← Chapters

ဉတစ်လုံး

Vol. 45 Ch. 661

ဉတစ်လုံး

Vol. 45 Ch. 661

သွေးလင်းနို့ဘုရင်မှာ သူတော်စင်ဘုံအဆင့်သို့ရောက်လုနီးဖြစ်နေသော သန္ဓေပြောင်းသားရဲတကောင်ဖြစ်လေသည်။ ဒါ့အပြင်၎င်းသည် တော်၀င်သွေးမျိုးနွယ်၀င်တယောက်လည်းဖြစ်ပေသည်။ ၎င်းသည်မျိုးနွယ်ခြားသားရဲများကြားတွင် လွှမ်းမိုးနိုင်စွမ်းလည်းရှိပေသည်။

အရေးအကြီးဆုံးအချက်ကမှာ ၎င်းသည် သူတော်ဘုံအဆင့်ရှေးဟောင်းသွေးလင်းနို့အရှင်သခင် မိစ္ဆာအိုကြီးထံမှာ အမွေအနှစ်များကိုအမွေဆက်ခံရခဲ့သူလည်းဖြစ်လေသည်။

လူသားမျိုးနွယ်တခုလုံးတွင်၎င်းအားအနိုင်ယူနိုင်သည့်ပညာရှင်လည်း ၃ယောက်သာရှိလေသည်။

ထိုအချိန်တွင် သွေးလင်းနို့ဘုရင်မှာ သွေးမိုးစက်များနှင့်အတူ လျင်မြန်စွာပျံသန်းလာနေလေသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး ကျိုးဟောင်၊ ကျိယောင်ယွဲ့နှင့်အခြားလူများမှာ စိတ်ဓာတ်ကျနေကြလေသည်။

ကျိုးဟောင်မှာ သူတို့၏နောက်ဆုံးလှည့်ကွက်က သွေးလင်းနို့ဘုရင်အားဒေါသထွက်စေလိမ့်မည်လို့မထင်ထားခဲ့ပေ။

ကျိုးဟောင်မှာ ပေတရာတီကောင်တို့ကိုသာကျောက်တိုင်အားဟန်ဆောင်လုယူဖို့စေခိုင်းခဲ့ခြင်းဖြစ်ပေသည်။သွေးလင်းနို့ဘုရင်က ဒီကိစ္စအားသိရှိသွားခဲ့လေသလား။

" ငါတို့ဘာလုပ်ကြမလဲ"

ကျိယောင်ယွဲ့ကကျိုးဟောင်အားတီးတိုးပြောလာခဲ့လေသည်။

"အခုတော့ ဒီကျောက်တိုင်စောင့်ကြပ်နေတဲ့ ရှေးဟောင်းသားရဲကိုပဲ နည်းနည်းလောက်အချိန်ဆွဲထားနိုင်ဖို့အတွက်အားကိုးရတော့မှာပေါ့"

ကျိုးဟောင်ကအသက်ပြင်းပြင်းရှူသွင်းပြီးနောက်ပြောလိုက်လေသည်။

စကားဆုံးသောအခါ ကျိုးဟောင်ကတုံ့ဆိုင်းမနေတော့ဘဲချက်ချင်း ကျွန်းပေါ်သို့ဆင်းသွားလေသည်။ ထို့နောက် သွေးလင်းနို့ဘုရင်နှင့်ကျောက်တိုင်အစောင့်အရှောက်သားရဲတို့ထိပ်တိုက်တွေ့မည့်အချိန်ကိုစောင့်စားနေလေသည်။

သွေးလင်းနို့ဘုရင်မှာလေပြင်းတချက်နှင့်အတူကျွန်းဆီသို့အလျင်အမြန်ရောက်ရှိလာလေသည်။ ၎င်း၏ အစွမ်းထက်သောအင်အားကြောင့် စစ်နတ်ဘုရားနှစ်ပါးဖြစ်သည့်လင်းထျန်နှင့်ကျိယောင်ယွဲ့တို့တောင် ပုန်းလျှိုးကွယ်လျှိုးနေကြရလေသည်။

စစ်နတ်ဘုရားနှစ်ပါးမှာ အမှောင်ထဲတွင်ရပ်ရင်းပုန်းအောင်းနေကြလေသည်။ သွေးလင်းနို့ဘုရင်မှာ ၎င်း၏ကြီးမားသောအတောင်ပံကြီးများကိုဖြန့်ရင်းမြေပေါ်သို့ဆင်းသက်လာပြီး ၎င်း၏စွမ်းအားကြီးမားသောကျင့်ကြံရေးအရှိန်အဝါက ဘေးပတ်၀န်းကျင်တခုလုံးကိုဖုံးလွှမ်းသွားလေသည်။

ကျောက်တိုင်၏အနားတွင်ရှိသောတောအုပ်ထဲမှလည်းအလွန်ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါတခုမှနိုးထလာခဲ့လေသည်။သို့သော် ၎င်း၏အရှိန်အဝါက သွေးလင်းနို့ဘုရင်ကိုတော့မယှဉ်နိုင်ပေ။

ထိုသားရဲကြီးမှာကြီးမားသောအစွယ်များရှိသည့်အနက်ရောင်မိကျောင်းတကောင်ဖြစ်လေသည်။၎င်းမှာသွေးလင်းနို့ဘုရင်အားစိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်လေသည်။

"ဒီနတ်ဆိုးကျောက်တိုင်က ငါတို့သန္ဓေပြောင်းသားရဲမဟာမိတ်အပိုင်ပဲ"

သွေးလင်းနို့ဘုရင်က မိကျောင်းကြီးအားကြည့်ပြီးလူသားတို့၏ဘာသာစကားဖြင့်ပြောလိုက်လေသည်။

သွေးလင်းနို့ဘုရင်၏ကျင့်ကြံရေးစွမ်းအားမှာ အလွန်မြင့်မားပြီး သူတော်စင်ဘုံအဆင့်သို့ရောက်လုနီးပါးဖြစ်နေလေသည်။ ၎င်းမှာ သူ၏ကျင့်ကြံရေးစွမ်းအားကိုထုတ်လွှတ်ကာ သွေးနီရောင်အရှိန်အ၀ါနှင့်အတူမုန်တိုင်းကြီးတခုဖန်တီးလိုက်လေသည်။

ထိုသွေးနီရောင်အရှိန်အဝါမှာ သွေးလင်းနို့ဘုရင်၏ တိုက်ခိုက်နည်းတခုဖြစ်ပြီး ထိုအရှိန်အဝါသည်ပတ်၀န်းကျင်ရှိအရာအားလုံးကို လျင်မြန်တိုက်စားဆွေးမြေ့သွားစေလေသည်။

ကျိုးဟောင်မှာ မျက်မှောင်ကြုတ်မိလိုက်လေသည်။

"လခွမ်း ဒီသွေးနီရောင်အရှိန်အဝါကတကယ့်ကိုဆွေးမြေ့သွားစေတာပဲ"

ကျိုးဟောင်လည်းဘာမှမတတ်နိုင်ဘဲ မြေပေါ်တွင်သာတွားသွားနေနေရလေသည်။ သူ၏ငှက်မွှေးတစ်ထောင်ချပ်၀တ်မှာခုခံနိုင်စွမ်းအလွန်မြင့်သောကြောင့်ထိုဆွေးမြေ့စေသည့်အစွမ်းကိုဂရုမစိုက်ပေ။ သို့သော်ထိုသားရဲကြီးနှစ်ကောင်မှာသူ့အားသတိထားမိသွားပြီး သူ၏အစီအစဉ်ပျက်သွားမည်ကိုတော့စိုးရိမ်နေလေသည်။

ကျိုးဟောင်လည်းသက်ပြင်းချကာ ငြိမ်ငြိမ်လေးစောင့်နေလိုက်လေသည်။ သွေးလင်းနို့ဘုရင်နှင့်မိကျောင်းကြီးမှာ အပြင်းအထန်တိုက်ခိုက်နေကြပြီး သူတို့တိုက်ပွဲကြောင့် ကောင်းကင်တခုလုံးမဲမှောင်ကာပင်လယ်ပြင်တွင်လည်းလှိုင်းများပြင်းထန်နေလေသည်။

ကျိုးဟောင်လည်း အခွင့်အရေးပေးလာသည်နှင့် အလျင်အအမြန်ပင် ကျောက်တိုင်ရှိသည့်ဧရိယာသို့၀င်ရောက်လိုက်လေသည်။ အရင်အကြိမ်တွေတုန်းကလိုပင် ကျိုးဟောင်ကလုပ်ဆောင်လိုက်လေသည်။

သို့သော် ကျောက်တိုင်၏အောက်ခြေကိုဖွင့်ပြီး စွမ်းအင်ကျောက်တုံးအားကြည့်လိုက်သောအခါ ကျိုးဟောင်တယောက်မှင်တက်သွားရလေသည်။

ဒီတကြိမ်တွင်စွမ်းအင်ကျောက်တုံးမှာအက်ကွဲနေပြီး ၎င်း၏ဘေးတွင် ဥအကြီးကြီးတလုံးကိုတွေ့လိုက်ရလေသည်။ စွမ်းအင်ကျောက်တုံးမှစွမ်းအင်များမှာ ထိုဥကြီးထဲသို့တဖြေးဖြေးစုပ်ယူခြင်းခံနေရသည်ကိုကျိုးဟောင်တွေ့လိုက်ရလေသည်။

"ဒါ....ဒါက"

ကျိုးဟောင်မှာချက်ချင်းမျက်လုံးပြူးသွားရလေသည်။ ဘယ်လိုသန္ဓေပြောင်းသားရဲဖြစ်ပါသနည်း။ ၎င်းမှာစွမ်းအင်အရင်းအမြစ်ကိုစုပ်ယူရင်းကိုယ်တိုင်နိုးထဖို့ကြိုးစားနေလေသည်။

ကျိုးဟောင်မှာ သူမြင်နေရသောအခါမှာ ဘာမှန်းမသိသောကြောင့်ဖားနှင့်ဂျယ်လီဖြူအားခေါ်ထုတ်လိုက်လေသည်။ ထို၂ယောက်မှာလည်း ဥကြီးကိုမြင်သောအခါထိတ်လန့်သွားကြလေသည်။

"ချီးပဲ.... ဒါ...ဒါက ထူးခြားဆန်းကြယ်တဲ့နီခါဆာပဲ"

ထိုစကားကြောင့်ကျိုးဟောင်မှင်တက်သွားလေသည်။

"မင်းတို့ဘာတွေပြောနေကြတာလဲ"

ကျိုးဟောင်လည်းနားမလည်သောကြောင့်မေးလိုက်လေသည်။

"ဒါကအံဖွယ်နီခါဆာမျိုးနွယ်ကတယောက်ယောက်ပဲ။ သူတို့ကဟိုးလွန်ခဲ့တဲ့ခေတ်တွေထဲက ဖျက်စီးခြင်းခံခဲ့ရပြီးပြီ။ ဒီကမ္ဘာပေါ်မှာ လာတွေ့ရလိမ့်မယ်လို့မထင်ထားခဲ့ဘူး"

ဖား၏စကားကြောင့် ကျိုးဟောင်မှာပိုပြီးအတွေးရှုပ်သွားလေသည်။

"ဒါကြီးကအသက်ရှိနေတာလား။ မင်းပြောပုံအရဆို နီခါဆာမျိုးနွယ်ကအရမ်းစွမ်းအားကြီးပုံပဲ"

ကျိုးဟောင်မှာဂြိုလ်သားမျိုးနွယ်များအကြောင်းကိုကြားဖူးတွေ့ဖူးသော်လည်း ဒီမျိုးနွယ်မှသတ္တဝါများအကြောင်းကိုတော့မသိပေ။

သို့သော်ဖားမှာ ထိတ်လန့်နေပုံရသောကြောင့်ဒီနီခါဆာမျိုးနွယ်မှာတကယ့်ကိုစွမ်းအားကြီးမားနိုင်ပေသည်။

"ကြည့်ရတာ အဲ့အရာကမကြာခင်မှာနိုးလာတော့မယ့်ပုံပဲ။ ဒါပေမဲ့စွမ်းအင်ကျောက်တုံးကတော့ ၎င်း၏စုပ်ယူအားကြောင့်အက်ကွဲနေပြီးသုံးမရတော့ဘူး။ ကဲငါတို့သွားကြရအောင်"

ဖားကပြောလိုက်လေသည်။

"ဒါဆိုဒီဥကြီးကိုဘယ်လိုလုပ်မလဲ။ ငါတို့သန္ဓေပြောင်းသားရဲမဟာမိတ်အဖွဲ့လက်ထဲထည့်ပေးလိုက်ရမှာလား"

ကျိုးဟောင်ကမေးလိုက်လေသည်။

ကျိုးဟောင်၏စကားကိုကြားသောအခါဖားကခေါင်းခါမိလိုက်သည်။

"ဒီဥကပြဿနာတခုပဲ။ တကယ်လို့ငါတို့အခုမယူသွားရင်နောက်ကျပြဿနာအကြီးကြီးတက်လာနိုင်တယ်။ ကဲဒီလိုလုပ်ကြမယ် အခုတော့ အဲ့ဥကိုယူသွားကြမယ်။ ပြီးအချိန်တခုလောက်စောင့်ပြီး အဲ့ဥကိုစကြ၀ဠာထဲသွားပစ်ထားလိုက်မယ် အဲ့ဥပေါက်ဖွားလာတဲ့အချိန်ကျ သူ့၀မ်းသူကြောင်းခိုင်းလိုက်မယ်"

ဖား၏စကားကြောင့်ကျိုးဟောင်ကမျင်မှောင်ကြုတ်လိုက်မိသည်။

"အကောင်ပေါက်လေးကိုသူ့၀မ်းသူကြောင်းခိုင်းတာကအရမ်းမရက်စက်လွန်းဘူးလား"

ကျိုးဟောင်ကမေးလိုက်သည်။

"ရက်စက်တယ် သူ့၀မ်းသူကြောင်းခိုင်းတဲ့ကိစ္စကဘယ်မှာရက်စက်ရာကျလို့လဲ။ ဘာလဲမင်းကအဲ့တာကိုပျိုးထောင်ပေးချင်လို့လား"

ဖားကခေါင်းခါပြီးပြောလိုက်လေသည်။

ဖား၏စကားထဲတွင်တခုခုလွဲနေသည်ကိုကျိုးဟောင်ခံစားမိလိုက်သည်။ ဖားသည်သူထိုအရာအားမွေးချင်သည့်ဆန္ဒကိုအတင်းကန့်ကွက်နေပုံအရ လျှို့ဝှက်ချက်တခုခုတော့ရှိပေလိမ့်မည်။ သို့သော်ထိုလျှို့ဝှက်ချက်ကဘာလဲဆိုသည်ကိုတော့ဖားကသူ့အားပြောပြချင်ပုံမရပေ။

ကျိုးဟောင်မှာသံသယအနည်းငယ်၀င်နေသော်လည်း ဘာမှထပ်မမေးတော့ဘဲ ထိုဥအားသူ့အိတ်ထဲထည့်ကာ ကျောက်တိုင်ရှိသည့်ဧရိယာထဲမှထွက်လာလေသည်။

ကျိုးဟောင်ထွက်လာသည်ကိုမြင်တော့မှ ကျိယောင်ယွဲ့မှာ စိတ်အေးသွားရလေသည်။

"ဘယ်လိုလဲ မင်းထုတ်ယူလို့ရခဲ့လား"

ကျိယောင်ယွဲ့ကမေးလိုက်လေသည်။

" ကျောက်တိုင်ကအက်နေပြီး အထဲမှာရှိတဲ့စွမ်းအင်ကျောက်တုံးကလည်းကွဲအက်နေပြီ"

ကျိုးဟောင်ကအမြန်ပြောပြလိုက်လေသည်။

"ကွဲနေပြီဟုတ်လား.... တကယ်ကြီးလား"

ကျိယောင်ယွဲ့ကအံဩစွာမေးလိုက်လေသည်။

"တကယ်ပါ ကျွန်တော်စစ်ဆေးကြည့်ခဲ့ပြီးပြီ။ အဲ့ကျောက်တုံးကိုသူတို့ရသွားရင်တောင်မှအသုံးမ၀င်တော့ဘူး။ စွမ်းအင်ကျောက်တုံးကသာမန်ကျောက်တုံးတတုံးသက်သက်ဖြစ်နေပြီ"

ကျိုးဟောင်၏စကားကိုကျိယောင်ယွဲ့ကလည်းခေါင်းငြိမ့်ပြလိုက်လေသည်။

"ကဲဒီလိုဆိုရင်တော့ ပြဿနာကိုဖြေရှင်းနိုင်ခဲ့ပြီပဲ။ ငါတို့ဒီနေရာမှာဆက်နေဖို့အကြောင်းမရှိတော့ဘူး"

ကျိယောင်ယွဲ့ကပြောလိုက်လေသည်။ ထို့နောက်သူမသည်စစ်နတ်ဘုရားလင်းထျန်အားအကျိုးအကြောင်းပြောကာထိုနေရာမှထွက်သွားလေသည်။ ကျိုးဟောင်လည်း အပြင်းအထန်သတ်ပုတ်နေသောသွေးလင်းနို့ဘုရင်နှင့် မိကျောင်းကြီးကိုတချက်ကြည့်ကာထိုနေရာမှချက်ချင်းထွက်သွားလေသည်။

သိပ်မကြာခင်မှာပင် သွေးလင်းနို့ဘုရင်ကမိကျောင်းကြီးအားအနိုင်ယူနိုင်ခဲ့လေသည်။ ထို့နောက်၎င်းမှာ စွမ်းအင်ကျောက်တုံးနှင့်ကျောက်တိုင်အားယူပြီးအက်ကွဲကြောင်းထဲသို့ပြန်သွားလေသည်။

လူသားပညာရှင်များမှာ ထိုအဖြစ်အပျက်ကိုကြည့်ပြီးစိတ်ပူနေကြလေသည်။ သို့သော်စွမ်းအင်ကျောက်တုံးကအသုံးမ၀င်တော့သည်ကိုတော့ ကျိယောင်ယွဲ့နှင့်လူအနည်းငယ်သာသိကြလေသည်။

ကျိုးဟောင်လည်း ယာဉ်ပျံပေါ်ပြန်ရောက်လာပြီး ဥကြီးအားဖွက်ထားလိုက်လေသည်။ အချိန်တခုလောက်စောင့်ပြီးနောက်ဖားကထိုဥကြီးအားလွင့်ပစ်ခိုင်းလေသည်။ ကျိုးဟောင်လည်းဖား၏စကားကိုနားထောင်ပြီး ဆက်မသိမ်းထားတော့ပေ။

"ဟူးး...... ဒီကမ္ဘာဂြိုလ်ပေါ်ကနည်းပညာတွေက အရမ်းအဆင့်နိမ့်သေးတယ်။ ကုန်ကြမ်းပစ္စည်းကောင်းကောင်းတွေမရှိသေးဘူး။ အဲ့တာကြောင့်ပစ္စည်းကောင်းတွေလုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး စိတ်ပျက်ဖို့ကောင်းလိုက်တာ"

ဖားကသက်ပြင်းချလိုက်လေသည်။

....................................................................................

အခန်း(၆၆၁) ပြီးပါပြီ။

All Chapters