လျှို့ဝှက်ဆန်းကြယ်သော အဘိုးအို
Vol. 45 Ch. 570
ကျိုးဟောင်သည် ၁၃ခုမြောက် ရှေးဟောင်းအပျက်အစီးများထဲတွင် ရှိနေဆဲဖြစ်ပြီး၊ ယခုအခါတွင် ကျောက်စာတိုင်တစ်ခုသာ ကျန်တော့သည်။
သို့သော်လည်း ကျိုးဟောင်အတွက် ထိုကျောက်စာတိုင်ကို ချိုးဖောက်ရန် အလွန်ခက်ခဲနေဆဲ ဖြစ်သည်။
“အပြင်မှာ ဆယ်လကျော်သွားပြီ အဖေ အမေနဲ့ တခြားသူတွေ အဆင်ပြေကြရဲ့လား မသိဘူး ရှုလင်ရော အဆင်ပြေပါ့မလား မသိဘူး သူတို့ ငါ သေသွားပြီလို့ သေချာပေါက် ထင်နေကြတော့မှာ”
ကျိုးဟောင်သည် အလွန်စိုးရိမ်ပူပန်နေသော်လည်း တကယ်ကို အကူအညီမဲ့နေခဲ့သည်။ အမှန်ဆိုရလျှင် သူသည် အစွမ်းကုန် အသုံးပြုပြီးသားဖြစ်သော်လည်း ရလဒ်က အတူတူပင် ဖြစ်နေသည်။
“ဒီအတိုင်းဆိုရင် ဖြည်းဖြည်းချင်းပဲ သွားရတော့မယ် ထင်တယ်”
ကျိုးဟောင်မှာအသက်ပြင်းပြင်း ရှူလိုက်ပြီး ဆက်လက် လေ့ကျင့်နေခဲ့သည်။
မကြာမီ နေ့တစ်ဝက်ကြာပြီးနောက် ကျိုးဟောင်သည် နောက်ဆုံးတွင် လက်သီးထိုးလိုက်ပြီး ကျောက်စာတိုင်ကို ချက်ချင်းချိုးပစ်လိုက်သည်။
ဤအချိန်တွင်ပင် လျှို့ဝှက်အခန်းသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ သို့သော်လည်း နောက်တစ်စက္ကန့်တွင် ကျူးဟောင်သည် အပြင်၌ မပေါ်လာဘဲ အလွန်ထူးဆန်းသော နေရာသို့ ရောက်ရှိသွားခဲ့သည်။
ဤနေရာတွင် မြေပြင်နှင့် ချိတ်ဆက်ထားသည့် အလွန်ထူးဆန်းသော သံလိုက်စက်ကွင်းတစ်ခု ရှိနေသည်။
ကျိုးဟောင်လျင်အမြန် လျှောက်သွားလိုက်ရာ ချက်ချင်းပင် အလွန်ထိတ်လန့်သွားခဲ့သည်။
သူ ရောက်ရှိနေသည့် နေရာတွင် မြေပြင်နှင့် ဆက်စပ်နေသည့် ကြီးမားသော အပေါက်ကြီးတစ်ခု ရှိသည်။ ထိုအောက်မှ ထူးဆန်းသောစွမ်းအင်အတက်အကျလှိုင်းများအဆက်မပြတ် ထွက်ပေါ်နေသည်။
ထိုလှိုင်းလုံးများသည် ကျိုးဟောင် ကျောက်စာတိုင်ပေါ်တွင် အာရုံခံမိသော လှိုင်းလုံးနှင့် အတူတူပင်ဖြစ်သည်။
“ဒါ ဘာကြီးလဲ”
ကျိုးဟောင်၏ မျက်နှာအမူအရာသည် ချက်ချင်းပင်သိသိသာသာပြောင်းလဲသွားပြီး ဘာတွေဖြစ်နေမှန်း နားမလည်တော့ပေ။
သူ သေချာ ဂရုတစိုက် လှည့်ပတ်ကြည့်လိုက်သည်။ မြေအောက်ချောက်နက်ကြီးသည် အဆုံးမရှိလောက်အောင် နက်ရှိုင်းနေပေရာ ကျိုးဟောင်လည်းစစ်ဆေး၍ မရနိုင်ပေ။
“ဒါက... တကယ်ပဲ လေ့ကျင့်ရေးစခန်းတစ်ခုလား”
ကျိုးဟောင်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤနေရာသည် သူထင်ထားသလောက် မရိုးရှင်းဘူးဟု သူ့စိတ်ထဲ၌ ခံစားမိပေသည်။
“ပထမဆုံး ငါဝင်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့နယ်မြေ အခု ဒီနေရာ ဘာတွေဖြစ်နေတာလဲ”
ကျိုးဟောင်မှာ အလွန်စိတ်ဓာတ်ကျနေသော်လည်း ဘာမှ မတတ်နိုင်တော့ပေ။ ယခုအချိန်တွင် သူသွားနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းမှာ ဤနက်နဲသော ချောက်ကြီးအောက်ရှိ အက်ကွဲကြောင်းဥမင်လှိုဏ်ခေါင်းသာဖြစ်သည်။ ကျိုးဟောင် မသွားချင်လှျင်တောင် ဒီနေရာမှာပဲ နေလို့ရပေလိမ့်မည်။
အခြားသွားနိုင်သည့် လမ်းကြောင်းများ ရှိမရှိ ကြည့်ရန် ကြိုးစားခဲ့သော်လည်း စိတ်ပျက်စရာကောင်းသည်မှာ မရှိတော့ပေ။ သူသည် ဤချောက်ထဲသို့ ဝင်ရန်သာ ရွေးချယ်နိုင်တော့သည်။
“သေစမ်း ဒီလိုမှန်း သိရင် တကယ်ကိုမလာခဲ့ဘူး"
ကျိုးဟောင်မှာအလွန်စိတ်ဓာတ်ကျနေသော်လည်း ဆုံးဖြတ်ချက်ခိုင်ိခုင်မာမာဖြင့်ခုန်ချရန် ရွေးချယ်လိုက်သည်။
ကျိုးဟောင်၏ ခန္ဓာကိုယ် အောက်သို့ ဆင်းသက်သွားသည့်အခါလွှမ်းခြုံလာသည့် ထူးဆန်းသောစွမ်းအင်အတက်အကျလှိုင်းများက သူ့အား မျက်မှောင်ကြုတ်သွားစေခဲ့သည်။
ဤစွမ်းအင်က ကျိုးဟောင်အားအလွန်မသက်မသာဖြစ်စေသည်။
မကြာမီတွင် ကျိုးဟောင်သည် အောက်သို့ ရောက်လာခဲ့သည်။ ပုပ်သိုးနေသည့် စွမ်းအင်တစ်ခုသည် ဤနေရာတွင် ချက်ချင်း စုစည်းနေသည်။ ၎င်းသည် အလွန်ရှေးကျပေသည်။
ကျိုးဟောင်မှာအသက်ပြင်းပြင်း ရှူလိုက်သည်။ ဤနေရာမှာ မှောင်မိုက်နေပြီး ဘာမှ မမြင်ရပေရာ ကျိုးဟောင်အာားနည်းနည်း ကြောက်လန့်စေသည်။ သူ လက်ဝှေ့ယမ်းလိုက်ပြီးအလင်းရောင်ဖန်တီးကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
ဤနေရာသည် စွန့်ပစ်ထားသော နေရာတစ်ခုဖြစ်ပြီး အပျက်အစီးများဖြင့် ပြည့်နှက်နေပုံရသည်။မနီးမဝေးတွင်သံကြိုးများစွာဖြင့် ချိပ်ပိတ်ထားသော ကြီးမားသော ကျောက်တံခါးတစ်ခု ရှိနေသည်။
ဤသံကြိုးများသည်ကျိုးဟောင်၏ မျက်နှာအမူအရာကိုသိသိသာသာပြောင်းလဲသွားစေခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မူလကျောက်စာ၏ စွမ်းအင်ကို သယ်ဆောင်ထားသောကြောင့် ဖြစ်သည်။
“ထပ်ပြီးမူလကျောက်စာရဲ့ စွမ်းအင်တွေ တွေ့ပြန်ပြီ”
ကျိုးဟောင်မှ,အံ့အားသင့်သွားပြီး ဤသံကြိုးသည် မိုးပြာရောင်နဂါးကို ချည်ထားသည့် သံကြိုးနှင့် အတူတူပင်ဖြစ်ကြောင်း မယုံရဲဖြစ်နေသည်။
“ဒါ ဘယ်နေရာလဲ"
ကျိုးဟောင်မှာအလွန်သိချင်စိတ်ပြင်းပြနေသည်။ ဤကိစ္စက မိုးပြာရောင်နဂါးဘုရင်နှင့် အတူတူဆိုပါက ဟွမ်နှင့်ပတ်သက်နေနိုင်ခြေများပေသည်။
ကျိုးဟောင်သည် ဤ ၁၃ခုမြောက် အပျက်အစီးတွင် သေချာပေါက်လျှို့ဝှက်ချက်တစ်ခုရှိရမည်ဟု ခံစားမိလိုက်သည်။ မဟုတ်ပါက သူ ဒီနေရာကို ရောက်လာမည်မဟုတ်ပေ။
သူ ကျောက်တံခါးနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လိုက်သည်။ ကျောက်တံခါးသည် သံကြိုးများဖြင့် ချိပ်ပိတ်ထားသော်လည်း သူသည် အတွင်းသို့ လျှောက်သွားနိုင်နေသည်။ သို့သော်လည်း မူလကျောက်စာ၏ စွမ်းအား တို့ဖြင့်ပြည့်နှက်နေသောကြောင့် သာမန်လူများသည် အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိပေ။
“ဒီအငွေ့အသက်နဲ့ သူ့ရဲ့ အဟန့်အတားကသူတော်စင်ဘုံအဆင့်နဲ့ နီးစပ်တယ် စီနီယာကျိတောင် ဒီကိစ္စကို ဘာမှ လုပ်နိုင်မှာ မဟုတ်လောက်ဘူး"
ကျိုးဟောင်မှာ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူသည်ဘာစကားမှ မပြောဘဲ မူလကျောက်စာ၏ စွမ်းအားကို ချက်ချင်း အသုံးပြုကာ ကျောက်တံခါးအတွင်းသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်သွားခဲ့သည်။
အတွင်းသို့ လျှောက်ဝင်သွားပြီးနောက် ပတ်ဝန်းကျင်သည် ချက်ချင်း ပြောင်းလဲသွားသည်။ ကျိုးဟောင်သည် ကြီးမားသော ယဇ်ပလ္လင်တစ်ခုကိုလည်း တွေ့လိုက်ရသည်။ ထိုယဇ်ပလ္လင်ပေါ်တွင် အမျိုးသားတစ်ဦးသည် ခြေချိတ် ထိုင်နေသည်။
ဤအမျိုးသားသည် အချိန်ကာလမည်မျှကြာအောင် ဤနေရာတွင် ထိုင်နေသည်ကို မသိရပေ။ သူသည် အသက်ကြီးရင့်နေပြီး ပုပ်သိုးနေသည့်အငွေ့အသက်များဖြင့် ပြည့်နှက်နေသော်လည်း ၎င်း၏ကျင့်ကြံမှုအဆင့်က ကြောက်မက်ဖွယ်ကောင်းသည်။
သူတော်စင်ဘုံအဆင့် ၎င်းသည် သူတော်စင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်သည်။
သူတော်စင်ဘုံအဆင့်သည် ထိုစွမ်းအင်ကို အာရုံခံမိပြီးနောက် အစွမ်းထက်သော သေခြင်းတရားအငွေ့အသက်ကို ခံစားလိုက်ရသည်။
ဤပညာရှင်၏လက်ဖြင့်ထိလိုက်ရုံဖြင့် ချက်ချင်း သေဆုံးသွားမည့်အလားခံစားရပေသည်။
ကျိုးဟောင်မှာအလွန်အမင်းထိတ်လန့်သွားခဲ့သည်။ ဤအဖိုးအိုသည် သေပြီလား ရှင်နေသေးလားဆိုသည်ကို သူ မသိသေးပေ။ ခဏတာ တွန့်ဆုတ်ပြီးနောက် သူသည် အနီးသို့လျှောက်သွားခဲ့သည်။
“စီနီယာ”
ကျူးဟောင် ညင်သာစွာ ခေါ်လိုက်သည်။ သူ့စကားဆုံးသည့်နောက် ထိုအဖိုးအိုသည်တကယ်ပင်အနည်းငယ် လှုပ်ရှားလာခဲ့သည်။ သူသည်စကားမပြောသော်လည်း သူ့ခန္ဓာကိုယ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
“နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ ဒီနေရာကို တကယ်ပဲ တစ်ယောက်ယောက် ရှာတွေ့ခဲ့ပြီ ဒါ တကယ် မလွယ်ကူဘူး"
ကျိုးဟောင်မှာ ဤစကားအား ကြားလိုက်သောအခါ ချက်ချင်း အံ့အားသင့်သွားခဲ့သည်။
“စီနီယာက အသက်ရှင်နေသေးတာလား”
ထိုအဘိုးအိုမှာ သက်ပြင်းချလိုက်သည်။
“အသက်ရှင်နေတာလား... ငါတော့အဲဒီလို ထင်တာပဲ ဒါပေမဲ့ အပြည့်အဝတော့ မဟုတ်ဘူး ငါ့ရဲ့ ခွန်အားတွေကိုကန့်သတ်ချက်ကို ဖိနှိပ်ဖို့ အသုံးပြုလိုက်တယ် ဆယ်စုနှစ်များစွာကြာနေပြီ ဒီနေရာကနေ ဘယ်တော့မှ မထွက်ခဲ့ရဘူး”
အသံက အလွန်တည်ငြိမ်နေသော်လည်း ကျိုးဟောင်သည် အခြားတစ်ဖက်မှ အမှောင်ထဲတွင် ဆယ်စုနှစ်များစွာအတွင်း အထီးကျန်မှုများစွာ ကြုံတွေ့ခဲ့ရသည်ကို သိပေသည်။
သူ မယုံနိုင်ဖြစ်နေခဲ့သည်။
“စီနီယာက ဒီမှာ ဘာကို ဖိနှိပ်ထားတာလဲ”
ကျိုးဟောင်မှာ သံသယဖြင့်မေးလိုက်သည်။
“ပြင်ပအာကာသက သေန္ဓပြောင်းသားရဲတစ်ကောင်ဖြစ်တဲ့ အာကာသသားရဲပဲ "
အဖိုးအိုက လေးနက်စွာ ပြောလိုက်ရာ ကျိုးဟောင်မှာအနည်းငယ် တုန်လှုပ်သွားခဲ့သည်။
“အာကာသသားရဲ အဲဒါ ဘယ်လိုသန္ဓေပြောင်းသားရဲမျိုးလဲ"
ကျိုးဟောင်မှာ နားမလည်ဘဲ အလွန်အံ့သြနေသည်။
“သူတို့က ပြင်ပအာကာသမှာ အမြင့်မြတ်ဆုံး မျိုးနွယ်စုပဲ သူတို့ရဲ့ ခန္ဓာကိုယ်တွေက အင်မတန် အစွမ်းထက်တာကြောင့် အာကာသထဲမှာ လှည့်လည်သွားလာနိုင်တယ် ဒါကြောင့်လည်း သူတို့ကိုအာကာသသားရဲလို့ ခေါ်ကြတာပေါ့"
“သူတို့မှာ နှစ်တစ်ထောင် ကြာတဲ့ အမွေဆက်ခံမှုတွေ ရှိပြီး သူတို့ရဲ့ သွေးမျိုးဆက်ထဲမှာ မျိုးဆက်တိုင်းရဲ့ မှတ်ဉာဏ်တွေ ပါဝင်တယ်အာကာသသားရဲတွေက ပြင်ပအာကာသမှာ အရမ်း မြင့်မြတ်တဲ့ မျိုးနွယ်စုဝင်တွေပဲ မွေးဖွားကတည်းက စကြဝဠာရဲ့ ပထမအဆင့်အသက်ပုံစံတွေ ဖြစ်နေကြပြီ... ဒီလို မြင့်မြတ်တဲ့အသက်ပုံစံဟာ နဂါးငွေ့တန်းစနစ်ရဲ့ အိပ်မက်ဆိုးတစ်ခုပဲ"
“ကံကောင်းစွာနဲ့ပဲ သူဟာ ကမ္ဘာဂြိုဟ်ကိုရောက်လာခါစဖြစ်ပြီးတော့ မွေးကင်းစအဆင့်မှာပဲရှိသေးတယ် ငါတို့ ရှာတွေ့ပြီးနောက် မူလကျောက်စာရဲ့ စွမ်းအားကို အသုံးပြုပြီး ဆယ်စုနှစ်များစွာကြာအောင်သူ့ကိုချိပ်ပိတ်ထားခဲ့တယ် ဒါပေမဲ့... မူလကျောက်စာရဲ့ စွမ်းအားက ပိုပြီး အားနည်းလာနေပြီး သူ့ရဲ့ ခွန်အားက ပိုပြီး အစွမ်းထက်လာနေတယ် သူ့ကို ငါ ချိပ်ပိတ်ဖို့ အခုဆို အရမ်းခက်ခဲနေပြီ”
ဤစကားကို ပြောပြီးနောက် ကျိုးဟောင်သည် ယဇ်ပလ္လင်မှာချက်ချင်း လင်းလက်လာသည်ကို မြင်လိုက်ရသည်။ ထို့နောက် ၎င်းတို့၏ ခြေထောက်အောက်ရှိ မြေပြင်သည် မှန်ကဲ့သို့ ကြည်လင်လာပြီး ကျိုးဟောင်အား အောက်ဖက်ရှိ အဆုံးမရှိသော အမှောင်ထုကို မြင်ရစေသည်။
ကျိုးဟောင်သည် မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။
၎င်းသည် အလွန်အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးတစ်စုံ ဖြစ်သည်။ ကျိုးဟောင်ကို ကြည့်လိုက်သောအခါ သွေးဆာမှုများဖြင့်ပြည့်နှက်နေသည်။
ကျိုးဟောင်၏ ခေါင်းမှာထုံကျဥ်သွားခဲ့သည်။ ၎င်း၏ ခိုင်မာသော သံချပ်ကာ၊တုတ်ခိုင်သော ခြေလက်များနှင့် ချွန်ထက်ခြေသည်းများကို မြင်လိုက်ရသည်။
ကျိုးဟောင်သည် ဒါ ဘာလဲဆိုတာ မသိသော်လည်း ရှေးဟောင်း အာဏာရှင်နဂါးနှင့် အလွန်ဆင်တူကြောင်းမြင်လိုက်ရပေသည်။ သို့သော် ၎င်းသည်ထိုသတ္တဝါထက် အဆပေါင်းများစွာ ပို၍ ကြမ်းတမ်းပေသည်။
၎င်း၏ ကျောပေါ်တွင် အတောင်ပံနှစ်ခု ရှိပြီး ခေါင်းတွင် ဦးချိုများပါရှိသည်။ ၎င်းသည်တစ်ကိုယ်လုံးအမဲရောင်ဖြစ်ပြီး ထိုအမဲပေါ်တွင်အပြာရောင်မျဉ်းများ ဆွဲထားသလိုရှိနေပေသည်။ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းပုံ ပေါ်သည်။
ကျိုးဟောင်၏ရင်ထဲတွင်အေးစက်သွားပြီး အသံသည်လည်း ထပ်မံ ထွက်ပေါ်လာသည်။
“ဒါက ငါ ပြောနေတဲ့အာကာသသားရဲပဲ သူကအရွယ်မရောက်သေးပေမဲ့ သူ့ရဲ့ ခွန်အားက သူတော်စင်ဘုံအဆင့်ကိုရောက်နေပြီ ပြီးတော့သူက ငါတို့ လူသားမျိုးနွယ်ရဲ့ ကန့်သတ်ချက်ကိုချိုးဖောက်ပြီး တာအိုဘုံအဆင့်တစ်ဝက် အဆင့်ကိုရောက်တော့မှာ"
ဤစကားကို ကြားပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။
....................................................................................
အခန်း (၆၇၀) ပြီးပါပြီ။