← Chapters

သန္ဓေပြောင်းသားရဲများ ရောက်ရှိလာခြင်း

Vol. 45 Ch. 667

သန္ဓေပြောင်းသားရဲများ ရောက်ရှိလာခြင်း

Vol. 45 Ch. 667

စူပါမားကတ်ကို လုယက်ပြီး မီးရှို့ချင်နေကြသည့် လူများ အများအပြား ရှိနေသည်။ သူတို့အားလုံး၏ မျက်လုံးများတွင် သွေးရောင်များ လွှမ်းနေပြီး စူပါမားကတ်တစ်ခုလုံးကို တိုက်ရိုက်ဝင်လုချင်နေဟန်ရသည်။ မကြာခင်မှာပဲ၊ လူအုပ်စုမှာ ပြတင်းပေါက်များမှ အလျင်အမြန် ပြေးဝင်လာကြသည်။

သူတို့၏ မျက်လုံးများမှာ လောဘများဖြင့်ပြည့်နေပြီး ပစ္စည်းအားလုံးကို ယူသွားချင်နေကြသည်။ သူတို့သည် ပလတ်စတစ်အိတ်များနှင့် တွန်းလှည်းငယ်များကို အသုံးပြုကာ အိတ်အပြည့်၊ တွန်းလှည်းအပြည့်ထည့်ပြီး အနာဂတ်အသက်အတွက် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် အပြင်သို့ အလျင်အမြန် ပြေးထွက်ရန် ပြင်လိုက်ကြသည်။

ဤမြင်ကွင်းကိုမြင်လိုက်ရချိန်တွင် စူပါမားကတ်မန်နေဂျာ၏ မျက်နှာအမူအရာက လုံးဝပြောင်းလဲသွားသည်။ သူသည် ပတ်ဝန်းကျင်ရှိလူများကို ထိတ်လန့်တကြားကြည့်ပြီး စိတ်မကောင်းဖြစ်သွားဟန်ဖြင့်အကူအညီမဲ့စွာ အော်ဟစ်လိုက်သည်။

“ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို မလုပါနဲ့”

ထိုအခါ စူပါမားကတ်ထဲမှ ပစ္စည်းများ လုယက်နေသူတစ်ဦးက လှောင်ပြောင်သည့် အမူအရာဖြင့် ပြန်ပြောလာခဲ့သည်။

"ဥပဒေလား တရားမျှတမှုလား သန္ဓေပြောင်းသားရဲတွေ ရောက်လာတော့မယ့်အချိန်မှာ ဒီပစ္စည်းတွေက ဘာမှ အဓိပ္ပာယ်မရှိတော့ဘူး"

ထို့နောက် သူက အေးစက်စက် ဆက်ပြောလာသည်။

"သန္ဓေပြောင်းသားရဲတွေရောက်လာတော့မယ် ပြီးတော့ဒီသန္ဓေပြောင်းသားရဲတွေက ဒုတိယအကြိမ်သန္ဓေပြောင်းထားတဲ့ ကြမ်းတမ်းတဲ့ သတ္တဝါတွေ"

"အခုငါတို့ ပစ္စည်းအပြည့်အစုံ မစုထားရင်သန္ဓေပြောင်းသားရဲတွေက မြို့တစ်ခုလုံးကို ဖျက်ဆီးလိုက်တဲ့အခါ ငါတို့ အဆုံးသတ်သွားလိမ့်မယ်"

ထိုသို့ပြောလိုက်သောအခါ ပတ်ဝန်းကျင်ရှိလူများ၏ မျက်နှာအမူအရာများ ရုတ်တရက် ထိတ်လန့်လာကြကာ အသက်ရှူသံများလည်း ပိုမိုမြန်ဆန်လာသည်။ ဤသို့ပြောလိုက်သည်နှင့် သူတို့သည် ပို၍ပင် ကြောက်လန့်ပြီး စိတ်မသက်မသာ ဖြစ်လာကြကာ ပစ္စည်းလုယက်သည့် အရှိန်ကိုလည်း မြှင့်တင်လာကြသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသော စူပါမားကတ်မန်နေဂျာသည် ထိတ်လန့်သွားကာ စိုးရိမ်တကြီး မေးလိုက်သည်။

"မဟုတ်ဘူး... မဟုတ်ဘူး ဒီသတင်းကို ဘယ်က ကြားတာလဲ"

ထိုအခါ တစ်ယောက်ကစိုးရိမ်တကြီးပြောလိုက်သည်။

"မင်းမသိဘူးလား"

"လွန်ခဲ့တဲ့ရက်အနည်းငယ်က သန္ဓေပြောင်းသားရဲတွေက အရင်က မရှိဖူးတဲ့ ဆူပူမှုတွေ လုပ်လိမ့်မယ်ဆိုတဲ့သတင်းကိုမကြားခဲ့ဘူးလား ကျန်းနန်အခြေစိုက်စခန်းတစ်ခုလုံးတောင် ဆိုးဝါးတဲ့အခြေအနေကိုရောက်သွားမယ်လို့တောင်ပြောကြတာ"

"ဒုတိယအကြိမ်သန္ဓေပြောင်းထားတဲ့သားရဲတွေက ဘယ်လိုလဲဆိုတာငါတို့ မသိသေးဘူး။ တကယ်လို့အရင်ကသန္ဓေပြောင်းသားရဲတွေထက် ပိုသန်မာပြီး ထူးခြားတဲ့ စွမ်းရည်အချို့ရှိနေရင်ငါတို့တော့သွားပြီမဟုတ်ဘူးလား"

ထိုသူ ပြောပြီးသောအခါ မန်နေဂျာ၏ မျက်နှာအမူအရာမှာ ကြောက်လန့်သွားပြီး စိတ်မသက်မသာ ဖြစ်သွားသည်။ သူ့ကိုယ်ပေါ်တွင် ကြက်သီးမွှေးညင်းများ ထနေပြီး ကြောက်ရွံ့သွားဟန်ရသည်။ စူပါမားကတ်မန်နေဂျာသည် အံ့သြသွားဟန်ဖြင့်တုံ့ဆိုင်းစွာ မေးလိုက်သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ ကျန်းနန်အခြေစိုက်စခန်းရဲ့ စစ်နတ်ဘုရားတပ်ရင်းကအရင်သတင်းတွေကအတုလို့ပြောခဲ့တယ်မဟုတ်ဘူးလား"

"လူတစ်ယောက်ယောက်က တမင်တကာ ထိတ်လန့်မှုဖြစ်အောင် ကောလာဟလဖြန့်တာလို့ ပြောခဲ့တယ်လေ ကောလာဟလတွေကိုရှင်းပြီးပြီ မဟုတ်ဘူးလား"

ထိုသို့ပြောလိုက်သောအခါ လူအနည်းငယ်၏ မျက်နှာတွင် ချက်ချင်း လှောင်ပြောင်သောအပြုံးများ ပေါ်လာသည်။ ထို့နောက် သူတို့သည် ခေါင်းကိုခါယမ်းပြီး အေးစက်စက်ပုံဖြင့်လှောင်ပြောင်သရော်သည့် အပြုံးဖြင့်ဆိုလာခဲ့သည်။

"ဟဲဟဲ အဲဒီလိုလား"

"အဲဒီသတင်းက တကယ်အမှန်ပဲဆိုတာ ငါပေါ်တင်ပြောရဲတယ်"

"သူတို့ကငါတို့ကို ဒီအကြောင်းကိုမသိစေချင်လို့ တမင်တကာ ကောလာဟလလို့ ပြောခဲ့တာ"

"ကျန်းနန်က နေရာအတော်များများမှာ အက်ကွဲကြောင်းတွေ ပေါ်လာတယ်လို့သတင်းတွေရထားတယ် ဒါကြောင့်သန္ဓေပြောင်းသားရဲတွေ အများကြီးမွေးဖွားလာကြတာ အဲဒါတွေက အရမ်းကိုရက်စက်တယ်"

ပြောလေလေ သူတို့သည် ပို၍ပင် စိုးရိမ်ပူပန်ပြီး စိတ်လှုပ်ရှားလာကြလေဖြစ်သည်။ သန္ဓေပြောင်းသားရဲများ ကျူးကျော်ဝင်ရောက်လာသည့်အခါ ကျန်းနန်အခြေစိုက်စခန်းသည် မည်မျှ ဆိုးဝါးလာမည်ကို ကြိုတွေးထားပုံရသည်။

ထိုအချိန်တွင် စူပါမားကတ်မန်နေဂျာ၏ မျက်နှာအမူအရာသည်လည်း အလွန်တရာ ထိတ်လန့်သွားခဲ့သည်။ သူ၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများနှင့် မတည်မငြိမ်ဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။ ကြောက်ရွံ့မှုက သူ့ကိုချက်ချင်း ဝန်းရံလိုက်ပြီး အသက်ရှူရသည်ပင် မလွယ်တော့ချေ။ အကယ်၍သာ ထိုအခြေအနေအတိုင်းဆိုလျှင် ကမ္ဘာကြီးသည် လုံးဝရှုပ်ထွေးကာ ဖရိုဖရဲဖြစ်သွားမည်မဟုတ်ပေလော။ ခဏတာအတွေးလွန်နေပြီးနောက် စူပါမားကတ်မန်နေဂျာမှာ အလွန်အမင်း ပြင်းထန်သောခွန်အားတို့ ရုတ်တရက်ပေါ်လာခဲ့ကာ စိတ်ပူပန်မှုများဖြင့်နေမရထိုင်မရဖြစ်လာခဲ့သည်။

သူ၏မျက်လုံးများတွင် အလောကြီးမှုများဖြင့်ပြည့်နှက်နေသည်။ ထို့နောက် သူသည် စိတ်လှုပ်ရှားနေဟန်ဖြင့် ကြောက်ရွံ့စွာပြောလာခဲ့သည်။

“ကျန်းနန်အခြေစိုက်စခန်း ဖျက်ဆီးခံရတော့မယ်ဆိုမှတော့ ဒီစူပါမားကတ်အတွက် ဆက်အလုပ်လုပ်နေစရာ အကြောင်းမရှိတော့ဘူး”

"ချီးပဲ လုကြဟေ့"

ထို့နောက် စူပါမားကတ်မန်နေဂျာသည် တွန်းလှည်းအသေးတစ်ခုကို စတင်တွန်းကာလူအုပ်ထဲသို့ အလျင်အမြန်ပြေးဝင်ပြီး သူကိုယ်တိုင်ပင်လုယက်မှုတွင် ပါဝင်လာခဲ့သည်။

လုယက်ခံရသည့် စူပါမားကတ်ကြီးများမှာ ဤတစ်ခုတည်း မဟုတ်ပေ။ အခြားသော စူပါမားကတ်များစွာသည်လည်း အမျိုးမျိုးသော တိုက်ခိုက်မှုများနှင့် ကျူးကျော်မှုများကို ခံနေကြရပေသည်။ စူပါမားကတ်များစွာသည် လုယက်ခံရခြင်းနှင့် မီးရှို့ခံရခြင်းမှ ကာကွယ်ရန် ကြိုတင်သတိပေးမှုများ ပြုလုပ်ပြီး ၎င်းတို့၏ တံခါးများကို ပိတ်ချခဲ့ကြသော်လည်း လူအများအပြားသည် ဆိုင်တံခါးများကို မရမကဖွင့်ပြီး အလျင်အမြန် ပြေးဝင်လာကြဆဲပင်။ သူတို့သည်မြင်သမျှ ပစ္စည်းအားလုံးကို လုယက်ယူငင်သွားချင်ကြသည်။ ဆူပူအုံကြွမှုအပြီးတွင် ကျန်းနန်အခြေစိုက်စခန်းတစ်ခုလုံးသည် ထိတ်ထိတ်ပျာပျာအခြေအနေသို့ ကျရောက်သွားခဲ့သည်။

ဘုန်း

ထိုစဥ်အဝေးတစ်နေရာမှ ကျယ်လောင်သောအသံတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ မြေကြီးထဲမှ တစ်ခုခု ရုတ်တရက် ပေါ်ထွက်လာတော့မည့်အလား မြေပုံငယ်လေးများ ရုတ်တရက် ဖောင်းကြွလာခဲ့သည်။ ထို့နောက် မရေမတွက်နိုင်သော ပုံရိပ်များသည် မြေကြီးထဲမှ အလျင်အမြန် ခုန်ထွက်လာကြသည်။ ဤအရာများသည် အလွန်လျင်မြန်ကာ မျက်စိတစ်မှိတ်အတွင်း မြေကြီးထဲမှ အလျင်အမြန် ခုန်ထွက်လာကြသည်။

သေချာကြည့်လိုက်သောအခါ ၎င်းအရာများသည် ကြွက်များ၊ ပိုးဟပ်များနှင့် အခွံမာရှိသော အင်းဆက်အမျိုးမျိုး ဖြစ်နေခဲ့သည်။ သို့သော်လည်း ဤအင်းဆက်များသည် ၎င်းတို့၏ မူလအရွယ်အစားနှင့် နှိုင်းယှဉ်ပါက အလွန်ကြီးမားနေပေသည်။ ကြွက်တစ်ကောင်၏အရွယ်အစားမှာ ခွေးတစ်ကောင်အရွယ်ရှိကာ အဝေးမှကြည့်လျှင်ပင် ပဲစေ့အရွယ်ရှိသောမျက်လုံးစိမ်းများမှာ ကြောက်မက်ဖွယ်ကောင်းသော အကြည့်များဖြင့် တောက်ပနေသည်။

မူလက အရူးအမူး တိုက်ခိုက်နေကြသူများသည် ဤအရာကိုမြင်သောအခါ ချက်ချင်း ထိတ်လန့်သွားကြသည်။ သူတို့၏ အသက်ရှူသံများမှာမြန်လာခဲ့သည်။ ထို့နောက် ကြောက်ရွံ့စွာ အော်ဟစ်လိုက်ကြပြီး နောက်သို့ လှည့်ကာ အလျင်အမြန် ပြေးကြတော့သည်။

"ပြေး"

အခြားသူများကလည်း ဤမြင်ကွင်းကိုမြင်သောအခါ ချက်ချင်း ထိတ်လန့်သွားကြသည်။ အခြေအနေတွေဟာယခုလိုမျိုးဖြစ်လာလိမ့်မည်ဟု မည်သူမျှမမျှော်လင့်ထားကြပေ။ ဤသည်မှာ တကယ်ကို မထင်မှတ်ထားသော အခြေအနေတစ်ခုပင်။

ဤသန္ဓေပြောင်းသားရဲများကို မြင်ပြီးနောက် လူအုပ်စုမှာ သူတို့အစောပိုင်းက ခိုးယူထားသောအစားအစာတွေကို ချက်ချင်း လွှင့်ပစ်ပြီး အရူးအမူး ပြေးကြတော့သည်။ အစားအသောက်ထက် သူတို့ရဲ့ အသက်က ပိုအရေးကြီးပေသည်။ အနာဂတ်မှာ တခြားအရာတွေ လုပ်ဖို့ရာအတွက် သူတို့ အသက်ရှင်နေရန်လိုပေသည်။

မရေမတွက်နိုင်အောင် များပြားသောအင်းဆက်များမှာ မြေကြီးထဲကနေ အလျင်အမြန် ခုန်ထွက်လာကြသည်။ ထို့နောက်ရူးသွပ်နေသလိုမျိုး အလျင်အမြန်အဝေးသို့ပြေးလာကြသည်။ မကြာခင်မှာပင် အင်းဆက်များမှာအဝေးကမှ လူအုပ်ဆီကို ပြင်းပြင်းထန်ထန် ပြေးဝင်လာခဲ့ကြသည်။

“ဝူး... အာ.. အာ"

လူအုပ်စုမှာ ဤအင်းဆက်များအားမြင်သောအခါ ချက်ချင်းပင်ကြောက်လန့်သွားခဲ့ကြသည်။ သူတို့သည် အော်ဟစ်ကာဦးတည်ရာအနှံ့ထွက်ပြေးကြတော့သည်။ ကံကောင်းသူအချို့မှာ လျင်မြန်စွာ လွတ်မြောက်သွားကြသော်လည်း နှေးကွေးသူအချို့မှာ အင်းဆက်များ၏ ခုန်အုပ်ခြင်းကိုခံလိုက်ရကာ မြေပြင်ပေါ်သို့လဲကျသွားသည့်အချိန်တွင် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ခေါင်းများအား ကိုက်ဖြတ်ခြင်းကို ခံလိုက်ကြရပေသည်။

....................................................................................

အခန်း (၆၆၇) ပြီးပါပြီ။

All Chapters