← Chapters

ချူးဟုန်ချိုင်ကို မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့တက်လှမ်းရန်ကူညီခြင်း

Vol. 78 Ch. 1168

ချူးဟုန်ချိုင်ကို မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့တက်လှမ်းရန်ကူညီခြင်း

Vol. 78 Ch. 1168

ထိုကဲ့သို့ ပင်ကိုယ်စွမ်းရည်နှင့် ခွန်အားများဖြင့်၊ အန်းရှို့ရှို့၏ နာမည်သည် အချိန်အတော်ကြာအောင် ပူနွေးနွေးခေါင်းစီးတစ်ခုဖြစ်လာခဲ့သည်။ ထို့အပြင် သူမသည် မြို့စား၏ အိမ်တွင် မွေးဖွားခဲ့ကာ လက်ထဲမှ ပုလဲတစ်လုံးလည်းဖြစ်သဖြင့် မြို့တွင်းရှိ ပါရမီရှင်လူငယ်များအားလုံးနီးပါး၏ ပစ်မှတ်ဖြစ်လာခဲ့သည်။

အထူးသဖြင့် ဝေနိုင်ငံတော်ရှိ မြို့စားအန်းကော်၏ အာဏာနှင့် အဆင့်အတန်းသည် မြို့စားကျုံးရှင်ထက် မြင့်မားသည်။ ထိုသို့သော အခြေအနေမျိုးတွင် ချူးဟုန်ချိုင်က အန်းရှို့ရှို့ကို မသိရန်မှာ သဘာဝမကျပေ။

"မှန်ပါတယ်၊ ငါကအန်းရှို့ရှို့ပဲ”

အန်းရှို့ရှို့သည် ချူးဟုန်ချိုင်၏ ထိတ်လန့်တုန်လှုပ်သောအမူအရာကိုမြင်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

‘ဒီလိုမှပေါ့’

မြို့စားအန်းကော်၏ အဖိုးတန်သမီးတော် နှင့် ကျော်ကြားသော ပါရမီရှင်တစ်ဦးအဖြစ် သူမကို သူမသွားလေရာရာ နေရာတိုင်းတွင် ထင်ရှားကျော်ကြားသော ဧည့်သည်တော်အဖြစ် ဆက်ဆံခံရသည်။ ချူးယွင်ဖန်းသာ သူမကို ဂရုမစိုက်သဖြင့် အတန်ငယ်စိတ်ဓာတ်ကျခဲ့ရသည်။

"အန်းရှို့ရှို့က အရမ်းနာမည်ကြီးလား" ချူးယွင်ဖန်းက ချူးဟုန်ချိုင်ကို မေးသည်။

"သူမက နာမည်ကြီးရုံမကဘူး အစ်ကိုရ အရမ်းနာမည်ကြီးတယ်" ချူးဟုန်ချိုင်သည် ခုန်းလုံမြို့ကို လှုပ်ရှားစေခဲ့သည့် အန်းရှို့ရှို့ လုပ်ဆောင်ခဲ့သမျှသော အခြေအနေများကို အမြန်ရှင်းပြခဲ့သည်။

ချူးယွင်ဖန်းက ခေါင်းငုံ့လိုက်သည်။

“အိုး သိပြီ ဒါပေမယ့် မင်းနှောင့်နှေးနေစရာမလိုဘူး”

ချူးဟုန်ချိုင်သည် နှောင့်နှေးခြင်းက မည်သည်ကိုဆိုလိုသည်ကိုမသိသော်လည်း ကောင်းသောစကားမဟုတ်ကြောင်းသိသည်။

“အစ်ကိုဖန်း ဒါက သာမန်ပါပဲ ဟုတ်ပြီလား။ အစ်ကိုက အရမ်းချုပ်ချယ်လွန်းနယ်။ အိမ်ထဲမှာ အရမ်းနေတာများလွန်းတယ်။ အပြင်နည်းနည်းလောက်ထွက်ဖို့လိုတယ်”

ချူးယွင်ဖန်း၏ ဘာသိဘာသာ အမူအရာကိုမြင်သောအခါ အန်းရှို့ရှို့က အံကြိတ်လိုက်သည်။ သို့သော် ယနေ့နံနက်က ဖျင်ယိခန်းမ၌ နတ်အဆင့်အချို့ကို ရုတ်တရက်သုတ်သင်ခဲ့သည်ကိုတွေးမိပြီးနောက် ချက်ချင်းပင် သူမ စိတ်ဓာတ်ကျကာ ပို၍ ဆွံ့အသွားသည်။ ချူးယွင်ဖန်းက ဤသို့လုပ်ရန် ယုံကြည်ချက်ရှိသည်။ သူမ၏ မာနသည် သူ့ရှေ့တွင် မည်သည့်အဆင့်မျှ မရှိပေ။ နတ်အဆင့်က မည်မျှစွမ်းအားကြီးစေကာမူ သူ၏ လက်သီးချက်နှင့် ကန်ချက်များကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ချူးဟုန်ချိုင်သည် အန်းရှို့ရှို့၏ ချီတုံချတုံအကြည့်ကို မြင်လိုက်ရသည်။ ချူးယွင်ဖန်းအား ပြန်လည်ချေပရန် ချီတုံချတုံဖြစ်နေသည်။ သူချက်ချင်း မယုံကြည်နိုင်ဖြစ်သွားရသည်။ ခုန်းလုံမြို့တွင် အန်းရှို့ရှို့၏ ဒေါသကို မသိသူ မည်သူရှိသည်နည်း။ မျိုးဆက်တူလူငယ်များကပင် သူမထံတွင် ကြိုးဆွဲချရိုက်နှက်ခြင်းခံရသည့်တိုင် သူမကို မည်သို့မျှ မလုပ်နိုင်ကြပေ။ သူမတွင် မြင့်မြတ်သော အဆင့်အတန်းရှိရုံသာမက ခွန်အားသည်လည်း ပထမတန်းစားဖြစ်သည်။ သာမန်လူများက မည်သို့မျှ မလုပ်နိုင်ကြသော်လည်း ချူးယွင်ဖန်းရှေ့တွင် သူမ ကူကယ်ရာမဲ့ဖြစ်နေသည်။

ချူးဟုန်ချိုင်က ချူးယွင်ဖန်းကို တိတ်တဆိတ် လက်မမထောင်ပြဘဲ မနေနိုင်တော့ပေ။

'အစ်ကိုကြီး တကယ်တော်တယ်။ ဒီလိုမျိုးမိန်းကလေးမျိုးကိုတောင် ဂရုစိုက်လာအောင်လုပ်နိုင်တယ်ပေါ့’

ချူးယွင်ဖန်းသည် ချူးဟုန်ချိုင်က တိတ်တဆိတ် လက်မထောင်ပြသည်ကို တွေ့လိုက်ရပြီး ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ ဒ

‘ဒီကလေးက မဟုတ်တာတွေ ထပ်တွေးနေပြန်ပြီထင်တယ်’

သို့သော် သူက အန်းရှို့ရှို့ဆီသို့ အမြန်လှည့်လိုက်သည်။

"မင်းဒီမှာ ဘာလုပ်နေတာလဲ"

ချူးယွင်ဖန်း၏ အေးစက်သောအမူအရာကိုမြင်လိုက်ရသောအခါ အန်းရှို့ရှို့က နှုတ်ခမ်းစူကာ သူမ၏ နေရာလွတ်လက်စွပ်ကိုဖွင့်၍ နေရာလွတ်ကျောပိုးအိတ်ကိုထုတ်ကာ ချူးယွင်ဖန်းရှေ့သို့ပစ်ချလိုက်သည်။

"ဒီနေ့ စောစောက ရှင်ထွက်သွားတုန်းက မြွေညီအကိုတွေအတွက် ရှင် ဆုကြေးလိုချင်တယ်လို့ မပြောခဲ့ဘူးလား။ ဒီမှာလေ အဆင့်မြင့်ဝိဉာဥ်ကျောက်တုံး တစ်သိန်း” အန်းရှို့ရှို့က ပြောလိုက်သည်။

“တစ်သိန်းတည်းလား ဘာလို့ ဒီလောက်တောင် တွန့်တိုရတာလဲ” ချူးယွင်ဖန်းက ခဏမျှ ညည်းညူလိုက်ကာ အိတ်ကို အမြန်ကောက်ယူလိုက်သည်။

“ဒါပေမယ့် ဒီဟာကို အမြန်ရဖို့ မင်း ခွန်အားတွေ အများကြီးသုံးထားပုံပဲ”

ချူးယွင်ဖန်းက အလွန်နည်းသည်ဟုပြောလိုက်သည်ကို အန်းရှို့ရှို့ မြ်ငလိုက်ရပြီးနောက် မကူညီနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးတစ်သိန်းဟူသော ပမာဏသည် သေးငယ်သော ပမာဏမဟုတ်ပေ။ သာမန်လူများက ရွှေငွေကို အသက်မွေးဝမ်းကြောင်းပြုရန် အသုံးပြုကြကာ မွေးဖွားခြင်းနယ်မြေအဆင့်နှင့် အထက်ကျွမ်းကျင်သူများကသာ နတ်ကျောက်တုံးများကို ရောင်းဝယ်ဖောက်ကားရန် အသုံးပြုကြသည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းသည် နတ်အဆင့်ရှိသူတစ်ဦးကို ဒေဝါလီခံသွားစေရန် လုံလောက်သည်။

သို့သော် ချူးယွင်ဖန်း၏ ယခင်ပိုင်ဆိုင်မှုများအကြောင်းကို သူမသိပါက၊ သူမသည် ဤကဲ့သို့ တွေးတောနေမည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် အလွန်နည်းသည်ဟု ထင်သည်မဟုတ်သော်လည်း ၎င်း၏ယခင်အဆင့်အတန်းနှင့် နှိုင်းယှဉ်ပါက အမှန်ပင် စကားထဲထည့်ပြောရန် မထိုက်တန်ပေ။

သာမာန်အားဖြင့်ပြောရလျှင် ချူးယွင်ဖန်းသည် မြွေညီအကိုများကိုသတ်လျှင်ပင် အထက်အရာရှိများထံ သတင်းပို့ရမည်ဖြစ်ကာ ရွှေဆုရရန် အချိန်အတန်ကြာမည်ဖြစ်သည်။ ဤဆုချီးမြှင့်ရန်မူ နေ့တစ်ဝက်သာအချိန်ယူခဲ့ရသည်။ မှန်သည်။ ဤသည်က မြို့စားအန်းကော်၏ အဆက်အသွယ်များကြောင့်ပင်ဖြစ်၏။ ချူးယွင်ဖန်းသည် မီးမောင်းပြမခံချင်သောကြောင့် ပစ်မှတ်ကို သတ်ခြင်း၏ဂုဏ်သည် အန်းရှို့ရှို့ပေါ်တွင် ကျဆင်းသွားခဲ့သည်။ လုပ်ဆောင်မှုအချို့ပြီးနောက်၊ ဆုလာဘ်ကို လျင်မြန်စွာ ပေးဝေခဲ့သည်။ အန်းရှို့ရှို့သည် မြွေညီအစ်ကိုများကို သတ်ခြင်း၏ ဂုဏ်ကို လက်ခံခဲ့သော်လည်း၊ သူမသည် ချီးမြှင့်ခြင်းခံရလောက်အောင် မထိုက်တန်သဖြင့် သူမ ချက်ချင်းပင် ချူးယွင်ဖန်းဆီသို့ လာပို့ခဲ့သည်။

“ဘာပဲဖြစ်ဖြစ် ငါမင်းကို ကျေးဇူးတင်ရမှာပါပဲ” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။

တစ်ဖက်တွင် ချူးဟုန်ချိုင်၏ မျက်လုံးများ မျက်လုံးအိမ်ထဲမှ ထွက်ကျလုမတက်ဖြစ်နေသည်။ မြွေညီအစ်ကိုကို တစ်ခါမျှ မမြင်ဖူးကြသော်လည်း အစိမ်းရောင်ဝတ်လုံဂိုဏ်း၏ ရက်စက်ကြမ်းကြုတ်သော လုပ်ကြံသတ်ဖြတ်သူ သုံးဦးအကြောင်းကို ကြားဖူးသည်။ ညီအစ်ကိုသုံးယောက်ထက် အဆင့်မြင့်သော ကျင့်ကြံရေးအဆင့်ရှိသည့် လူသတ်သမားအများအပြားသည်ပင် ၎င်းတို့တမျှ မကျော်ကြားဟုဆို၍ရသည်။

မြွေညီအစ်ကိုများက ရိုးရှင်းစွာပင် အလွန်ရက်စက်လှသည်။ လက်ရှိတွင် ချူးဟုန်ချိုင်အတွက် ၎င်းတို့က ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်များဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ချူးယွင်ဖန်းက ၎င်းတို့ကို သုတ်သင်ပစ်လိုက်သည်။ ဤမနက်တွင် ချူးယွင်ဖန်းသည် အပြင်ထွက်ကာ ဤမျှကြီးမားသော ကိစ္စတစ်ခုကိုလုပ်ခဲ့သော်လည်း အဓိကအချက်က ဤအကြောင်းကိုမည်သူမျှ မသိလိုက်ကြပေ။ ။ ချူးရှို့ကျဲသို့မဟုတ် ချူးရုန်ယန်သာ လုပ်ခဲ့မည်ဆိုလျှင် တစ်အိမ်သားလုံး သိကြမည်ဖြစ်သည်။

သုံးယောက်လုံးကို သတ်နိုင်ခြင်းကိုမဆိုနှင့် မြွေညီအစ်ကိုသုံးယောက်ထဲက တစ်ယောက်ယောက်ကို သတ်နိုင်လိုက်ခြင်းကပင် မယုံနိုင်စဖွယ်ကောင်းလောက်သော စွမ်းဆောင်မှုတစ်ခုဖြစ်သည်။

ချူးယွင်ဖန်း၏ ဂရုမစိုက်သောအမူအရာနှင့် ဆုကြေးက နည်းလွန်းသည်ဟု ဝေဖန်နေပုံကိုကြည့်၍တိုင် ချူးဟုန်ချိုင်တစ်ယောက် လေးစားမိသွားရသည်။

အစ်ကိုဖန်းက တကယ်ကို ကျွမ်းကျင်တယ်။ သာမန်လူတွေနဲ့ လုံးဝမတူဘူး။

“ကျွန်မ ရှင့်ဆီက အကျိုးအမြတ်အများကြီးရပြီးပါပြီ။ ဒါက သေးငယ်တဲ့ကိစ္စတစ်ခုပါပဲ။ ဘာရယ်မဟုတ်ပါဘူး။ ဒါပေမယ့် ရှင် ချူးရှို့ကျဲကို တစ်လအတွင်း စိန်ခေါ်ဖို့စီစဉ်နေတယ်လို့ ကျွန်မ ကြားလိုက်ရတယ်။ အဲ့တာ ဘာအကျိုးရှိလို့လဲ။ ရှင်လုပ်သင့်တဲ့အရာလို့ ကျွန်မ မထင်ဘူး”

"ဘာလို့ ဒီသတင်းက လွဲနေတာလဲ”

ချူးယွင်ဖန်းက ရယ်ရခက်ငိုရခက်ဖြစ်သွားရသည်။ သတင်းက မည်ကဲ့သို့ အန်းရှို့ရှို့၏ နားထဲအထိရောက်သွားသည်ကို သူ နားမလည်နိုင်ပေ။

“ငါ ချူးရှို့ကျဲကို စိန်ခေါ်တဲ့လူမဟုတ်ပါဘူး။ ငါ အဲ့လောက်မပျင်းဘူး။ သူ့ကို စိန်ခေါ်ထားတာ ဟုန်ချိုင်”

ချူးယွင်ဖန်းက ဤသို့ပြော၍ ချူးဟုန်ချိုင်ကို လက်ညှိုးထိုးပြလိုက်သည်။

အန်းရှို့ရှို့သည် ချူးဟုန်ချိုင်ကိုကြည့်ကာမယုံကြည်နိုင်စွာပြော၏။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ချူးယွင်ဖန်း ရှင့်မှာ နည်းလမ်းတစ်ခုခုရှိတယ်ဆိုတာ ကျွန်မဝန်ခံပါတဘ်။ ဒါပေမယ့် သူက မွေးဖွားခြင်းနယ်မြေ ဆဌမအဆင့်မှာပဲရှိသေးတာ ချူးရှို့ကျဲက အသက်သုံးဆယ်ကျော်ပြီး နတ်အဆင့်ကိုတောင်ရောက်နေပြီ။ ရှင်က မွေးဖွားခြင်းနယ်မြေ ဆဌမအဆင့်လောက်လူကို နတ်အဆင့်နဲ့သွားတိုက်စေချင်တာလား။ ရှင်ရူးနေတာလား… ဒါမှမဟုတ် သူရူးနေတာလား”

ချူးဟုန်ချိုင်က ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်သည်။ မယုံကြည်နိုင်ဖွယ်ကောင်းလှသော်လည်း သူ ချူးယွင်ဖန်းကို ယုံကြည်မိသေးသည်။

"မင်းငါ့ကိုမယုံဘူးလား။ ဒါဆို ငါတို့ လောင်းကြမလား။ ချူးဟုန်ချိုင်ကို ငါ ဒီနေ့ ဒီနေရာမှာ သတ္တမအဆင့်ရောက်အောင်ကူညီပေးမယ်။ မင်းရှုံးရင် ငါ့ကို တစ်ခုကူလုပ်ပေးရမယ်။ ဘယ်လိုလဲ” ချူးယွင်ဖန်းက ပြုံး၍ပြောသည်။

All Chapters