သန္ဓေပြောင်းသားရဲများအား ဖျက်ဆီးခြင်း
Vol. 45 Ch. 669
ရက်စက်ကြမ်းကြုတ်သော စွမ်းအင်တစ်ခုသည် ပတ်ဝန်းကျင် မိုင် ၅၀ အတွင်းကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။
အလွန်အမင်း ဖိနှိပ်ချုပ်ချယ်မှုရှိသော စွမ်းအင်တစ်ခု ပျံ့နှံ့လာပြီး အော်ဟစ်သံနှင့်အတူ တရကြမ်းဝင်ရောက်လာရာ လူတိုင်းအားအလွန်အမင်းထိတ်လန့်သွားစေခဲ့သည်။
လူတိုင်းသည် ထိုဝက်ဝံကြီး၏ ဖိအားကြောင့် လွှမ်းမိုးခံလိုက်ရသည်။ ၎င်းတို့၏ မျက်နှာများသည် ကြောက်လန့်တုန်လှုပ်ကာ တုန်ယင်နေကြပြီး အသက်ရှူနှုန်း မြန်လာကာ ခေါင်းများလည်း ထူပူလာကြသည်။
၎င်းတို့၏ မျက်နှာများတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်နေသည်။ ထွက်ပြေးဖို့ အခွင့်အရေးပင် မရလိုက်ကြဘဲ မြေပြင်ပေါ်သို့ လဲကျသွားကြကာ ထ၍ ထွက်ပြေးရန်ပင် မရဲကြပေ။
ပြင်းထန်သော ဖိအားတစ်ခုသည် အော်ဟစ်သံနှင့်အတူ ၎င်းတို့အားဖုံးလွှမ်းလာပြီး မလှုပ်ရှားနိုင်အောင် ဖိနှိပ်ခံထားရသည်ဟု ခံစားလိုက်ရသည်။
ဧရာမဝက်ဝံကြီးသည် အော်ဟစ်လိုက်ပြီး ခေါင်းအရွယ်အစားရှိသော ၎င်း၏ မျက်လုံးများကို ပြူးကျယ်ကာကြည့်နေခဲ့သည်။ ၎င်း၏ အသက်ရှူသံများမှာမြန်လာကာ ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်သည်။ ထို့နောက် ကြမ်းကြုတ်သောအသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
ဤမြင်ကွင်းသည် အမှန်ပင် ထိတ်လန့်စရာကောင်းလှသည်။ တစ်မဟုတ်ချင်းမှာပင် ကျန်းနန်စစ်အခြေစိုက်စခန်းတစ်ခုလုံတွင် ဆိုးရွားသောကြေက်ရွံ့မှုများဖြင့်ပြည့်လာခဲ့သည်။
ထိတ်လန့်တုန်လှုပ်မှုက ၎င်းတို့ကို လွှမ်းမိုးသွားသည်။ လူတိုင်းသည် အရင်က မခံစားဖူးသော ဖိအားကို ခံစားလိုက်ကြရသည်။
သို့သော် ၎င်းတို့ မထွက်ပြေးမီမှာပင် သန္ဓေပြောင်းသားရဲများ၏ ဒေါသတကြီး အော်ဟစ်သံများကို ရုတ်တရက် ကြားလိုက်ရသည်။ ၎င်းတို့သည် ကောင်းကင်တစ်ခုလုံးကို ဆွဲဆုတ်ပစ်တော့မည့်အလားပင်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ပတ်ဝန်းကျင်ရှိ မြို့သူမြို့သားများမှာ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။
၎င်းတို့၏ အသက်ရှူသံများမှာ မြန်ဆန်လာသည်။ ထို့နောက် ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်လာကာ အဝေးမှမြင်ကွင်းကို အလွန်အမင်းကြောက်ရွံ့စွာဖြင့် ကြည့်နေကြသည်။
သို့သော်ချက်ချင်းပင် ပို၍ပင် ထိတ်လန့်စရာကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။
ဧရာမဝက်ဝံသားရဲကြီးသည် ကောင်းကင်သို့မော့ကာ ရုတ်တရက် အော်ဟစ်လိုက်ပြီး အလွန်ကြီးမားသောခွန်အားကို ထုတ်လွှတ်လိုက်သည်။
၎င်းမှာ မြေပြင်ပေါ်ရှိ သန္ဓေပြောင်းကြွက်များနှင့် ပိုးဟပ်အစုအပုံများကိုဆွဲယူပြီး ၎င်း၏ ပါးစပ်ထဲသို့ပစ်ထည့်ကာ ဝါးစားပစ်ခြင်းပင်ဖြစ်သည်။
သွေးများမှာ ချက်ချင်းနေရာအနှံ့ပျံ့နှံ့လာခဲ့သည်။ မကြာမီတွင် ဧရာမဝက်ဝံသားရဲကြီးသည် သန္ဓေပြောင်းသားရဲအားလုံးကို ဘာမျှမကျန်အောင် စားပစ်လိုက်သည်။
လူအများအပြားသည် ဤအဖြစ်ကို မြင်လိုက်ရသောအခါ ကြောက်လန့်လွန်း၍ ၎င်းတို့၏ အသက်ရှူသံများမှာ ချက်ချင်း မြန်ဆန်လာသည်။ ၎င်းတို့သည် စိတ်ဓာတ်ကျနေပုံရပြီး ၎င်းတို့၏ ခေါင်းများလည်း ထူပူနေကြသည်။
လူအုပ်ကြီးသည်မျက်နှာများ ဖြူဖတ်ဖြူလျော်ဖြစ်ကာ သေချာစွာ အသက်ရှူမရသည်အထိ ကြောက်လန့်နေခဲ့ကြသည်။ ၎င်းတို့၏ မျက်နှာအမူအရာများမှာသိသိသာသာပြောင်းလဲသွားပြီး ကြောက်ရွံ့မှုလွန်ကဲကာ လှုပ်ရှားရဲခြင်း မရှိကြပေ။
မကြာမီတွင် ဧရာမဝက်ဝံကြီးသည် တစ်မီတာပတ်လည်အတွင်းရှိ ကြွက်များနှင့် ပိုးဟပ်အားလုံးကို ဆွဲဖြဲပစ်လိုက်သည်။
ဝါးစားနေသည့်အသံသာ လေထဲတွင် ကြားနေရပြီး တဂျွတ်ဂျွတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
တစ်မဟုတ်ချင်းမှာပင် ပတ်ဝန်းကျင်ရှိ လူအများအပြားသည် ကြောက်လန့်လွန်း၍ ကြက်သီးမွှေးညင်းများ ထလာကြသည်။
ဤအသံမှာ ပြင်းထန်လွန်း၍ လူတိုင်းရဲ့မျက်နှာများမှာ ကြောက်ရွံ့မှုကြောင့် ဖြူဖတ်ဖြူလျော်ဖြစ်သွားကြသည်။ ၎င်းတို့၏ အသက်ရှူသံများ မြန်ဆန်လာပြီး ၎င်းတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် မငြိမ်မသက်မှုများ ဖြင့်ပြည့်နှက်နေသည်။
မြို့တစ်ခုလုံး အော်ဟစ်သံများနှင့် အချက်ပေးနှိုးဆော်သံများ ထွက်ပေါ်လာသည်။
"မြို့သူမြို့သားများခင်ဗျာ ဧရာမဝက်ဝံသားရဲကြီးဟာ ကျန်းနန်အခြေစိုက်စခန်းတစ်ခုလုံးကို လက်ရှိ ဖျက်ဆီးနေပါတယ် မြို့သူမြို့သားများအနေနဲ့ ဘေးကင်းရာနေရာကို အမြန်ဆုံး ထွက်ပြေးကြပြီး အပြင်ကို မထွက်ကြပါနဲ့"
တစ်ချိန်တည်းမှာပင် စစ်နတ်ဘုရားတပ်ရင်းလည်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။
ကျူးဇောင်သည် ဤသတင်းကို သိရှိပြီးနောက် ဧရာမဝက်ဝံသားရဲကြီးဖျက်ဆီးနေသည့်နေရာသို့ အဖွဲ့တစ်ဖွဲ့အားဦးဆောင်ကာချက်ချင်းရောက်လာခဲ့သည်။
ဖော်ပြ၍မရလောက်အောင် သွေးထွက်သံယိုဖြစ်နေသော ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ကျူးဇောင်၏ နှလုံးသားမှာ နာကျင်လာသည်။
ကိစ္စများမှာယခုလိုဖြစ်လာမည်ဟု သူ တကယ်မထင်ထားခဲ့ပေ။ ယခုလို ကြမ်းကြုတ်သော သေန္ဓပြောင်းသားရဲများမှာ မြို့အသီးသီးတွင် တကယ်ကို ပေါ်လာခဲ့သည်။
သူ့လက်အောက်ငယ်သား၏ မျက်နှာအမူအရာလည်း မည်းမှောင်သွားခဲ့သည်။ ဤကြီးမားသော ဧရာမဝက်ဝံသားရဲကြီးကို ကြည့်လိုက်တဲ့အခါ သူ့ရဲ့ အမူအရာက ချက်ချင်းတုန်ယင်သွားခဲ့သည်။ ထို့နောက် လက်အောက်ငယ်သားဖြစ်သူက မျက်နှာဖြူဖတ်ဖြူလျော်ဖြင့် ပြောလိုက်သည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ..."
"ဒီဧရာမဝက်ဝံသားရဲကြီးက အမှန်တကယ်ပဲ ၁၀ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ကို ရောက်နေပြီ ကျွန်တော်တို့ ဒီသားရဲကို တကယ်ပဲ ရင်ဆိုင်နိုင်ပါ့မလား..."
ကျူးဇောင်၏ မျက်နှာအမူအရာသည်အလွန်လေးနက်သွားခဲ့သည်။ မျက်လုံးဝေ့ကြည့်လိုက်ပြီးနောက် သူ၏အမူအရာမှာ ပျက်ယွင်းသွားခဲ့သည်။ သူ့မျက်လုံးများသည် လေးနက်နေပြီး တည်ငြိမ်စွာပြောလိုက်သည်။
"၁၀ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်..."
"ကြိုးစားကြည့်တာပေါ့ အခုက ဒီဧရာမဝက်ဝံသားရဲကြီး တစ်ကောင်ပဲ ရှိသေးတာ ငါတို့ ပိုပြီး ကြိုးစားကြမယ်ဆိုရင် သူ့ကို ရင်ဆိုင်နိုင်လိမ့်မယ်"
ကျူးဇောင်မှာပြောနေစဉ်မှာပင် သူ့ခါးမှ အလွန်ထက်ရှသော ဓားတစ်ချောင်းကို ထုတ်လိုက်သည်။ ဓားသည် အေးစက်သော အလင်းရောင်နှင့် တဖျပ်ဖျပ်လက်နေပြီးသိပ်မကြာတော့သည့်အချိန်အတွင်း ဤဧရာမဝက်ဝံသားရဲကြီး၏ ခေါင်းကို ဖြတ်ပစ်တော့မည့်အလားပင်။
ဤမြင်ကွင်းအားမြင်လိုက်သောအခါ ကျူးဇောင်ဘေးမှ လက်အောက်ငယ်သားအနည်းငယ်လည်း အလွန်သတိထားလာကြသည်။
၎င်းတို့ လက်နက်များကို ထုတ်ယူလိုက်ပြီး ၎င်းတို့သည်စိတ်ဓာတ်ကျနေသော အမူအရာများဖြင့် အဝေးကို ကြည့်လိုက်ကြသည်။
ယခုတစ်ကြိမ်ရုန်းရင်းဆန်ခတ်မှုမှာ သေကျေပျက်စီးမှုပေါင်းသောင်းချီကာအလွန် ကြေကွဲစရာကောင်းလှသည်။
ဤသေးငယ်သော သန္ဓေပြောင်းသားရဲများ၏တိုက်ခိုက်နိုင်စွမ်းက ဧရာမဝက်ဝံကြီးထက် နိမ့်ကျသော်ငြား ၎င်းတို့၏အရေအတွက်မှာအများကြီး ရှိနေသောကြောင့်မည်သူမှ ဤကိစ္စကို ဖြေရှင်းနိုင်စွမ်း မရှိပေ။
လက်ရှိတွင်သူတို့သည် သန္ဓေပြောင်းသားရဲအသေးများကိုပင်မရှင်းထုတ်ရသေးခင်တွင် ယခုလို ဧရာမဝက်ဝံသားရဲကြီး ပေါ်လာခြင်းသည် ၎င်းတို့အတွက်ပိုဆိုးသွားစေပေသည်။
ဧရာမဝက်ဝံကြီး ရူးသွပ်သွားပါက ပိုပြီး ဆိုးရွားသောသေကျေပျက်စီးမှုများ ဖြစ်လာနိုင်ပေသည်။
သန္ဓေပြောင်းသားရဲများမှ လူသားများအားစားသောက်နေခြင်းသည် တကယ်ကို ကြောက်စရာကောင်းလှပေသည်။ ဤအကြောင်းကို သိလိုက်ရချိန်တွင် အရပ်သားအားလုံးမှာ ကြောက်လန့်သွားခဲ့ကြသည်။
ထိုအချိန်မှသာ ကမ္ဘာပျက်သည်ဟူသော ဝေါဟာရအား အမှန်တကယ် နားလည်သွားကြပြီး ပြင်းထန်သောမျှော်လင့်ချက်ကင်းမဲ့မှုအားခံစားလိုက်ကြရသည်။
ကျူးဇောင်သည် အဝေးကို ကြည့်လိုက်ပြီး သူ့ရဲ့ မျက်လုံးများမှာချက်ချင်း လေးနက်သွားသည်။
အကြောင်းမှာ အဝေးရှီ ဆယ်မီတာနီးပါးမြင့်မားသည့် ကြီးမားတဲ့ ဝက်ဝံညိုကြီးက ၎င်းတို့ဆီကို အရှိန်အဟုန်ပြင်းစွာ ပြေးလာနေပေသည်။
"အဲဒါ ဧရာမဝက်ဝံသားရဲကြီးပဲ သားရဲကြီး ရောက်လာပြီ"
"ငါတို့ တော့ မျှော်လင့်ချက်မရှိတော့ဘူး ဒီတစ်ခါ ငါတို့ သေပြီ"
"ပြေး ပြေးကြ မပြေးရင်မမီတော့ဘူး"
"ဘာမှမတတ်နိုင်ဘူး ငါတို့ မပြေးနိုင်ဘူး ၁၀ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ဝက်ဝံသားရဲကြီးဆီကနေ ဘယ်သူမှ မပြေးနိုင်ဘူး..."
"ငါတို့ တော့သွားပြီ ငါတို့တော့သေချာပေါက်သေတော့မှာ..."
"ကျန်းနန်အခြေစိုက်စခန်းတစ်ခုလုံး ပျက်စီးတော့မယ် ငါတို့ ထွက်ပြေးရင်တောင် အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး"
"ငါတို့ ဒီလောက် လွယ်လွယ်နဲ့ အရှုံးမပေးနိုင်ဘူး သေရမယ်ဆိုရင်တောင် ဒီသန္ဓေပြောင်းသားရဲတွေရဲ့ ပါးစပ်ထဲမှာ မသေနိုင်ဘူး"
"ဟုတ်တယ် ငါတို့မျှော်လင့်ချက်နဲ့ အသက်ရှင်ရမယ် ဒီကိစ္စကြောင့် ဒီလောက် လွယ်လွယ်နဲ့ အရှုံးမပေးနိုင်ဘူး..."
"ငါတို့ တော့သွားပြီ ငါတို့ သေမှာ သေချာတယ်လို့ အခုချိန်ထိ ဘယ်သူမှ လာမကူညီကြသေးဘူး ငါတို့မှာ လွတ်လမ်း ရှိသေးရဲ့လား"
"မင်းတို့ စစ်နတ်ဘုရားတပ်ရင်းရဲ့ ကောင်းကင်ဘုံဘုရင်ကျူး ရောက်နေတာ မတွေ့ကြဘူးလား သူ ဟိုနားမှာ"
လူအုပ်ကြီးသည် အသံလာရာသို့ ကြည့်လိုက်သောအခါ ကျူးဇောင်ကအဖွဲ့တစ်ဖွဲ့အား ဦးဆောင်လာတာကို တွေ့လိုက်ရသည်။
"ကောင်းကင်ဘုံဘုရင်ကျူး! ဒါပေမဲ့... သူ ရောက်လာရင်တောင် သူတို့အဖွဲ့ကလူအရမ်း နည်းလွန်းတယ် ငါတို့ ဒီဧရာမဝက်ဝံသားရဲကြီးကို ရင်ဆိုင်ဖို့ နည်းလမ်းမရှိဘူး"
"တခြားနေရာတွေမှာလည်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေတယ်လို့ ငါ ကြားတယ်..."
လူတိုင်းမှာ အံ့အားသင့်နေကြသည်။ တစ်ချိန်တည်းမှာပင် လျှို့ဝှက်အခန်းတစ်ခုတွင် အမျိုးသားတစ်ဦးသည် နောက်ဆုံးကျောက်စာတိုင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
....................................................................................
အခန်း (၆၆၉) ပြီးပါပြီ။