မင်းဒီလောက် ဟန်ဆောင်ကောင်းနေတာ ဘာလို့ ကောင်းကင်ဘုံကို မသွားတာလဲ
Vol. 78 Ch. 1165
ချူးရှို့ကျဲက ပါးစပ်ကိုဖွင့်လိုက်ပြီးနောက် လူတိုင်းက ရုတ်တရက် သဘောပေါက်သွားသည့်အလား ခံစားလိုက်ကြရသည်။ ၎င်းတို့၏ စိတ်များက ချူးရှို့ကျဲနှင့် ဆင်တူသည်။ ဤသည်မှာ ၎င်းတို့တွေးနိုင်သည့် တစ်ခုတည်းသော ဖြစ်နိုင်ခြေဖြစ်သည်။ ချူးယွင်ဖန်းက ဤအရာအတွက် ပြင်ဆင်ထားပြီးဖြစ်ကာ
ချူးဟုန်ချိုင်နှင့် ထောက်ချောက်ဆင်၍ ချူးရှို့ကျဲ၏အဖွဲ့ကို အငိုက်မိစေခဲ့ခြင်းဖြစ်သည်။
ချူးရှို့ကျဲတို့၏ အဖွဲ့က ဤသည်ကို သတိမထားမိဘဲ ရူးမိုက်စွာဖြင့် တံခါးဝထိ အရောက်ပို့ပေးကာ မျက်နှာတည့်တည့်သို့ ဖြတ်ရိုက်ခံလိုက်ရသည်။
"ကြောက်စရာကောင်းတဲ့ လုပ်ရပ်ပဲ ချူးယွင်ဖန်းက ချူးဟုန်ချိုင်ကို အဲ့အကွက်ကို ဝှက်ဖဲအဖြစ် သုံးဖို့ ပြောခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူးပဲ”
“ဒီလှံရောင်ဝါက တကယ့်ကိုကြီးမားပြီး ကြောက်ဖို့ကောင်တးယ်။ ကောင်းကင်က တိမ်တွေကို ခွဲထုတ်ပြီး မိုင်ထောင်ကြီအထိ တိမ်ကင်းသွားစေနိုင်တာ တကယ့်ကို ကြောက်ခမန်းလိလိပဲ”
“ဟုတ်တယ်။ ဒီလို ကြောက်ဖို့ကောင်တဲ့ လှံပညာကိုတစ်ခါမှ မမြင်ဖူးဘူး”
“သခင်လေးချိုင်အပြင် ဒီသခင်လေးဖုန်းကလည်း သူ့ခွန်အားအစစ်အမှန်ကို ဖုံးကွယ်ထားတာပဲ”
မြို့စားကျုံးရှင်၏ အိမ်သူအိမ်သားများက ဤမြင်ကွ၍်းကိုမြင်သောအခါ ၎င်းတို့သည် အချင်းချင်းစတင်ဆွေးနွေးလာကြသည်။ အစောပိုင်းက အံ့ဖွယ်လှံချက်နှင့်ပတ်သက်၍ ၎င်းတို့သည် ချူးဟုန်ချိုင်အား သူ့ထက် များစွာသန်မာသော ချူးရုန်ယန်ကို ချေမှုန်းနိုင်ခဲ့သည့် လှံအကြောင်းကို သတိရသွားမိသည်။ ဤလျို့ဝှက်နည်းပညာက မည်သည့်နေရာကလာာသည်ကို ၎င်းတို့မသိသော်လည်း အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
ယခုလည်း ၎င်းတို့က ချူးယွင်ဖန်းကို ပြန်ကြည့်လာကြသည့် မျက်လုံးများအားလုံးက ရုတ်တရက်ပြောင်းလဲသွားကြသည်။ ချူးယွင်ဖန်းသည် မကျင့်ကြံနိုင်သည့် အသုံးမကျသော လူငယ်သခင်လေးမဟုတ်တော့ပေ။
ချူးယွင်ဖန်း၏ စစ်မှန်သော ကျင့်ကြံရေးပညာများကို မမြင်ရသေးသော်လည်း သခင်လေးဖုန်းသည် အမှန်တကယ်ပင် လျို့ဝှက်ဆန်းကြယ်သည့် အရည်အချင်းရှိသူဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်သည်။ သူသည် သာမန်လူမဟုတ်သည်မှာ သေချာလှသည်။ ယခင်က ချူးယွင်ဖန်းသည် သူ၏ ကန့်သတ်ချက်များကိုသိ၍ ပေါ်ပေါ်ထင်ထင်မနေဝံ့သောကြောင့် တိုးတိုးတိတ်တိတ်နေခဲ့သည်။ ယခုမူကား ဤကဲ့သို့မဟုတ်ဟုထင်ရ၏။
သူသည် တမင်ရည်ရွယ်၍ လူမသိသူမသိနေခြင်းသာဖြစ်နိုင်သည်။
ထူးထူးခြားခြားစွမ်းဆောင်ချက်တစ်ခုတည်းဖြင့် ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။ ယနေ့ဖြစ်ပျက်ခဲ့သော
အဓိက အဖြစ်အပျက် နှစ်ခု စလုံးသည် ချူးယွင်ဖန်းနှင့် ဆက်စပ်နေသောကြောင့် ၎င်းတို့၏အမြင်တွင် လွန်စွာ လျှို့ဝှက်ဆန်းကြယ် စေခဲ့သည်။
သူ၏ ခန္ဓာကိုယ်သည်လည်း မြူခိုးများဖုံးလွှမ်းနေသဖြင့် လူများကို လုံးဝ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
“အစ်ကိုဖန်း တကယ် အံ့သြစရာကြီး အဲ့သိုင်းပညာက…”
ချူးဟုန်ချိုင်သည် ကွင်းထဲမှ တိုက်ရိုက်ခုန်ဆင်းကာ ချူးယွင်ဖန်းကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။ ယခုတင် သူကျိန်သေ ရှုံးပြီဟုထင်ခဲ့သော်လည်း ခွန်အားချင်းကွာဟချက်သည် သိုင်းကွက်တစ်ကွက်တည်းဖြင့် ပြောင်းလဲသွားရန် ခက်ခဲသည်။ သူသည် အရေးကြီးသော အခိုက်အတန့်တွင် ထိုလှုပ်ရှားမှုကို အသုံးပြုခဲ့ကာ ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲခဲ့သည်။
ယင်းကို လုံးဝ သူမမျှော်လင့်ထားမိပေ။ ချူးယွင်ဖန်း၏ လုံ့လဝီရိယရှိရှိ အားထုတ်မှုကို သူ နောက်ဆုံး နားလည်ခဲ့သည်။ ချူးယွင်ဖန်းက တစ်စုံတစ်ခုကို သိခဲ့သော်လည်း ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ရန် မသင့်တော်သဖြင့် သူ့အား ဤသိုင်းကွက်သင်ပေးခဲ့ခြင်းဖြစ်ပေမည်။
ဤလှုပ်ရှားမှု၏ စွမ်းအားကို သူခံစားခဲ့ရသည်။ ၎င်းက အလွန်ကြီးမားလွန်းသဖြင့် သူပင် ပေါ့ပေါ့ဆဆ ခန့်မှန်းဝံ့မည်မဟုတ်ပေ။ ဤသိုင်းကွက်တွင်ပါဝင်သည့် ကြောက်မက်ဖွယ်ကောင်းသော လှံချက်သည်ပင်လျှင် တစ်သက်တာလုံးစူးစမ်းလေ့လာသည့်တိုင် အပြည့်အဝ စူးစမ်းနိုင်မည်မဟုတ်သောအရာဖြစ်သည်။
လူအများစုသည် ထိုလျှို့ဝှက်နည်းပညာကို ၎င်းတို့ကိုယ်တိုင် သိမ်းဆည်းထားလိမ့်မည်ဖြစ်သော်လည်း ချူးယွင်ဖန်းက သူ့ကို ဤနည်းပညာကို ပွင့်ပွင့်လင်းလင်း သင်ကြားပေးခဲ့သည်။ ဤအရာက သူ့ကို ချူးယွင်ဖန်းမှ မိမိလူအဖြစ်သတ်မှတ်ထားကြောင်း ယူဆ၍ ရစေသည်။ ချူးဟုန်ချိုင်၏ မျက်နှာက စိတ်လှုပ်ရှားမှုဖြင့်နီရဲသွားသည်။
“ဒါပေါ့ ဒါကို ကောင်းကောင်းလေ့ကျင့်ချေ။ ဒီဟာကို ကျွမ်းကျင်သွားရင် ကျန်တာတွေကိုလည်း ငါသင်ပေးမယ်။ အဲ့ကျရင် မင်း ကမ္ဘာပေါ်မှာ ကြိုက်တဲ့နေရာကိုသွားလာလို့ရပြီ” ချူးယွင်ဖန်းက တည်ငြိမ်သောအမူအရာဖြင့်ခေါင်းညိတ်လိုက်သည်။
၎င်းသည် ကောင်းကင်ဖြိုခွင်းလှံဧကရာဇ်ချန်ထားခဲ့သော တွန်းလှန်နိုင်မည်မဟုတ်သည့် လှံပညာအတွက်သာသဘာဝကျသည်။ ယင်းတွင် ထိုစွမ်းအင်သာမရှိပါက ချူးယွင်ဖန်း ယုံကြည်ချက်များများစားစားရှိမည်မဟုတ်ပေ။ အခြားသူများက ချူးယွင်ဖန်း၏ စကားကိုကြားသောအခါ
သူက ရိုးရိုးရှင်းရှင်း အေးအေးဆေးဆေး သရုပ်ဆောင်နေသည်ဟု ခံစားမိခဲ့ကြသည်။
မင်း ဒီလောက် ဟန်ဆောင်ချင်ရင် ကောင်းကင်ဘုံကို ဘာလို့ မသွားတာလဲ။
သူတို့အားလုံးသည် အစောပိုင်းကတည်းက တိုက်ခိုက်မှု၏ စွမ်းအားကို မြင်ခဲ့ကြသည်။ ထိုတိမ်ကင်းစင်၍ ကြောက်မက်ဖွယ်ကောင်းသော လှံအရှိန်သည် နတ်ဘုရားများအတွက်ပင် အလွန်ထက်မြက်သော လှံနည်းပညာတစ်ခုဖြစ်သည်။ ၎င်းကို အလွန်လေးနက်ကာ လျှို့ဝှက်ဆန်းကြယ်သော လှံနည်းပညာတစ်ခုဟုပင် ဆိုနိုင်သည်။
ထို့အပြင် ထိုအဆင့်တွင် သူသည် အဆင့်ခပ်များများမမြင့်သေးဘဲ အနည်းငယ်မျှသာ သိရှိသေးသလော။
‘ဒီလောက်ကြီး ကြွားနေတာ မင်းအလိမ်ပေါ်တော့မယ်’
ချူးယွင်ဖန်း၏ ပြောစကားကိုမည်သူမျှ မယုံကြပေ။ ချူးဟုန်ချိုင်သည် ၎င်းကို အနည်းငယ်သာကျွမ်းကျင်သေးသည်။ တကယ်တမ်းတွင် ၎င်းတို့က ဤသို့သော သိုင်းပညာအကြောင်း တစ်ခါမျှ မကြားဖူးကြပေ။ ၎င်းတို့၏ စိတ်ကူးယဥ်ဝတ္ထုများထဲတွင်ပင် မရှိခဲ့ပေ။ ထို့ကြောင့် ထိုမျှ အစွမ်းထက်သော သိုင်းပညာမျိုး မည်သို့ရှိနိုင်မည်နည်း။
ယင်း သိုင်းပညာတစ်ခုလုံးကို အနည်းငယ်မျှသိထားရုံဖြင့် ကောင်းကင်နှင့်နေကို လုံးဝ ယှဥ်နိုင်မည်ဖြစ်သည်။
၎င်းတို့၏ အမြင်တွင် ချူးဟုန်ချိုင်သည် ယင်းကို အသုံးချနိုင်ရန် အလွန်မြင့်မားသောအဆင့်အထိ ကျင့်ကြံရပေလိမ့်မည်။ သို့ထိတိုင် ဤလှံပညာ၏ စွမ်းအားက အမှန်ပင် ထိတ်လန့်စဖွယ်ကောင်းလှသည်။ ယင်းက ၎င်းတို့သိထားသော လှံပညာများကို ကျော်လွန်သွားခဲ့ပြီဖြစ်၏။
ချူးရှို့ကျဲက ပို၍ပင် အံ့သြသွားသည်။ ထိုလှံကို ကောင်းစွာ လေ့ကျင့်ထားလျှင် လျှို့ဝှက်ကျွမ်းကျင်မှု ဖြစ်လာနိုင်သည်။ သို့သော် ချူးယွင်ဖန်းနှင့် သူ၏ဆက်ဆံရေးကြောင့် ၎င်းကို သင်ယူခွင့်ရမည်မဟုတ်ကြောင်း ရှင်းလင်းစွာသိနိုင်သည်။
ချူးဟုန်ချိုင်သာလျှင် ချူးယွင်ဖန်းပြောသည့်စကားကို ယနေ့ အမှန်တကယ် သိရှိလာသောကြောင့် ယုံကြည်ခဲ့သည်။ ပိုတိကျအောင်ပြောရပါက သူသည် ယခုမှသာ သင်ယူခဲ့ခြင်းဖြစ်ကာ ချူးယွင်ဖန်းက ဉာဏ်အလင်းပေးနည်းပညာဖြင့် ဤလှုပ်ရှားမှဒကို သူ့စိတ်ထဲသို့ သွင်းပေးခဲ့ခြင်းဖြစ်သည်။
ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သည့် သူ့စိတ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော လှံစွမ်းအင်များဖြင့် ယှဥ်ပါက သူအသုံးပြုနေသည့်အရာများကို အပေါ်ယံဟုပင် ယူဆ၍ မရနိုင်ပေ။
ချူးယွင်ဖန်းက ဖော်ပြခဲ့သည့် အခြားသော သိုင်းပညာများမဆိုနှင့် ဤလှုပ်ရှားမှုတစ်ခုတည်းကိုပင် အမှန်တကယ်ကျွမ်းကျင်နိုင်လျှင် ၎င်း၏ အစွမ်းသည် တုန်လှုပ်ဖွယ်ကောင်းလှမည်ဖြစ်သည်။ တစ်ချက်တည်းဖြင့် နတ်အဆင့်ကို သုတ်သင်နိုင်ပေလိမ့်မည်။
ချူးယွင်ဖန်းက မိမိကို ဓားတောင်တက်၍ မီးပင်လယ်ဖြတ်ရန်ခိုင်းစေလျှင်ပင် ချူးဟုန်ချိုင်က မျက်မှောင်ကျုံ့မိမည်မဟုတ်ပေ။
လူအများ၏အမြင်တွင် ချူးဟုန်ချိုင်၏ သွေးပူမှုသည် အထင်အမြင်သေးဖွယ်ကောင်းလောက်အောင် ကလေးဆန်သော်လည်း ချူးယွင်ဖန်းသည် ဤအရာက ကောင်းသည်ဟု ခံစားမိသည်။ သူ့အတွက်၊ ဤဖြူစင်သောနှလုံးသားထက် မည်သည့်အရာကမှ ပိုတန်ဖိုးမရှိပေ။ ထိုလူများ၏ အရည်အချင်းများကို မည်ကဲ့သို့ အသုံးချနိုင်မည်နည်း။ ၎င်းတို့အားလုံးသည် တစ်ယောက်နှင့်တစ်ယောက်ရန်ပြုရန်သာ ကြံစည်နေကြခြင်းဖြစ်သည်။
"ကောင်းတယ် ချူးယွင်ဖန်း မင်း ငါ့ကို ကောင်းကောင်းအကွက်ချနိုင်ခဲ့တာပဲ” ချူးရှို့ကျဲက အံကြိတ်ကာပြောသည်။
ချူးယွင်ဖန်းက ခဏမျှ စဥ်းစား၍ ချူးရှို့ကျဲ၏ အတွေးကို နားလည်လိုက်သော်လည်း ရှင်းပြရန် အလွန်ပျင်းရိလွန်းသည့်အပြင် လိုလည်းမလိုအပ်ပေ။ အချို့အရာများသည် အချို့လူများအတွက် စိတ်ကူးယဥ်နိုင်သည့်အတိုင်းအတာကို ကျော်လွန်နေသည်။
ချူးယွင်ဖန်းအတွက် ချူးရှို့ကျဲက ရေတွင်းအောက်ခြေမှ ဖားတစ်ကောင်သာဖြစ်သည်။
"မင်း ငါ့ရဲ့စိန်ခေါ်မှုကို လက်ခံရဲလား။ အခု ဒီကွင်းထဲမှာ” ချူးရှို့ကျဲကပြောသည်။
“မင်းနဲ့လား” ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
“ငါ့မှာ အချိန်မရှိဘူး။ အခုကစပြီး တစ်လလောက်နေရင်ရောဘယ်လိုလဲ။ ချူးဟုန်ချိုင်က ငါ့နေရာကိုယူပြီး မင်းနဲ့တိုက်ခိုက်လိမ့်မယ်။ စိန်ခေါ်မှုကို မင်းလက်ခံရဲလား”
ချူးရှို့ကျဲ၏ ခန္ဓာကိုယ်သည် ဒေါသကြောင့် တုန်လှုပ်သွားသည်။ ချူးယွင်ဖန်းက သူ့ကို လုံးဝမလေးစားဘဲ ချူးဟုန်ချိုင်ကို အခုမှစ၍ တစ်လအကြာတွင် စိန်ခေါ်ရန် မေးလိုက်သေးသည်။ ဤသည်က သူ့မျက်နှာကို တည့်တည့်ဖြတ်ရိုက်လိုက်ခြင်းပင်မဟုတ်သလော။
“ကောင်းပြီလေ။ မင်း ငါ့ကိုရင်ဆိုင်ဖို့ ချူးဟုန်ချိုင်ကို ဘယ်လို လေ့ကျင့်ပေးမလဲဆိုတာ ကြည့်ကြသေးတာပေါ့။ ငါ အဲ့နေ့ကို စောင့်မယ်” ချူးရှို့ကျဲက အံကြိတ်ကာ ပြောလိုက်သည်။