နဂါးဘုရင် အစစ်လား.... အတုလား....။
Vol. 9 Ch. 121
“ရဲဖန်.... ဒီအသုံးမကျတဲ့သမက်က တကယ်ပဲ နဂါးဘုရင်လား....။”
“ရှူး... မင်းက အရူးလား....။ သူက နဂါးဘုရင်မှန်းသိလျက်နဲ့ သူ့ကို အသုံးမကျတဲ့သမက်လို့ ခေါ်ရဲသေးတယ်....။”
“ဟမ်... ငါကတော့ ဒီလိုသူဌေးကြီးတွေ သမက်အဖြစ်လက်ထပ်တာမျိုးက ဝတ္ထုထဲမှာပဲရှိတဲ့ ဇာတ်ကွက်လို့ အမြဲထင်ခဲ့တာ.... ငါတို့ ချန်မိသားစုက တကယ်ပဲ...”
…
ချန်မိသားစု၏ မျိုးဆက်သစ်များမှာ တီးတိုးဆွေးနွေးစပြုကြလေသည်။
သဘာဝကျစွာပင် ဤမှတ်ချက်များသည် ရှိနေသောအခြားသူများ၏ အတွေးများလည်း ဖြစ်၏။
ရဲဖန်မှာတော့လား.... သူသည် လက်ရှိအခြေအနေနှင့်ပတ်သက်၍ မည်သည့်အမူအရာမျှ မပြသခဲ့ပေ။
လူတိုင်းက ပြီးခဲ့သောနှစ်နှစ်အတွင်း နဂါးဘုရင်ဖြစ်သူ ရဲဖန်အား သူတို့မည်သို့ အနိုင်ကျင့်စော်ကားခဲ့ပုံ.... လှောင်ပြောင်ခဲ့ပုံများကို စဉ်းစားနေစဉ်မှာပင် အဘွားကြီးချန်၏ နောက်ဘက်ရှိအခန်းမှ အော်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ဘယ်သူက နဂါးဘုရင်အဖြစ် ဟန်ဆောင်ရဲတာလဲ....။”
ချက်ချင်းပင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးနှင့် အဘိုးကြီးတစ်ဦး တံခါးမှထွက်လာကြသည်။
လူတိုင်းလှည့်ကြည့်လိုက်ရာ ချန်ယဲ့၏သားအကြီးဆုံး.... ချန်မိသားစု၏ လက်ရှိခေါင်းဆောင်နှင့် ရှင်းရှင်းဂရု ၏ လက်ရှိဥက္ကဋ္ဌဖြစ်သူ ချန်မောဝ်ကောကို မြင်တွေ့လိုက်ရ၏။
ရှိနေသူအားလုံးသည် ချန်မောဝ်ကောကို သိရှိကြသော်လည်း သူ၏ရှေ့မှလျှောက်လှမ်းလာသော အဘိုးကြီးကိုမူ မည်သူမျှမသိရှိကြပေ။
ချန်မောဝ်ကော၏ ရှေ့မှလျှောက်လှမ်းနိုင်ခြင်းမှာ ဤအဘိုးကြီး၏ ဂုဏ်ပုဒ်မှာ သေချာပေါက် ရိုးရှင်းမည်မဟုတ်ကြောင်းကို ဆိုလိုပေသည်။
လူတိုင်းက ထိုအဘိုးကြီးကို အနည်းငယ်ရှုပ်ထွေးစွာ ကြည့်နေစဉ်မှာပင် ချန်မောဝ်ကောသည် သရုပ်ဆောင်ငါးဦးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ မိတ်ဆက်လိုက်သည်မှာ “ဒါက နဂါးနန်းတော်ရဲ့ နဂါးဘုရင်ပဲ....”
ချန်မောဝ်ကော၏ စကားကိုကြားသောအခါ မြင်ကွင်းမှာ ရုတ်တရက် ဆူညံပွက်လောရိုက်သွားတော့သည်။
ချန်မောဝ်ကောသည် သူ့ဘေးမှအဘိုးကြီးကို မိတ်ဆက်ပြီးနောက်တွင် ရဲဖန်အား မကောင်းကြံသောမျက်လုံးများဖြင့်ကြည့်ကာ “ရဲဖန်.... မင်းက သတ္တိရှိသားပဲ.... မင်းက နဂါးဘုရင်အဖြစ်တောင် ဟန်ဆောင်ရဲတယ်....။” ဟုဆိုလိုက်သည်။
ချန်မောဝ်ကော၏ စကားကိုကြားသောအခါ ရဲဖန်သည် လုံးဝတုံ့ပြန်မှုမရှိခဲ့သော်လည်း ချန်ယင်းယင်းကမူ ထရပ်လိုက်၏။
“ဦးလေး.... ရဲဖန်က... သူက နဂါးဘုရင်လို့ မပြောခဲ့ဘူး.... ဒါ့အပြင်....” ဤသို့ပြောပြီးနောက် ချန်ယင်းယင်းသည် လိအန်းနှင့် အခြားလေးဦးကိုကြည့်ကာ ဆက်ပြောလိုက်သည်မှာ “ဒါ့အပြင်.... သူတို့က ရဲဖန်ကို နဂါးဘုရင်လို့ ပြောခဲ့တာပါ.... ရဲဖန်က လုံးဝတစ်ခွန်းမှ မပြောရသေးဘူး....”
ချန်မောဝ်ကော ဤစကားကိုကြားသောအခါ သူသည် လိအန်းကို မကောင်းကြံသောမျက်လုံးများဖြင့်ကြည့်ကာ “ပြောစမ်း... မင်းတို့ကို ဘယ်သူက နဂါးဘုရင်ရဲ့ လက်အောက်ငယ်သားတွေအဖြစ် ဟန်ဆောင်ခိုင်းတာလဲ....။” ဟုမေးလိုက်သည်။
ချန်မောဝ်ကော၏ စကားကြောင့် ရှိနေသူအားလုံး ချက်ချင်းပင် လိအန်းကို ကြည့်လိုက်ကြ၏။
လက်ရှိအခြေအနေတွင် လိအန်းသည် သရုပ်ဆောင်တစ်ဦးအဖြစ် သူ၏ကိုယ်ပိုင်ကျင့်ဝတ်ကြောင့် သူ၏ကိုယ်ပိုင်ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်သေးသော်လည်း.... သူ့နောက်မှ အတန်းဖော်နှစ်ဦးမှာမူ အနည်းငယ် ဒူးပျော့နေကြပြီ ဖြစ်သည်။
လိအန်းသည် တိတ်ဆိတ်နေသည်ကိုမြင်သောအခါ ချန်မောဝ်ကောသည် ပထမဦးစွာ နဂါးဘုရင်ဟုသိကြသော အဘိုးကြီးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် မလှမ်းမကမ်းတွင်ရပ်နေသော ကိုယ်ရံတော်အား အေးစက်စွာပြောလိုက်သည်မှာ
“သူတို့ကို ဆွဲထုတ်သွားကြစမ်း.... တစ်ယောက်ကို ခြေတစ်ဖက်စီ ချိုးပစ်လိုက်....”
သူတို့၏ခြေထောက်များကို ချိုးတော့မည်ကိုကြားသောအခါ သရုပ်ဆောင်များထဲမှနှစ်ဦးသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြသည်။
“မလုပ်ပါနဲ့.... ကျွန်တော်ပြောပါ့မယ်.... အဲဒါက... လူတစ်ယောက်က ကျွန်တော်တို့ကိုငှားပြီး ရဲဖန်ကို နဂါးဘုရင်အဖြစ် သတ်မှတ်ခိုင်းခဲ့တာပါ....”
တစ်စုံတစ်ယောက်က အမှန်တရားကိုပြောပြသည်ကိုမြင်သောအခါ လိအန်းသည် သူ၏တည်ငြိမ်မှုကို ဆက်လက်မထိန်းသိမ်းတော့ဘဲ သူ၏ခြေထောက်များပျော့ခွေကာ မြေပြင်ပေါ်သို့ ထိုင်ချလိုက်လေသည်။
ချန်မောဝ်ကောသည် ဤမြင်ကွင်းကိုမြင်သောအခါ သူသည် ပထမဦးစွာ အရေးယူတော့မည့် ကိုယ်ရံတော်များကို လက်ဝှေ့ယမ်းကာ ဆုတ်ခွာခိုင်းလိုက်၏။ ထို့နောက် သူသည် လူငါးဦးကိုကြည့်ကာ “ပြောစမ်း.... မင်းတို့ကို ဒီလိုလုပ်ခိုင်းတဲ့သူက ဘယ်သူလဲ....။” ဟုမေးလိုက်သည်။
“သူ... သူ့နာမည်က ရဲပုဖန်လို့ ကျွန်တော်ကြားတယ်.... ကျန်တာတော့ ကျွန်တော်တို့မသိဘူး....”
ဤစကားကိုကြားပြီးနောက် ဤဟာသဇာတ်လမ်းမှာ လုံးဝပေါ်ပေါက်သွားတော့သည်။
“ငါပြောသားပဲ.... အသုံးမကျတဲ့သမက်က ဘယ်လိုလုပ် နဂါးဘုရင်ဖြစ်နိုင်မှာလဲ....။”
“ဟားဟားဟား.... ရဲဖန်လောက်ကတော့....။ သူသာ နဂါးဘုရင်ဆိုရင်.... ငါက နဂါးမင်းဧကရာဇ်ဖြစ်မှာပေါ့....”
“ငါခန့်မှန်းရသလောက်တော့.... ဒီဟာသဇာတ်လမ်းက ရဲဖန်က မျက်နှာသာရဖို့အတွက် လုပ်ခဲ့တာပဲဖြစ်ရမယ်.... ဒါကြောင့် ရဲပုဖန်ဆိုတာ ရဲဖန်ပဲဖြစ်မှာ....”
“ဒါတော့မှားတယ်....။ တကယ်လို့ ဒါက ရဲဖန်ရဲ့ လက်ချက်ဆိုရင်.... ၆၆၆.၆၆ သန်းတန် မွေးနေ့လက်ဆောင်က ဘယ်ကလာတာလဲ....။”
ထိုလူစကားဆုံးသည်နှင့် အဘွားကြီး၏ဖုန်းက နောက်ထပ်အသံဖြင့်သတိပေးချက်တစ်ခု ပေးပို့လိုက်၏။
၎င်းက သူမ၏ကတ်ထဲသို့ ငွေသား ၆၆၆.၆၆ သန်း ယခုလေးတင် ပြန်လည်ရောက်ရှိလာကြောင်း ဆိုထားသည်။
လူတိုင်း တကျီကျီပြောဆိုနေစဉ်မှာပင် ချန်မောဝ်ကောသည် သူ့ဘေးမှအဘိုးကြီးကိုကြည့်ကာ ရိုသေစွာမေးလိုက်သည်မှာ “နဂါးဘုရင်မင်းကြီး.... ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ချင်ပါသလဲ....။”
အဘိုးကြီးက ခေါင်းခါလိုက်ပြီးနောက် လူငယ်သရုပ်ဆောင်ငါးဦးထံသို့ ဝှေ့ယမ်းပြကာ “နောက်တစ်ခါ ဒီလိုလုပ်ရင် သတိထားကြ....” ဟုဆိုလိုက်သည်။
သရုပ်ဆောင်ငါးဦးသည် အဘိုးကြီး၏စကားကိုကြားသောအခါ ချက်ချင်းပင် စိတ်သက်သာရာရသွားကြသော်လည်း သူတို့၏ဘေးတွင် ခြိမ်းခြောက်နေသော ကိုယ်ရံတော်နှစ်ဦး ရပ်နေသောကြောင့် သူတို့ချက်ချင်းထွက်ခွာရန် မဝံ့ရဲကြချေ။
နောက်ဆုံးတွင် ချန်မောဝ်ကောသည် အစောင့်များကို သူတို့ကိုလွှတ်ပေးရန် အမိန့်ပေးလိုက်ပြီးနောက်မှ သူတို့သည် ချန်မိသားစုအိမ်ကြီးမှ အရှက်ရစွာဖြင့် ထွက်ခွာသွားကြသည်။
…
တစ်ဖက်တွင်တော့။
ရဲရှင်းဟွေ့နှင့် စကော့ထ်။
စကော့ထ်သည် သမန်းဝံပုလွေတစ်ကောင်ဖြစ်ပြီး ရဲရှင်းဟွေ့မှာမူ သမန်းဝံပုလွေ၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။
သူတို့နှစ်ဦးစလုံးတွင် အလွန်လျင်မြန်သော ကိုယ်တိုင်ကုသနိုင်စွမ်းများ ရှိကြ၏။
သို့သော် ရဲရှင်းဟွေ့တွင် အတ်ဒမန်တီယမ် အရိုးစုနှင့် အတ်ဒမန်တီယမ် လက်သည်းများ ရှိသောကြောင့် ရဲရှင်းဟွေ့သည် စကော့ထ်ကို နှိမ်နင်းထားသော အခြေအနေကို အမြဲတမ်းထိန်းသိမ်းထားသည်။
“ကောင်လေး.... မင်းက နဂါးဘုရင်ရဲ့တူဖြစ်ရတာနဲ့ထိုက်တန်တယ်.... မင်းက တကယ်ကို အရမ်းတော်တာပဲ....” စကော့ထ်က ရဲရှင်းဟွေ့၏ လက်သည်းကိုရှောင်တိမ်းပြီးနောက် ပြုံးရင်းဆိုလိုက်သည်။
“မင်းက နှစ်ချက်ထိုးပြီးတာနဲ့ ဒီလိုပြောနေတာလား....။”
စကားပြောနေရင်း ရဲရှင်းဟွေ့သည် သူ၏လက်သည်းများမှတစ်ဆင့် ပြင်ဆင်ထားသော မိုးကြိုးလက်ဝါးကို ထုတ်လွှတ်လိုက်၏။
လက်သည်းကိုယ်တိုင်က သတ္တုဖြင့်ပြုလုပ်ထားပြီး မိုးကြိုးလက်ဝါးကို ရဲရှင်းဟွေ့က ထိန်းချုပ်ထားသည်။ ထို့ကြောင့် ထုတ်လွှတ်လိုက်သည်နှင့် ချက်ချင်းပျောက်ကွယ်သွားရမည့် မိုးကြိုးလက်ဝါးသည် ရုတ်တရက် လက်သည်းပတ်လည်တွင် ရစ်ပတ်သွားပြီး လက်သည်းကို လျှပ်စီးကြောင်းဖြင့်ဖွဲ့စည်းထားသော ဓားသွားတစ်ခု ထပ်မံပေးအပ်လိုက်သည်။
လက်သည်းကို ဝှေ့ယမ်းထုတ်လိုက်ရာ စကော့ထ်က ရှောင်တိမ်းပြီးဖြစ်သော်လည်း ရုတ်တရက်ပေါ်လာသော လျှပ်စီးဓားသွားက သူ၏ရင်ဘတ်ကို တိုက်ရိုက်ဖြတ်တောက်သွား၏။
၎င်းမှာ လျှပ်စီးဓားသွားဖြစ်သောကြောင့် ဤတစ်ချက်သည် စကော့ထ်အား များစွာပျက်စီးစေခဲ့သော်လည်း သွေးတစ်စက်မှ လုံးဝမထွက်ပေ။ ဒဏ်ရာမှာ လုံးဝလောင်ကျွမ်းသွားခဲ့သည်။
တစ်ချက်အောင်မြင်ပြီးနောက် ရဲရှင်းဟွေ့သည် အောင်ပွဲကို လိုက်လံဆွတ်ခူးခဲ့၏။
အားနည်းနေပြီဖြစ်သော စကော့ထ်သည် ရုတ်တရက် ပို၍အားနည်းသွားတော့သည်။
“ဟူး... နဂါးဘုရင်ပြောတာ တကယ်မှန်တာပဲ.... ငါသာ ငါ့ရဲ့တကယ့်အစွမ်းကိုမပြရင်.... မင်းက ငါ့ကိုသေချာပေါက် သတ်ပစ်လိမ့်မယ်....”
သူစကားပြောနေစဉ်မှာပင် စကော့ထ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပို၍ရှည်လျားလာပြီး သူဝတ်ဆင်ထားသော အဝတ်အစားအားလုံးမှာ စကော့ထ်၏ ခန္ဓာကိုယ်ပြောင်းလဲမှုကြောင့် စုတ်ပြဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် စကော့ထ်၏ အရေပြားတွင် မီးခိုးရောင်-အနက်ရောင် ဝံပုလွေအမွေးများ ပေါက်လာပြီး သူ၏ဦးခေါင်းသည် ဝံပုလွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။
စက္ကန့်အနည်းငယ်အတွင်းမှာပင် စကော့ထ်သည် မတ်တတ်လမ်းလျှောက်သော ဝံပုလွေတစ်ကောင်အဖြစ်သို့ လုံးဝပြောင်းလဲသွားခဲ့လေသည်။
“ကောင်းပြီ.... ဒုတိယအချီ စလိုက်ကြရအောင်....”
စကော့ထ်၏ အသံသည် ယခုအခါတွင် ယခင်ကထက် ပို၍အက်ကွဲနေသည်။
“ကျစ်.... ပြောင်းလဲခြင်း ဒုတိယအဆင့်တောင်ရှိသေးတယ်....။ မင်းက ဘော့စ်ဇာတ်ကောင်တစ်မျိုးမျိုးလား....။”
ရဲရှင်းဟွေ့ ညည်းညူနေစဉ်မှာပင် စကော့ထ်သည် မယုံနိုင်လောက်သော အရှိန်ဖြင့် ပြေးဝင်လာခဲ့သည်။
စကော့ထ်သည် ရဲရှင်းဟွေ့ထံသို့ သူ၏လက်များနှင့် ခြေထောက်နှစ်ဖက်စလုံးကိုအသုံးပြု၍ ပြေးဝင်လာခဲ့ပြီး သူသည် ယခင်ကထက် များစွာပို၍လျင်မြန်လေသည်။
လူအများစုသည် ဤသို့သော လုံးဝပြောင်းလဲသွားသော သမန်းဝံပုလွေကို ပထမဆုံးအကြိမ်မြင်တွေ့ပါက သေချာပေါက် ကြောက်ရွံ့ကြပေလိမ့်မည်။
သို့သော် ရဲရှင်းဟွေ့ကတော့ မကြောက်ပေ.... အကြောင်းမှာ ရဲရှင်းဟွေ့သည် သမန်းဝံပုလွေထက် ပို၍ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေဘုရင်ကို မြင်ဖူးခဲ့ပြီးဖြစ်သော်လည်း ရဲရှင်းဟွေ့အတွက် ကြီးမားသော ဟက်စကီတစ်ကောင်နှင့်တူသော စကော့ထ်ကို လုံးဝဂရုမစိုက်သောကြောင့်ပင်။
တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဤတစ်ကြိမ်တွင် ရဲရှင်းဟွေ့သည် စကော့ထ်ကို နှိမ်နင်းနိုင်ခြင်းမရှိတော့ပေ။
စကော့ထ်သည် ဝံပုလွေအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားသည် ယခင်ကထက် အဆင့်များစွာ ပို၍သန်မာလာခဲ့သည်။ ရဲရှင်းဟွေ့၏ လက်သည်းများသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ယခင်ကကဲ့သို့သော အဆင့်တူဒဏ်ရာများကို မထုတ်လုပ်နိုင်တော့ချေ။
၎င်းမှာ ရုပ်ပိုင်းဆိုင်ရာခွန်အားမျှသာမက ကုသနိုင်စွမ်းမှာလည်း များစွာတိုးတက်လာခဲ့သည်။