← Chapters

ဖြေရှင်းရန် မဖြစ်နိုင်တော့ခြင်း

Vol. 45 Ch. 673

ဖြေရှင်းရန် မဖြစ်နိုင်တော့ခြင်း

Vol. 45 Ch. 673

သူတို့၏မျက်နှာအမူအရာများသည်လည်း အလွန်စိုးရိမ်ပူပန်နေပြီး သူတို့၏မျက်လုံးများတွင် စိုးရိမ်မှု၊ လေးနက်မှုများဖြင့်ပြည့်နှက်နေသည်။ သူတို့သည် မျှော်လင့်တကြီးဖြင့် အဝေးကိုကြည့်ကာ တစ်လုံးချင်းစီ ပြောလိုက်ကြသည်။

“ဒီလိုကိစ္စမျိုး ငါတို့မြို့မှာ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

စကားဆုံးသည်နှင့် အဝေးမှအမြှောက်သံများ ချက်ချင်းထွက်လာခဲ့သည်။ ထို့နောက် အမြှောက်ကျည်များသည် ဧရာမဝက်ဝံကြီးကို မထိမီမှာပင် လေထဲတွင် ချက်ချင်းပေါက်ကွဲထွက်သွားသည်။

မီးခိုးလုံးကြီးများသည် ပတ်ဝန်းကျင်တွင်ချက်ချင်းပျံ့နှံ့လာပြီး နေရောင်ကို ချက်ချင်းပိတ်ဆို့လိုက်သည်။

ပေါက်ကွဲမှုကြောင့် ပျံ့နှံ့လာသော တိုက်ခိုက်မှုစွမ်းအားသည် တကယ်ကိုအားကောင်းလွန်းလှသည်။ ပတ်ဝန်းကျင်မှ အထပ်မြင့်အဆောက်အအုံများစွာပင် မြေပြင်ပေါ်သို့ ချက်ချင်းလဲကျပြီး ပျက်စီးသွားခဲ့သည်။

မရေမတွက်နိုင်သော အထပ်မြင့်အဆောက်အအုံများသည် ပျက်စီးသွားပြီး မြေပြင်ပေါ်သို့ပြုတ်ကျကာ ကြီးမားသည့်အပျက်အစီးပုံများ ဖြစ်သွားကြသည်။

ပေါက်ကွဲမှု၏ သက်ရောက်မှုသည် တကယ်ကိုပြင်းထန်လွန်းသည်။ လူတိုင်း တုံ့ပြန်နိုင်ချိန်မရမီမှာပင် မြို့၏ သုံးပုံတစ်ပုံနီးပါးသည် ထိုကဲ့သို့ဆိုးဝါးသည့်အခြေအနေသို့ ကျရောက်သွားခဲ့သည်။

အဝေးတစ်နေရာတွင် မရေမတွက်နိုင်သော အမြှောက်ကျည်များမှ မီးခိုးလုံးကြီးများ ထွက်ပေါ်လာသည်။

လူများစွာသည် အတွင်းထဲတွင် ဘာတွေဖြစ်နေလဲဆိုသည်ကိုမသိရဘဲ အတွေးဖြင့်မှန်းဆပြီး ကြောက်ရွံ့တုန်လှုပ်နေရုံသာတတ်နိုင်ပေသည်။

“ဒီလောက် အမြှောက်ကျည်တွေအများကြီးနဲ့ပစ်ခတ်ခဲ့တာဆိုတော့ ဒီဧရာမဝက်ဝံကြီး သေသွားပြီလား”

“မသိဘူး ပတ်ဝန်းကျင်ကို လုံးဝမမြင်ရဘူး ဘာတွေဖြစ်နေတာလဲ”

လူအုပ်စုသည် ခန့်မှန်းရုံသာတတ်နိုင်ကြသည်။ သူတို့၏မျက်လုံးများတွင် ရှုပ်ထွေးမှုများဖြင့်ပြည့်နေသည်။ သူတို့၏ခေါင်းများကို အပြင်သို့ထုတ်ကာ အံ့သြတကြီးပတ်ကြည့်လိုက်ကြသည်။

သို့သော်လည်း လူတိုင်းမှာ ဤဧရာမဝက်ဝံကြီးအား ယခုအမြှောက်များဖြင့် ချက်ချင်းသတ်နိုင်ရန်မျှော်လင့်ကြပေသည်။

ဧရာမဝက်ဝံကြီးကို သတ်ပြီးနောက်တွင် ကျန်းနန်အခြေစိုက်စခန်းတစ်ခုလုံး ပြန်လည်ငြိမ်းချမ်းသွားမည်ဖြစ်သည်။

ဧရာမဝက်ဝံကြီးအားချက်ချင်း မသတ်နိုင်လျှင်ပင် အစိတ်စိတ်အမွှာမွှာဖြစ်အောင်ဖောက်ခွဲပစ်နိုင်ပါက အကျိုးကျေးဇူးရှိသေးပေသည်။

သို့သော်လည်း မကြာမီမှာပင် အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့သည်။

ရွှစ်... ရွှစ်.....

ပြင်းထန်သည့် လေပြင်းတစ်ခုသည် ပတ်ဝန်းကျင်မှ ရုတ်တရက်ပျံ့နှံ့လာခဲ့ကာ ကြီးမားသည့် တိမ်မည်းများမှာလည်း ရုတ်တရက်ရွေ့လျားသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မြင့်မားပြီး ကြီးမားသည့်အပြင် အလွန်လျင်မြန်သောပုံရိပ်တစ်ခုသည် ချက်ချင်းခုန်ထွက်လာခဲ့သည်။

ဧရာမဝက်ဝံကြီး၏ ခန္ဓာကိုယ်သည် အကောင်းတိုင်းရှိနေခဲ့သည်မှာ အပြင်ပန်းတွင် ဒဏ်ရာရထားပုံမပေါ်ဘဲ အမြှောက်များက ၎င်းအားလုံးဝမထိခဲ့သလိုပင်။

“ အမြှောက်တွေက ဒီဧရာမဝက်ဝံကြီးကို ဘာလို့မသတ်နိုင်ရတာလဲ"

“မဖြစ်နိုင်တာ… ဘာလို့ ဒီလိုကိစ္စမျိုးဖြစ်ရတာလဲ…”

“ငါတို့ရဲ့ အမြှောက်တွေက ဒီဧရာမဝက်ဝံကြီးကို တိုက်ခိုက်လို့မရတာလား”

ဤမြင်ကွင်းအားမြင်လိုက်ရချိန်တွင် ကျူးဇောင်တို့အဖွဲ့၏မျက်နှာအမူအရာများမှာ ရုတ်တရက်ပြောင်းလဲသွားကြသည်။

သူတို့၏အသက်ရှူသံသည်မြန်လာကာ စိုးရိမ်ပူပန်လာပြီး မသက်မသာဖြစ်လာကြသည်။ သူတို့သည် အလွန်ကြောက်ရွံ့ထိတ်လန့်သွားကြကာ ရုတ်တရက်အော်ဟစ်လိုက်ကြသည်။

“ချက်ချင်းဆက်တိုက်ခိုက်ကြ”

“ငါတို့ အဲဒါကိုတားဆီးရမယ် ကျန်းနန်အခြေစိုက်စခန်းကို ဆက်ပြီးဖျက်ဆီးခွင့်မပေးနိုင်ဘူး…”

ဤစကားအားကြားချိန်တွင် အားလုံး၏မျက်နှာအမူအရာများမှာ ချက်ချင်းပင်ကြောက်လန့်လာကြပြီး ချက်ချင်းပင် နောက်လှည့်ကာ ထွက်ပြေးချင်စိတ်များပေါ်လာခဲ့သည်။

ဧရာမဝက်ဝံကြီးအား ပြင်းထန်သောအမြှောက်များဖြင့် တိုက်ခိုက်မည်ဆိုပါကမြို့တစ်ခုလုံးကို အလွန်ပြင်းထန်သော ပျက်စီးမှုများဖြစ်စေလိမ့်မည်ဆိုသည်ကို အားလုံးသိကြပေသည်။

အားလုံး၏မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး ဤမြင်ကွင်းကို ကြောင်အစွာကြည့်နေကြသည်။

ဧရာမဝက်ဝံကြီးသည် တုံ့ပြန်ဖို့ အချိန်တောင်မရနိုင်လောက်အောင် အတင်းအကြပ်ဖိအားပေးခံနေရပေသည်။ ၎င်းသည် အမြှောက်များကို တိုက်ရိုက်ရင်ဆိုင်ပြီး မြို့ကိုမကြောက်မရွံ့ ဆက်လက်ဖျက်ဆီးနေပေသည်။

ဤမြင်ကွင်းအားမြင်လိုက်ရချိန်တွင် လူတိုင်းမှာတုန်လှုပ်သွားခဲ့ကြသည်။

လူများစွာသည် စိတ်ပျက်အားငယ်မှုများဖြင့် ထွက်ပြေးနေကြသည်။

ဧရာမဝက်ဝံကြီး၏စွမ်းရည်မှာ အလွန်အထင်ကြီးစရာကောင်းကြောင်းသူတို့သိကြသည်။ ဧရာမဝက်ဝံကြီးသည် သူတို့ယှဥ်ပြိုင်နိုင်သည့်အရာလုံးဝမဟုတ်ပေ။

လက်ရှိအချိန်တွင် ဧရာမဝက်ဝံကြီးအားမဖြေရှင်းနိုင်ပါက သူတို့သည် ဧရာမဝက်ဝံကြီး၏အရှင်လတ်လတ်မျိုချခြင်းအားခံရပေလိမ့်မည်။

ထိုအချိန်ရောက်လာပါက အားလုံးနောက်ကျသွားပေလိမ့်မည်။

အသက်ဆုံးရှုံးသွားပါက အရာအားလုံး ပြီးဆုံးသွားမည်ဖြစ်သည်။

သို့သော်လည်း ဧရာမဝက်ဝံကြီးသည် သူတို့အား လွှတ်ပေးရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။ အချိန်ကျလာသောအချိန်တွင် ၎င်းထံမှအလွန်အားကောင်းသောစွမ်းအားတစ်ခုထွက်ပေါ်လာပြီး သူတို့ရှိရာဆီ အော်ဟစ်ကာခုန်ဝင်လာခဲ့သည်။

ဤရည်ရွယ်ချက်အား သဘောပေါက်လိုက်ချိန်တွင် ထိုနေရာရှိလူများအားလုံးမှာထိတ်လန့်သွားခဲ့ကြသည်။

ဒီစိတ်ဓာတ်ကျစရာမြင်ကွင်းကြောင့် အားလုံးမှာချက်ချင်းပင်တွေဝေသွားကြသည်။

အထူးသဖြင့် ကျူးဇောင်၏လက်အောက်ငယ်သားများပင်ဖြစ်သည်။ သူတို့၏မျက်နှာအမူအများမှာ အလွန်ထိတ်လန့်ပြီး အကူအညီမဲ့နေခဲ့သည်။

“ကောင်းကင်ဘုံဘုရင်ကျူး ကျွန်တော်တို့ အကူအညီတောင်းလိုက်ရမလား”

“ဟုတ်တယ် ကောင်းကင်ဘုံဘုရင်ကျူး အကူအညီမတောင်းရင် ဒီဧရာမဝက်ဝံကြီးကိုကျွန်တော်တို့လုံးဝယှဉ်နိုင်မှာမဟုတ်ဘူး”

ကျူးဇောင်၏လက်အောက်ငယ်သားအနည်းငယ်မှာ သူတို့၏ဆုတ်ယုတ်လာသောအခြေအနေကြောင့် သူတို့၏နှလုံးသားများမှာ ချက်ချင်းတင်းကျပ်လာခဲ့ကြကာ အသက်ရှူသံများပင်လျင်မြန်လာခဲ့သည်။

ကျူးဇောင်သည် သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး လေးနက်သည့်အမူအရာဖြင့်ပြောလိုက်သည်။

“မလုပ်နဲ့…”

“လက်ရှိမှာ ကမ္ဘာတစ်ခုလုံးမှာ အက်ကွဲကြောင်း ၁၃ခုတောင် ရှိနေတာ… သူတို့ကိုယ်သူတို့ ဂရုစိုက်ဖို့တောင် အချိန်မရှိတာငါတို့ကို ဘယ်လိုဂရုစိုက်နိုင်မှာလဲ…”

ဤစကားအားကြားလိုက်ရချိန်တွင် လူတိုင်း၏နှလုံးသားများမှာ တင်းကျပ်သွားကြသည်။ သူတို့သည် မကြုံဖူးသေးသော စိတ်ပျက်အားငယ်မှုကို ချက်ချင်းခံစားလိုက်ရသည်။

ထိုအချိန်တွင် ကျိုးဟောင်လည်း မကောင်းတဲ့ခံစားချက်ကို ခံစားလိုက်ရသည်။ အဘိုးအိုရဲ့စကားအားတွေးပြီးနောက်တွင် ဤအရာသည် ကြီးမားသောအရာတစ်ခုရဲ့အစပဲဖြစ်နိုင်ကြောင်းကိုကျိုးဟောင်နားလည်လိုက်သည်။

ကျိုးဟောင်မှာ အနည်းငယ် ထိတ်လန့်ပြီး ကြောက်ရွံ့နေခဲ့သည်။ ကိစ္စအားလုံး ဒီလောက်မြန်မြန်ဖြစ်လာလိမ့်မယ်လို့ သူလုံးဝမမျှော်လင့်ထားခဲ့ပေ။

လျှို့ဝှက်ဆန်းကြယ်သည့် သူတော်စင်ဘုံအဆင့်ရှိသောအကြီးအကဲတစ်ဦးပင် အာကာသသားရဲအား အချိန်အကြာကြီး ဖိနှိပ်ထားနိုင်ခြင်းမရှိပေ။ ထို့အပြင်ဤအာကာသသားရဲမှာ အရွယ်မရောက်သေးပေ။

သူသာကြီးထွားလာခဲ့မယ်ဆိုရင် အားလုံးပြီးဆုံးသွားလိမ့်မယ်။

ကျိုးဟောင်သည် ဖားကို ချက်ချင်းမေးလိုက်သည်။ ဖားမှာ အာကာသသားရဲအကြောင်းကြားလိုက်ချိန်တွင် သူ၏ခေါင်းထဲတွင်တဝီဝီမြည်သွားခဲ့သည်။

“ဘာပြောလိုက်တာ အာကာသသားရဲ"

ကျိုးဟောင်မှာ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ဖားသည် မယုံကြည်ရဲဘဲ အချက်အလက်များကို ချက်ချင်းထုတ်ကာ ထိုအာကာသသားရဲ၏ပုံစံကို ကျိုးဟောင်အား ပြလိုက်သည်။ ထိုပုံစံသည် ယဇ်ပလ္လင်အောက်ရှိ အာကာသသားရဲနှင့်တစ်ပုံစံတည်းတူနေပေသည်။

“ဘုရားရေ… သွားပြီ သွားပြီ လုံးဝပြီးဆုံးသွားပြီ… ဒီလိုသေးငယ်တဲ့ ကမ္ဘာဂြိုဟ်ပေါ်မှာ အာကာသသားရဲကဘယ်လိုရှိနေရတာလဲ… သွားပြီ… မင်းရဲ့ ကမ္ဘာဂြိုဟ်ကတော့ လုံးဝအဆုံးသတ်ပြီပဲ"

ဤအာကာသသားရဲအကြောင်းကို အဘိုးအိုထက် ဖားကပိုသိလောက်သည်ကို ကျိုးဟောင်သိသည့်အတွက် အလျင်အမြန်မေးလိုက်သည်။

“အာကာသသားရဲအကြောင်း ဘယ်လောက်သိလဲ”

“ဘယ်လောက်သိလဲဟုတ်လား.. အများကြီးသိတာပေါ့ စကြဝဠာတစ်ခုလုံးမှာမှ အာကာသသားရဲ စုစုပေါင်း အကောင်နှစ်ဆယ်ပဲရှိတယ် သူတို့က မျိုးနွယ်စုတစ်ခုဖြစ်ပေမဲ့ သူတို့ကတစ်ကောင်ချင်းစီတစ်ယောက်တည်းခရီးသွားကြတယ် သူတို့ရဲ့မျိုးရိုးက အရမ်းမြင့်မြတ်ပြီး ပြုစုပျိုးထောင်ရတာ အရမ်းခက်ခဲတယ် အဲဒါကြောင့်မို့လို့ သူတို့မွေးဖွားလာတဲ့အချိန်ကစပြီး နောက်မျိုးဆက်ကို ပြုစုပျိုးထောင်တယ်လို့ ပြောလို့ရတယ်”

....................................................................................

အခန်း (၆၇၃) ပြီးပါပြီ။

All Chapters