၁၃ခုမြောက်ရှေးဟောင်းအပျက်အစီး
Vol. 45 Ch. 662
ထိုစကားကိုကြားသောအခါ ကျိုးဟောင်ကနားမလည်နိုင်စွာဖြင့်မေးလိုက်လေသည်။
"မင်းကဘာလုပ်ချင်လို့လဲ"
"ကောင်းတဲ့ပစ္စည်းတခုခုပေါ့ ငါတို့အတွက်စကြာ၀ဠာထဲကိုသွားရမယ့်အချိန်ကသိပ်မလိုတော့ဘူး။ အဲ့တာကြောင့် ပစ္စည်းကောင်းလေးတွေကြိုပြင်ထားဖို့လိုတယ်"
ဖား၏စကားကြောင့် ကျိုးဟောင်မျက်လုံးများအရောင်လက်သွားလေသည်။
"ဘာ ငါတို့စကြာ၀ဠာထဲကိုသွားရတော့မယ်ဟုတ်လား။ ဘာကိုဆိုလိုချင်တာလဲ"
ကမ္ဘာဂြိုလ်ပေါ်ကပြဿနာများကိုဖြေရှင်းလို့မပြီးသေးဘဲ သူ့အနေဖြင့်စကြာ၀ဠာထဲကိုသွားရတော့မည်လား။ ကျိုးဟောင်တယောက်နားမလည်နိုင်အောင်ဖြစ်နေလေသည်။
"ဘာမှမဟုတ်ပါဘူး ငါတို့တွေစကြာ၀ဠာထဲကိုအနှေးနဲ့အမြန်သွားကြရတော့မှာ။ မကြာခင်အချိန်ကျလာတော့မှာ"
ဖားကလက်ရမ်းပြပြီး ပြောလိုက်လေသည်။
ကျိုးဟောင်လည်းအတွေးရှုပ်သွားခဲ့သော်လည်း ထိုကိစ္စကိုလျစ်လျူရှုလိုက်ပြီး လေ့ကျင့်ရေးအခန်းထဲတွင်သာလေ့ကျင့်နေခဲ့လေသည်။
ကျိုးဟောင်၏တိုးတက်မှုနှုန်းမှာတဖြေးဖြေးနည်းလာလေသည်။ သူ့တွင်စိတ်ဝိညာဉ်ကျောက်တုံးရှိသော်လည်း သူ့၏ကိုယ်ခန္ဓာသန်မာမှုကတော့ တိုးတက်မှုနည်းလာပြီး သူ့၏ကျင့်ကြံစွမ်းများသည်လည်း တိုးတက်မှုသိပ်မရှိတော့ပေ။
သို့သော်သူ့အနေဖြင့်စကြာ၀ဠာတခုလုံးတွင် အဖိုးအတန်ဆုံးဖြစ်သည့် ရှေးဟောင်းကိုယ်ခန္ဓာသိုင်းကိုကျင့်ကြံထားသောကြောင့် သူ့အင်အားများကိုတော့တိုးမြှင့်နိုင်သေးလေသည်။
"မင်းရဲ့ရှေးဟောင်းကိုယ်ခန္ဓာသိုင်းက ပထမအဆင့်ကိုချိုးဖောက်နိုင်တော့မယ်။ အချိန်တခုလောက်ယူပြီးကျင့်ကြံလိုက် ပြီးရင်မင်းရဲ့အင်အားအသစ်နဲ့အသားကျအောင်လုပ်လိုက်ပါ"
ဖားကပြုံးပြီးပြောလာသော်လည်း သူ့မျက်လုံးထဲတွင်စိုးရိမ်မှုများရှိနေလေသည်။
"စိတ်မပူပါနဲ့ ငါဘာလုပ်ရမလဲသိပါတယ်"
ကျိုးဟောင်ကပြန်ပြောလိုက်သည်။
ကျောက်တိုင်ကြီး၃ခုအရေးကိုဖြေရှင်းပြီးကတည်းကကိစ္စများမှာ အတော်ငြိမ်သက်နေလေသည်။ သို့သော်လူသားများမှာ စိုးရိမ်စိတ်ဖြင့်နေနေကြလေသည်။ အကြောင်းမှာ ကျောက်တိုင်တခုကိုပင်လယ်သားရဲများကယူဆောင်သွားပြီး နောက်တခုကိုအက်ကွဲကြောင်းထဲကသားရဲများကယူဆောင်သွားသောကြောင့်ဖြစ်လေသည်။
ထိုကျောက်တိုင်များကြောင့် တခုခုကြောင့်ပြင်းပြင်း ထန်ထန်ဖြစ်လာမည်ကိုသူတို့စိတ်ပူနေကြလေသည်။သို့သော် ထိုကျောက်တိုင်များမှာ အသုံးမ၀င်တော့သည့်အကြောင်းကိုသာကျိုးဟောင်နှင့်ကျိယောင်ယွဲ့သာသိလေသည်။
အချိန်သုံးလမှာကုန်ဆုံးသွားခဲ့လေသည်။
ကျိုးဟောင်၏ကျင့်ကြံဆင့်မှာ ၄ဆင့်မြောက်ကောင်းကင်ဘုံအဆင့်သို့ရောက်ရှိလာပြီး အလွန်စွမ်းအားကြီးလာလေသည်။ သူ့ရှေးဟောင်းခန္ဓာသိုင်းမှာလည်း အဆင့်ချိုးဖျက်လုနီးပါးအခြေအနေအထိရောက်လာလေသည်။
လေ့ကျင့်ရေးအခန်းထဲတွင်ကျိုးဟောင်မှာတင်ပလ္လင်ခွေလျက်ထိုင်နေပြီး အလွန်ကြီးမားသောအရှိန်အဝါကိုထုတ်လွှတ်နေလေသည်။ သူ့နံဘေးတွင်ရှိနေသောဖားကတော့ရင်တမမနှင့်ကြည့်နေလေသည်။
"ရှေးဟောင်းခန္ဓာသိုင်းကို ချိုးဖျက်ခြင်းနောက်ဆုံးအဆင့်ကကိုယ်ခန္ဓာအလေးချိန်ဆုံးရှုံးခြင်းပဲ။ အဲ့တာကအရမ်းရိုးရှင်းပါတယ်။ ကျိုးဟောင်မင်းလုပ်ရမှာကတောင့်ခံထားဖို့ပဲ နားလည်လား။ မင်းတောင့်ခံထားနိုင်သရွေ့ မင်းအောင်မြင်နိုင်တယ်"
ဖား၏စကားကိုကျိုးဟောင်ကခေါင်းညိတ်ပြလိုက်လေသည်။
ထို့နောက်ရှေးဟောင်းခန္ဓာသိုင်းကိုလှည့်ပတ်လိုက်လေသည်။ချက်ချင်းပင်ကျိုးဟောင်၏ ခန္ဓာကိုယ်ထဲမှ အလွန်ပူသောအားတခုထွက်ပေါ်လာလေသည်။
"ရှေးဟောင်းခန္ဓာသိုင်းကိုလှည့်ပတ်ပြီးပါပြီ စတင်လို့ရပါပြီ"
ငှက်မွှေးတစ်ထောင်ချပ်၀တ်၏အသံမှာလေ့ကျင့်ရေးအခန်းထဲတွင်ထွက်ပေါ်လာခဲ့ပြီး အမှားအယွင်းဖြစ်သွားပါက ကျိုးဟောင်အား ကယ်ဖို့အသင့်အနေအထားဖြစ်နေလေသည်။
ထိုအချိန်တွင် ကျိုးဟောင်မှာအပူဒဏ်ကြောင့်မခံမရပ်နိုင်အောင်နာကျင်နေရလေသည်။ နာကျင်မှုမှာ ခန္ဓာကိုယ်နေရာအနှံ့မှထွက်ပေါ်နေလေသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင်အက်ရာများစွာပေါ်ပေါက်နေပြီး ခန္ဓာကိုယ်မှာလည်းတဖြေးဖြေးဆုတ်ပြဲလာနေလေသည်။ သွေးများစွာလည်းတသွင်သွင်စီးကျနေလေသည်။ ထိုမျှမက သူ၏အရိုးများကျိုးသံများမှာ အခန်းတခုလုံးပဲ့တင်နေလေသည်။
"ဘယ်လိုတောင်ပြင်းထန်တာလဲ ဒါ...ဒါကရှေးဟောင်းခန္ဓာသိုင်းလား ငါ့ရဲ့ခံနိုင်ရည်အားကအရမ်းမြင့်တယ်ဆိုပြီးရှေးဟောင်းခန္ဓာသိုင်းကိုအထင်သေးမိတာပဲ"
ကျိုးဟောင်မှာတုန်လှုပ်နေလေသည်။ သူ့၏စိတ်ခွန်အားကိုသာအားကိုးပြီး ကြံ့ကြံ့ခံရင်ဆိုင်နေလေသည်။
ထိုပူပြင်းသောတွန်းအားကြီးက ကျိုးဟောင်ခန္ဓာကိုယ်တခုလုံးအားဖျက်စီးနေပြီးသူ့အား အသားကင်တခုပမာဖြစ်နေစေလေသည်။
ကျိုးဟောင်မှာမခံမရပ်နိုင်အောင်နာကျင်နေသော်လည်း အံ့ကြိတ်ကာတောင့်ခံနေလေသည်။ တဖြေးဖြေးနှင့်ကျိုးဟောင်၏ခန္ဓာကိုယ်တခုလုံးမှာအရည်ပျော်သွားပြီး လေထဲတွင် အဓိကစွမ်းအင်အရင်းအမြစ်နှင့်စိတ်ဝိညာဉ်ကျောက်တုံးသာကျန်ခဲ့လေသည်။
သိပ်မကြာခင်မှာပင် အလွန်ကြီးမားသောတွန်းအားတခုထွက်ပေါ်လာပြီး သူ့ဆဲလ်များတခုချင်းစီမှာ ပြန်လည်ကောင်းမွန်လာပြီး ခန္ဓာကိုယ်အားပြန်လည်ဖွဲ့စည်းလာပေသည်။
ကျိုးဟောင်မှာလုံး၀တုန်လှုပ်သွားလေသည်။
"ဒီရှေးဟောင်းခန္ဓာသိုင်းကတကယ့်ကိုသာမန်ထက်လွန်ကဲတာပဲ။ ငါ့ခန္ဓာကိုယ်ကိုတစစီဖြိုခွဲပြီး စွမ်းအင်အနှစ်သာရတွေပဲကျန်ရစ်စေခဲ့တယ်။ ပြီးနောက် အဲ့စွမ်းအင်အနှစ်သာရတွေကိုဆဲလ်တခုချင်းစီမှာထိုးသွင်းပြီး ခန္ဓာကိုယ်အသစ်ကိုပြန်လည်ဖွဲ့စည်းတယ်။ ဒါကကိုယ်ခန္ဓာပုံသွင်းအရည်ထက်အဆများစွာထူးဆန်းပြီးကွဲပြားတယ်"
ကျိုးဟောင်မှာတုန်လှုပ်နေလေသည်။ တဖြေးဖြေးနှင့် ရှေးဟောင်းခန္ဓာသိုင်း၏စွမ်းအင်အနှစ်သာရများမှာ ပေါင်းစည်းလာပြီး ကျိုးဟောင်၏အရင်ခန္ဓာကိုယ်ပုံစံအတိုင်းပြန်လည်ဖွဲ့စည်းလာလေသည်။
သို့သော်သူ၏ခန္ဓာကိုယ်အတွင်းထဲမှာ အရင်နဲ့မတူဘဲထူးခြားသည့်အင်အားတခုပေါက်ကွဲထွက်လာသည်ကိုကျိုးဟောင်ခံစားလိုက်ရလေသည်။
၁နာရီခွဲလောက်ကြာပြီးနောက် ကျိုးဟောင်မှာ မျက်လုံးဖြေးဖြေးချင်းပွင့်လာလေသည်။ ထိုအချိန်တွင်သူ၏ခန္ဓာကိုယ်အသစ်မှာလည်း အလုံးစုံပြန်လည်ဖွဲ့စည်းပြီးသွားလေသည်။
ကျိုးဟောင်မှာလက်ရှိသူ၏ခန္ဓာကိုယ်အသစ်ပေါ်ယုံကြည်မှာရှိနေပြီး ရုတ်တရက်ပြောလာလေသည်။
"ရှောင်ယွီ ငါ့ရဲ့လက်ရှိခန္ဓာကိုယ်ကိုစမ်းသပ်ပေးပါ"
ငှက်မွှေးတထောင်ချပ်၀တ်ကလည်းချက်ချင်းကျိုးဟောင်၏ခန္ဓာကိုယ်အားစကန်ဖတ်ပြီးရိုသေစွာပြောလာလေသည်။
"သခင့်ထံသတင်းပို့ပါတယ်။ လက်ရှိသခင့်ရဲ့ခန္ဓာကိုယ်ကတတိယအဆင့်အသက်ပုံစံမှာရှိနေပါပြီ။ ဒါပေမဲ့ သာမန်အသက်ပုံစံမှာပဲရှိသေးတာကြောင့်စကြာ၀ဠာတခုလုံးနဲ့ယှဉ်ရင်တော့အဆင့်အောက်ဆုံးမှာပဲရှိပါသေးတယ်။ ဒီကမ္ဘာပေါ်မှာဆိုရင်တော့ ထိပ်ဆုံး ၁၀ယောက်ထဲမှာရှိပါတယ်"
ထိုစကားကိုကြားသောအခါကျိုးဟောင်မှာထိတ်လန့်သွားလေသည်။ သူ့ခန္ဓာကိုယ်မှာ စကြာ၀ဠာတခုလုံးနှင့်ယှဉ်ရင်သာမန်သာဖြစ်နေသည့်အချက်ကိုမဟုတ်ဘဲ ဒီကမ္ဘာပေါ်တွင်တောင်အဆင့်ထိပ်ဆုံးမဟုတ်ခြင်းကြောင့်တုန်လှုပ်သွားလေသည်။
"ကျွတ်....မင်းကအခုမှ ပထမအဆင့်ကိုပဲအောင်မြင်သေးတာလေ။ ငှက်မွှေးတထောင်ချပ်၀တ်ပြောတာမကြားဘူးလား မင်းကတတိယအဆင့်အသက်ပုံစံပဲရှိသေးတာလို့လေ။ ပြောရရင် မင်းကအခုမှ အမှိုက်သာသာပဲရှိသေးတာ"
ဖားကသိမ်မွေ့စွာပြောတတ်သူမဟုတ်ပေ။ သူ့စကားကြောင့်ကျိုးဟောင်မှာဆွံ့အသွားလေသည်။
အဆင့်ချိုးဖျက်ပြီးနောက်ကျိုးဟောင်မှာသူ့အင်သားသိသိသာသာတိုးတက်လာသည်ကိုခံစားမိလေသည်။
"အခုလက်ရှိမှာငါက ရှေးဟောင်းခန္ဓာသိုင်းရဲ့ပထမအဆင့်ကိုတော့ကျော်ဖြတ်နိုင်ခဲ့ပြီ။ အဲ့တာကအရမ်းစွမ်းအားမကြီးပေမဲ့ ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကသူတော်စင်ဘုံအဆင့်တ၀က်ပညာရှင်နဲ့ယှဉ်တိုက်နိုင်သွားပြီ"
ကျိုးဟောင်မှာသူ၏အင်အားများ၂ဆကျော်တိုးပွားလာသည်ကိုခံစားမိလေသည်။
"အခုဆိုငါ့ခန္ဓာကိုယ်ရောစိတ်စွမ်းအားရောကသန်မာလာခဲ့ပြီ။ ပြောရရင် မညီမမျှဖြစ်နေတာမျိုးမရှိတော့ဘူး"
ကျိုးဟောင်မှာ အလွန်ကျေနပ်နေလေသည်။ သူ့ခန္ဓာကိုယ်၊ သူ့အမြန်နှုန်း ၊ သူ့စိတ်စွမ်းအားတို့ကိုတပြိုင်နက်ထဲညီညီမျှမျှတိုးတက်လာစေခြင်းက သူ့လုပ်နိုင်စွမ်းများကိုပိုမိုမြင့်တက်လာစေနိုင်သည်လို့ခံစားမိလေသည်။
လေ့ကျင့်ရေးအခန်းထဲတွင်ကျိုးဟောင်ဆက်လက်လေ့ကျင့်နေစဉ်တွင် ကျိယောင်ယွဲ့ဆီမှာခေါ်ဆိုမှုတခု၀င်လာသောကြောင့် ကျိုးဟောင်ချက်ချင်းကိုင်လိုက်လေသည်။
"ကျိုးဟောင် ပင်လယ်နက်ထဲက၁၃ခုမြောက် ရှေးဟောင်းအပျက်အစီးကအခုပွင့်လာခဲ့ပြီ။ မင်းအဖွဲ့တခုကိုဦးဆောင်ပြီးအဲ့မှာသွားလေ့ကျင့်ပါ"
ကျိယောင်ယွဲ့၏စကားကြောင့်ကျိုးဟောင်အံ့သြသွားလေသည်။
ကျိုးဟောင်မှာ ကျိယောင်ယွဲ့၏မီးနတ်ဘုရားအဖွဲ့မှဖြစ်သောကြောင့်ထို၁၃ခုမြောက်ရှေးဟောင်းအပျက်အစီးအကြောင်းကိုအနည်းငယ်သိလေသည်။ ထိုရှေးဟောင်းအပျက်အစီးမှာအလွန်အန္တရာယ်မများပေ။ ထိုအပျက်အစီးထဲတွင်အဆင့်မြင့်လေ့ကျင့်ရေးစခန်းများရှိသောကြောင့် သူ့အတွက်ကောင်းမွန်ပေသည်။
....................................................................................
အခန်း (၆၆၂) ပြီးပါပြီ။