တကယ်ဖြစ်သွားပြီ
Vol. 78 Ch. 1169
"မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်ကို ချက်ချင်းဖြတ်ဖို့လား။ ဘယ်လိုဖြစ်နိုင်မှာလဲ”
အန်းရှို့ရှို့၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ ချူးယွင်ဖန်း၏ ပြောစကားကို သူမ မယုံကြည်ပေ။ ချူးဟုန်ချိုင်သည် ဆဌမမြောက် မွေးဖွားခြင်းနယ်မြေအဆင့်တွင်သာရှိသေးသည်။ သတ္တမအဆင့်ကို ဖြတ်ကျော်ရန် သူ့အတွက် မလွယ်ကူပေ။
မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ရောက်သည်နှင့် သူသည် အဆင့်မြင့်မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူဖြစ်လာပေလိမ့်မည်ဖြစ်သည်။ အန်းရှို့ရှို့က ဤအဆင့်သို့ဖြတ်ကျော်ရန် မည်မျှခက်ခဲသည်ကိုသိသည်။ ချူးယွင်ဖန်းက ချူးဟုန်ချိုင်သည်သူ့အကူအညီဖြင့် ချက်ချင်းအဆင့်တက်သွားလိမ့်မည်ဆိုသည်ကို မယုံပေ။
“ဒါဆို လောင်းဖို့စိတ်ဝင်စားလား’ ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။
“ကောင်းပြီလေ ရှင် သူ့ကို ဘယ်လိုအဆင့်တက်သွားအောင်လုပ်မလဲဆိုတာ ကျွန်မ ကြည့်ချင်သေးတယ်။ ဒါပေမယ့် ကျွန်မ အရင်ကြိုပြောထားမယ်နော်။ အရမ်းခက်ခဲတဲ့ တောင်းဆိုမှုမျိုးဆိုရင် ကျွန်မ ငြင်းလို့ဆိုပြီး အဆိုးမဆိုနဲ့” အန်းရှို့ရှို့ကရိုးသားစွာပြောလိုက်သည်။ သူမက တစ်စုံတစ်ခုကိုတွေး၍ ရှက်သွေးဖြာနေသည့်အလားထင်ရ၏။
"စိတ်မပူပါနဲ့၊ ဒါက မင်းအတွက် ခက်ခဲမှာမဟုတ်ပါဘူး” ချူးယွင်ဖန်းက ခပ်ပါးပါးပြုံးကာ ပြောလိုက်သည်။
“အရမ်းကောင်းတယ်” အန်းရှို့ရှို့သည်လည်း ခေါင်းညိတ်လိုက်သည်။ ချူးယွင်ဖန်းသည် မနက်ကပင် မယုံကြည်နိုင်ဖွယ်ကောင်းသောအရာတစ်ခုကို ပြသခဲ့ပြီးဖြစ်သော်လည်း သူ၏ လေ့ကျင့်မှု မည်မျှပင် အားကောင်းနေစေကာမူ လူတစ်ယောက်ကို အဆင့်တက်စေနိုင်ရန် ချက်ချင်းကူညီရန် မဖြစ်နိုင်ပေ။
ချူးယွင်ဖန်းက မည်သို့လုပ်ဆောင်မည်ကို သူမ ကြည့်ချင်သည်။
"ဟားဟား ဒါဆို ခဏစောင့်ကြည့်”
ချူးယွင်ဖန်းသည် ချူးဟုန်ချိုင်ရှေ့တွင်ရပ်လိုက်သည်။
"စိတ်လျှော့ပြီး ငါ့မျက်လုံးတွေကို ကြည့်ပါ"
ချူးဟုန်ချိုင်သည် စကြဝဠာကဲ့သို့ နက်နဲသည့် ချူးယွင်ဖန်း၏ မျက်လုံးများကို ကြည့်လိုက်သည်၊ သူ၏ မျက်စံများက ကြယ်များကဲ့သို့ တောက်ပနေသည်။
ရုတ်တရက် ချူးဟုန်ချိုင်သည် သူ့စိတ်ထဲသို့ ပုံသဏ္ဍာန်တစ်ခု စိမ့်ဝင်သွားသည့်အလား ခံစားလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်အားလုံးကို အလိုအလျောက် လှုပ်ရှားသွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းတို့က မွေးဖွားခြင်းနယ်မြေသတ္တမအဆင့်၏ အတားအဆီးကို စတင်၍ အရူးအမူးတိုက်ခိုက်ကြတော့သည်။ ဤသည်မှာ သူတစ်ခါမှမကျင့်ကြံဖူးသည့် မကြုံစဖူး စွမ်းအင်ပတ်လမ်းကြောင်းတစ်ခုဖြစ်သည်။ သို့သော် ၎င်းသည် အလွန်အဆင့်မြင့်သော ကျင့်ကြံနည်းစနစ်တစ်ခုဟု သူခံစားနိုင်သည်။ ထို့ကြောင့် ဤနည်းပညာ၏ အဆင့်ကိုပင် သူ မခန့်မှန်းနိုင်ခဲ့ပေ။
သူ့ခန္ဓာကိုယ်ထဲမှ စစ်မှန်သော စွမ်းအင်များက ချက်ချင်းဆိုသကဲ့သို့ပင် ပေါက်ကွဲထွက်သွားရာ အတားအဆီးကို အရူးအနှမ်းစတင်တိုက်ခိုက်ကြသည်။ ကောင်းသော နည်းပညာနှင့် မကောင်းသော နည်းပညာကြားမှ ခြားနားချက်က အလွန် ထင်ရှားလှသည်။
ချူးဟုန်ချိုင်၏နည်းပညာသည် သူ့ခန္ဓာကိုယ်အတွင်းရှိ မွေးဖွားခြင်းနယ်မြေအဆင့်၏ စွမ်းအင်ငါးဆယ်ရာခိုင်နှုန်းကို စုစည်းနိုင်လျှင် သူ၏ စစ်မှန်သောစွမ်းအင်အားလုံးကို ယခုအချိန်တွင် စုစည်းထားပြီဖြစ်ကြောင်း သူခံစားနိုင်မည်ဖြစ်သည်။ ၎င်းသည် လုံးဝအကျွမ်းတဝင်မရှိသော စွမ်းအင်စီးကြောင်းတစ်ခုဖြစ်သော်လည်း ၎င်း၏သက်ရောက်မှုသည် ၎င်း၏ယခင်နည်းပညာများထက် များစွာပိုမိုအားကောင်းလှသည်။
မူလက သူ့အတွက် အလွန်ခိုင်ခံ့သော သတ္တမအဆင့်၏ အတားအဆီးသည် စတင်လှုပ်ခါလာသဖြင့် သူအလွန်အမင်းအံ့သြသွားသည်။ သူက လျင်မြန်စွာတင်ပျဥ်ခွေထိုင်လျက်
သူ့ကိုယ်တွင်းရှိ ပင်ကိုယ်စွမ်းအင်ကို လှုံ့ဆော်ပေးကာ အတားအဆီးကို စတင်တိုက်ခိုက်တော့သည်။
ဆယ့်ငါးမိနစ်မျှသာကြာပြီးနောက်၊ ချူးဟုန်ချိုင်၏စစ်မှန်သောစွမ်းအင်သည် ရူးသွပ်စွာပေါက်ကွဲထွက်စပြုလာသည်။
အန်းရှို့ရှို့၏ မျက်လုံးများသည် ချူးဟုန်ချိုင်ကို စိုက်ကြည့်နေသည်။ ထို့နောက် ချူးဟုန်ချိုင်၏ စွမ်းအင်အစစ်အမှန်သည် ကန့်သတ်ချက်သို့ ရောက်ရှိသွားပုံဖြင့် တောင်ပေါ်မှ ရေကြီးသကဲ့သို့ စီးကျနေသည်ကိုမြင်လိုက်ရသည်။ ချူးဟုန်ချိုင်၏ အနီးဝန်းကျင်တစ်ဝိုက်တွင် စွမ်းအင်မုန်တိုင်းတစ်ခုဖြစ်ပေါ်လာပြီးနောက် တစ်ခဏအတွင်းဆူပွက်လာသည်။
အချိန်အတန်ကြာပြီးနောက် ချူးဟုန်ချိုင်၏ စစ်မှန်သော စွမ်းအင်သည် တဖြည်းဖြည်းလျော့ပါးလာသည်။ အန်းရှို့ရှို့၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့်ပြူးကျယ်သွားသည်။ ချူးဟုန်ချိုင်သည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားပြီဖြစ်ကြောင်း သူမ မည်သို့ နားမလည်ဘဲ နေလိမ့်မည်နည်း။
အန်းရှို့ရှို့၏ ပါးစပ်သည် အနည်းငယ် ပွင့်ဟလျက်ရှိသည်။ ဤ၎င်းက မယုံကြည်နိုင်ဖွယ်ကောင်းလွန်းလှဿည်။ အစမှအဆုံး မိမိမျက်စိဖြင့် မမြင်ဖူးပါက၊ ထိုသို့သော အဖြစ်မျိုး ဖြစ်လာနိုင်သည်ကို သူမ ယုံမည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် ဆယ့်ငါးမိနစ်အတွင်းတွင် ချူးဟုန်ချိုင်အား မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ ဖြတ်ကျော်ရာ၌ ကူညီပေးနိုင်ခဲ့သည်။။
ချူးယွင်ဖန်းသည် ချူးဟုန်ချိုင်၏စစ်မှန်သောစွမ်းအင်ကို သူ၏အလိုဆန္ဒနှင့်အညီ လည်ပတ်စေသောကြောင့် ချူးဟုန်ချိုင်၏စစ်မှန်သောစွမ်းအင်ကို ပုံမှန်ထက်ပိုမိုထိရောက်စွာစုစည်းကာ ယင်းက အတားအဆီးကိုဖြတ်ကျော်နိုင်စေခဲ့သည်ဟု အကြမ်းဖျင်းခန့်မှန်းနိုင်သည်။ သို့သော် သူမ မှန်းဆနိုင်သော်လည်း ထိုသို့လုပ်နိုင်မည်ဟု မဆိုလိုပေ။ တကယ်တမ်းတွင် ဤသို့သေ ကိစ္စမျိုးက တွေးကြည့်ရုံဖြင့် မပြီးပေ။ ရိုးရှင်းစွာပင် လုံးဝဖြစ်နိုင်သောအရာတစ်ခုမဟုတ်ပေ။
နတ်အဆင့်၏ စိတ်စွမ်းအင်က အလွန်အားကောင်းသော်လည်း ၎င်းတို့က မည်သူနှင့်နှိုင်းယှဥ်နေကြောင်းပေါ်တွင် မူတည်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်တစ်ဦးနှင့်နှိုင်းယှဥ်ပါက ၎င်တို့တွင် အားသာချက်မရှိလှပေ။ သို့သော် ချူးယွင်ဖန်းက အမှန်တကယ်ပင် လုပ်ဆောင်နိုင်ခဲ့သည်။ ဤသည်က မယုံကြည်နိုင်ဖွယ်ကောင်းလှသော အရာပင်ဖြစ်၏။ အကယ်၍ သူသာ သတိမထားပါက သူသည် ဝိညာဉ်ရေးဆိုင်ရာ တုံ့ပြန်မှုကို ခံရမည်ဖြစ်ကာ ထိုကဲ့သို့ဖြစ်ခဲ့လျှင်လည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားမည်ဖြစ်သည်။
ချူးယွင်ဖန်းက သူ့စိတ်ဝိဉာဥ်ကို ရုတ်သိမ်းလိုက်သည်။ သာမန် နတ်အဆင့်က ဤသို့လုပ်ရန် မဖြစ်နိုင်ပေ။ ရွှေအမတေအဆင့်ရှိသူပင်လျှင် မဖြစ်နိုင်ပေ။ သို့သော် သူ့တွင် ဝိဉာဥ်ရေးစွမ်းအင်ကို မြှင့်တင်ပေးနိုင်သည့် နတ်ဘုရားစိတ်ဝိဉာဥ်ရှိသဖြင့် ယင်းကို အလွယ်တကူလုပ်ဆောင်နိုင်ခြင်းလည်းဖြစ်သည်။
ချူးယွင်ဖန်းက သူ့စိတ်ဝိဥာဉ်ကို ရုပ်သိမ်းလိုက်သည်။ သာမာန်ဘုရားရှင်က ဒီလိုလုပ်ဖို့ မဖြစ်နိုင်ဘူး။ Core တစ်ခုတောင် မရှိပါဘူး။ သို့သော်၊ သူ့တွင် သူ၏ဝိညာဉ်ရေးစွမ်းအားကို များစွာမြှင့်တင်ပေးသည့် နတ်ဘုရားရှိသဖြင့် ၎င်းကို လွယ်ကူစွာလုပ်ဆောင်နိုင်စေသည်။
ချူးယွင်ဖန်းသည် လူတစ်ဦး၏ ကျင့်ကြံရေးအဆင့်ကိုမြှင့်တင်ပေးနိုင်သည့် နတ်ဘုရာညးတစ်ဦးလည်းမဟုတ်ပေ။
ချူးဟုန်ချိုင်က နားမလည်မှုများထဲ၌ နှစ်မြုပ်နေသေးသည်။ ယနေ့ အံ့သြဖွယ်ကိစ္စများ တစ်ခုပြီးတစ်ခုပေါ်လာခဲ့သည်။ ဦးဆုံးအနေဖြင့် သူသည် အစ်ကိုဖန်းထံမှ အလွန်အထင်ကြီးဖွယ်ကောင်းသော လှံပညာကိုသင်ယူခွင့်ရခဲ့ကာ ထိုစိတ်အနှောက်အယှက်ပေးသည့် ချူးရုန်ယန်ကို အနိုင်ယူခဲ့သည်။ ထို့နောက် အစ်ကိုဖန်း၏ အကူအညီဖြင့် သူသည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်ကို အမှန်ပင်ဖြတ်ကျော်သွားနိုင်ခဲ့ပြီဖြစ်သည်။ ဤသည်က သူတစ်ခါမှ စိတ်ကူးပင်မယဥ်ခဲ့ဖူးသည့် အိပ်မက်တစ်ခုဖြစ်၏.
သူက ချူးယွင်ဖန်းကို အရူးအမူးပုံစံမျိုးဖြင့်ကြည့်ကာ အလွန်အမင်းစိတ်လှုပ်ရှားနေ၏။
“ခုဏက စွမ်းအင်စီးကြောင်းကို မှတ်ထားရင် မင်းအတွက်ပိုကောင်းလိမ့်မယ်” ချူးယွင်ဖန်းကပြောသည်။
“ဟုတ် ကျေးဇူးတင်ပါတယ် အစ်ကိုဖန်း”
ချူးဟုန်ချိုင်က အလွန်စိတ်လှုပ်ရှားသွားသည်။ ယခု ချူးယွင်ဖန်းက သူ့ကို ဓားတောင်ကိုဖြတ်၍ မီးပင်လယ်အား ဖြတ်ကျော်ခိုင်းလျှင်ပင် ပြဿနာရှာမိမည်မဟုတ်တော့ပေ။
ထိုအချိန်တွင်၊ ချူးယွင်ဖန်းသည် သူ့ကို တစ်လအတွင်း ချူးရှို့ကျဲကိုအနိုင်ယူရန် လမ်းပြခဲ့သည့် ယခင်စကားများသည် မျှော်လင့်ချက်မဲ့ပုံမပေါ်ကြောင်း သူခံစားခဲ့ရသည်။
"ရှင် ဒီလိုလုပ်နိုင်မယ်လို့ ငါမမျှော်လင့်ထားဘူး” အန်းရှို့ရှို့က သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ ချူးယွင်ဖန်းနှင့်အတူရှိသော အချိန်မရွေး အံ့အားသင့်ဖွယ်အရာများကို သူမမြင်နိုင်သကဲ့သို့လည်းခံစားလိုက်ရသည်။ ချူးယွင်ဖန်းက ဤမနက်တင် မြွေညီအစ်ကိုများကို လျှပ်တစ်ပြက်သတ်လိုက်သည်ကို မြင်လိုက်ရသည့်အလားပင်ဖြစ်၏။
“ရှင်ကျွန်မကို ဘာလုပ်စေချင်လဲ” အန်းရှို့ရှို့က ချူးယွင်ဖန်းက မိမိကို ရဲရဲရင့်ရင့်တောင်းဆိုမှုများပြလုပ်မည်လောဆိုသည်ကိုသိချင်စိတ်ဖြင့် သံသယဖြစ်စွာမေးလိုက်သည်။
"ရိုးရှင်းပါတယ်။ ကောလဟာလတွေကို မင်းအခုတင်ကြားခဲ့တာပဲ။ ချူးဟုန်ချိုင်က ချူးရှို့ကျဲကို တစ်လအတွင်း စိန်ခေါ်လိမ့်မယ်။ တခြားနည်းလမ်းတွေရှိပေမယ့်၊ အထူးသဖြင့် မင်းလိုကျွမ်းကျင်သူနဲ့ ယှဉ်ပြိုင်ရာမှာ သူ့ရဲ့ တိုက်ပွဲအတွေ့အကြုံက နည်းသေးတယ်။ နောက်တစ်လအတွင်း မင်းသူ့ကို တစ်နေ့ နှစ်နာရီလောက်အချိန်ပေးပြီး သိုင်းကွက်တချို့သင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်လိုသဘောရလဲ” ချူးယွင်ဖန်းက အန်းရှို့ရှို့အား အပြုံးမပျက်ပြောလိုက်သည်။
"ဆုလာဘ်အနေနဲ့ မင်းရဲ့ သန်းခေါင်ယံ ခါးနာတာကို ငါ ကုသပေးနိုင်တယ်။ ဒါက တရားမျှတတယ် မဟုတ်လား"
"ကောင်းပြီ" အန်းရှို့ရှို့မဆိုင်းမတွ သဘောတူလိုက်သည်။
ချူးယွင်ဖန်းဖန်တီးနိုင်သည့် အံ့ဖွယ်အမှုမျိုးကို သူမ မြင်ချင်သည်။