← Chapters

ခပ်ရွဲ့ရွဲ့ပြုံးနေသော နဂါးဘုရင် ပလန်

Vol. 9 Ch. 115

ခပ်ရွဲ့ရွဲ့ပြုံးနေသော နဂါးဘုရင် ပလန်

Vol. 9 Ch. 115

ရဲရှင်းဟွေ့သည် စောစောက သူလက်ဆောင်အဖြစ် ပြိုင်ကားကိုထုတ်ပေးလိုက်စဉ်က သူ၏ဦးလေး ဘာကြောင့် ဘာမှမတုံ့ပြန်ခဲ့သလဲ နောက်ဆုံးတွင် သဘောပေါက်သွားလေသည်။

သူက ဒီနေရာမှာ ထောင်ချောက်ဆင်ပြီး စောင့်နေခဲ့တာပဲ!

ယခုဆိုလျှင် ရဲရှင်းဟွေ့က ဘယ်လောက်ပင် ပွက်လောရိုက်အောင်လုပ်စေကာမူ.... ဘယ်လောက်ပင် ဈေးကြီးသောလက်ဆောင်များပေးစေကာမူ.... ရဲဖန်က အပြစ်အားလုံးကို သူ့အပေါ်ပုံချနိုင်လေပြီ…။

“ကိုယ့်တူရဲ့ ပိုက်ဆံက ကိုယ်နဲ့ ဘာဆိုင်လို့လဲ....။”

ရဲဖန်က ဤစကားတစ်ခွန်းတည်းကိုာ အရာအားလုံးအတွက် အကြောင်းပြချက်အဖြစ် လုံးဝအသုံးပြုနိုင်လေသည်။

ရဲရှင်းဟွေ့မှာ သူ၏ဦးလေးက သူ့အားထိန်းချုပ်ရန်အတွက် သူ၏နာမည်အောက်တွင် ဘီလီယံဆယ်ဂဏန်းတန် ကုမ္ပဏီတစ်ခု တိုက်ရိုက်ထောင်ပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ...။

ရဲရှင်းဟွေ့မှာ ရဲဖန်ကို လက်မထောင်ပြ၍ “မိုက်လိုက်တာ....” ဟုပင် ပြောလိုက်ချင်စိတ် ပေါက်သွား၏။

ရဲရှင်းဟွေ့က ရဲဖန်အား လှမ်းကြည့်လိုက်လျှင် ရဲဖန်က သူ့အား ပြုံးပြလိုက်သည်။

ယခင်က ရဲဖန်မှာ အိမ်ပြန်ရောက်သည်နှင့် သူ၏လက်အောက်ငယ်သားများကို ချက်ချင်းဆက်သွယ်ခဲ့ပြီး.... ထို့နောက် ရဲရှင်းဟွေ့၏ အမည်ဖြင့် ဂိမ်းကုမ္ပဏီတစ်ခုကို တည်ထောင်ကာ စကားတစ်ခွန်းမဆိုဘဲ ဘီလီယံပေါင်းများစွာကို တိုက်ရိုက်ရင်းနှီးမြှုပ်နှံခဲ့လေသည်။

ယခုဆိုလျှင် ရဲရှင်းဟွေ့၏ ကုမ္ပဏီတွင် ဘီလီယံတစ်သောင်းမှလွဲ၍ ဘာဆိုဘာမှမရှိချေ။

ဝန်ထမ်းမရှိ.... နေရာမရှိ.... ပရောဂျက်မရှိ... သူ၏ကုမ္ပဏီ အသားတင်တန်ဖိုးမှာလည်း သူ၏ကုမ္ပဏီ၏ အသားတင်ငွေကြေးပင် ဖြစ်လေသည်။

…

“မစ္စတာ ရဲရှင်းဟွေ့....ဒါလေးတစ်ချက် ကြည့်ပြီးတော့ လက်မှတ်ထိုးမထိုး ပြောပြပေးပါ....။”

သက်လတ်ပိုင်းအရွယ် အမျိုးသားက စကားထပ်ပြောလိုက်ပြီး စာချုပ်နှင့် ဘောပင်တစ်ချောင်းကို ရဲရှင်းဟွေ့ထံသို့ ကမ်းပေးလိုက်သည်။

ရဲရှင်းဟွေ့မှာ အနည်းငယ် အားကိုးရာမဲ့ဖြစ်သွားသည်။ ဦးလေး သူ့အပေါ် ပိုက်ဆံသုံးချင်နေသည်မှာ ထင်ရှားလှပေ၏။

ဘီလီယံတစ်သောင်း... သူ လက်ခံလိုက်သင့်လား....။ သို့မဟုတ် လက်ခံလိုက်သင့်လား....။

နောက်ဆုံးတွင်တော့ ရဲရှင်းဟွေ့ စာချုပ်ကိုယူကာ လက်မှတ်ထိုးလိုက်လေသည်။

ပိုက်ဆံကို လက်ခံပြီးပြီဖြစ်သော်လည်း ကိစ္စတွေကတော့ ဆက်ရှိနေဦးမှာပင်။ ဒါပေမဲ့...

နည်းဗျူဟာတွေကိုတော့ ပြောင်းလဲသင့်သည်ဟု ထင်၏။ ပိုက်ဆံ သို့မဟုတ် တန်ဖိုးကြီးအရာများနှင့် ပတ်သက်ရမည်ဆိုလျှင် အရာအားလုံးမှာ အဓိပ္ပာယ်မဲ့သွားဖွယ်ရှိ၏။

လက်မှတ်ထိုးပြီးနောက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားက ရဲဖန်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် “မစ္စတာ ရဲရှင်းဟွေ့.... ကျွန်တော့်ကား အောက်ထပ်မှာရှိပါတယ်.... ခင်ဗျားအရင်စားပါ.... ခဏနေရင် ကျွန်တော် ခင်ဗျားကို ဟိုတယ်ပြန်လိုက်ပို့ပါ့မယ်....” ဟုဆိုလိုက်သည်။

ထိုသို့ပြောပြီးနောက် သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ထွက်ခွာသွားလေသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသား ထွက်သွားပြီးနောက် ချန်ယင်းယင်း.... လီလီနှင့် ချန်ပေါင်ဟွာ့တို့အားလုံးမှာ ရဲရှင်းဟွေ့အား ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်နေကြလေသည်။

သို့သော် ချန်ယင်းယင်း မမေးခင်မှာပင် ရဲဖန်က ဦးစွာစကားစလိုက်သည်။

“ဟားဟား.... ငါ့တူက သိပ်တော်တာကွ....”

ရဲဖန်က ချန်ယင်းယင်းဘက်သို့လှည့်၍ ပြောလိုက်သော်လည်း သူမ၏မိဘများကလည်း ရဲဖန်အား ကြည့်နေကြသည်။

ထိုအဖြစ်ကိုမြင်သောအခါ ရဲဖန်က ဆက်ပြောလိုက်သည်မှာ “ရှင်းဟွေ့က ငယ်ငယ်ကတည်းက တော်တာ.... သူ ဆယ်ကျော်သက်အရွယ်ကတည်းက အွန်လိုင်းပေါ်မှာ ပရိုဂရမ်ရေးပြီး ပိုက်ဆံရှာနေခဲ့တာ.... ဒီကုမ္ပဏီကိုလည်း သူကိုယ်တိုင်ချည်းပဲ စခဲ့တာ....”

“ရှင့်တူက ဒီလောက်တော်နေတာကို.... ဘာလို့ ကျွန်မတို့ကို မပြောပြခဲ့တာလဲ....။” လီလီက မေးလိုက်သည်။

“ဪ.... ငါနဲ့ ငါ့အစ်ကိုကြားက ပြဿနာကို မင်းတို့လည်း သိသားပဲ.... အဲဒါကြောင့်....”

ထိုစကားကိုကြားသောအခါ လီလီက သူမ၏နှုတ်ခမ်းကို မထီမဲ့မြင်ပြုကာ တွန့်လိုက်ပြီး စိတ်ထဲမှဆိုလိုက်သည်မှာ

'ဟမ့်.... တော်တော် အသုံးမကျတဲ့ကောင်ပဲ။ အိမ်မှာ ဒီလောက်တော်တဲ့တူတစ်ယောက်ရှိနေတာတောင် မျက်နှာချိုသွေးဖို့မသိဘူး။ အသုံးမကျတဲ့ကောင်က တကယ်ကိုအသုံးမကျတာပဲ!'

ထိုသို့တွေးရင်း လီလီက ရဲရှင်းဟွေ့၏ ပန်းကန်ထဲသို့ ဟင်းတစ်ဖတ်ကို ပြုံးပြုံးလေးဖြင့် ထည့်ပေးကာ "ရှင်းဟွေ့.... မင်းက ရဲဖန်ရဲ့တူဆိုတော့ ယင်းယင်းရဲ့တူပေါ့.... အိမ်ကို မကြာမကြာ လာလည်ပါဦး...." ဟု ဆိုလိုက်သည်။

ရဲရှင်းဟွေ့: …

…

ဤထမင်းဝိုင်းတွင် ပြောဆိုကြသည့်အကြောင်းအရာအားလုံးမှာ အခြေခံအားဖြင့် ရဲရှင်းဟွေ့၏ ပတ်ပတ်လည်တွင်သာ ဝိုင်းနေလေတော့သည်။

သို့သော်လည်း မေးခွန်းအများစုကိုဖြေဆိုသူမှာ ရဲရှင်းဟွေ့မဟုတ်ဘဲ ရဲရှင်းဟွေ့၏ ဇာတ်ကောင်ကို စောစောကတည်းက ပုံဖော်ပြင်ဆင်ထားခဲ့သည့် ရဲဖန်သာဖြစ်၏။

ရဲရှင်းဟွေ့မှာတော့လား…။ သူက ထမင်းစားရင်း နောက်ဆက်ပြီး ဘာလုပ်ရမည်ကို စဉ်းစားနေခဲ့ကာ ရုတ်တရက်ရရှိလာသော ဘီလီယံတစ်သောင်းကို ဘယ်လိုသုံးရမည်ကိုလည်း တွေးတောနေခဲ့သည်။

သူ့အတွက် အသုံးဝင်မည့်အရာတစ်ခုခုကို တည်ဆောက်လိုပါက ဘီလီယံတစ်သောင်းမှာ လုံးဝမလုံလောက်ပေ။ ပထမအဆင့်မှာ ပိုက်ဆံပိုမိုရှာဖွေရန်ဖြစ်ပြီး.... ထို့နောက်တွင်မှ ပြည်ပမှ ကုန်သည်များနှင့် ဆက်သွယ်ကာ စစ်ဘက်သုံးပစ္စည်းများဝယ်ယူရန် နည်းလမ်းရှာရပေမည်။

…

စားသောက်ပြီးနောက်တွင် ရဲရှင်းဟွေ့က ပြန်ဖို့ရန် ပြင်ဆင်လိုက်သည်။

တံခါးဝတွင် လီလီမှာ ပြိုင်ကား၏ကားသော့ကို ကိုင်လှည့်ကစားနေဆဲဖြစ်ပြီး ထိုကားသော့မှာ သူမအပိုင်အလား။

ရဲရှင်းဟွေ့ မကျေမနပ်ဖြင့် နှုတ်ခမ်းမဲ့လိုက်ပြီးနောက် သော့ကိုလုယူကာ သူ၏အဒေါ် ချန်ယင်းယင်း၏ လက်ထဲသို့ အတင်းထိုးထည့်လိုက်သည်။

“အန်တီ.... ဒီကားက အန်တီ့အတွက်ပါ....”

ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့ လှည့်ထွက်သွားလိုက်လေသည်။

ချန်ယင်းယင်းမှာမူ သော့ကိုကိုင်ရင်း ဘာလုပ်ရမှန်းမသိဘဲ ရဲဖန်အား ကြည့်နေမိသည်။

ရဲဖန်က ပြုံးလိုက်ပြီး “ယူလိုက်ပါ....” ဟုဆိုလိုက်သည်။

တစ်ချိန်တည်းမှာပင် ရဲဖန် စိတ်ထဲ၌ တွေးမိလိုက်သည်။

'ငါက ဘီလီယံတစ်သောင်းလုံးတောင် ပေးလိုက်တာပဲ.... သန်းတစ်ဆယ်တန်ကားတစ်စီးလောက်တော့ သူလည်းမနစ်နာဘူး.... ကိုယ်လည်းမနစ်နာဘူးပေါ့....'

…

ရဲရှင်းဟွေ့ အောက်ထပ်သို့ဆင်းသွားသောအခါ စောစောက သက်လတ်ပိုင်းအရွယ် အမျိုးသားကို တွေ့လိုက်ရသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး သူ၏ဘေးမှ လုပ်ငန်းသုံးကား၏ ခရီးသည်ထိုင်ခုံတံခါးကို ဖွင့်ပေးလိုက်သည်။

“မစ္စတာ ရဲရှင်းဟွေ့.... ကားပေါ်တက်ပါ....”

ရဲရှင်းဟွေ့သည် သက်လတ်ပိုင်းအရွယ် အမျိုးသားအား တစ်ချက်လှမ်းကြည့်လိုက်ပြီး ဘာမှမပြောဘဲ ကားပေါ်သို့ တက်လိုက်သည်။

ကားပေါ်ရောက်ပြီးနောက် ရဲရှင်းဟွေ့က “ခင်ဗျားက ကျွန်တော့်ဦးလေးရဲ့ လူလား....။” ဟုမေးလိုက်သည်။

“ဟုတ်ပါတယ်.... ကျွန်တော့်နာမည်က ရှီသဖန်ပါ.... ကျွန်တော့်ကို လောင်ရှီလို့ခေါ်လို့ရပါတယ်....” ရှီသဖန်က ကားမောင်းနေရင်း ပြန်ဖြေလိုက်သည်။

“ကျွန်တော့်ဦးလေးက တကယ်စွမ်းတာပဲ.... သမက်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ကျွန်တော့်ကို ဘီလီယံတစ်သောင်းပေးပြီး ပါးစပ်ပိတ်ခိုင်းတယ်....” ရဲရှင်းဟွေ့က ညည်းညူလိုက်သည်။

“ဟုတ်တယ်....” ရှီသဖန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး

“ကျွန်တော်တို့လည်း နဂါးဘုရင်ကို သွားပြောခဲ့ကြပါတယ်.... ဒါပေမဲ့.... အချိန်မတန်သေးဘူးလို့ပဲ သူက အမြဲပြောနေတယ်....”

ရဲရှင်းဟွေ့သည် ရဲဖန်ဆိုသော အချိန်မတန်သေးဘူးဆိုသည်မှာ သုံးနှစ်သဘောတူညီချက်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်းကို သဘာဝကျကျပင် သိရှိလိုက်သည်။

“သုံးနှစ်ပြည့်ဖို့ ဘယ်လောက်လိုသေးလဲ....” ရဲရှင်းဟွေ့က ထပ်မေးလိုက်သည်။

“သုံးနှစ်လား.... ဘာသုံးနှစ်လဲ....” ရှီသဖန်က ထပ်ပြောလိုက်သည်။ သူသည် ရဲရှင်းဟွေ့၏ ဆိုလိုရင်းကို အနည်းငယ် ရှုပ်ထွေးသွားဟန်ရှိ၏။

ရဲရှင်းဟွေ့က မေးခွန်းပုံစံပြောင်းလိုက်ပြီး “ကျွန်တော်ဆိုလိုတာက.... ကျွန်တော့်ဦးလေး ချန်မိသားစုထဲကို သမက်ဝင်လုပ်တာ ဘယ်လောက်ကြာပြီလဲ....။” ဟုထပ်မေးလိုက်သည်။

“ဪ.... လေးနှစ်နီးပါးလောက် ရှိသင့်ပြီ....”

ရဲရှင်းဟွေ့: …

လေးနှစ်နီးပါးရှိနေပြီကိုပင် ရဲဖန် ချန်ယင်းယင်းကို စွန့်ခွာမသွားသေးသည်မှာ ချန်ယင်းယင်းတွင် ရဲဖန်အပေါ် အမှန်တကယ် စိတ်ခံစားချက်ရှိနေခြင်းကြောင့် သို့မဟုတ် ရဲဖန်က ချန်ယင်းယင်းအပေါ် အမှန်တကယ် ချစ်မြတ်နိုးသွားခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

ရဲရှင်းဟွေ့သည် မျက်မှောင်ကြုတ်ကာ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက်... အခြေအနေများမှာ တဖြည်းဖြည်း ခက်ခဲလာပြီဖြစ်ကြောင်း ခံစားလာရသည်။

'ကြည့်ရတာတော့ ရက်စက်တဲ့နည်းတွေ သုံးရတော့မယ်ထင်တယ်'

ထိုအခိုက်တွင် ရဲရှင်းဟွေ့၏ မျက်စိဒေါင့်က နောက်ခုံပေါ်ရှိ သစ်သားသေတ္တာတစ်လုံးကို မြင်တွေ့သွားသည်။

“ဟေး.... လောင်ရှီ.... ဒီသေတ္တာထဲမှာ ဘာတွေလဲ....။”

ထိုစကားကိုကြားသောအခါ ရှီသဖန်က ရှင်းပြလိုက်သည်မှာ “အား.... ချန်မိသားစုရဲ့ အဘွားကြီးက မကြာခင် အသက်ရှစ်ဆယ်ပြည့်မွေးနေ့ကျင်းပတော့မှာ မဟုတ်လား....။ အဲဒါ နဂါးဘုရင်က ကျွန်တော့်ကို ပြင်ဆင်ခိုင်းထားတဲ့ မွေးနေ့လက်ဆောင်လေ....”

'မွေးနေ့လက်ဆောင်....။ ဒါက နဂါးဘုရင်၏သမက်‌တော် ဇာတ်ကားထဲက နာမည်ကြီးဇာတ်ကွက်တွေထဲက တစ်ခုများလား....။ နဂါးဘုရင်က လက်ဆောင်ပေးပြီး တခြားလူတွေရဲ့ ပါးရိုက်တာခံရတဲ့ ဇာတ်ကွက်လေ....'

နဂါးဘုရင် လက်ဆောင်ပေးသည့်အကြောင်းကို တွေးလိုက်မိသောအခါ ရဲရှင်းဟွေ့သည် နှုတ်ခမ်းရွဲ့နေသော အမျိုးသားတစ်ဦး၏ ပုံရိပ်ကို စိတ်ထဲတွင် မြင်ယောင်လာသည်။

ထိုဇာတ်ကွက်မှာ အလွန်တိုတောင်းသော်လည်း အလွန်နာမည်ကြီးသွားခဲ့ပြီး ထိုအချိန်က ဗီဒီယိုများစွာလည်း ထွက်ပေါ်ခဲ့သည်။

ဇာတ်လမ်းမှာ နဂါးဘုရင်၏သမက်က ဘယ်ကမှန်းမသိသော ရှေးဟောင်းပစ္စည်းတစ်ခုကို ဝယ်လာပြီး အဘွားကြီးကို မွေးနေ့လက်ဆောင်အဖြစ် ပေးလိုက်သည်။

ထို့နောက် အဘွားကြီးနှင့် မွေးနေ့ပွဲသို့ တက်ရောက်လာသောသူများက ထိုရှေးဟောင်းပစ္စည်းကို အတုဟု တန်းသတ်မှတ်လိုက်ပြီး မြေပြင်ပေါ်သို့ပင် ပစ်ပေါက်ခွဲခြေကာ နောက်ဆုံးတွင် သူ့အား ပါးရိုက်လိုက်ကြတော့၏။

နောက်ဆုံး၌ ပွဲတက်ရောက်လာသူအားလုံးက နဂါးဘုရင်အား ဝိုင်းဝန်းလှောင်ပြောင်ကြလေသည်။

“ဘာ.... ငါတို့မိသားစုက မင်းလိုအသုံးမကျတဲ့ကောင်ကို ဘယ်လိုများခေါ်သွင်းမိသွားတာလဲ....။ ငါတို့မိသားစုက နဂါးဘုရင်နန်းတော်နဲ့ စီးပွားရေးလုပ်နေတဲ့ ချမ်းသာတဲ့မိသားစုကွ....”

နောက်ဆုံးတွင် သူ၏မျက်နှာကိုအုပ်ကိုင်ထားသော နဂါးဘုရင်၏ မျက်လုံးများမှာ ရုတ်ခြည်းတင်းမာသွားသည်။ ထို့နောက် အနက်ရောင်ဝတ်ရုံများဝတ်ဆင်ထားသော နဂါးဘုရင်၏ တမန်တော်များဟုခေါ်သော လူတစ်စုရောက်ရှိလာပြီး စကားတစ်ခွန်းမဆိုဘဲ နဂါးဘုရင်သမက်၏ ရှေ့တွင် ဒူးထောက်လိုက်ကြသည်။

ထိုအဖြစ်ကိုမြင်သောအခါ နဂါးဘုရင်သမက်က

“ဟန်ဆောင်မနေတော့ဘူး.... ငါက နဂါးဘုရင်ပဲကွ.... ငါက နဂါးဘုရင်ပဲ!”

နဂါးဘုရင်သည် ပွဲတက်ရောက်လာသူအားလုံးကို ချက်ချင်းပင် နှိမ်နင်းလိုက်ပြီးနောက် နောက်ဆုံးတွင် ခပ်ရွဲ့ရွဲ့ပြုံးလိုက်ကာ ဗီဒီယိုမှာ ပြီးဆုံးသွားလေ၏။

…….

ရဲရှင်းဟွေ့ သူ့နောက်မှ မွေးနေ့လက်ဆောင်သေတ္တာကိုကြည့်လိုက်ပြီး စိတ်ထဲမှတွေးလိုက်သည်။

'ငါတို့လည်း ဇာတ်လမ်းတစ်ပုဒ်ကို ဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်ကြည့်ကြရင် ဘယ်လိုနေမလဲ....။ မွေးနေ့ပွဲမှာ ပါးစောင်းနဲ့ နဂါးဘုရင်က သူ့ကိုယ်သူရှိုးထုတ်တာမျိုးလေးလေ....'

ရဲဖန်၏ ခပ်ရွဲ့ရွဲ့ပြံးနေသောမျက်နှာကို တွေးလိုက်မိသောအခါ... ရဲရှင်းဟွေ့ ရယ်မောမိတော့သည်။

“ဟမ်.... မစ္စတာ ရဲရှင်းဟွေ့.... ဘာလို့ ရယ်နေတာလဲ....။”

“ဘာမှမဟုတ်ပါဘူး.... ရယ်စရာတစ်ခု သတိရသွားလို့ပါ....”

All Chapters