← Chapters

အန်းရှို့ရှို့၏ ထိတ်လန့်မှု

Vol. 78 Ch. 1170

အန်းရှို့ရှို့၏ ထိတ်လန့်မှု

Vol. 78 Ch. 1170

ချူးဟုန်ချိုင်သည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ ဝင်ရောက်ခဲ့ကာ ယခင်ထက် အနည်းငယ်သာလွန်ပုံပေါက်ခဲ့သော်လည်း၊ တကယ်တမ်းတွင် သူနှင့်နတ်အဆင့်အကြား၌ ကြီးမားသော ခြားနားချက်များရှိနေဆဲဖြစ်သည်။ သာမန်လူများသည် မွေးဖွားခြင်းနယ်မြေအဆင့်၏အထွတ်အထိပ်သို့ရောက်ရန် အိပ်မက်ကြီးကြီးမားမားရှိသည်ဟု ဆိုပါက၊ နတ်အဆင့်သို့ တက်လှမ်းခြင်းသည် ပို၍ပင်ကြီးမားသောအိပ်မက်တစ်ခုဖြစ်သည်။

ဆဋ္ဌမအဆင့်မှ သတ္တမအဆင့်အထိ ဖြတ်ကျော်ခြင်းသည် နတ်အဆင့်ကို ဖြတ်ကျော်ခြင်းနှင့် မတူပေ။

အန်းရှို့ရှို့သည် တစ်လအတွင်း ဤမဖြစ်နိုင်လောက်သော ပန်းတိုင်ကို အောင်မြင်အောင် ကူညီပေးမည့် ချူးယွင်ဖန်းကိုလည်း အလွန်စိတ်ဝင်စားခဲ့သည်။ တခြားတစ်ယောက်ယောက်က ဤသို့ပြောပါက ၎င်းတို့၏ မျက်နှာတည့်တည့်သို့ တံတွေးထွေးကာ မဖြစ်နိုင်ဟုပြောလိမ့်မည်။ သို့သော် ချူးယွင်ဖန်း၏ စကားများက ရယ်စရာကောင်းလှသည်ဟုထင်ရသည့်တိုင် ၎င်းတို့ကို တစ်နည်းနည်းဖြင့် ယုံချင်စိတ်ဝင်လာမိသည်။

“အရမ်းကောင်းတယ်” ချူးယွင်ဖန်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

ချူးဟုန်ချိုင်သည် ချူးယွင်ဖန်းကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ သူ့အတွက်ကြောင့် ချူးယွင်ဖန်းက သူ့ကို ကူညီပေးရန် နတ်အဆင့်ကိုတောင်းဆိုပေးခဲ့ခြင်းဖြစ်ရာ ဤသည်က သူယခင်က အိပ်မက်ပင်မမက်ဖူးသော အရာတစ်ခုဖြစ်သည်။

မိသားစုတစ်ခုစီ၏ အမွေဆက်ခံသူများသည် ဤကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သည်။

"အဲ့တာဆို ငါ ဒီမှာ ဆက်မနေတော့ဘူး”

ချူးယွင်ဖန်းသည်ဤသို့ပြောလျက် ခြံဝင်းဘက်ရှိ သူ့အခန်းသို့ပြန်လာကာ ဘောပင်နှင့် စာရွက်ကို ထုတ်ကာ စာရေးလိုက်သည်။ ၏

"မင်းရဲ့ ကျင့်ကြံမှု အဆင့်က ဒီလောက်မလေးနက်သေးတာ ကောင်းပါတယ်၊ ဒါကြောင့် အခုပြောင်းဖို့ အချိန်မနှောင်းသေးဘူး"

အန်းရှို့ရှို့သည် ဤစကားကိုကြားသောအခါ မျက်လုံးများကိုလှန်လိုက်သည်။ သူမသည် နတ်အဆင့်တွင်ရှိနေသော်လည်း သူမ၏ လေ့ကျင့်မှုက မလေးနက်ဟု အမှန်ပင်ပြောခဲ့သည်။ ထို့ကြောင့် သူမ၏ မျက်လုံးများမှ မျက်ရည်များ ကျလာလုမတက်ဖြစ်သွားရသည်။ သို့သော် ချူးယွင်ဖန်း၏ နားမလည်နိုင်သော နှင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကျင့်ကြံမှုအကြောင်း သူမတွေးလိုက်သောအခါတွင် သူမ ဒေါသကို မျိုချနိုင်ခဲ့သည်။

"မင်းဒီလိုအခြေအနေရောက်ရတဲ့ အဓိကအကြောင်းရင်းက မင်းရဲ့ကျင့်ကြံနည်းစနစ်ကြောင့်ပါ။ ပြဿနာက ဒီသေငွးကျော်မှတ်တွေကို ဖြတ်သွားတဲ့ မင်းရဲ့ ကျင့်ကြံနည်းစနစ်ကြောင့်ပေါ့။ လက္ခဏာတွေက အချိန်အတော်ကြာအောင် စုဆောင်းပြီး အခုမှပေါ်လာတာ" ချူးယွင်ဖန်းက ဤသို့ပြောလျက် စာရေးချလိုက်သည်။

"ဒါက ပြဿနာ မဟုတ်ဘူး။ မင်းရဲ့ ကျင့်ကြံနည်းစနစ်ကို နည်းနည်းလေး ပြုပြင်မွမ်းမံဖို့ ငါ ကူညီပေးမယ်၊ နောက်ထပ် ပြဿနာ မရှိသင့်တော့ဘူး”

“ပြုပြင်မွမ်းမံပေးမယ်ဟုတ်လား။ ကျွန်မ အခု ကျင့်ကြံနေတဲ့ ကျင့်ကြံရေးစနစ်ကို ရှင်ဘယ်လိုသိလဲ။ ကျွန်မရဲ့စွမ်းအင်လည်ပတ်တဲ့လမ်းကြောင်းကို ရှင်ဘယ်လိုသိလဲ”

အန်းရှို့ရှို့က နောက်ဆုံးတွင် မထိန်းနိုင်‌တော့ဘဲ အံ့သြစွာမေးလိုက်သည်. ချူးယွင်ဖန်းကို သူမ၏ အတွင်းစွမ်းအင်ကျင့်ကြံရေးစနစ်နှင့်ပတ်သက်၍ တစ်ခါမှ မပြောဖူးကြောင်းကို သတိရမိသည်။ တကယ်တမ်းတွင် သူမသည် ရောဂါကို ကုသချင်သော်လည်း သူမ၏ အတွင်းစွမ်းအင်ကို သင်ကြားပေးသော ဆရာတစ်ဦးဖြစ်သည်။ ဆရာက သဘောမတူလျှင် ဤအကြောင်းကို မည်သူ့ကိုမျှပြောပြ၍ မရပေ။ သို့သော် ချူးယွင်ဖန်းက သူသည် အန်းရှို့ရှို့၏ စွမ်းအင်စီးကြောင်းအကြောင်းသိကြောင်းသူပြောခဲ့သည်။

ဤအရာက အန်းရှို့ရှို့ကို အလွန်အမင်း ထိတ်လန့်သွားစေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ၏ စွမ်းအင်လည်ပတ်နေသောလမ်းကြောင်းကို သူနားလည်နိုင်သည်ကို သူမ မယုံနိုင်သည့်အပြင် ထိုသို့ သူမ၏ ကျင့်ကြံရေးစနစ်ကို မွမ်းမံပေးမည်ကိုလည်းမယုံနိုင်ပေ။

ဤအရာက အန်းရှို့ရှို့ကို အလွန်အမင်းထိတ်လန့်စေသည်။

ဤကဲ့သို့သော ပြောင်းလဲမှုမျိုး မည်သို့ရှိနိုင်မည်နည်း။

ရှင်အရမ်းတော်နေရင် ဘာလို့ ကောင်းကင်ဘုံကိုမသွားတာလဲ။

ချူးယွင်ဖန်းသည် သူမ၏ ကျင့်ကြံနည်းစနစ်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်လောက်အောင် အစွမ်းထက်သည်ဟု သူမ မယုံနိုင်ပေ။

ထို့နောက် သူမသည် ချူးယွင်ဖန်း၏လက်မှ စာရွက်ကိုယူလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမတစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ၎င်းသည် သူမအသုံးပြုသည့် ကျင့်ကြံနည်းကို အတိအကျသိနေသောကြောင့်ဖြစ်သည်။ ချူးယွင်ဖန်းသည် သူမ၏ လှုပ်ရှားမှုများကို ကြည့်ရုံဖြင့် များစွာသော အရာများကို ကောက်ချက်ချနိုင်မည်ဟု သူမ မယုံနိုင်ပေ။

သူမသည် နတ်အဆင့်လည်းဖြစ်သဖြင့် ပြုပြင်မွမ်းမံမှုများသည် အလွန်ထက်မြက်ကြောင်း တစ်ချက်ကြည့်ရုံဖြင့်ပြောနိုင်သည်။ ညသန်းခေါင်တွင်ခါးနာသည့် ပြဿနာကို အမြစ်မှ ဖြုတ်ပစ်နိုင်မည်သာမက စွမ်းအင်လည်ပတ်သည့်လမ်းကြောင်းကိုပြုပြင်ပြီးလျှင် စွမ်းအင်အကျိုးသက်ရောက်မှုက အနည်းဆုံး ၂၀ ရာခိုင်နှုန်းခန့် တိုးမြင့်လာပေလိမ့်မည်။

ဤနှစ်ဆယ်ရာခိုင်နှုန်းကို အထင်သေးနေ၍မရပေ။ ကျင့်ကြ့ရေးစနစ်ကို မျိုးဆက်တစ်ခုမှ တစ်ခုသို့ကူးပြောင်းခဲ့ခြင်းဖြစ်ရာ မရေမတွက်နိုင်အောင်များပြားလှသော ဘိုးဘွားစဉ်ဆက်က ပြုပြင်ခဲ့သည်။ အခြေခံအားဖြင့် အတန်ငယ်ပြီးပြည့်စုံသော အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ မျိုးဆက်သစ်များက ပြုပြင်မွမ်းမံလိုလျှင်ပင် ၎င်းတို့၏ ကျင့်ကြံမှုသည် ယခင်မျိုးဆက်များ၏ ဘိုးဘေးများနှင့် ကွာခြားချက်မရှိပါက မကြာခဏဆိုသလို ထိုသို့ပြုလုပ်ရန် နည်းလမ်းမရှိပေ။

စွမ်းအင်ထွက်နှုန်း ၂၀ ရာခိုင်နှုန်းတိုးမြင့်လာခြင်းကိုမဆိုနှင့် ၁ ရာခိုင်နှုန်းတိုးလာခြင်းကပင် အလွန်ရှားပါးသောအရာဖြစ်သည်။ ချူးယွင်ဖန်းက ယင်းကို ပေါ့ပါ့ပါးပါးပြုပြင်ကာ စွမ်းအင် ထွက်နှုန်း ၂၀ ရာခိုင်နှုန်းခန့်တိုးမြင့်လာသည်ကိုပါ မြင်လိုက်ရပါက ၎င်းကတို ဆက်လက်မွမ်းမံမည်ဆိုလျှင် သူမ ပြန်လည်မွေးဖွားလာရန်ပင် ဖြစ်နိုင်သည်မဟုတ်လော။

ယခုအချိန်တွင် အမှန်တရားက သူမရှေ့တွင်ရှိနေပြီဖြစ်သောကြောင့် မယုံချင်လျှင်ပင် ယုံရပေလိမ့်မည်ဖြစ်သည်။

"ဘာမှားလို့လဲ ငါမှားသွားတာလား" ချူးယွင်ဖန်းသည် အန်းရှို့ရှို့ကို သံသယဖြစ်စွာကြည့်နေသည်။

"မဟုတ်ဘူး၊ ရှင် ကျွန်မတိုက်ခိုက်တာကိုကြည့်ရုံနဲ့ ဒါတွေအားလုံးကို တကယ်ပြောနိုင်တာလား။" အန်းရှို့ရှို့သည် ချူးယွင်ဖန်းကို မယုံနိုင်စွာ ကြည့်လိုက်သည်။

အဘယ်ကြောင့် ယင်းက အလွန် ဒဏ္ဍာရီဆန်သကဲ့သို့ဖြစ်နေသနည်း။ ၎င်းသည် သာမန်အခြေအနေနှင့်မတူပေ။

“အဲ့တာ ဘာများခက်လို့လဲ” ချူးယွင်ဖန်းကပြုံး၍ပြောသည်။

အန်းရှို့ရှို့၏ ထိတ်လန့်မှုကို သူနားလည်နိုင်သည်။ သာမန်လူများအတွက် ဤအရာသည် မဖြစ်နိုင်သော အံ့ဖွယ်တစ်ခုဖြစ်သော်လည်း ချူးယွင်ဖန်းအတွက်မူ ရိုးရှင်းလွန်းလှသည်။ သူ၏ ကျင့်ကြံရေးအဆင့်သည် အန်းရှို့ရှို့ထက် များစွာပိုမိုအားကောင်းကာ ၎င်းသည် အန်းရှို့ရှို့စိတ်ကူးနိုင်သောအရာ မဟုတ်ပေ။ ထို့အပြင်၊ သူသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံထားသောကြောင့် သူ၏အမြင်သည် အန်းရှို့ရှို့နှင့် နှိုင်းယှဉ်နိုင်သည့်အရာမဟုတ်ပေ။

အန်းရှို့ရှို့၏မေးခွန်းသည် တက္ကသိုလ်ကျောင်းသားတစ်ဦးအား (၁+၁)က ဘာလဲဟု မေးလိုနေသကဲ့သို့ပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် နတ်ဘုရားစိတ်ဝိဉာဥ်၏ အကူအညီဖြင့် ယင်းကိုအလွယ်တကူသိနိုင်၏။

ချူးယွင်ဖန်းက ဘာမှမဟုတ်ဟုထင်လာလေလေ အန်းရှို့ရှို့က မယုံကြည်နိုင်ဖြစ်လေလေဖြစ်သည်။ သူမ၏ ကျင့်ကြံရေးစနစ်က မပေါက်ကြားနိုင်ဟုသာ သူမသေချာမသိထားလျှင် ချူးယွင်ဖန်းက သူမ၏ ကျင့်ကြံရေးစနစ်ကို မြင်ဖူးသည်ဟုပင်ထင်မိမည်ဖြစ်သည်။

ရိုးရှင်းသော ပြုပြင်မွမ်းမံမှုဖြင့် အဆင့်နှစ်ဆင့်တိုးရန်မှာ အလွန်မှော်ဆန်နေသေးသော်လည်း သူမ၏ ကျင့်ကြံနည်းစနစ်ကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်ကာ ပြုပြင်မွမ်းမံနိုင်သော ချူးယွင်ဖန်းထက် သာလွန်နေသေးသည်။

ချူးယွင်ဖန်းက လူငယ်မဟုတ်ဘဲ လူအရေခွံခြုံထားတဲ့ မွန်းစတားအိုကြီးများဖြစ်နေနိုင်မလား။

အန်းရှို့ရှို့က သူမကို ချူးယွင်ဖန်း လုံးဝမြင်နိုင်နေသကဲ့သို့ ခံစားလိုက်ရသည်။

"ဘာပြဿနာမှ မရှိဘူးဆိုတော့ ဆုံးဖြတ်လိုက်ပြီ။ ဒီနေ့ကစပြီး မင်းရဲ့ စွမ်းအင်လည်ပတ်မှုလမ်းကြောင်းသစ်အရ မင်းရဲ့နတ်စွမ်းအင်ကိုလှုပ်ရှားဖို့လိုတယ်။ နောက်တစ်လအတွက်တော့ မင်းမနက်တိုင်း ဟုန်ချိုင်ကို ကူညီဖို့ လာခဲ့ပါ” ချူးယွင်ဖန်းက ပြုံးလိုက်သည်။

“ငါဒါကို အလကားလုပ်ပေးတာမဟုတ်ဘူးနော်”

"ဘယ်ဟုတ်မလဲ" အန်းရှို့ရှို့အမြန်ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် သူမသည် ကြီးမားသော အကျိုးအမြတ်ကိုရခဲ့သည်။ သူမ၏ ခန္ဓာကိုယ်၏ လျို့ဝှက်ထားသော အန္တရာယ်များကို ဖယ်ရှားနိုင်ရုံသာမက ပိုမိုကောင်းမွန်သော ကျင့်ကြံနည်းစနစ်ကိုလည်း ရရှိခဲ့သည်။

"အိုး၊ ဒီနေ့ဒီကိုရောက်ရတဲ့အကြောင်းအရင်းတစ်ခုရှိသေးတယ်။ မြောင်ယီ့အကြောင်းပါ။ ငါးရက်နေရင် သူ့မွေးနေ့ကျင်းပမှာမို့ ရှင့်ကို သူ့မွေးနေ့ဆီဖိတ်ခိုင်းလိုက်တာ” အန်းရှို့ရှို့က ရုတ်တရက် သတိရကာ အမြန်ပြောလိုက်သည်။

"သူကိုယ်တိုင်လာချင်ပေမယ့် ဒီမနက် လုပ်ကြံသတ်ဖြတ်မှုကြောင့် ဦးလေးစီတုက သူ့ကို အိမ်က ပေးမထွက်တော့ဘူး။ ဒါ့ကြောင့် ရှင့်ကို သူ့အစားဖိတ်ခိုင်းလိုက်တာ” အန်းရှို့ရှို့ကပြောသည်။

All Chapters