ဖရိုဖရဲဖြစ်ခြင်း
Vol. 45 Ch. 666
ဆယ်လရှိပြီဖြစ်သော်လည်း ကျိုးဟောင်မှာပြန်မလာသေးပေ။ ဤသတင်းကို ကြားသောအခါ ကျိယောင်ယွဲ့သည် ဝမ်းနည်းပူဆွေးနေသောမျက်နှာဖြင့် အသက်ပြင်းပြင်းရှူလိုက်သည်။
"ဒီလိုဆိုရင်… ကြေညာလိုက်ကြတာပေါ့ …"
ဤသို့ပြောပြီးနောက် ကျိယောင်ယွဲ့သည် မျက်လုံးများကိုမှိတ်ကာ ဆိုဖာနောက်သို့မှီလိုက်သည်။ နောက်ဆုံးတွင် မျက်ရည်များ စီးကျလာခဲ့သည်။
သူမသည် ကျိုးဟောင်ကို အလွန်လေးစားခဲ့သည်။ ကျိယောင်ယွဲ့သည် ပုံမှန်အားဖြင့် ရေခဲတောင်ကဲ့သို့ အေးစက်ကာ အလွန်အသေးစိတ်ကျသည်။ ကျိုးဟောင်သည် သူမ၏အဖိုးတန်သူငယ်ချင်းဖြစ်ပြီး သူမ အလွန်လေးစားရသော အပေါင်းအဖော်ဖြစ်သည်။ ယခု ထိုအပေါင်းအဖော်သည် သူမကြောင့် သေဆုံးသွားပြီဖြစ်ပေရာ သူမသည် အလွန်ဝမ်းနည်းပူဆွေးနေခဲ့သည်။
စကော်လာ၊ ရွှယ်စန်းနှင့် ဗက်ထရန်တို့သည်လည်း ဤသတင်းကိုကြားသောအခါ သူတို့၏အမူအရာများမှာ အလွန်ပျက်ယွင်းသွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ကျိယောင်ယွဲ့ကဆိုလာခဲ့သည်။
"ကျိုးဟောင်ရဲ့အိမ်ကကျန်းနန်အခြေစိုက်စခန်းက စစ်နတ်ဘုရားတပ်ရင်းရဲ့ ဗီလာမှာရှိတယ် ငါ့ကိုယ်စား အဲဒီကိုသွားပေးပါ..."
"နောက်ပြီး ၁၃ ခုမြောက်အက်ကွဲကြောင်းမှာ ပြဿနာတစ်ခုပေါ်လာတယ် မင်းတို့ အဲဒီမှာနေပြီး ကောင်းကင်ဘုံဘုရင်ကျူးကို ကူညီပေးလိုက်ကြပါ"
ကျိယောင်ယွဲ့သည် ဤအကြောင်းအရာကို မည်သို့ပြောရမှန်းမသိ။ ထိုသို့သောကိစ္စမျိုးကို ပြောရန်မှာ သူမအတွက် အမှန်တကယ်ခက်ခဲပေသည်။
"...ဟုတ်ကဲ့..."
စကော်လာနှင့် အခြားသူများသည်လည်း ဝမ်းနည်းသောမျက်နှာဖြင့် ထွက်ခွာသွားကြသည်။
တစ်ချိန်တည်းမှာပင် ကျိုးရွှယ်ကောနှင့် ဝမ်ရှုယွင်တို့သည် အိမ်တွင် ချက်ပြုတ်နေကြသည်။ ရှုလင်လည်း ထိုနေရာတွင်ရှိပြီး ကူညီပေးနေသည်။
"လင်လင် ဒီနေ့ အဒေါ်က မင်းအတွက် ဖက်ထုပ်လုပ်ထားတယ် အဒေါ်လုပ်တဲ့ ဖက်ထုပ်က အရမ်းအရသာရှိတယ် သိလား"
ဝမ်ရှုယွင်က ပြုံးကာပြောလိုက်သည်။ သူမသည်ပြုံးနေသော်လည်း သူမ၏မျက်လုံးများတွင် အမြဲတမ်း စိုးရိမ်ပူပန်နေသည့်အရိပ်အယောင်ကိုတွေ့မြင်နေရပေသည်။
သို့သော် ကျိုးရွှယ်ကောက ဂရုမစိုက်ဘဲ တီဗီကြည့်ကာ ခြေချိတ်ထိုင်ရင်း လက်ဖက်ရည်သောက်နေသည်။
ဝမ်ရှုယွင်က ကျိုးရွှယ်ကောကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ဘာမှမပြောဘဲ ရှုလင်ကို တိုးတိုးလေးမေးလိုက်သည်။
"လင်လင် ခုတစ်လော ရှောင်ဟောင်နဲ့ အဆက်အသွယ်ရသေးလား"
ရှုလင်သည် ထိုစကားကိုကြားသောအခါ သူမ၏နှလုံးခုန်နှုန်းမှာ ရုတ်တရက် မြန်လာခဲ့သည်။ လွန်ခဲ့သော ဆယ်လအတွင်း သူမသည် ကျိုးဟောင်နှင့် အဆက်အသွယ်မရခဲ့သောကြောင့် ကျိုးဟောင်ကို ဤနေရာတွင်တွေ့နိုင်မလားဟုတွေးကာ ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။
ဝမ်ရှုယွင်၏ စကားများကိုကြားပြီးနောက် သူမတွင် မကောင်းသောခံစားချက် ချက်ချင်းဝင်လာခဲ့သည်။
"ကျွန်မ... ကျွန်မ... လွန်ခဲ့တဲ့လပိုင်းလောက်က သူ့ကိုတွေ့ခဲ့တယ် သူခုတစ်လော အရမ်းအလုပ်များနေတာ"
ရှုလင်က ဤသို့သာပြောနိုင်ခဲ့သည်။ သို့သော် ဝမ်ရှုယွင်မှာ ထိုခံစားချက်ကို ခံစားမိသည်။
ရှုလင်၏မျက်နှာအမူအရာဖြစ်စေ၊လှုပ်ရှားမှုများဖြစ်စေ၊ ၎င်းတို့အားလုံးသည် စိတ်ပူပန်နေသောခံစားချက်အား ဖော်ပြနေသည်။
"ဟုတ်တယ် ဟုတ်တယ် ဖက်ထုပ်စားရအောင်"
ဝမ်ရှုယွင်က ပို၍စိတ်မသက်မသာဖြစ်လာသော်လည်း အသက်ပြင်းပြင်းရှူလိုက်ပြီး ဘာမှထပ်မံမပြောလာခဲ့ပေ။
မကြာမီတွင် အစားအစာများ အဆင်သင့်ဖြစ်ပြီဖြစ်ပြီး ကျိုးရွှယ်ကောသည်လည်း စားပွဲတွင်ထိုင်ပြီး စတင်စားသောက်တော့သည်။
ဝမ်ရှုယွင်က ပြုံးကာပြောလိုက်သည်။
"အို ရှောင်ဟောင် ပြန်မလာတာကြာပြီ ငါတို့မိသားစုအတူတူ ထမင်းကောင်းကောင်းမစားရတာကြာပြီ"
ဤစကားကိုကြားသောအခါ ကျိုးရွှယ်ကောသည် ချက်ချင်းပြုံးလိုက်သည်။
"ငါတို့သားက အရမ်းအလုပ်များနေမှာပဲ သူ့ကို မနှောင့်ယှက်ကြရအောင်"
ဝမ်ရှုယွင်သည် ဤစကားကိုကြားသောအခါ ချက်ချင်းပြောလိုက်သည်။
"ကျွန်မတို့သားက နေ့တိုင်း သူ့အသက်ကိုစွန့်ပြီး လုပ်နေရတာ ကျွန်မတော့ တကယ်စိုးရိမ်မိတယ်"
"ဘာကို စိုးရိမ်နေတာလဲ ငါတို့သားက ဒီလောက်အစွမ်းထက်တာ စစ်ဆေးရေးမှူးတောင်မှ ငါတို့သားကို ယဉ်ကျေးရတာကို မင်းမတွေ့ဘူးလား ငါ မေးကြည့်ပြီးပြီ ငါတို့သားရဲ့ လက်ရှိအဆင့်က နိုင်ငံတကာအဆင့်မှာပဲရှိသေးတယ် သူ့ကို အနိုင်ယူနိုင်တဲ့ မကောင်းဆိုးဝါးတွေ အများကြီးမရှိဘူး မင်းမစိုးရိမ်နဲ့"
ကျိုးရွှယ်ကောသည် အလွန်စိတ်ချမ်းသာနေသည်။ သူသည် သူ၏သားကို အလွန်ယုံကြည်ပေသည်။
ဤအချိန်တွင် တံခါးဘဲလ်မှာ ရုတ်တရက် မြည်လာခဲ့သည်။
"ဧည့်သည်လာတာလား"
ဝမ်ရှုယွင်က တစ်ချက်ကြည့်လိုက်သည်။ နေ့လယ်ဘက်မှာ မည်သူလာနိုင်မည်လဲ။
တံခါးကိုဖွင့်ပြီးနောက် မရင်းနှီးသော အမျိုးသားသုံးဦးကို တံခါးဝတွင် တွေ့လိုက်ရသောအခါ သူမသည်ခဏတာ ကြောင်သွားခဲ့သည်။
"ဘယ်သူတွေလဲမသိဘူး "
စကော်လာ၊ ရွှယ်စန်းနှင့် ဗက်ထရန် အားလုံးသည် ဝမ်းနည်းနေသောမျက်နှာဖြင့် အသက်ပြင်းပြင်းရှူလိုက်ကြသည်။
"မင်္ဂလာပါ အဒေါ် ကျွန်တော်တို့က ကျိုးဟောင်ရဲ့သူငယ်ချင်းတွေပါ ဒီနေ့… ဒီနေ့..."
ပြောလိုက်သူမှာ ဗက်ထရန်ဖြစ်သည်။ သူသည် တည့်တိုးဆန်သောလူတစ်ဦးဖြစ်သော်လည်း ဤစကားအားပြောလိုက်ချိန်တွင် သူ၏နှုတ်ဖျားမှမည်သည့်စကားမျှထပ်မထွက်လာနိုင်ဘဲ ပိတ်ဆို့နေခဲ့သည်။
ဤမြင်ကွင်းကိုတွေ့သောအခါ ဝမ်ရှုယွင်၏မျက်နှာသည် ချက်ချင်းဖြူဖျော့သွားပြီး သူမ၏အသံကို မထိန်းနိုင်ဘဲ ကျယ်လောင်စွာမေးလိုက်သည်။
"ငါ့သား ဘာဖြစ်တာလဲ သူတစ်ခုခုဖြစ်လို့လား"
ဤသို့ပြောလိုက်သည်နှင့် ရှုလင်နှင့် ကျိုးရွှယ်ကောတို့သည် ဆက်ထိုင်မနေနိုင်တော့ဘဲ အလျင်အမြန် ပြေးလာကြသည်။
သူတို့သုံးဦးကိုတွေ့သောအခါ ရှုလင်သည် ချက်ချင်းထိတ်လန့်သွားသည်။ ဤသုံးဦးသည်စစ်နတ်ဘုရားတပ်ရင်း၏ အဆင့်မြင့်အခြေစိုက်စခန်းမှဖြစ်သည်။ သူတို့သည်ပေါ်လာခဲသူများဖြစ်ပေရာ အဘယ်ကြောင့် ဤသို့ရုတ်တရက် ပေါ်လာရသနည်း။
"ရှင်တို့ သုံးယောက်က... စစ်နတ်ဘုရားတပ်ရင်းရဲ့အဆင့်မြင့်လေ့ကျင့်ရေးစခန်းက ကောင်းကင်ဘုံဘုရင်တွေလား ကျွန်မ မေးချင်တာက...ရှင်တို့ ဒီကိုလာတာ... ကျိုးဟောင်ကြောင့်လား"
ရှုလင်ကဲ့သို့ သန်မာသော အမျိုးသမီးပင်လျှင် အနည်းငယ် တုန်ယင်နေခဲ့သည်။
ဗက်ထရန်၏မျက်နှာပေါ်တွင် မျက်ရည်များစီးကျလာသည်။ စကော်လာနှင့် ရွှယ်စန်းတို့လည်း ငိုနေခဲ့ကြသည်။ သို့သော် သူက ခိုင်မာစွာပင် ပြောလိုက်သည်။
"ဦးလေး၊ အဒေါ်၊ ကျွန်တော်တို့သူနဲ့အဆက်အသွယ်မရတာ ၁၀လကျော်ပြီ သူ ၁၃ ခုမြောက် ရှေးဟောင်းအပျက်အစီးမှာ ပိတ်မိနေတယ် စစ်နတ်ဘုရားတပ်ရင်းက မစ္စတာကျိုးဟောင်က သေဆုံးဖို့ရာခိုင်နှုန်းများတယ်လို့ သံသယရှိပါတယ်..."
ဤစကားအားကြားပြီးနောက် ဝမ်ရှုယွင်၏မျက်နှာသည် ဖြူဖျော့သွားပြီး သူမ ချက်ချင်းမူးလဲသွားသည်။
ရှုလင်လည်း မူးလဲလုနီးပါးဖြစ်သွားသည်။ သူမ၏ခန္ဓာကိုယ်မှာ သန်မာမှုမရှိပါက သူမ သတိလစ်သွားပြီဖြစ်သည်။
"၁၃ ခုမြောက် အပျက်အစီးလား အဲဒါကို ကျွန်မကြားဖူးတယ် အဲဒါက လေ့ကျင့်ရေးစခန်းမဟုတ်ဘူးလား ဘယ်လိုဖြစ်ရတာလဲ။ ဘယ်လို..."
ရှုလင်သည် မယုံနိုင်သောမျက်နှာဖြင့် ကြည့်နေသည်။
"မစ္စတာကျိုးက ပိတ်မိနေတာလို့ ကျွန်တော်တို့ သံသယရှိတယ် ဒါပေမယ့် အခု ကျွန်တော်တို့လည်းဝင်သွားလို့မရဘူး ကျိုးဟောင်လည်း ထွက်လာလို့မရဘူး ဒါကြောင့် ကျွန်တော်တို့ ဒီလိုပဲကောက်ချက်ချနိုင်တယ် ဒါပေမယ့် ကျွန်တော်တို့ မှားကောက်ချက်ချတာလည်း ဖြစ်နိုင်ခြေရှိပါတယ်"
ဤအချိန်တွင် အပြင်ဘက်မှ ဆူညံသံတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
စကော်လာနှင့် အခြားသူများသည် ခဏတာ ကြောင်အသွားခဲ့သည်။ သူတို့သည် အပြင်သို့ အလျင်အမြန်ပြေးကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ထိတ်လန့်သွားကြသည်။
အစောပိုင်းက အရာအားလုံး အဆင်ပြေနေသော်ငြား ဘာကြောင့်ယခုလိုရုတ်တရက် ဖရိုဖရဲဖြစ်သွားရပါသနည်း။
သူတို့သည် ဖရိုဖရဲဖြစ်နေသည့် ချူမြို့ကို ရှင်းရှင်းလင်းလင်းမြင်နေရပြီး ဖရိုဖရဲဖြစ်ရခြင်း၏ အရင်းအမြစ်မှာ လူများကြောင့်ဖြစ်သည်။
ရွှစ်... ရွှစ်...
ကျယ်လောင်သောအသံတစ်ခု ပေါက်ကွဲထွက်လာပြီးနောက် အဝေးမှ ကျယ်လောင်သောအသံတစ်ခု ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူတို့ပတ်ဝန်းကျင်တွင် နားကွဲမတတ်ဆူညံသော ရဲကားဥဩသံများ လျင်မြန်စွာ ပေါ်လာခဲ့သည်။
စူပါမားကတ်ကြီးတစ်ခု၏ အပြင်ဘက်တွင် လူအများအပြား စုရုံးနေကြသည်။
အားလုံးသည်လက်ထဲတွင် အုတ်ခဲများနှင့် ကျောက်တုံးများကို စိတ်လှုပ်ရှားစွာ မြှောက်ထားပြီး အဝေးရှိ ဧရာမပြင်သစ်ပြတင်းပေါက်များဆီသို့ရုတ်တရက်ပစ်ပေါက်လိုက်ကြသည်။
တဝုန်းဝုန်းအသံများမှာ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ သူတို့အားလုံးသည် အဝေးရှိ ဧရာမမှန်အား ကျောက်တုံးများနှင့် အုတ်များဖြင့် ဆက်လက်ပစ်ခွဲနေကြသည်။
ဝုန်း...
ရွှစ် ... ရွှစ်...
ဆူညံသံများ ဆက်လက်ထွက်ပေါ်နေပြီး မကြာမီမှာပင် စူပါမားကတ်အဝင်ဝရှိ ပြင်သစ်ပြတင်းပေါက်များမှာကျိုးပဲ့သွားကာ ချက်ချင်းဆိုသလိုပင် မှန်အားလုံးမှာကွဲသွားခဲ့သည်။
လူပေါင်းများစွာသည် ဤမြင်ကွင်းကိုမြင်သောအခါ ချက်ချင်းပင် အတင်းဝင်ရောက်သွားကြသည်။
"ခင်ဗျားတို့ ဘာလုပ်နေတာလဲ ခင်ဗျားတို့ ဘာလုပ်နေတာလဲ အမြန်ထွက်သွားကြ ဒီလောကကြီးမှာ တရားမျှတမှုမရှိတော့ဘူးလား"
စူပါမားကတ်မန်နေဂျာသည် ဤမြင်ကွင်းကိုတွေ့သောအခါ သူ၏မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။
သူသည် မယုံနိုင်လောက်အောင် ကြောက်လန့်နေခဲ့သည်။ ဤလူအုပ်စု စူပါမားကတ်ထဲသို့ဖောက်ထွင်းဝင်ရောက်ပြီး အထဲသို့အတင်းအကြပ်ပြေးဝင်ခြင်းမှ ရပ်တန့်ရန် အလျင်အမြန်ကြိုးစားသော်လည်း အကူအညီမဲ့နေခဲ့သည်။
သူတစ်ယောက်တည်း၏အင်အားမှာ အမှန်တကယ်ပင် အလွန်အားနည်းပြီး မထင်ရှားပေရာ သူသည် အခြေအနေကို ဖြေရှင်းရန် လုံးဝမတတ်နိုင်ခဲ့ပေ။
....................................................................................
အခန်း (၆၆၆) ပြီးပါပြီ။