← Chapters

စိတ်ပျက်အားငယ်ခြင်း

Vol. 45 Ch. 675

စိတ်ပျက်အားငယ်ခြင်း

Vol. 45 Ch. 675

ဧရာမဝက်ဝံကြီး၏ မျက်လုံးများတွင် ကြွားလုံးထုတ်မှုများပြည့်နေသည်မှာ ၎င်းသည် ဤကမ္ဘာကြီး၏အုပ်စိုးသူအရှင်သခင်ဖြစ်နေသလိုပင်။ ပညာရှင်များအား အထင်သေးစွာကြည့်ပြီး ကြွားလုံးထုတ်ိလိုသောအမူအရာဖြင့် ပတ်ပတ်အားလည်ဝှေ့ကြည့်နေခဲ့သည်။

“မင်းတို့အားလုံး ငါ့ရဲ့ပွဲတော်အုပ်ဖြစ်လာမှာ"

ဧရာမဝက်ဝံကြီးသည် ၎င်း၏နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး ၎င်း၏မျက်လုံးများတွင် လောဘများဖြင့်ပြည့်နေသည်။ ၎င်းသည် ၎င်း၏ပါးစပ်ကိုဖွင့်ကာ ပတ်ဝန်းကျင်ရှိလူတိုင်းကို မျိုချချင်နေပုံရသည်။

ဧရာမဝက်ဝံကြီးသည် ၎င်း၏သွေးစွန်းနေသောပါးစပ်ကိုဖွင့်ကာ အော်ဟစ်ရင်း အဝေးမှမြေပြင်ပေါ်သို့ ခုန်ချလိုက်သည်။ ထို့နောက် လူပေါင်းများစွာကို ၎င်း၏ပါးစပ်ထဲသို့ ချက်ချင်းမျိုချလိုက်သည်။

“အစ်ကို"

သူမ၏အစ်ကိုဖြစ်သူမှာ ဧရာမဝက်ဝံကြီး၏ပါးစပ်ထဲတွင် သေဆုံးသွားသည်ကိုမြင်လိုက်ရပြီးနောက် အမျိုးသမီးတစ်ဦးသည် ချက်ချင်းပင် ဝမ်းပန်းတနည်းအော်ဟစ်လိုက်သည်။

သူမသည် ဧရာမဝက်ဝံကြီးထံမှ သူမ၏အစ်ကိုကို ကယ်တင်ဖို့အတွက် အလျင်အမြန်ပြေးဝင်သွားသော်လည်း အကူအညီမဲ့နေခဲ့သည်။

သို့သော် သူမ ဧရာမဝက်ဝံကြီးအနားမရောက်မီမှာပင် ၎င်း၏သွေးဆာနေသောပါးစပ်ဖြင့် ကိုက်စားခြင်းခံလိုက်ရပေသည်။

ဤမြင်ကွင်းအားမြင်လိုက်ရချိန်တွင် ပတ်ဝန်းကျင်ကလူများစွာ၏မျက်နှာအမူအရာများမှာ ချက်ချင်းပြောင်းလဲသွားကြသည်။

သူတို့ရဲ့အသက်ရှူသံများမှာ စိုးရိမ်ပူပန်ပြီး အလောတကြီးဖြစ်နေခဲ့ကာမျက်နှာများတွင် စိုးရိမ်ပူပန်မှုများဖြင့်ပြည့်နေသည်။မျက်လုံးများမှာ ကြောက်ရွံ့မှုများဖြင့်ပြည့်နေပြီး ချက်ချင်းဆိုသလို မသက်မသာခံစားလိုက်ကြရသည်။

မောင်နှမနှစ်ယောက်စလုံး ဧရာမဝက်ဝံကြီးက တစ်ယောက်ပြီးတစ်ယောက် မျိုချခြင်းခံလိုက်ပေသည်။ မည်သည့်စကားမျှပြောချိန်ပင်မရလိုက်ပေ။

ဒုန်း...ဒုန်း...ဒုန်း...

ပတ်ဝန်းကျင်မှစစ်နတ်ဘုရားတပ်ရင်းမှအဖွဲ့ဝင်များစွာသည် သူတို့၏ပစ္စတိုများကို ထုတ်ယူပြီး အဝေးမှဧရာမဝက်ဝံကြီးကို ရူးသွပ်စွာပစ်ခတ်လာကြသည်။

ယမ်းပေါက်ကွဲသံများထွက်ပေါ်လာပြီး များစွာသောကျည်ဆံများမှာ ဧရာမဝက်ဝံကြီး၏ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

သို့သော်လည်း ဤကျည်ဆန်များသည် ဧရာမဝက်ဝံကြီးကို မထိမီမှာပင် ချက်ချင်းလွင့်စင်သွားခဲ့သည်။

“ဟဲဟဲ မင်းတို့မိုက်မဲတဲ့လူသားတွေ ငါ့ကိုတိုက်ခိုက်ဖို့ သတ္တိရှိသေးတယ် ဘယ်လောက်တောင် ရယ်စရာကောင်းလဲ"

ဧရာမဝက်ဝံကြီးသည် နှာခေါင်းရှုံ့လိုက်ပြီး ၎င်း၏သွေးဆာနေသောပါးစပ်ကို ရုတ်တရက်ဖွင့်ကာ အသက်ရှူထုတ်လိုက်သည်။

ဧရာမလေထုစီးကြောင်းတစ်ခုသည် ဧရာမဝက်ဝံကြီး၏ပါးစပ်မှ ချက်ချင်းထွက်လာခဲ့သည်။ ထို့နောက်ပတ်ဝန်းကျင်တွင် လေဆင်နှာမောင်းများစွာပေါ်လာခဲ့သည်။

ရွှီ.. ရွှီ..ရွှီ...

အလွန်ကျယ်လောင်သည့် ကွဲအက်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိတိုက်ပွဲဝင်စစ်သည်များစွာသည် ချက်ချင်းလွင့်စင်သွားခဲ့ပြီး မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားကြသည်။

ဤမြင်ကွင်းမှာ ပတ်ဝန်းကျင်ကလူများစွာကို အလွန်မသက်မသာဖြစ်စေသည်။

များစွာသောလူများသည် ကြောက်ရွံ့စွာ ပတ်ပတ်လည်ကိုကြည့်ပြီးအော်ဟစ်အကူအညီတောင်းလာကြပြီနောက် သူတို့သည် နောက်လှည့်ကာအလျင်အမြန်ပြေးကြတော့သည်။

“ဟဲဟဲ မင်းတို့တွေက ထွက်ပြေးဖို့ပဲ စဉ်းစားနေကြသေးတယ ငါပြောလိုက်မယ် မင်းတို့တွေ ထွက်ပြေးချင်ရင်တောင် ငါ့ဆီကနေ ထွက်ပြေးနိုင်မှာမဟုတ်ဘူး”

ဧရာမဝက်ဝံကြီးသည် ယခုလိုစားရတာ နည်းနည်းမကျေနပ်သလိုခံစားရပုံပင်။ ထို့ကြောင့် ၎င်းသည် ၎င်း၏သွေးဆ,နေသောပါးစပ်ကိုဖွင့်ပြီး ရုတ်တရက် အသက်ပြင်းပြင်းရှူလိုက်သည်။

၎င်းအသက်ရှူသွင်းလိုက်သည်နှင့် ဧရာမလေပွေတစ်ခုသည်ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့သည်။

လေပွေဆက်တိုက်ထွက်ပေါ်လာသည်နှင့်အမျှ အလွန်ပြင်းထန်ပြီး ကြောက်စရာကောင်းသည့် အငွေ့အသက်တစ်ခုသည် ချက်ချင်းတရွှီရွှီမြည်ကာ ပျံ့နှံ့သွားခဲ့သည်။

“အား အား အား"

“ဒါဘာလဲ ဘာလို့ဒီလောက်အထိ အားကောင်းတာလဲ"

“ကယ်ကြပါ ကယ်ပါ”

“ဒီမိစ္ဆာက တကယ်ကိုကြောက်စရာကောင်းလွန်းတယ် ငါ အစားခံရတော့မယ်"

ပတ်ဝန်းကျင်ကလူများစွာဟာ အလွန်ထိတ်လန့်ပြီး မသက်မသာဖြစ်နေကြသည်။ ဤသန္ဓေပြောင်းသားရဲမှာ ထိုမျှလောက်အထိအားကောင်းလိမ့်မယ်လို့ သူတို့တကယ်မမျှော်လင့်ထားခဲ့ပေ။

သန္ဓေပြောင်းသားရဲ၏စွမ်းရည်မှာ အလွန်အထင်ကြီးစရာကောင်းပြီး ဤသည်မှာမည်သူမျှမမျှော်လင့်ထားခဲ့သောအရာဖြစ်သည်။

ထိုအချိန်တွင် အလွန်ကြောက်စရာကောင်းသည့်အငွေ့အသက်တစ်ခု ချက်ချင်းပျံ့နှံ့သွားခဲ့သည်။

ပတ်ဝန်းကျင်ကလူများမှာ ထိုကြောက်စရာကောင်းသောအငွေ့အသက်ကို ခံစားလိုက်ရပြီး အလွန်ကြောက်စရာကောင်းသော စုပ်ယူနိုင်စွမ်းတစ်ခုမှာ ဆက်လက်ပျံ့နှံ့နေခဲ့သည်။

လူများစွာသည် ဧရာမဝက်ဝံကြီး သူတို့ဆီရောက်လာပြီးဗိုက်ထဲကို မျိုချသည့်မြင်ကွင်းကို ဘာမှမတတ်နိုင်ဘဲ ကြည့်နေကြရကာ အကူအညီမဲ့နေခဲ့ကြသည်။

“ဂါး ဂါး"

အလွန်အေးစက်သည့် အော်သံတစ်ခုမှာရုတ်တရက်ပေါက်ကွဲထွက်သွားကာ ချက်ချင်းဆိုသလိုပင် ဧရာမဝက်ဝံကြီး၏ ပါးစပ်ထောင့်မှ သွေးများစွာစီးကျလာခဲ့သည်။

ဤသွေးများစီးကျသွားပြီးနောက် ဧရာမဝက်ဝံကြီးသည် ကျေနပ်စွာဖြင့် ၎င်း၏နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သည်။

ယခုတစ်ကြိမ်မြို့ကို ဖျက်ဆီးပြီးနောက်တွင် သန္ဓေပြောင်းသားရဲအုပ်စုအားလုံးမှာအားကောင်းသောအားများထွက်ပေါ်လာခဲ့ကာ လူသားအားလုံးကို သတ်ပစ်ချင်နေသည့်ပုံမျိုးပေါ်ပေသည်။

ဧရာမဝက်ဝံကြီးသည် အော်ဟစ်ရင်း ၎င်း၏စွမ်းအားကို ပြသနေပုံရသည်။

ဤအသံမှာ ၎င်း၏စွမ်းအားမှာအဆင့်တစ်ခုကို ရောက်နေပြီဖြစ်ပြီး ဤနေရာရှိလူတိုင်းသည်၎င်းထက်နိမ့်ကျသည်ဟု ကြေညာနေသလိုပင်။

ပတ်ဝန်းကျင်မှ သွေးနံ့များက အချိန်အတော်ကြာသည်အထိပျောက်ကွယ်မသွားဘဲ ပတ်ပတ်လည်တွင် ပျံ့နှံ့နေခဲ့သည်။

ဧရာမဝက်ဝံကြီးရဲ့ ဗိုက်က အရာအားလုံးကိုဝင်ဆံ့နိုင်သလိုပင်။ ၎င်းသည် ပတ်ဝန်းကျင်က လူများစွာကို ချက်ချင်းမျိုချပစ်လိုက်သည်။

ထို့အပြင် ဧရာမဝက်ဝံကြီးရဲ့အရွယ်အစားက လူများအား များများစားလေ ပိုကြီးလာလေဖြစ်သည်။

အစပိုင်းတွင် ဧရာမဝက်ဝံကြီးမှာ ငါးမီတာမျှသာရှိကြောင်း လူတိုင်းမြင်ခဲ့ရသော်ငြားလက်ရှိတွင် လူများအားမရပ်မနားမျိုချပြီးနောက်မှာတော့ ၎င်း၏အရွယ်အစားက တဖြည်းဖြည်းပိုကြီးလာခဲ့ကာ ခုနစ်မီတာမှ ရှစ်မီတာအထိတောင် ရှိနေပြီဖြစ်သည်။

ကြောက်ရွံ့မှုနှင့် မသက်မသာမှုများမှာ လူတိုင်း၏မျက်နှာများတွင် ချက်ချင်းပေါ်လာခဲ့သည်။

သူတို့၏မျက်နှာအမူအရာများမှာ စိုးရိမ်ပူပန်မှုကြောင့် အကြီးအကျယ်ပြောင်းလဲသွားကြပြီး အသက်ရှူသံပင်မြန်လာခဲ့သည်။ သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ချက်ချင်းပင် မူးလဲတော့မလိုယိမ်းယိုင်နေခဲ့သည်။

“ဘုရားရေ ဒီဧရာမဝက်ဝံကြီးက အရမ်းအားကောင်းတာပဲ”

“ဘာလို့ ဒီလိုမိစ္ဆာက ကမ္ဘာပေါ်မှာ ပေါ်လာရတာလဲ ကောင်းကင်ဘုံက ငါတို့ကို အသက်မရှင်စေချင်လို့လား…”

“ဒီတစ်ခေါက် ကမ္ဘာတစ်ခုလုံးပျက်စီးတော့မယ် ငါတို့ တော့ပြီးဆုံးသွားပြီ…”

“ကောင်းကင်ဘုံက ငါတို့ကို ဒီလိုလုပ်တာ အပြစ်ပေးနေတာလား…”

“သဘာဝဘေးအန္တရာယ်တွေက မပြီးဆုံးနိုင်တော့ဘူး ငါတို့ကမ္ဘာကြီးလည်း ပြီးဆုံးတော့မယ် ဒါက ကောင်းကင်ဘုံကငါတို့ကို အသက်မရှင်စေချင်လို့ပဲ…”

“ကမ္ဘာကြီး ပျက်စီးတော့မယ် ငါတို့ တော့ပြီးဆုံးသွားပြီ…”

လူတိုင်းမှာ ဒီဧရာမဝက်ဝံကြီး၏ လူထောင်ပေါင်းများစွာအား ချက်ချင်းမျိုချနေသောမြင်ကွင်းကို မြင်နေကြရသည်။ မြို့ထဲမှနိုင်ငံသားများမှာလည်း ဤမြင်ကွင်းကြောင့် မျက်နှာများဖြူဖတ်ဖြူလျော်ဖြစ်သွားသည်အထိ ကြောက်ရွံ့သွားကြသည်။

သူတို့၏စိတ်ဓာတ်များမှာပျက်စီးနေပြီး လက်ရှိအချိန်တွင်ကမ္ဘာတစ်ခုလုံး ပျက်စီးတော့မည်ဟု သူတို့စိတ်ထဲတွင်ခံစားနေရပေသည်။

လူများစွာသည် အသက်ရှင်ဖို့ဆန္ဒတောင်မရှိကြတော့ပေ။

သူတို့၏မျက်လုံးများမှာ ရှုပ်ထွေးမှုတွေဖြင့်ပြည့်နေပြီး အသိစိတ်မရှိပုံဖြင့် လျှောက်သွားနေကြသည်။

များစွာသောလူများမှာ အဆောက်အဦး၏ထိပ်သို့ချက်ချင်းတက်သွားကြပြီး အားလုံးမှာရူးသွပ်သွားသလိုအမိုးပေါ်မှ ဆက်တိုက်ခုန်ချနေကြသည်။

....................................................................................

အခန်း (၆၇၅) ပြီးပါပြီ။

All Chapters