စကော့ထ်
Vol. 9 Ch. 119
ချန်မိသားစုအိမ်ကြီး၏ အပြင်ဘက်မှောင်မိုက်နေသောနေရာတွင် လူသုံးဆယ်ကျော်သည် ချန်မိသားစုအိမ်ကြီးဆီသို့ ဦးတည်နေသော အဓိကလမ်းမကြီးကို စူးစိုက်ကြည့်နေခဲ့ကြ၏။
သို့သော်လည်း ထိုလူများထဲမှ တစ်ဦးတစ်ယောက်မျှ သူတို့အား သားကောင်များအဖြစ် သတ်မှတ်နေသော ဝေဟင်အလယ်မှ ကျီးကန်းသုံးကောင်ကို သတိပြုမိခြင်းမရှိခဲ့ပေ။
…….
ဝေဟင်အလယ်၌။
ဘုရင်ဖြူသည် သူနှင့်အတူပါလာသော ကျီးကန်းနှစ်ကောင်အား "မင်းတို့နှစ်ယောက် သွားတိုက်ခိုက်.... ငါက မင်းတို့ကို ကူညီပေးမယ်...." ဟုဆိုလိုက်သည်။
ရှုန်ယို့နှင့် ရှုန်ကျော့တို့သည် "ကူညီပေးမည်" ဟုခေါ်သော စကား၏အဓိပ္ပာယ်ကို မသိရှိကြသော်လည်း သူတို့သည် နာခံလိုက်နာရန်သာ လိုအပ်ကြောင်းကိုတော့ သိရှိကြ၏။
အနက်ရောင်ကျီးကန်းနှစ်ကောင်သည် သူတို့၏ပစ်မှတ်ကို တစ်ချိန်တည်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။
သူတို့ထဲမှတစ်ဦးမှာ အလုပ်မှခို၍ လမ်းထောင့်တစ်နေရာတွင် ဆေးလိပ်သောက်နေခဲ့ပြီး.... အခြားတစ်ဦးမှာမူ အနီးအနားရှိ အများသုံးအိမ်သာတစ်ခုဆီသို့ လျှောက်လှမ်းသွားနေခဲ့သည်။
သူတို့သည် မြားများကဲ့သို့ လူနှစ်ဦးထံသို့ အရှိန်ပြင်းစွာ ပျံသန်းသွားကြသည်။ သူတို့အနီးသို့ရောက်သောအခါတွင် သူတို့၏ခြေသည်းများသည် တစ်ချိန်တည်းမှာပင် ရှေ့သို့ကုတ်ခြစ်လိုက်လေသည်။
သဘာဝကျစွာပင် လူနှစ်ဦးသည် သူတို့နောက်မှ ကျီးကန်းနှစ်ကောင်၏ တောင်ပံခတ်သံများကို ကြားလိုက်ရသော်လည်း.... သူတို့လှည့်ကြည့်ကာ ရှောင်တိမ်းခြင်းမပြုနိုင်မီမှာပင် ခြေသည်းများက သူတို့၏အရေပြားကို ဖြတ်သွားခဲ့ပြီ ဖြစ်၏။
အရေပြားမှာ ပွန်းပဲ့သွားခဲ့ပြီး ပြုပြင်မွမ်းမံထားသော ကျီးကန်း၏ခြေသည်းများမှ မေ့ဆေးတစ်ချက်သည် ချက်ချင်းပင် စိမ့်ထွက်လာကာ ထိုနှစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
လူနှစ်ဦးသည် ကျီးကန်းများ၏ တိုက်ခိုက်ခြင်းကိုခံရသောအခါ ဘာကိုမှမခံစားမိခဲ့သော်လည်း.... သူတို့ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် မူးဝေလာသည်ကို ခံစားမိကာ မြေပြင်ပေါ်သို့ မေ့လဲကျသွားတော့သည်။
ဤလူနှစ်ဦးကို ဖြေရှင်းပြီးနောက်တွင် ရှုန်ယို့နှင့် ရှုန်ကျော့တို့သည် သူတို့၏ပစ်မှတ်များကို အခြားသူများထံသို့ သတ်မှတ်လိုက်ကြသည်။
လူသုံးဆယ်မှာ အခြေခံအားဖြင့် နှစ်ယောက်တစ်စုစီဖြင့် ချန်မိသားစုအိမ်ကြီး၏ အဓိကလမ်းမကြီး၏ တစ်ဖက်တစ်ချက်စီရှိ မတူညီသောနေရာများတွင် ပုန်းအောင်းနေခဲ့ကြသည်။ သူတို့သည် တိတ်တဆိတ်ပုန်းအောင်းနေကြသော်လည်း... ဘုရင်ဖြူသည် ပြီးခဲ့သောနှစ်ရက်အတွင်း စုံစမ်းစစ်ဆေးမှုတစ်ခုကို ပြုလုပ်ခဲ့ပြီးဖြစ်ရာ သူသည် ရဲဖန်စေလွှတ်လိုက်သောလူများ မည်သည့်နေရာတွင်ရှိသည်ကို သိရှိနေခဲ့ပြီ။
ဤသို့ဖြင့် ရှုန်ယို့နှင့် ရှုန်ကျော့တို့သည် အဆက်မပြတ် တိုက်ခိုက်ခဲ့ကြပြီး မကြာမီမှာပင် လူတစ်ဒါဇင်ကျော် လဲကျသွားခဲ့လေ၏။
သို့သော်လည်း ကျီးကန်းနှစ်ကောင် လှုပ်ရှားသောအခါတွင် မတော်တဆမှုများလည်း ဖြစ်ပွားခဲ့သည်။ သူတို့ကို အခြားလူများက မြင်တွေ့သွားခဲ့သော်လည်း ထိုလူများက သူတို့၏ စကားပြောစက်များကို ထုတ်မယူနိုင်မီမှာပင် ဘုရင်ဖြူသည် ပို၍ပင်လျင်မြန်သော အရှိန်ဖြင့် သူတို့ကို အလဲထိုးလိုက်လေသည်။
လူနှစ်ဒါဇင်နီးပါး အဆက်အသွယ်ပြတ်တောက်သွားခြင်းက မကြာမီမှာပင် အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
အထူးသဖြင့် အစပိုင်းတွင် မေ့လဲကျသွားသော လူနှစ်ဦးမှာ သူတို့၏ စောင့်ကြည့်ရေးနေရာများတွင် မရှိခဲ့ကြပေ။ တစ်ဦးမှာ အိမ်သာ၏တံခါးဝတွင်ဖြစ်ပြီး အခြားတစ်ဦးမှာ စူပါမားကတ်၏တံခါးဝတွင် ဆေးလိပ်သောက်နေခဲ့ရာ.... သဘာဝကျစွာပင် သူတို့မှာ ပထမဆုံးအဖြစ် ရှာဖွေတွေ့ရှိခြင်းခံခဲ့ရသည်။
“သူဌေး စကော့ထ်.... တစ်ခုခုမှားနေပြီထင်တယ်.... ညီအစ်ကိုတစ်ဒါဇင်ကျော် အဆက်အသွယ်ပြတ်သွားပြီ....”
စောင့်ကြည့်သူများထဲမှ တစ်ဦးက အင်တာကွန်မှတစ်ဆင့် အော်ပြောလိုက်၏။
သို့သော် သူစကားဆုံးသည်နှင့် သူ၏လည်ပင်းတွင် နာကျင်မှုကိုခံစားလိုက်ရပြီး ထို့နောက် သူသည်မူးဝေကာ သတိလစ်သွားတော့သည်။
ဤတစ်ကြိမ်တွင် ဘုရင်ဖြူသည် ထပ်မံလှုပ်ရှားခဲ့ပြန်ပြီ။ အဘယ့်ကြောင့်ဆိုသော် ကျန်ရှိသောစောင့်ကြည့်သူများမှာ သတိထားမိနေပြီဖြစ်ရာ ဘုရင်ဖြူသည် သူ့ကိုယ်တိုင်လှုပ်ရှားရန် စီစဉ်လိုက်သောကြောင့်ပင်။
ဘုရင်ဖြူသည် နှစ်ပေါင်းရာချီအသက်ရှင်ခဲ့သော ကျီးကန်းအိုကြီးတစ်ကောင် ဖြစ်၏။ သူ၏ IQ မှာ လူအများစုထက်ပင် မြင့်မားလေသည်။ သူသည် သူ၏အရှိန်ကိုအသုံးပြုကာ တက်လာခဲ့ပြီး.... သူသည် ချောင်းမြောင်းတိုက်ခိုက်မှုများကိုပင် ပြုလုပ်ခဲ့ရာ လူအများစုမှာ သူ့ကို အမှန်တကယ်ပင် ကာကွယ်နိုင်ခြင်းမရှိခဲ့ပေ။
ဘုရင်ဖြူကိုယ်တိုင် လှုပ်ရှားလာသည်နှင့် လူသုံးဆယ်မှာ လျင်မြန်စွာပင် သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရသည်။
လူသုံးဆယ်လုံးကို အလဲထိုးပြီးနောက် ဘုရင်ဖြူက သတင်းကို ရဲရှင်းဟွေ့ထံသို့ ပေးပို့ခဲ့သည်။
ရဲရှင်းဟွေ့သည် ဘုရင်ဖြူနှင့် ကျီးကန်းနှစ်ကောင်တို့က ကိစ္စများကို ဖြေရှင်းပြီးဖြစ်ကြောင်း သိရှိလိုက်ရသဖြင့် သူသည် သရုပ်ဆောင်ငါးဦးနှင့်အတူ ထွက်ခွာခဲ့လေသည်။
…….
တစ်ဖက်တွင်တော့။
ချန်မိသားစု၏ အိမ်ကြီးအပြင်ဘက်လမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ ဒုတိယထပ်၌။
အညိုရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိသော ရုပ်ရည်ချောမောသည့် နိုင်ငံခြားသားတစ်ဦးသည် သူ၏လက်ထဲမှ စကားပြောစက်ကိုချလိုက်ပြီး ပြုံးကာ “သူဘယ်လိုလုပ်လိုက်လဲတော့ မသိဘူး.... ဒါပေမဲ့.... နဂါးဘုရင်ရဲ့ ဒီတူလေးက တော်တော်လေး စွမ်းသားပဲ....” ဟုဆိုလိုက်သည်။
ထိုစဉ်မှာပင် ထိုလူ၏ဖုန်းမြည်လာခဲ့သည်။
ဖုန်းကိုကိုင်လိုက်ပြီးနောက် ဖုန်း၏အခြားတစ်ဖက်မှ ရဲဖန်၏အသံ ထွက်ပေါ်လာခဲ့၏။
“ဘယ်လိုလဲ....။ လူသုံးဆယ်လုံးကို အလဲထိုးပြီးသွားပြီလား....။”
ထိုလူက ချီးကျူးလိုက်သည်မှာ “အင်း.... ဟုတ်တယ်.... ဒီကောင်လေးက ခင်ဗျားတူဆိုတာ မှန်တာပဲ.... တော်တော်လေး လက်စလက်န သွက်တယ်....”
“ဟဲဟဲဟဲ.... ရှင်းဟွေ့က ဒီနေ့ဒုက္ခပေးဖို့လာမယ်ဆိုတာ ငါခန့်မှန်းပြီးသား.... နောက်ဆက်တွဲကတော့ မင်းအပေါ်မှာပဲ မူတည်ပြီ.... စကော့ထ်.... ပြီးတော့ ငါ့တူက တကယ်ဘယ်လောက်စွမ်းလဲဆိုတာကို ငါ့အတွက် စစ်ဆေးပေးပါဦး....”
“ငါ ကြမ်းလိုက်လို့ရလား....။” ထိုလူက ပြုံးရင်းမေးလိုက်သည်။
“ဟားဟားဟား....” ရဲဖန်က ပြုံးလိုက်ပြီး “သူမသေမချင်း ရိုက်လို့ရတယ်.... တစ်ပိုင်းသေအောင်ရိုက်လို့ရတယ်....” ဟုဆိုလိုက်သည်။
“ခင်ဗျားက ခင်ဗျားတူအပေါ်မှာ တော်တော်ရက်စက်တာပဲ.... နဂါးဘုရင်ဆိုတဲ့အတိုင်းပဲ....”
“ကျစ်! ငါက သူ့ကိုယုံကြည်လို့လေ.... မင်းသာလက်ညှာလိုက်ရင်.... သူကမင်းကို သတ်ပစ်မယ့်သူပဲ....”
ဤနောက်ဆုံးစကားကိုပြောပြီးနောက် ရဲဖန်သည် ဖုန်းချလိုက်သည်။
စကော့ထ်မှာမူ ဖုန်းကိုကြည့်ရင်းပြုံးလိုက်သည်။ ထို့နောက် သူသည် ပြတင်းပေါက်အပြင်ဘက်ရှိ လမ်းကို ဆက်လက်ကြည့်ရှုနေခဲ့၏။
…….
မိနစ်အနည်းငယ်အကြာတွင် ဇိမ်ခံကားအများအပြားသည် လမ်းပေါ်တွင် ချန်မိသားစုအိမ်ကြီးဆီသို့ မောင်းနှင်လာခဲ့သည်။
စကော့ထ် ပထမဆုံးမြင်လိုက်ရသည်မှာ ပထမကား၏ ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော ရဲရှင်းဟွေ့ပင် ဖြစ်၏။
သူ ရဲရှင်းဟွေ့ကို မြင်သောအခါ စကော့ထ်သည် ပတ်ဝန်းကျင်မှလူများ၏ တုံ့ပြန်မှုများကို မည်သို့မျှဂရုမစိုက်ဘဲ ဒုတိယထပ်ပြတင်းပေါက်မှ ခုန်ချလိုက်ပြီး ရှေ့မှမောင်းနှင်နေသောကားကို တားလိုက်လေသည်။
ရုတ်တရက်ရောက်ရှိလာသော ထိုလူကြောင့် ရှေ့ဆုံးမှ ဇိမ်ခံကားသည် ရုတ်တရက်ဘရိတ်အုပ်လိုက်ရသည်။
ရဲရှင်းဟွေ့သည် သူ၏ရှေ့မှ လမ်းပိတ်ဆို့နေသောသူကို အနည်းငယ်မကျေမနပ်ဖြင့် ကြည့်လိုက်သည်။
သူ့တွင် အညိုရောင်ဆံပင်ကောက်ကောက်.... ကြည်လင်သောအပြာရောင်မျက်လုံးတစ်စုံနှင့် သူ၏အဝတ်အစားများမှတစ်ဆင့် မြင်နိုင်သော ကြွက်သားရှစ်ခုရှိ၏။ အရေးကြီးဆုံးအချက်မှာ... ရဲရှင်းဟွေ့သည် ဤလူတွင် တောရိုင်းဆန်မှုတစ်မျိုးကို ခံစားမိနေခြင်းပင်။
“ရဲရှင်းဟွေ့... ဟုတ်တယ်မလား....။ ငါက စကော့ထ်....”
ထိုစကားကိုကြားသောအခါ ရဲရှင်းဟွေ့သည် ခရီးသည်ထိုင်ခုံမှ ထွက်လိုက်ပြီး သူ့ကိုယ်သူ စကော့ထ်ဟုခေါ်သော ထိုလူကိုစိုက်ကြည့်ကာ “မင်းကို ဦးလေးရဲဖန်က လွှတ်လိုက်တာလား....။” ဟုမေးလိုက်သည်။
“ဟုတ်တယ်.... ဒါကြောင့်.... ငါဘာအတွက်လာတယ်ဆိုတာ မင်းသိသင့်တယ်....” စကော့ထ်က ပြုံးရင်းပြန်ဖြေလိုက်သည်။
ရဲရှင်းဟွေ့သည် ခေါင်းမော့ကာ ခေါင်မိုးစွန်းပေါ်တွင်ရပ်နေသော ဘုရင်ဖြူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှတွေးလိုက်သည်ကား 'ကြည့်ရတာတော့ ဘုရင်ဖြူ တစ်ယောက်လွတ်သွားပြီပဲ! အရေးအကြီးဆုံးတစ်ယောက်ကိုမှ လွတ်သွားတာ!'
ဘုရင်ဖြူသည်လည်း အနည်းငယ်အံ့အားသင့်နေခဲ့သည်။ သူသည် ဤနေရာတွင် နှစ်ရက်ကြာ စုံစမ်းစစ်ဆေးနေခဲ့သော်လည်း.... စကော့ထ်ဟုခေါ်သော ထိုလူကို ဤသည်မှာ ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်၏။ အရေးကြီးဆုံးအချက်မှာ ဤစကော့ထ်၏ တည်ရှိမှုကို ခံစားမိရန်မှာ အမှန်တကယ်ပင် နိမ့်ကျလွန်းသည်.... သို့မဟုတ်ပါက သူဤလူကို သတိမပြုမိဘဲနေရန် နည်းလမ်းမရှိချေ။
ဘုရင်ဖြူသည် ဤသည်မှာ သူ၏တာဝန်ပေါ့လျော့မှုဖြစ်ကြောင်း သိရှိသဖြင့် သူသည် ချက်ချင်းပင် အောက်သို့ထိုးဆင်းလာခဲ့ပြီး စကော့ထ်ကိုလည်း အလဲထိုးရန် ရည်ရွယ်လိုက်သည်။
သို့သော် ဘုရင်ဖြူသည် သူ့ထံမှ တစ်မီတာမပြည့်သော အကွာအဝေးသို့ရောက်ရှိသောအခါ စကော့ထ်သည် ရုတ်တရက် ခါးကိုနှိမ့်ချလိုက်ပြီး ထိုးဆင်းလာမှုကို လုံးဝရှောင်တိမ်းလိုက်၏။
“ငါသိပြီ.... မင်းတို့အဲဒီလူသုံးဆယ်ကို ဒီလောက်တိုတောင်းတဲ့အချိန်အတွင်းမှာ အလဲထိုးနိုင်ခဲ့တာက ဒီကျီးကန်းကြောင့်ကိုး....”
သူစကားပြောနေစဉ်မှာပင် စကော့ထ်၏လက်က ဘုရင်ဖြူထံသို့ လှုပ်ရှားသွားခဲ့သည်။
ဘုရင်ဖြူသည် အောက်သို့ထိုးဆင်းလာခဲ့သောကြောင့် သူ၏အရှိန်မှာ အလွန်မြန်ဆန်လွန်းပြီး.... သူသည် လှည့်ပတ်ခြင်းဖြင့် စကော့ထ်၏ ဖမ်းဆုပ်မှုကို မရှောင်တိမ်းနိုင်ခဲ့ပေ။
စကော့ထ်သည် ဘုရင်ဖြူကို ဖမ်းမိတော့မည်အပြုတွင် ရဲရှင်းဟွေ့သည် ရုတ်တရက် သူ့ရှေ့တွင်ပေါ်လာပြီး သူ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။
“ငါ့ခွင့်ပြုချက်မပါဘဲ ငါ့အိမ်မွေးတိရစ္ဆာန်ကိုထိတာတော့ မကောင်းဘူး....”
သူ၏စကားဆုံးသည်နှင့် ရဲရှင်းဟွေ့သည် စကော့ထ်၏ မျက်နှာကို လက်သီးဖြင့်ထိုးလိုက်၏။
ရဲရှင်းဟွေ့သည် စကော့ထ်မှာ ရဲဖန်က သူ့အားတားဆီးရန် ပြင်ဆင်ထားသော နောက်ဆုံးကာကွယ်ရေးလိုင်းဖြစ်သည်ဖြစ်ရာ သူ၏အစွမ်းမှာ သေချာပေါက် အားနည်းမည်မဟုတ်ကြောင်း သိရှိသဖြင့်.... သူသည် ဦးစွာတိုက်ခိုက်ပြီး ပြိုင်ဘက်ကို တိုက်ရိုက်အလဲထိုးရန် စီစဉ်လိုက်သည်။
စကော့ထ်၏ တုံ့ပြန်မှုမှာလည်း အလွန်လျင်မြန်လေသည်။ သူ ရဲရှင်းဟွေ့၏ လက်သီးလာသည်ကိုမြင်သောအခါ သူသည် ချက်ချင်းပင် ရဲရှင်းဟွေ့၏ လက်သီးကို သူ၏လက်မောင်းဖြင့် ကာကွယ်လိုက်၏။
သို့သော်လည်း သူသည် စိတ်ရှုပ်ထွေးနေမိသည်။ အဘယ်ကြောင့် ရဲရှင်းဟွေ့၏ လက်သီးမှာ ကာကွယ်ရန် ဤမျှလွယ်ကူနေရသနည်း....။
ရဲရှင်းဟွေ့၏ လက်သီးက စကော့ထ်၏ လက်မောင်းနှင့် ထိတွေ့သွားသည့်အခိုက်တွင်.... အတ်ဒမန်တီယမ် လက်သည်းက ရဲရှင်းဟွေ့၏ လက်သီးမှထွက်ပေါ်လာပြီး စကော့ထ်၏ လက်မောင်းကို တိုက်ရိုက်ထိုးဖောက်သွားလေတော့သည်။