်အမြန်ပြေးထွက်လာခဲ့သည်။
ချူးယွင်ဖန်းမျက်မှောင်ကြုတ်ကာ ချက်ချင်း ထရပ်လိုက်သည်။ ဤကိစ္စကို သူ ဥပက္ခာမပြုနိုင်ပေ။
မြို့စားကျုံးရှင်၏ အမွေအနှစ်ကို သိုင်းပညာဖြင့် အမွေဆက်ခံခြင်းဖြစ်ရာ နေအိမ်အတွင်း၌ ချူမိသားစု၏ တပည့်များသည် ၎င်းတို့၏ ရန်ငြိုးထားမှုများကို ဖြေရှင်းရန် ကွင်းတစ်ခုရှိသည်။ ဤအချိန်၌ ကွင်းတစ်ခုလုံး လူများစွာဖြင့် ပြည့်နှက်နေသည်။ အိမ်ရှေ့မင်းသား ကိုယ်စားလှယ်လောင်း နှစ်ဦးဖြစ်သည့် ချူးရုန်ယန်နှင့် ချူးဟုန်ချိုင်တို့သည် ကွင်းထဲတွင် အချင်းချင်းတိုက်ခိုက်နေကြသည်။
ယင်းကြောင့် နေအိမ်ရှိ လူအများအပြား လာရောက်ကြည့်ရှုရန် ဆွဲဆောင်ခဲ့သည်။ ချူးယွင်ဖန်းသည် နံနက်ခင်းတွင် ချူးယန်ဟွေ့အား တစ်ချက်ကန်ချက်ဖြင့် နစ်နာသွားသော အဖြစ်အပျက်ပြီးနောက်၊ ယခု နေ့လည်ပိုင်းတွင် ကိုယ်စားလှယ်လောင်းနှစ်ဦးကြား တိုက်ပွဲဖြစ်ခဲ့သည်။ မကြာသေးမီက အိမ်ရှေ့မင်းသားအတွက် မြို့စားကျုံးရှင်ရွေးချယ်သည့်နေ့ နီးကပ်လာသည်နှင့်အမျှ ဤပွင့်လင်းသည့် တိုက်ခိုက်မှုများက ပို၍ပို၍ထင်ရှားလာသည်။ သို့သော် ဤတစ်ကြိမ်တွင် ၎င်းတို့နှစ်ယောက်က အနည်းငယ်ထူးဆန်းသည်။
မူလက သူတို့နှစ်ဦးစလုံးသည် ချူးရှို့ကျဲစခန်းမှ ဖြစ်သော်လည်း ယခုအခါ ချူးယွင်ဖန်းကြောင့် တိုက်ပွဲဝင်နေကြပြီဖြစ်သည်။ ချူးယွင်ဖန်း ရောက်ရှိလာချိန်တွင် ကွင်းတစ်ခုလုံး အသံများစွာဖြင့် ဆူညံနေပြီဖြစ်သည်။ ကွင်းအပြင်ဘက်တွင် ချူးဟုန်ချိုင်သည် ဒေါသတကြီး မျက်နှာထားဖြင့် လူတစ်စုကို မျက်နှာမူထားသည်။
ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုသူ အမျိုးမျိုးဖြင့် ဝိုင်းရံထားသည်။
ချူးယွင်ဖန်းသည် ဟိုကြည့်ဒီကြည့်ကြည့်ဖြင့် အသက် ၂၅ နှစ် သို့မဟုတ် ၂၆ နှစ်ဝန်းကျင်ရှိ လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူသည် ခမ်းနားထည်ဝါသော ၀တ်စုံကို ၀တ်ဆင်ထားပြီး ဖြူစင်သော အသားအရေနှင့် ချောမောသော မျက်နှာကို ပိုင်ဆိုင်ထားသော်လည်း သူ၏ မျက်ခုံးကြားတွင် မနာလိုမှု အရိပ်အမြွက် ရှိနေသည်။
၎င်းသည်ကား ချူးဟုန်ချိုင်ပြောဖူးသည့် ချောမောသော ကောင်လေး ချူးရုန်ယန်ပင်ဖြစ်သည်။ ချူးရုန်ယန်၏ နောက်တွင် ဆင်တူသော တရုတ်ဝတ်လုံများဝတ်ထားသော လူငယ်တစ်စုသည် ခံ့ညားသောအသွင်အပြင်ရှိသော လူငယ်တစ်ဦးကို ဝန်းရံထားသည်။ ချူးယွင်ဖန်းကိုတွေ့ပြီးနောက် လူငယ်၏မျက်နှာမှာ တည်ငြိမ်သောအမူအရာတစတ်ခုရှိလာသည်။
၎င်းသည် ချူးမိသားစုတွင် အကျော်ကြားဆုံး ကိုယ်စားလှယ်လောင်း နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ချူးရှို့ကျဲဖြစ်သည်။
ချူးယွင်ဖန်းရောက်ရှိလာပြီးနောက် လူတိုင်း၏အာရုံကို လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် နံနက်ခင်းတွင် ချူးယန်ဟွေ့အား တစ်ချက်ကန်ချက်တည့်ဖြင့် နစ်နာစေခဲ့ပြီးနောက် ယခု ချူးရုန်ယန်နှင့် ချူးဟုန်ချိုင်တို့သည် သူ့ကြောင့် စတင်တိုက်ခိုက်တော့သည်။
ချူးရှို့ကျဲသည် ချူးယွင်ဖန်းကို ငုံ့ကြည့်ကာ ရက်စက်သော အရိပ်အမြွက်ဖြင့် သူ့မျက်လုံးများ တလက်လက်တောက်ပနေသည်။ ယနေ့ သူ အလွန် မျက်နှာပျက်ခဲ့ရသည်။ ချူးယန်ဟွေ့သည် ချူးယွင်ဖန်းကြောင့် အလွန်ရှက်စရာကောင်းနေပြီဖြစ်ကာ ယခုအခါ ၎င်း၏လက်အောက်ငယ်သား ချူးဟုန်ချိုင်သည် ချူးယွင်ဖန်းကြောင့် ဘက်ပြောင်းသွားခဲ့သည်။ ချူးဟောက်ယွီက
သူ့လူများကို ထိန်းချုပ်နိုင်စွမ်းမရှိသဖြင့် သူ့ကို မည်သို့လှောင်ပြောင်နေမည်ကို ကြိုတွေးထားနှင့်ပြီးဖြစ်သည်။
ဤအရာများအားလုံးက ချူးယွင်းဖန်းကြောင့်ဖြစ်သည်။
ဤလူသည် သူတစ်ခါမျှ ဂရုမစိုက်ဖူးသူပင်ဖြစ်သည်။ ချူးယွင်ဖန်းက ချူးရှို့ကျဲကို မကြည့်ဘဲ ချူးဟုန်ချိုင်ကို ရင်ဆိုင်နေသည့် ချူးရုန်ယန်ကိုတစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ချူးဟုန်ချိုင်လှည့်စားခံရကြောင်း ချက်ချင်းသဘောပေါက်သွားခဲ့သည်။