← Chapters

စမ်းသပ်ခြင်း

Vol. 45 Ch. 663

စမ်းသပ်ခြင်း

Vol. 45 Ch. 663

အခုမှပေါ်ပေါက်လာသော၁၃ခုမြောက်ရှေးဟောင်းအပျက်အစီးဆီသို့ချက်ချင်းစေလွှတ်ခြင်းခံရလိမ့်မည်လို့ကျိုးဟောင်မထင်ထားခဲ့ပေ။

"စီနီယာကျိ ကျွန်တော်တကယ်အဲ့အထဲသွားပြီးလေ့ကျင့်ရမှာလား"

"ဒါပေါ့မင်းကစစ်နတ်ဘုရားတပ်ရင်းရဲ့အကောင်းဆုံးပျိုးပင်ပဲ။ အခွင့်အလမ်းကောင်းတဲ့အရာတခုခုရှိတိုင်းမင်းကိုပဲအရင်စဉ်းစားမိတာ။ အဲ့နေရာမှာရှိတဲ့လေ့ကျင့်ရေးအခြေစိုက်စခန်းတွေကအရမ်းအဆင့်မြင့်တယ်။ ငါတို့လူသားတွေဖန်တီးနိုင်တဲ့အရာမျိုးတွေမဟုတ်ဘူး။ ဒါကြောင့်၀င်ရောက်ခွင့်အရေအတွက်ကိုလည်းကန့်သတ်ထားတယ်။ လက်‌ရွေးစင်အဖွဲ့၀င်တွေသာပါ၀င်ခွင့်ရှိတယ်"

ကျိယောင်ယွဲ့ကပြောလာလေသည်။

ကျိယောင်ယွဲ့ကသူ့အတွက်ဦးစားပေးစဉ်းစားပေးသောကြောင့်ကျိုးဟောင်မှာရင်ထဲခံစားလိုက်ရလေသည်။

"စီနီယာက ကျွန်တော့်ကိုအဖွဲ့တဖွဲ့ကိုဦးဆောင်စေချင်တာလား"

ကျိုးဟောင်ကမရှင်းလင်းသောကြောင့်ပြန်မေးလိုက်လေသည်။

"ဟုတ်တယ် မင်းကအဖွဲ့တဖွဲ့ကိုဦးဆောင်ရမှာ ပြီးတော့မင်းကတခြားသူတွေထက်ရှေ့ရောက်နေတာကြောင့် မင်းကဦးဆောင်သင့်တယ်။ အထဲကိုရောက်တဲ့အခါကျရင်လည်း ဂရုစိုက်ရမယ်နော် နားလည်လား"

"ဟုတ်ကဲ့ ကောင်းပါပြီ။ ဘယ်တော့လောက်ထွက်ရမလဲ"

ကျိုးဟောင်ကခေါင်းညိတ်ပြရင်းပြောလိုက်သည်။

"ငါအကုန်လုံးစီစဉ်ပြီးသွားတာ‌ကြောင့် မင်းတို့အခုချက်ချင်းသွားလို့ရပြီ။ ဒီရှေးဟောင်းအပျက်အစီးကအရမ်းအန္တရာယ်မများဘူး။ ကျရှုံးနိုင်ခြေကလည်း ၁၀%ပဲရှိတယ်"

ထိုနံပါတ်စဉ်များကတကယ့်ကိုအဆင်ပြေပေသည်။ ရှေးဟောင်းအပျက်အစီးများမှာ အန္တရာယ်များနှင့်ပြည့်နှက်နေပြီး ကျရှုံးနိုင်ခြေ ၁၀%ပဲရှိခြင်းကအတော်ကောင်းနေပြီလို့ဆိုနိုင်ပေသည်။

ဒါ့အပြင်ကျိုးဟောင်မှာသူတော်စင်ဘုံအဆင့်တ၀က်ပညာရှင်ကိုတောင် ယှဉ်တိုက်နိုင်နေပြီဖြစ်သောကြောင့်ယုံကြည်မှုရှိနေလေသည်။

ထို့နေ့ နေ့လည်ခင်း၌ပင် ကျိုးဟောင်နှင့်အခြားလူများမှာ ပင်လယ်နက်ထဲသို့ဆင်းသွားကြလေသည်။ရေငုပ်သင်္ဘောထဲတွင်ဗက်ထရန်မှာ ကျိုးဟောင်အားထပ်တွေ့ရသောကြောင့်ပျော်နေလေသည်။

"ကပ္ပတိန်ကျိုး ဒီတယောက်အဖွဲ့ကိုခင်ဗျားဦးဆောင်တာမို့အရမ်းစိတ်ချလက်ချဖြစ်သွားတာဗျာ ဟားဟားဟား"

နောက်ဆုံးထမ်းဆောင်ခဲ့သည့်တာ၀န်ပြီးကတည်းက ဗက်ထရန်မှာကျိုးဟောင်အားလေးစားနေခဲ့လေသည်။ ရွှယ်စန်းကဲ့သို့မောက်မာသူကတောင်ကျိုးဟောင်အားတလေးတစားရှိပေသည်။

"အဲ့လိုတော့လည်းမဟုတ်ပါဘူး မင်းတို့သာမကူညီခဲ့ရင် ငါလည်းအဲ့တုန်းကသေသွားနိုင်တာပဲ"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။

"ဟားဟားဟား အဲ့စကားတွေကြောင့် ငါသဘောကျတာ"

ဗက်ထရန်မှာတကယ့်ကိုပွင့်လင်းသူဖြစ်ပေသည်။

"ကဲ ဗက်ထရန်ခဏလောက်နေစမ်းပါဦး။ ကပ္ပတိန်ကျိုး ဒီရှေးဟောင်းအပျက်အစီးအကြောင်းကိုဘယ်လောက်သိပါသလဲ"

ရွှယ်စန်းကတည်ကြည်စွာမေးလာလေသည်။

"ကျွန်တော်တော့အနည်းအကျဉ်းလောက်ပဲသိတယ်။ အစ်ကိုရွှယ်ရော ဒီအပျက်အစီးအကြောင်းသိလား"

ရွှယ်စန်းကခေါင်းညိတ်ပြပြီးပြောလာလေသည်။

" ဒီရှေးဟောင်းအပျက်အစီးကပွင့်တာ၂ကြိမ်ရှိပြီ စီနီယာတချို့‌လည်း ၀င်ရောက်ခဲ့ပြီးပြီ။ သူ‌တို့တွေအနေနဲ့ အန္တရာယ်တော့ မကြုံခဲ့ပေမဲ့ အထဲမှာရှိတဲ့အကြီးအကျယ်ဆုံးရတနာကိုတော့မရှိခဲ့ကြဘူး။ ရတနာက လေကျင့်ရေးစခန်းတခုလိုပါတဲ့ ကျုပ်လည်းအချက်အလက်အတိအကျတော့မရခဲ့ဘူး။ ဘယ်လို့လဲဆိုတော့ လူတိုင်းလေ့ကျင့်ရတဲ့ လေကျင့်ရေးအမျိုးအစားတွေကမတူညီခဲ့ကြဘူး။ စိတ်စွမ်းအားလေ့ကျင့်ရေး၊ ကိုယ်ကာယလေ့ကျင့်ရေး၊ တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်ရေး အစရှိသဖြင့်ကွဲပြားကြတယ်။အဲ့နေရာတွေမှာအန္တရာယ်တော့မရှိပေမဲ့ လေ့ကျင့်ရေးတွေကိုချိုးဖောက်နိုင်ဖို့အချိန်အတော်ယူရတယ်။ ၇ရက်ကနေ ၅လအထိတောင်ကြာနိုင်တယ်"

ရွှယ်စန်း၏စကားဆုံးသောအခါကျိုးဟောင်မှာအံ့ဩသွားလေသည်။

"ဒီအတိုင်းဆိုရင်တော့ ကျုပ်တို့အတွက်အဆင်ပြေမှာပါ"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်သည်။

"ဟုတ်ပါတယ် ဒါပေမဲ့တရားသေတော့ပြောလို့မရဘူး။ အဓိကရတနာကထွက်မလာသေးတော့ ဘယ်လိုအန္တရာယ်တွေကျန်နေဦးမလဲမသိနိုင်ဘူး။ ကျုပ်တို့ပြင်ဆင်ထားဖို့လိုတယ်။ ပြီးတော့ ဒါကရှေးဟောင်းအပျက်အစီးတခုဆိုတော့ကျုပ်တို့သာမန်လိုပြုမူလို့မရဘူး"

ရွယ်စန်းကတည်ကြည်စွာပြောလာလေသည်။

ကျိုးဟောင်မှာ မိုရိုတို့၏ပိုင်နက်ထဲတွက်ကျင်လည်ဖူးသည့်အတွေ့အကြုံများရှိလေသည်။ သို့သော်လည်းဒီ၁၃ခုမြောက်အက်ကွဲကြောင်းမှာ မိုရိုတို့နယ်နမိတ်ထက်ကီလိုမီတာများစွာကျယ်၀န်းလေသည်။

"ပြီးတော့ရှေးဟောင်းအပျက်အစီးအပြင် ပင်လယ်သားရဲတွေကိုလည်းသတိထားဖို့လိုတယ်။ ကျုပ်တို့လူသားတွေကပင်လယ်ရဲ့ ၂၀%ကိုသာစူးစမ်းရှာဖွေထားနိုင်တာမို့ ဒီပင်လယ်နက်ထဲကသားရဲတွေကဘယ်လောက်သန်မာသလဲဆိုတာမသိနိုင်ဘူး။ ဒါ့ကြောင့် မလိုအပ်ရင် ကျုပ်တို့ ပင်လယ်နက်ထဲကိုတော်ရုံမသွားကြဘူး"

ရွှယ်စန်း၏စကားကြောင့်ကျိုးဟောင်သက်ပြင်းချလိုက်မိသည်။ ကမ္ဘာကြီး၏၇၀%မှာပင်လယ်များဖုံးလွှမ်းထားပြီး ထိုပင်လယ်ထဲတွင်မရေမတွက်နိုင်သောသားရဲများရှိလေသည်။ ထိုကဲ့သို့များပြားလှသောအရေအတွက်ထဲတွင်သူတော်စင်ဘုံအဆင့်သားရဲဘယ်လောက်ရှိမလဲသူတို့မသိနိုင်ပေ။

သိပ်မကြာမီတွင် သူတို့မှာသတ်မှတ်‌ထားသောနေရာသို့ရောက်လာကြလေသည်။ ထိုနေရာသည်ပင်လယ်ရေအောက်အနက် မီတာ၈ထောင်တွင်ဖြစ်လေသည်။ ကျိုးဟောင်မှာပထမဦးဆုံးပက်လယ်နက်ထဲရောက်ဖူးခြင်းဖြစ်သောကြောင့် ငှက်မွှေးတထောင်ချပ်၀တ်ကို၀တ်ထားယုံသာမက သတိကြီးကြီးထားနေလေသည်။

ရေငုပ်သင်္ဘောကိုဖွက်ပြီးနောက် သူတို့မှာကြီးမားသောတွင်းနက်ကြီးထဲသို့ဆင်းသွားလေသည်။ထိုတွင်းနက်ကြီး၏အောက်တွင် ၁၃ခုမြောက်အက်ကွဲကြောင်းရှိလေသည်။

ပုံမှန်အားဖြင့်ထိုတွင်းနက်ကြီးထဲတွင်ထူးဆန်းသောသံလိုက်စက်ကွင်းရှိပြီး အလွယ်တကူ၀င်ရောက်ဖို့မဖြစ်နိုင်ပေ။ သို့သော်ယခုအချိန်တွင်ထိုသံလိုက် စက်ကွင်းမှာအားပျော့နေပြီး ကျိုးဟောင်တို့အနေဖြင့်အထဲသို့၀င်ရောက်ရန်သိပ်အားမစိုက်လိုက်ရပေ။

အချိန်အတော်ကြာကူးခတ်လာပြီးနောက် အောက်ခြေမှအလင်းရောင်တချို့ကိုမြင်လာရလေသည်။ နောက်ဆုံးတွင်တောက်ပပြီး အလွန်ကြီးမားသောရဲတိုက်ကြီးတခုကိုတွေ့လိုက်လေသည်။

ရဲတိုက်ကြီးများပြိုးပြိုးပျက်ပျက်တောက်ပနေပြီး ‌ကမာကြေးခွံများ၊ပုလဲများဖြင့်နှစ်မြှုပ်အလှဆင်ထားလေသည်။ ကျိုးဟောင်မှာ ၁၃ခုမြောက်အက်ကွဲကြောင်းကိုကြည့်ပြီးအနည်းငယ်အံ့အားသင့်နေလေသည်။

"ပြောရရင်ဒီ၁၃ခုမြောက်ရှေးဟောင်းအပျက်အစီးကဟိုးအရင်ကပညာရှင်တွေကို လေ့ကျင့်ပျိုးထောင်ပေးဖို့ပင်လယ်ရေအောက်မှာတည်ဆောက်ထားတဲ့လေ့ကျင့်ရေးစခန်းတခုပဲ။ အဲ့တာကိုစစ်နတ်ဘုရားတပ်ရင်းကရှာတွေ့ခဲ့ပြီး ရွေ့မရတာကြောင့် ဒီအတိုင်းချိတ်ပိတ်ထားခဲ့တာ"

ရွယ်စန်းမှာ ဒီနေရာအကြောင်းကိုမလာခင်ကတည်း ကသေချာလေ့လာခဲ့လေသည်။

"ငါတို့အထဲဘယ်လို၀င်ကြမလဲ"

ကျိုးဟောင်ကမေးလိုက်လေသည်။

"ဒီအတိုင်းရှေ့တံခါးကနေ၀င်လို့ရတယ်"

ရွှယ်စန်းကပြောပြီးနောက် တံခါးဆီသို့တန်းသွားလေသည်။ ထိုရဲတိုက်ကြီး၏အရှေ့တံခါးမှာအလွန်ကြီးမားလှပြီး တံခါးကြီးအားပွင့်ရန်သူတို့လေးယောက်အားစိုက်ပြီးတွန်းခဲ့ရလေသည်။

သူတို့လေးယောက်အထဲသို့ရောက်သောအခါလုံး၀မှင်တက်သွားလေသည်။ တံခါး၏အပြင်ဘက်တွင်ပင်လယ်ရေများနှင့်ပြည့်နှက်နေသော်လည်း အထဲတွင်တော့ ရေတစက်ပင်မရှိပေ။

"ဘယ်လိုတောင်စိတ်၀င်စားဖို့ကောင်းလိုက်တဲ့နေရာလဲ"

ခန်းမထဲတွင်ရှင်းလင်းနေပြီး စာသားများနှင့်ပြည့်နှက်နေသည့်တိုင်ကြီး၁၀တိုင်သာရှိလေသည်။

ကျိုးဟောင်တချက်ဖတ်ကြည့်လိုက်သောအခါ စိတ်စွမ်းအားလေ့ကျင့်ရေး၊ ကိုယ်ကာယလေ့ကျင့်ရေး၊ တိုက်ရေးနည်းစနစ်လေ့ကျင့်ရေး၊ ကျင့်ကြံရေးနည်းစစနစ်လေ့ကျင့်ရေး၊ ခွန်အားလေ့ကျင့်ရေး အစရှိသဖြင့် လေကျင့်ရေးအမျိုးကွဲပေါင်း ၁၀မျိုးကိုတွေ့လိုက်ရလေသည်။

ကျိုးဟောင်ကပြုံးပြီး သူ့လူများကိုတချက်ကြည့်လိုက်လေသည်။

"ငါကတော့ခြွင်းချက်မရှိ ကိုယ်ကာယလေ့ကျင့်ရေးပေါ့"

ဗက်ထရန်ကပြောပြီးနောက် တိုင်ကြီးဆီသို့လမ်းလျှောက်သွားကာသူ၏လက်ကိုတိုင်ပေါ်သိုတင်လိုက်လေသည်။ စူးရှသောအလင်းတန်းတခုကဗက်ထရန်၏တကိုယ်လုံးကိုဖုံးလွှမ်းသွားပြီး တိုင်ကြီးအထဲရှိလေ့ကျင့်ရေးခန်းမဆီသို့စုပ်ယူခြင်းခံလိုက်ရလေသည်။

"ကဲသူကတိုင်ကြီးထဲကလေ့ကျင့်ရေးခန်းမဆီရောက်သွားပြီ ငါတို့လည်းအချိန်ဖြုန်းမနေဘဲ ရွေးလိုက်ကြတာပေါ့"

ရွှယ်စန်းကပြောပြီးနောက်သေချာရွေးနေလေသည်။စကော်လာကတော့ ကျင့်ကြံရေးနည်းစနစ်ခန်းမထဲသို့၀င်သွားလေသည်။

သူတို့အားလုံးအသီးသီး၀င်ရောက်သွားချိန်တွင်ကျိုးဟောင်မှာဘာရွေးရမှန်းမသိဖြစ်နေလေသည်။ နောက်ဆုံးတွင်ခွန်အားလေ့ကျင့်ရေးကိုရွေးလိုက်ပြီးတိုင်ကြီးထဲတွင်ရှိသောလေ့ကျင့်ရေးခန်းမဆီသို့စုပ်ယူခြင်းခံလိုက်လေသည်။

ခဏအကြာတွင်ကျိုးဟောင်မှာသေးငယ်ပြီးထွက်ပေါက်မရှိသောအခန်းငယ်တခုထဲသို့ရောက်သွားလေသည်။ သူ့ဘေးပတ်လည်တွင်‌စာများထွင်းထုထားသည့်မြင့်မားသောနံရံကြီးများဝိုင်းရံနေလေသည်။

....................................................................................

အခန်း (၆၆၃) ပြီးပါပြီ။

All Chapters