← Chapters

တိုက်ပွဲ

Vol. 45 Ch. 674

တိုက်ပွဲ

Vol. 45 Ch. 674

“ပုံမှန်အားဖြင့်တော့ စကြဝဠာတစ်ခုမှာ အာကာသသားရဲတစ်ကောင်ပဲရှိတတ်တယ် သူတို့ကို နယ်ပယ်တစ်ခုရဲ့ သခင်လို့ သတ်မှတ်လို့ရတယ်"

“နယ်ပယ်သခင်တစ်ဦးက ကမ္ဘာ့အရှင်သခင်တွေနဲ့ ကြယ်စနစ်တွေကို မရေမတွက်နိုင်အောင် ထိန်းချုပ်နိုင်တယ်လို့ပြောလို့ရတယ်။ မင်းရဲ့ ကမ္ဘာဂြိုဟ်က ဧရာမကြယ်စနစ်တစ်ခုရဲ့ ဖုန်မှုန့်တစ်ခုသာသာပဲရှိပြီးတော့ အရွယ်ရောက်ပြီးသားအာကာသသားရဲက မင်းရဲ့ကမ္ဘာဂြိုဟ်အတွက်ဆို နတ်ဘုရားတစ်ပါးလိုပဲ”

ထိုစကားအားကြားပြီးနောက် ကျိုးဟောင်မှာကြောင်အသွားခဲ့သည်။

“ဘာ… ဒီလောက်တောင် အားကောင်းတာလား”

ကျိုးဟောင်မှာအလွန်တုန်လှုပ်သွားပြီး မယုံကြည်ရဲပေ။

“ဟုတ်တယ် ငါ့ဘဝမှာအာကာသသားရဲနှစ်ကောင်ပဲ တွေ့ဖူးတယ် သူတို့ကမရေမတွက်နိုင်တဲ့သန္ဓေပြောင်းသားရဲတွေကိုထိန်းချုပ်နိုင်ပြီး သူတို့ရဲ့အမိန့်ကို နားထောင်အောင်လုပ်နိုင်တယ် သူတို့ကြီးထွားဖို့ အလွန်ခက်ခဲပြီး အချိန်အကြာကြီးလိုအပ်ပေမဲ့ သူတို့အရွယ်ရောက်တာနဲ့ ပုံမှန်နယ်ပယ်သခင်တွေက သူတို့ကို လုံးဝအနိုင်ယူနိုင်တော့မှာမဟုတ်ဘူး ထာဝရအဆင့်ပညာရှင်ကသာ သူတို့ကို သတ်နိုင်လိမ့်မယ်"

“ဒါပေမဲ့ ထာဝရအဆင့် စကြာဝဠာသခင်ကလည်း အလွယ်တကူ တိုက်ခိုက်မှာမဟုတ်ဘူး”

ဤစကားအားကြားပြီးနောက် ကျိုးဟောင်မှာနှလုံးခုန်နှုန်းပင်မြန်လာခဲ့သည်။

“တခြားနည်းလမ်းတကယ်မရှိဘူးလား”

ကျိုးဟောင်မှာမယုံကြည်နိုင်သော်ငြား သူလုပ်နိုင်တာဘာမှမရှိပေ။

ယခုလိုဖြစ်လိမ့်မယ်လို့ သူ မယုံကြည်ပေ။

“မင်းမယုံရင်တောင် ဒါက တစ်ခုတည်းသောနည်းလမ်းပဲ ကျိုးဟောင် ငါတို့ထွက်သွားကြမယ် လုံနတ်ဘုရားစစ်သင်္ဘောပေါ်က စွမ်းအင်တွေက မင်းကမ္ဘာဂြိုဟ်ကနေ ထွက်ဖို့လုံလောက်တယ် အဲဒီအချိန်ကျရင် မင်းရဲ့ကျင့်ကြံမှုတိုးတက်အောင် အားနည်းတဲ့ဂြိုဟ်တစ်ခုကို ငါခေါ်သွားမယ် အဲဒီအချိန်ကျရင် ငါတို့စကြဝဠာတစ်ခွင်ပတ်ပြီးစူးစမ်းကြမယ် ဘယ်လိုလဲ”

လက်ရှိအချိန်တွင် ဖားမှာထွက်ပြေးရန်နည်းလမ်းတွေကိုပင်စတင်စဉ်းစားနေပြီဖြစ်သည်။

ဖားစကားဆုံးသွားပြီးနောက်တွင် ကျိုးဟောင်မှာချက်ချင်း စိုးရိမ်လာခဲ့သည်။ ဤအာကာသသားရဲသည် ထိုမျှလောက်အားကောင်းနေရင် သူတို့လုံးဝအနိုင်ယူနိုင်မည်မဟုတ်ပေ။

“မဖြစ်ဘူး ကျွန်တော် ဒီလိုထွက်သွားရင် ကမ္ဘာဂြိုဟ် ဘာဖြစ်သွားမလဲ ကျွန်တော့်မိသားစု ဘာဖြစ်သွားမလဲ”

ကျိုးဟောင်မှာ ကမ္ဘာဂြိုဟ်အားလုံးဝမစွန့်လွှတ်နိုင်ပေ။ ထို့အပြင်လက်ရှိတွင်အခြေအနေများသည် ဖားပြောသည့်အနေအထားသို့မ‌ရောက်သေးပေ။

“သေချာတာပေါ့ မင်းမိသားစုကို မင်းနဲ့အတူ ခေါ်သွားလို့ရတယ် သူတို့လုံနတ်ဘုရားစစ်သင်္ဘောပေါ်မှာနေလို့ရတယ်”

ဖားက ချက်ချင်းပြောလိုက်သည်။

“ကျွန်တော့်မိသားစုက ကျွန်တော်နဲ့အတူ ထွက်သွားနိုင်ပေမဲ့ ကမ္ဘာဂြိုဟ်ကတော့ကျွန်တော့်ရဲ့အိမ်ပဲ ကျွန်တော်အိမ်ခြေမဲ့ဖြစ်သွားရမှာလား မဖြစ်ဘူး… ကျွန်တော်သေတောင် ဒီလိုထွက်မပြေးဘူး"

ကျိုးဟောင်သည် ကမ္ဘာဂြိုဟ်ကို စွန့်လွှတ်မှာမဟုတ်ပေ။ သူ့အတွက်ပြောရလျှင် ကမ္ဘာဂြိုဟ်သည် သူ၏တစ်ခုတည်းသောစိုးရိမ်ပူပန်မှုပင်။ ကမ္ဘာဂြိုဟ်မရှိတော့ပါက သူ့အတွက်တကယ်ပင်အိမ်ရှိနိုင်တော့မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ၁၃ခုမြောက် အက်ကွဲကြောင်းရှိတိုက်ပွဲမှာလည်းပြင်းထန်နေဆဲပင်ဖြစ်သည်။

လက်ရှိအချိန်တွင် ဧရာမဝက်ဝံကြီးမှာအလွန်ရူးသွပ်နေကာ ၎င်း၏အကြည့်များမှာ အများကြီးပိုထက်မြက်လာသည်။

၎င်းရဲ့အကြည့်များမှာ အဝေးတွင်ထွက်ပြေးနေသော လူအုပ်စုထံချက်ချင်းကျရောက်သွားခဲ့သည်။

“မကောင်းတော့ဘူး ငါတို့ကို တွေ့သွားပြီ ပြေး”

သူတို့အား ဧရာမဝက်ဝံကြီးမှပစ်မှတ်ထားလိုက်ချိန်တွင် သူတို့၏မျက်နှာအမူအရာများမှာ ချက်ချင်းကြောက်လန့်လာကာ မသက်မသာဖြစ်လာကြသည်။ သူတို့သည်အကူအညီမဲ့နေကြပြီး အသက်ရှူသံများပင်လျင်မြန်လာခဲ့သည်။

ဤအချိန်သည် ထွက်ပြေးရန်အရေးအကြီးဆုံးအချိန်ဖြစ်ပြီး ဤအချိန်ကို လွဲချော်သွားသွားပါက အရာအားလုံးပြီးဆုံးသွားမည်ဖြစ်သည်။

ဧရာမဝက်ဝံကြီးမှာ အူလှိုက်သည်းလှိုက်အော်ဟစ်လိုက်ပြီးနောက် ၎င်းရဲ့လက်သည်းများကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။

လေထဲတွင် ပြင်းထန်တဲ့အသံတစ်ခု ရုတ်တရက်ပေါက်ကွဲထွက်လာပြီးနောက်အင်အားပြင်းထန်သော‌လေမှာ အသံတစ်ခုနှင့်အတူမြေပြင်မှ တက်လာခဲ့သည်။

၎င်းမှာ မရေမတွက်နိုင်သောမုန်တိုင်းများ မြေပြင်မှ ရုတ်တရက်ပေါ်လာသလိုပင်။

အိမ်များမှာ ချက်ချင်း လွင့်စင်သွားကြသည်။ ချက်ချင်းဆိုသလိုပင် နံရံများမှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားကြသည်။

မူလကတည်းက ကျန်းနန်အခြေစိုက်စခန်း၏တိုက်ခိုက်ရေးနေရာချထားမှုက သိပ်မအားကောင်းပေ။ ကျူးဇောင်တို့အဖွဲ့သည် ဧရာမဝက်ဝံကြီးအားဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် လေးလံသောတင့်ကားအများအပြားကိုပင် သယ်လာခဲ့ရပေသည်။

သို့သော်လက်ရှိအချိန်တွင် ဧရာမဝက်ဝံကြီးရဲ့ဖိအားအောက်မှာ သူတို့သည်အလွန်သေးငယ်ပြီး အရေးမပါပုံပေါက်နေပေသည်။

“သေစမ်း ဒီလေမုန်တိုင်းက တကယ်ကိုပြင်းထန်လွန်းတယ် ငါတို့ လုံးဝမခုခံနိုင်ဘူး"

“သွားပြီ လေမုန်တိုင်းက ငါ့ကို တကယ်ပဲ လွင့်သွားစေတယ် ဒီလောက်မြင့်တဲ့နေရာကနေ ပြုတ်ကျရင် ငါတို့သေချာပေါက်သေမှာပဲ”

“ငါ ငယ်ငယ်လေးရှိသေးတာ မသေချင်သေးဘူး ငါ့ကိုကယ်ကြပါဦး"

အော်ဟစ်သံများနှင့် ငိုကြွေးသံများမှာချက်ချင်းပျံ့နှံ့သွားကာ ချက်ချင်းဆိုသလိုပဲ စစ်သည်များမှာ အလွန်ကြောက်ရွံ့စွာ အော်ဟစ်လာကြသည်။ တင့်ကားရာပေါင်းများစွာလည်း လေမုန်တိုင်းကြောင့် လွင့်စင်သွားခဲ့ကြသည်။

သူတို့တွင် တိုက်ခိုက်ရေးစွမ်းအားတောင် မကျန်တော့ဘဲ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြုတ်ကျသွားကြသည်မှာ တိုက်ခိုက်ရေးစွမ်းအားအားလုံးအား ဆုံးရှုံးသွားသလိုပင်။

“ဒီဧရာမဝက်ဝံကြီးရဲ့ ဖျက်ဆီးနိုင်စွမ်းက တကယ်ကိုအားကောင်းလွန်းတယ် ငါတို့သူ့ကို လုံးဝယှဉ်နိုင်မှာမဟုတ်ဘူး…”

“အမြှောက်တွေတောင် ဒီဧရာမဝက်ဝံကြီးကို လုံးဝမထိခိုက်နိုင်တာ ငါတို့ ဘယ်လိုအသက်ရှင်သန်မှာလဲ…”

လူတိုင်းမှာ စိတ်ပျက်အားငယ်နေကြပြီး သူတို့သည် သေခြင်းတရားနှင့်လက်တစ်ကမ်းသာလိုတော့သည်ဟုခံစားလိုက်ရသည်။

စိတ်ပျက်အားငယ်သောလူထုအားကြည့်ကာ ကျူးဇောင်၏အသက်ရှူသံများမှာမြန်လာခဲ့သည်။

သူ၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှု၊ စိတ်မသက်မသာမှုများဖြင့်ပြည့်နေသည်။ ထို့နောက် သူကတစ်လုံးချင်းစီ အလျင်အမြန်ပြောလိုက်သည်။

“ပိုအားကောင်းတဲ့လက်နက်ကို သုံးရမယ်”

ကျူးဇောင် ယခုလိုပြောလိုက်ချိန်တွင် သူ၏ လက်ထောက်များမှာ တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာအမူအရာများမှာ ရုတ်တရက် အလွန်လေးနက်လာကြသည်။

“ကောင်းကင်ဘုံဘုရင်ကျူး ဧရာမဝက်ဝံကြီးကို တိုက်ခိုက်ဖို့ ပိုအားကောင်းတဲ့လက်နက်ကို သုံးမယ်ဆိုရင် မြို့လည်းထိခိုက်နိုင်တယ်မဟုတ်လား”

လက်ထောက်တစ်ဦးက မေးလိုက်ရာ ကျန်လက်ထောက်များ၏မျက်နှာအမူအရာများသည်လည်း အလွန်လေးနက်သွားခဲ့သည်။

ထို့နောက် သူက ဖြည်းဖြည်းချင်းပြောလာခဲ့သည်၊

“ငါတို့ ဧရာမဝက်ဝံကြီးကို အနိုင်ယူနိုင်မလားဆိုတာ မသိသေးဘူး…”

“တကယ်လို့ ပိုအားကောင်းတဲ့လက်နက်ကို သုံးခဲ့မယ်ဆိုရင် ကျန်းနန်အခြေစိုက်စခန်းက အန္တရာယ်မကြုံရဘူးလို့ အာမခံနိုင်ဖို့ခက်တယ်…”

ကျူးဇောင်တို့အဖွဲ့မှာ မြို့တစ်ခုလုံးကို မရပ်မနားဖျက်ဆီးနေသော ဧရာမဝက်ဝံကြီးအားမြင်လိုက်ချိန်တွင် သူတို့၏မျက်နှာအမူအရာများမှာ ချက်ချင်းပဲ အထူးလေးနက်လာခဲ့သည်။

သူတို့၏အမူအရာများမှာ စိုးရိမ်ပူပန်နေဟန်ပေါ်ပြီးမသက်မသာဖြစ်နေကြပုံပင်။ အသက်ရှူသံများပင်မြန်ဆန်လာကြသည်။

“အခုအချိန်မှာ အရေးအကြီးဆုံးအချက်က ငါတို့ရဲ့တိုက်ခိုက်ရေးစစ်သည်တွေကဒဏ်ရာပြင်းပြင်းထန်ထန်ရသွားကြပြီ”

“ပြီးတော့ ဒီဧရာမဝက်ဝံကြီးက အရမ်းကောက်ကျစ်တယ် လူပိုများတဲ့နေရာတွေကို ရည်ရွယ်ပြီး ပြေးဝင်လာတာ အဲဒီအချိန်ကျရင် လူများများနဲ့တွေ့လေ သေကျေပျက်စီးမှုတွေကများများဖြစ်လေပဲ”

ဧရာမဝက်ဝံကြီးက အလွန်ကြီးမားရုံသာမက ၎င်းရဲ့အရွယ်အစားကို အသုံးပြုရာမှာလည်း အလွန်ကျွမ်းကျင်သည်။ ၎င်းသည် လူအုပ်စုကို ချက်ချင်းနင်းချေနိုင်ပေသည်။

ထို့အပြင် ၎င်းရဲ့ခြေထောက်တွေက အလွန်ကြီးမားလှပေရာ တစ်လှမ်းတည်းလှမ်းလိုက်ရုံဖြင့် လူအများအပြားကို နင်းသတ်နိုင်ပေသည်။

ယခုလိုအင်အားကြီးသောစွမ်းအားမှာတကယ်ပင် လူအများအားကြီးမားသည့်ခြိမ်းခြောက်မှုအားခံစားရစေပေသည်။

တစ်ချိန်တည်းမှာပင် ဧရာမဝက်ဝံကြီးသည် မြို့တစ်ခုလုံးရဲ့အလယ်မှာ မတ်တပ်ရပ်ပြီး ပတ်ဝန်းကျင်မှလူများအား လှောင်ပြောင်သည့်အမူအရာဖြင့် ငုံ့ကြည့်လိုက်သည်။

“ဟဲဟဲ ဒီနေ့ ငါ ဗိုက်ပြည့်အောင်စားလို့ရပြီ"

....................................................................................

အခန်း (၆၇၄) ပြီးပါပြီ။

All Chapters