၅နှစ်
Vol. 45 Ch. 664
ကျိုးဟောင်မှာထိုစာလုံးများကိုတချက်ကြည့်ပြီးနောက် စက်ကိရိယာလေးတခုကိုထုတ်လိုက်လေသည်။ ထိုစက်ကိရိယာလေးမှာ စာလုံးများကိုစကန်ဖတ်ပြီး ဘာသာပြန်ပေးသောကြောင့် ကျိုးဟောင်မှာထိုစာလုံးများ၏ဆိုလိုရင်းကိုသိရှိသွားလေသည်။
"စိန်ခေါ်မှုမစ်ရှင် : ၅နှစ်အတွင်းဒီလျှို့ဝှက်ခန်းထဲကအတားအဆီးတွေကိုဖျက်ပြီးထွက်ခွာရန်။ တကယ်လို့၅နှစ်အတွင်းဖွင့်ပြီးမထွက်နိုင်ပါက သင်သေဆုံးပါမည်"
"၅နှစ်..... ကျရှုံးလျှင်သေဆုံးမယ်ဟုတ်လား"
ကျိုးဟောင်မှာစိုးရိမ်မှုကိုခံစားလိုက်ရလေသည်။
"သူတို့ပြောခဲ့တုန်းကတော့ ဒီနေရာမှာ အန္တရာယ်မရှိဘူးဆို အခုတော့ ကျရှုံးရင်သေရမယ်တဲ့လား"
ကျိုးဟောင်မှာ အလွန်စိုးရိမ်သွားလေသည်။ သူ့အနေဖြင့်ဘေးပတ်လည်ရှိအကာအရံအတားအဆီးများကိုမဖျက်စီးနိုင်ပါက ဒီအထဲတွင်၅နှစ်တောင်ပိတ်မိနေမည်ဖြစ်လေသည်။ ထိုကဲ့သို့အချိန်ပမာဏတခုအကြာအထိသူပျောက်သွားပါက အဖွဲ့အစည်းကသူသေဆုံးသွားပြီလို့သတ်မှတ်လိုက်ကြလေမည်။
ဒါ့ကြောင့်ကျိုးဟောင်မှာဆက်သွယ်ရေးကိရိယာကိုထုတ်ပြီး မက်ဆေ့ပို့ဖို့ကြိုးစားသော်လည်း ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေလေသည်။
ဒီပင်လယ်နက်ပိုင်းရှိသံလိုက်စက်ကွင်းများက သူတို့၏ဆက်သွယ်ရေးလိုင်းများကိုဖြတ်တောက်ထားသကဲ့သို့ဖြစ်နေပြီး ပြင်ကကမ္ဘာနဲ့ဆက်သွယ်လို့မရဖြစ်နေလေသည်။
"ဒီခွန်အားလေ့ကျင့်ရေးမစ်ရှင်ကငါ့ကို အချိန်၅နှစ်ပေးတာပဲ။ဒါပေမဲ့ ငါဒီအထဲမှာ ၅နှစ်အထိလေ့ကျင့်နေတုန်း ပြင်ပကမ္ဘာကလူတွေကငါ့ကိုသေပြီလို့ထင်ကြလိမ့်မယ်။ ရှုလင်တောင်မှအဲ့လိုထင်သွားနိုင်တယ်"
"ငါဘာလုပ်ရမလဲ ငါဘာလုပ်သင့်လဲ"
ကျိုးဟောင်တယောက်ဘာလုပ်ရမှန်းမသိဖြစ်နေလေသည်။ သို့သော်လည်း စိတ်ကိုပြန်လည်တည်ငြိမ်အောင်ချက်ချင်းကြိုးစားလိုက်လေသည်။
"မဟုတ်သေးဘူး ငါဒီနေရာကနေတတ်နိုင်သလောက်မြန်မြန်ထွက်နိုင်ဖို့ကြိုးစားရမယ်။မဟုတ်ရင်အခြေအနေမကောင်းဘူး"
ကျိုးဟောင်မှာစိတ်ထဲတွင်စိုးရိမ်မှုများပြည့်နေလေသည်။ သူဒီနေရာတွင် ၁လ ၂လလောက်ပိတ်မိနေခြင်းကကိစ္စမရှိသော်လည်း ၇လ ၈လ ဒါမှမဟုတ် ၁နှစ်၂နှစ်လောက်ပိတ်မိသွားပါက အခြေအနေများဆိုးရွားသွားမည်ဖြစ်လေသည်။
ထိုသို့ပိတ်မိသွားပါကသူ့မိသားစု၊ သူ့သူငယ်ချင်းများနှင့်ရှုလင်တို့ကသူသေဆုံးသွားပြီလို့ထင်သွားကြပေလိမ့်မည်။
"ချီးပဲ ဒီလိုတွေဖြစ်လာမယ်မှန်းသိရင် ငါဒီကိုလိုက်မလာပါဘူး"
ကျိုးဟောင်မှာ စိုးရိမ်စိတ်ကြောင့်ပူလောင်နေလေသည်။ ကျိုးဟောင်မှာ ဘာမှပြောမနေတော့ဘဲ ရှေးဟောင်းခန္ဓာသိုင်းကိုလှည့်ပတ်လိုက်ပြီး နံရံအားထိုးလိုက်လေသည်။ သို့သော်ထိုနံရံများမှာ သန့်စင်ပြီးသားစတီးများကိုပြန်လည်မွမ်းမံပြီးပြုလုပ်ထားသောကြောင့်လွယ်လွယ်နဲ့မပျက်စီးနိုင်ပေ။
"ချီးပဲ ဒီလျှို့ဝှက်အခန်းကတော့ ကျိုးစမ်းကွာ..."
ကျိုးဟောင်မှာအံကိုကြိတ်ကာ အဆက်မပြတ်ထိုးနေနေလေသည်။
ဘုန်း...ဘုန်း...ဘုန်း...
လက်သီးချက်များမှာနံရံပေါ်သို့ဆက်တိုက်ကျဆင်းနေပြီး လှိုင်းဂယက်သဏ္ဌာန်များထနေလေသည်။ ကျိုးဟောင်မှာသူ့အင်အားအကုန်သုံးပြီးထိုးနေလေသည်။
"ကျိုးစမ်း..... ပျက်စီးစမ်း..."
ကျိုးဟောင်မှာဒေါသတကြီးအော်ဟစ်နေလေသည်။
"ငါဒီနေရာမှာ ငါးနှစ်တော့မနေနိုင်ဘူး"
ကျိုးဟောင်မှာနံရံကိုတရစပ်ထိုးနေသော်လည်း အက်ရာလေးတခုတောင်မရှိသေးပေ။
"ချီးပဲ ချီးပဲ..."
ကျိုးဟောင်မှာ ကျိန်ဆဲပြီးနောက်ထိုင်ချလိုက်လေသည်။
ကျိုးဟောင်တဖြေးဖြေးစိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး စတင်ခွဲခြမ်းစိတ်ဖြာကြည့်လေသည်။ သူ့အား၅နှစ်တောင်အချိန်ပေးထားပုံအရ ဒီနံရံများမှာ အလွယ်တကူဖြိုဖျက်လို့ရမည့်ပုံမပေါ်ပေ။
သို့သော်လည်း အပြင်ဘက်ရှိသူ့မိဘများစိတ်ပူနေရမည့်အရေးကိုသူပိုစိုးရိမ်နေလေသည်။ သူ့အနေဖြင့်အပြင်လောကနဲ့ဆက်သွယ်ပြီး သူ့မိသားစုနှင့်ရှုလင်အားသူဘေးကင်းကြောင်းသတင်းပို့ပေးချင်နေလေသည်။သို့သော် ဆက်သွယ်ရေးလိုင်းများမှာပြတ်တောက်နေပြီး သူကိုယ်တိုင်ကလည်းဒီနေရာတွင်ပိတ်မိနေလေသည်။
"ငါ့ဒီနေရာအချိန်၅နှစ်လောက်ဖြုံးနေလို့မရဘူး အလွန်ဆုံး၅လပဲရမယ်။ ငါဒီနေရာကနေအမြန်ချိုးဖျက်ပြီးထွက်ရမယ်"
ကျိုးဟောင်မှာပြောပြီးနောက်နံရံပေါ်ကစာနှင့်ရုပ်ပုံများကိုကြည့်လိုက်လေသည်။
ထို့နောက်သူမတ်တပ်ရပ်ကာထိုရုပ်ပုံများစာများကိုသူ့စိတ်ထဲတွင်ကျောက်စာထိုးသကဲ့သို့မှတ်သားလိုက်လေသည်။ ထို့နောက်ထိုစာလုံးများနှင့် ရုပ်ပုံများကို စိတ်ထဲဆွဲအောင်စုပ်ယူလိုက်လေသည်။ ထိုရုပ်ပုံများနှင့် စာလုံးများမှာ သူ့ခေါင်းထဲတွင်ဆွဲမြဲစွာမှတ်ယူလိုက်လေသည်။
ထို့နောက်ကျိုးဟောင်မှာစတင်ပြီးကျင့်ကြံလေသည်။သူ့အနေဖြင့်အိမ်သို့ပြန်လိုသောစိတ်ဖြင့်အရာအားလုံးကိုရင်ဆိုင်ဖို့ဆုံးဖြတ်ထားလေသည်။
ကံကောင်းထောက်မစွာဖြင့် ကျိုးဟောင်၏ သိမ်းဆည်းရေးအိတ်ထဲတွင် အစားအသောက်များစွာပါလာခဲ့လေသည်။ထိုအစားအသောက်များမှာရက်ပိုင်းအတွက်သာမက နှစ်အနည်းငယ်ကြာအထိလုံလောက်လေသည်။
သို့သော်ကျိုးဟောင်မှာ စားသောက်ဖို့နှင့်အိပ်ဖို့ကိုသတိမရဘဲ သူ့၏စိတ်ကိုကျင့်ကြံရေးထဲတွင်အလုံးစုံနှစ်မြှုပ်ထားလေသည်။
ဒီလေ့ကျင့်ရေးအခန်းအထဲရှိ ကျင့်ကြံရေးနည်းစနစ်များမှာကျိုးဟောင်၏အင်အားထုတ်လွှတ်ပုံနှင့်မတူဘဲ ကွဲပြားခြားနားလေသည်။
အစပိုင်းတွင်ကျိုးဟောင်မှာသိပ်ဂရုမစိုက်ပေ။သူ့တွင် ရှေးဟောင်းခန္ဓာသိုင်းရှိနေပြီး ထိုသိုင်းဖြင့်ဖြေရှင်းဖို့ကြိုးစားနေလေသည်။သို့သော်ဒီကျင့်ကြံရေးများကိုကျင့်နေရင်း သူ့အင်အားများကိုတကွဲတပြားစီသုံးနေခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်လာလေသည်။
အချက်အလက်များအရပြောရရင် ကျိုးဟောင်မှာထိုးချက်တခုအတွက် အင်အား၅၆%စီကိုဖြန့်ကျက်ပြီးသုံးနေခဲ့ခြင်းဖြစ်လေသည်။ ထိုပြန့်ကြဲနေသောအင်အားများကိုတစုတစည်းတည်းပေါင်းစည်းလိုက်ပါကပိုပြီးသန်မာပြင်းထန်လာမည်ဖြစ်သည်။
ထိုကိစ္စကပြောသည်မှာလွယ်သော်လည်း တကယ်ကျင့်ကြံဖို့အတွက်ကျခက်ခဲလှပေသည်။ အင်အားကိုထိန်းချုပ်ပြီး လိုသလိုအသုံးချဖို့ကအလွန်ခက်ခဲလှပေသည်။
ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူလိုက်ပြီး ဆက်လက်ကျင့်ကြံနေလေသည်။ အချိန်တဖြေးဖြေးကုန်ဆုံးလာပြီး ၁လနီးပါးကုန်ဆုံးသွားလေသည်။
အချိန်မှာမိနစ်နှင့်အမျှတရွေ့ရွေ့ကုန်ဆုံးလာနေပြီး ကျိုးဟောင်မှာနည်းစနစ်တစ်ခုထဲကိုထပ်တလဲလဲကျင့်ကြံနေလေသည်။
နောက်ဆုံးတွင်အချိန်၅လအထိကုန်ဆုံးသွားခဲ့လေသည်။ ထို၅လအတွင်း ဗက်ထရန် ၊ စကော်လာ နှင့် ရွှယ်စန်းတို့မှာ တယောက်ပြီးတယောက်ထွက်လာခဲ့လေသည်။ သူတို့အားလုံးပြန်ထွက်လာနိုင်ချိန်တွင်ကျိုးဟောင်မထွက်လာသေးသောကြောင့်စိုးရိမ်သွားကြလေသည်။
"စီနီယာကျိ .... ကပ္ပတိန်ကျိုးက ဒီအထဲမှာ၅လလောက်ရှိနေပြီ။ ကျုပ်...ကျုပ်တို့ဘာလုပ်ကြမလဲ"
ထိုစကားကြောင့်စီနီယာကျိမှာလည်းစိတ်ပူသွားလေသည်။
"ဒီရှေးဟောင်းအပျက်အစီးထဲမှာ ဘာအန္တရာယ်မှမရှိပေမဲ့ ဘာလို့ကျိုးဟောင်ကအဲ့အထဲမှာ၅လလောက်ကြာနေရတာလဲ"
"ကျိုးဟောင်ကနောက်ထပ်အခွင့်အလမ်းတခုခုများတွေ့သွားလေသလား"
ကျိုးဟောင်၏အင်အား၊စွမ်းဆောင်ရည် နှင့် ပင်ကိုပါရမီများမှာအဖွဲ့ထဲရှိလူတိုင်းထက်သာလွန်ပေသည်။ သို့သော်ယခုမူလူတိုင်းနီးပါးပြန်ရောက်လာသော်လည်း ကျိုးဟောင်မှာပြန်မထွက်လာသေးပေ။ဘာတွေများဖြစ်နေပါသနည်း
"စီနီယာကျိ သူအခုလို၅လကြာအထိပြန်မထွက်ပုံအရ ပြဿနာတခုခုကြုံနေရပြီထင်တယ်။ ကျုပ်တို့ရဲ့အချက်အလက်တွေအရ လူတိုင်းက၃လကြာရင်ပြန်ထွက်လာကြတယ်။ တကယ်လို့ပြန်ထွက်လာပုံမရရင် ပြဿနာတခုခုနဲ့ကြုံနေလို့ပဲ။ ကျုပ်တို့အရန်အစီအစဥ်တခုခုပြင်ဆင်ထားကြမလား"
ရွှယ်စန်းကတည်တည်ငြိမ်ငြိမ်ဖြင့်ပြောလာလေသည်။
"ဘယ်လိုအစီအစဥ်မျိုးလဲ"
ကျိယောင်ယွဲ့ကချက်ချင်းပြန်မေးလာလေသည်။
"ကျုပ်တို့ ၁၃ခုမြောက်အက်ကွဲကြောင်းထဲမှာအခက်အခဲတွေကြုံနေရတဲ့အကြောင်းကိုကျိုးဟောင်ရဲ့မိဘတွေဆီကြိုအကြောင်းကြားထားတာမျိုးပေါ့"
ရွှယ်စန်းကရှင်းပြလေသည်။သို့သော်ကျိယောင်ယွဲ့ကမသေချာမရေရာဖြစ်နေလေသည်။
"ကျိုးဟောင်ရဲ့မိဘတွေကိုမပြောသင့်သေးဘူးလို့ထင်တယ်။ ၅လကျော်သည်အထိပြန်မထွက်လာနိုင်တဲ့ပညာရှင်တွေကသေပြီလို့ယူဆထားကြတာမှတ်လား။ ငါတို့သာအမှန်အတိုင်းပြောလိုက်ရင်သူ့မိဘတွေရင်ကွဲသွားကြလိမ့်မယ်"
"ပြီးတော့အရေးအကြီးဆုံးက အခုအချိန်ကအသိပေးဖို့စောသေးတယ်ထင်တယ်။ ကဲဒီလိုလုပ်ရင်ကော ၇လကြာလို့မှကျိုးဟောင်ထွက်မလာတော့မှ သူ့မိဘတွေဆီအကြောင်းကြားကြတာပေါ့"
ကျိယောင်ယွဲ့မှာသေချာရှင်းပြနေသော်လည်း သူမ၏မျက်နှာတွင်စိုးရိမ်မှုများပြည့်နေလေသည်။
....................................................................................
အခန်း (၆၆၄) ပြီးပါပြီ။