← Chapters

မြို့စားကျုံးရှင်ရဲ့သားဖြစ်လာဖို့ မင်းစိတ်ဝင်စားလား

Vol. 78 Ch. 1166

မြို့စားကျုံးရှင်ရဲ့သားဖြစ်လာဖို့ မင်းစိတ်ဝင်စားလား

Vol. 78 Ch. 1166

ချူးရှို့ကျဲသည် ချူးယွင်ဖန်း၏ စိန်ခေါ်သည့်စကားကို စကားချင်း သဘောတူလိုက်သည်။ သူ ဒေါသကြောင့် ရူးနေပြီဖြစ်သော်လည်း သည်းမခံ၍မရတော့ပေ။ သူ့ပုံရိပ်သူထိန်းရမည်။ မြို့စားကျုံးရှင်၏ သားမဖြစ်လာမီတွင် ၎င်းကို ပြိုပျက်စေ၍ မရပေ။

သို့သော် ချူးယွင်ဖန်းက ချူးဟုန်ချိုင်ကို စိန်ခေါ်ရန် တောင်းဆိုမှုကြောင့် ချူးရှို့ကျဲ၏ မိမိကိုယ်ကို အထင်ကြီးလေးစားမှုကို ထိခိုက်စေခဲ့သည်။

‘ချူးယွင်ဖန်းက အိပ်မက်မက်နေတာပဲ။ ချူးဟုန်ချိုင်က အခုမှ မွေးဖွားခြင်းနယ်မြေ ဆဌမအဆင့်မှာရှိသေးတာ အများဆုံး တစ်လအတွင်း သတ္တမအဆင့်ကိုရောက်ရုံပေါ့”

ချူးရှို့ကျဲသည် နတ်အဆင့်သို့ ဝင်ရောက်နေပြီဖြစ်သည်။ ပထမအဆင့်တွင်သာရှိသေးသည်မှန်သော်လည်း သူသည် မွေးဖွားခြင်းနယ်မြေအဆင့်ကိုကျော်လွန်သွားသည့် အလွန်သန်မာသော ဖြစ်တည်မှုတစ်ခုဖြစ်သည်။ တစ်လအတွင်း ချူးယွင်ဖန်းက ချူးဟုန်ချိုင်သည် မိမိကို စိန်ခေါ်နိုင်လိမ့်မည်ဟုပြောခဲ့သည်။ သူသာ တကယ်လုပ်နိုင်ပါက ချူးရှို့ကျဲသည် မိမိလည်ပင်းကိုမိမိ ဓားဖြင့်ခုတ်ပိုင်းကာ သတ်သေလိုက်ပေလိမ့်မည်ဖြစ်သည်။

နတ်အဆင့်သို့ ဖြတ်ကျော်နိုင်ရန် နှစ်ပေါင်းများစွာပေးဆပ်ထားခဲ့သည်ဖြစ်ရာ မရေမတွက်နိုင်အောင်များပြားလှသော အရင်းအမြစ်များကိုလည်း အသုံးပြုခဲ့သည်။

မည်မျှခက်ခဲသည်ကို သူသာသိသည်။ ယခုအခါ ချူးဟုန်ချိုင်သည် တစ်လအတွင်း အမီလိုက်ချင်သည်။ ဤသည်က စိတ်ကူးယဥ်ဆန်နေခြင်းမဟုတ်သလော။

မြွေတစ်ကောင်၏ အဆိပ်ပြင်းသော လျှာကဲ့သို့ သူ့မျက်လုံးများမှတဆင့် မကောင်းသော အလင်းတန်းများ လင်းလက်လာကာ သူ့နှလုံးသားသည် သတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။ တစ်နေ့တွင် သူ့လက်ထဲ၌ အာဏာရှိလာသည့်အခါ ချူးယွင်ဖန်းကို သေချာပေါက်သတ်ပစ်မည်ဖြစ်သည်။

"ကောင်းပြီ၊ တစ်လအတွင်း မင်းကို ကွင်းမှာတွေ့မယ်" ချူးယွင်ဖန်းက မသိချင်ယောင်ဆောင်ကာ ချူးဟုန်ချိုင်နှင့်အတူ ကွင်းမှ ထွက်သွားခဲ့သည်။

"မင်းတို့ ဘာကြည့်နေတာလဲ မြန်မြန်လုပ်၊ အလုပ်ပြန်လုပ်" ချူးရှို့ကျဲက အော်ဟစ်လိုက်သောအခါ မြို့စားကျုံးရှင်၏ အိမ်တော်မှ အစေခံများက သစ်ပင်ပြိုကျရာမှ ဆင်းသက်လာသော မျောက်များကဲ့သို့ မြန်မြန်ဆန်ဆန်လူစုခွဲလိုက်သည်။ ခဏအကြာတွင် ၎င်းတို့အားလုံး ထွက်ပြေးသွားကြသည်။

ချူးရှို့ကျဲနှင့် အခြားသော ကိုယ်စားလှယ်လောင်းများအပြင် သွေးများအဆက်မပြတ်အန်နေရာမှ ယခုမှ ပြန်လည်သက်သာလာသည့် ချူးရုန်ယန်လည်းကျန်ခဲ့သည်။

ချူးရှို့ကျဲသည် သူ့အာဏာတည်မြဲရန် စောင့်ကြည့်နေသည့် ဤကျေးကျွန်များကို စိတ်ထဲမထားဘဲ စံအိမ်တစ်ခုလုံးက သူ့ကို စော်ကားရခြင်း၏ အကျိုးဆက်များကို သိစေရန် ကြိုးစားခဲ့သည်။ သို့သော် နောက်ဆုံးတွင်၊ သူသည် သူ့ကိုယ်သူ အများရှေ့တွင် အရူးဖြစ်စေခဲ့သည်။

ချူးရှို့ကျဲသည် ချူးရုန်ယန်ကို အေးစက်စွာကြည့်လိုက်၏။

"အမှိုက်၊ မင်းတို့အားလုံးက အမှိုက်တွေပဲ။ မင်းဘာမှ မလုပ်နိုင်ပေမယ့် ဖျက်ဆီးတဲ့နေရာမှာတော့ အရမ်းတော်တယ်”

ဤသည်ကိုကြားသောအခါ ချူးရုန်ယန်က နောက်ထပ်သွေးတစ်ပွက်အန်လိုက်သည်။

သူ့မျက်လုံးများ၏ အတွင်း၌ ဆိုးရွားသော အကြည့်တစ်ခု ပေါ်လာသည်။ သူလည်း အလွန်အမင်းဒေါသထွက်နေရသည်။ သို့သော် သူမည်သို့လုပ်နိုင်မည်နည်း။ ဤရှုံးနီမ့်မှုက သူ့ကို အလွန်အမင်း အရှက်ရစေ၏။

သို့သော် ချူးရှို့ကျဲကို လက်စားချေရန် သူ့တွင် သတ္တိမရှိသောကြောင့် သူ၏မုန်းတီးမှုအားလုံးကို ချူးယွင်ဖန်းနှင့် ချူးဟုန်ချိုင်ထံသို့သာ လွှဲပြောင်းပေးနိုင်ခဲ့သည်။

"ခဏစောင့်၊ နောက်တစ်ခါ မင်းကို သင်ခန်းစာတစ်ခု သေချာသင်ပေးမယ်”

ချူးရုန်ယန်၏မျက်လုံးများသည် ရူးသွပ်သောအကြည့်ဖြင့် တဖျပ်ဖျပ်လတ်နေသည်။

ချူးရှို့ကျဲနှင့် အခြားသူများ သွေးအန်ခါနီးတွင် ချူးယွင်ဖန်းနှင့် ချူးဟုန်ချိုင်သည် ချူးယွင်ဖန်း၏ ခြံဝင်းဆီသို့ ပြန်သွားခဲ့သည်။ ဤဝင်းသည် မြို့စားကျုံးရှင်၏နေအိမ်အစွန်းတွင်တည်ရှိသည်။ အများအားဖြင့် ဤနေရာသို့လာသောလူ အလွန်နည်းပါးသဖြင့် အလွန်အမင်းတိတ်ဆိတ်သည်။ လူအများစုသည် ဤနေရာသို့လာခြင်းက ရာထူးမှ ပြုတ်ကျသွားသည်ဟု ဆိုလိုသောကြောင့် အများအားဖြင့် ဤနေရာသို့လာရန် စိတ်ကူးမရှိကြပေ။ ချူးယွင်ဖန်းသည် ထိုကဲ့သို့ အေးချမ်းသော နေရာတစ်ခုကို ပြန်လည်ထူထောင်ရန် လိုချင်ခဲ့သည်။

လမ်းတစ်လျှောက်တွင် ချူးဟုန်ချိုင်သည် ချူးရုန်ယန်ကိုအနိုင်ယူရန် စိတ်လှုပ်ရှားစွာ စိတ်နှစ်မြှုပ်နေခဲ့သည်။ သူ့အတွက် ချူးရုန်ယန်ကို အနိုင်ယူခြင်းသည် သူ့တစ်သက်တာလုံး ဝင့်ကြွားနိုင်သော အရာတစ်ခုဖြစ်သည်။

"ဟာဟားဟား၊ အစ်ကိုဖန်း အဲ့တာကိုမြင်လိုက်လား။ ချူးရှို့ကျဲရဲ့ မျက်နှာက မီးလောင်ထားတဲ့ အိုးဖင်ကြီးလိုပဲ မည်းနေတာ။ သူနဲ့ပတ်သက်ပြီး ကြည့်မရတာ အတော်ကြာပြီ။ သူက မြို့ဝန်ရဲ့တူမို့လို့ ကျွန်တော်တို့ကို မလေးစားဘူး။ အစ်ကိုသာ မြို့စားရဲ့သားနေရာကို မလိုချင်တာကြောင့်မဟုတ်ရင် ကျွန်တော်သူနဲ့ပေါင်းမှာမဟုတ်ဘူး” ချူးဟုန်ချိုင်က စိတ်လှုပ်ရှားစွာပြောသည်။ ၎င်းတို့နှစ်ဦးလည်း ခြံဝင်းထဲသို့ဝင်လာကြပြီးနောက် ချူးယွင်ဖန်းက ခြံဝင်းထဲရှိ ကျောက်စားပွဲတစ်ခုရှေ့တွင်ထိုင်နေရာ မျက်နှာချင်းဆိုင်တွင် ချူးဟုန်ချိုင်က ထိုင်နေသည်။

“ဖွီး သူက အိမ်ရှေ့မင်းသားဖြစ်လာနိုင်လား။ သူက မြို့စားတူဆိုတဲ့နာမည်ကိုပဲ မှီခိုနေတာမဟုတ်ဘူးလား။ သူ့မှာရှိသမျှ အရင်းအမြစ်တွေက အခြားလူတွေထက် နည်းနည်းပိုလို့သာမဟုတ်ရင် သူတစ်ယောက်တည်းဖြစ်မှာမဟုတ်ဘူးလား။ နတ်အဆင့်ကို တက်ဖို့ ဘာအခွင့်အရေးရှိမှာလဲ” ချူးဟုန်ချိုင်က အထင်သေးစွာပြောသည်။

“ဒါ့အပြင် သူ အိမ်ရှေ့မင်းသား ဖြစ်လာရင် ဘယ်လိုလုပ်မလဲ၊ ကျွန်တော် ကျေးလက်မှာပဲ သွားပုန်းနေတော့မယ်။ သူ မဟာဝေ့နိုင်ငံတော်ကြီးတစ်ခုလုံးကို လက်တစ်ဖက်တည်းနဲ့ ဖုံးထားလို့ရမှာမဟုတ်ပါဘူး။ သူ ကျွန်တော့်နောက်ကိုလိုက်လာဖို့လုပ်ရင်တောင် ပုန်းလို့ရတယ်”

ချူးယွင်ဖန်းအနည်းငယ်ပြုံးလိုက်သည်။ ချူးဟုန်ချိုင်သည် အမှန်တကယ်ပင် ငယ်ရွယ်ကာ သွေးပူလွယ် စိတ်မြန်လွယ်သော်လည်း သူ့တွင် အရှားပါးဆုံးဖြစ်သည့် ရှောင်ပြေးလိုစိတ်လည်းရှိသည်။

“ဒါပေမယ့် အစ်ကိုဖန်းက ကျွန်တော့်ကို တစ်လအချိန်ပေးပြီး သူနဲ့စိန်ခေါ်စေချင်တာ။ ကျွန်တော့် ကိုယ်ပိုင်ခွန်အားကို ကျွန်တော်ကောင်းကောင်းသိတယ်။ ချူးရုန်ယန်နဲ့ ရင်ဆိုင်ချင်ရင် သူ့ကို ကောင်းကင်ဖြိုခွင်းလှံနဲ့ရင်ဆိုင်နိုင်သေးတယ်။ ဒါပေမယ့် ချူးရှို့ကျဲနဲ့ဆိုရင်ကျ ကျွန်တော့်ကို သေတွင်းပို့လိုက်တာနဲ့မတူဘူးလား” ချူးဟုန်ချိုင်က ခါးသက်စွာပြုံး၍ပြောလိုက်သည်။

ချူးယွင်ဖန်းသည် သူ့ကိုသေအောင် လွှတ်လိုက်မည်ဟု သူ မယုံသောကြောင့် ဤကဲ့သို့ အရှက်မဲ့စွာ ပြောလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ချူးယွင်ဖန်းထက်များစွာငယ်သော ဆယ်ကျော်သက်အရွယ်သာရှိသေးသောကြောင့် ချူးယွင်ဖန်း၏ရှေ့တွင် ချစ်စရာအမူအရာဖြင့်နေ၍ရသည်။

"အစ်ကိုဖန်း အစ်ကို့မှာ နည်းလမ်းရှိတယ်မလား။ကျွန်တော့်ကို ပြောပြ”

ချူးယွင်ဖန်းရယ်သည်။

"မင်း သူ့ကို တစ်လအတွင်းစိန်ခေါ်ခိုင်းမှတော့ ငါ့မှာ ယုံကြည်မှုရှိလို့ပေါ့ကွ။ ဒါပေမယ့် ဒါက အသေးအမွှားကိစ္စတွေပဲ”

ချူးယွင်ဖန်းကိုကြည့်ရင်း ချူးဟုန်ချိုင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ချူးယွင်ဖန်းက ချူးရှို့ကျဲကို တစ်လအတွင်း စိန်ခေါ်ခဲ့သည်။ သူ့စိတ်ထဲတွင် ကြီးမားသော ဖိအားတစ်ခုဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် ချူးယွင်ဖန်းအတွက် သေးငယ်သောကိစ္စတစ်ခုသာ ဖြစ်ခဲ့သည်။

အကယ်၍ သူပြောခဲ့လျှင် ကြီးမားသော ရုတ်ရုတ်သဲသဲ ဖြစ်သွားပေမည်။ ချူးရှို့ကျဲသည် သွေးပြန်အန်နေပေလိမ့်မည်။ သူက ဤကိစ္စကို အလွန်အလေးထားသော်လည်း ချူးယွင်ဖန်းကမူ လုံးလုံးလျားလျားဂရုမစိုက်ဘဲ အသေးအမွှားအဖြစ်သာ သဘောထားနေ၏။

"အစ်ကိုဖန်းကလည်း အစ်ကို့အတွက်တော့ ဒါအသေးအမွှားကိစ္စပဲ၊ ဒါပေမယ့် အစ်ကို့လောက် ကျွန်တော်က ကျင့်ကြံမှုမှမရှိတာ။ မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်တောင်မရောက်သေးဘူး။ အစ်ကို တစ်လမပြောနဲ့ တစ်နှစ်ပေးရင်တောင် ကျွန်တော် နိုင်မှာမဟုတ်ဘူး။” ချူးဟုန်ချိုင်က မှုန်ကုပ်ကုပ်ပြောသည်။

“ငါ ဒီလိုပြောတာ ငါ့မှာလည်း အကြောင်းပြချက်တွေရှိပါတယ်။ ငါ့မှာနည်းလမ်းရှိတယ်။ မင်း အရမ်းစိတ်ပူဖို့လိုလို့လား အဲ့ ချူးရှို့ကျဲလောက်ကို။ ငါ သူ့ကို မကိုင်တွယ်လိုက်တာ မင်းအတွက် ဓားသွေးကျောက်အဖြစ် ချန်ထားခဲ့ချင်လို့ကွ။ ငါသာ သူ့ကို ကိုင်တွယ်လိုက်ရင် သူတစ်ချက်တောင်ခံနိုင်မှာမဟုတ်ဘူး” ချူးယွင်ဖန်းက ဘာသိဘာသာပြောသည်။

သူ့စကားကို အခြားလူများကြားပါက အလွန်အမင်းမာန်တက်နေသည်ဟုထင်ကြမည်မှာ အမှန်ပင်ဖြစ်သည်။ ဤစကားထွက်လာလျှင် ရုတ်ရုတ်သဲသဲဖြစ်သွားမည်မှာသေချာသည်။ သို့သော် ချူးဟုန်ချိုင်က “အစ်ကိုက ဆရာကြီးပဲ အစ်ကိုပြောတာ အကုန်မှန်တယ်”ဟု ပြောနေသည့်အလား စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်၏။

“ကဲ ငါ့ကို ပြောကြည့်။ မင်း မြို့စားရဲ့သားဖြစ်ဖို့ စိတ်ဝင်စားလား ချူးယွင်ဖန်းက ချူးဟုန်ချိုင်ကိုကြည့်ရင်း မေးသည်။

သူ့အမူအရာက အရေးမကြီးသောအရာတစ်ခုကို ပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင်ဖြစ်၏။

All Chapters