ကစားပွဲကိုရပ်ပြီး အလှည့်အပြောင်းလေးလုပ်ရအောင်
Vol. 9 Ch. 122
လမ်းပေါ်၌။
ရဲရှင်းဟွေ့နှင့် စကော့ထ်တို့သည် မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည်။
သူတို့နှစ်ဦးစလုံး အလွန်မောဟိုက်စွာ အသက်ရှူနေကြ၏။ သူတို့သည် ခွန်အားများစွာကို အသုံးပြုခဲ့ကြသည်မှာ ထင်ရှားလေသည်။
နောက်ဆုံးတွင် စကော့ထ်သည် ဤတိုက်ပွဲကို ဆက်လက်မတိုက်ခိုက်ရန် အဆိုပြုခဲ့သည်။
အကြောင်းရင်းမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားပါက သူသည် သူ၏ကိုယ်ပိုင်ခွန်အားကို မထိန်းချုပ်နိုင်မည်ကို ကြောက်ရွံ့နေသောကြောင့် ဖြစ်၏။
သမန်းဝံပုလွေ၏ စွမ်းအားကိုယ်တိုင်မှာ တောရိုင်းဆန်မှုဖြင့် ပြည့်နှက်နေသည်။ စကော့ထ်သည် အမြဲတမ်း လူသားတို့၏ သဘာဝဖြင့် မောင်းနှင်ခံရသဖြင့် သူသည် သူ၏ကိုယ်ပိုင်စွမ်းအားကို ထိန်းချုပ်နိုင်ခဲ့သည်။
သို့သော် ဝံပုလွေ၏သဘာဝ လုံးဝပေါက်ကွဲထွက်လာပါက စကော့ထ်၏ လူသားဆန်မှုမှာ ယာယီပျောက်ဆုံးမည်ဖြစ်ပြီး ထိုအရာက အလွန်အန္တရာယ်များလေသည်။
ရဲရှင်းဟွေ့သည် သူကဲ့သို့ပင် အလွန်အစွမ်းထက်သော ကိုယ်တိုင်ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားသော်လည်း... ဤမြို့ထဲမှ အခြားမည်သူမျှ မပိုင်ဆိုင်ထားပေ။ အကယ်၍ ဝံပုလွေသဘာဝက သူ၏ခန္ဓာကိုယ်ကို လွှမ်းမိုးသွားပါက စကော့ထ်သည် သူ၏မဟာမိတ်များ သို့မဟုတ် အပြစ်မဲ့သောလူများကို မခွဲခြားနိုင်သော လူသတ်စက်တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
…….
“ကောင်းပြီ.... ရပ်လိုက်ကြစို့.... ငါ အခု ငါ့ဦးလေး ဘယ်လောက်အရှက်ကွဲနေလဲဆိုတာ သွားကြည့်တော့မယ်....”
ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် ထရပ်လိုက်သည်။
“ဟားဟား.... နဂါးဘုရင် ဘယ်လောက်အရှက်ကွဲလဲဆိုတာကို သွားကြည့်မယ်....။ မင်းကတော့ သိပ်အတွေးလွန်နေတာပဲလို့ ငါထင်တယ်....”
ဤသို့ပြောပြီးနောက် စကော့ထ်သည် ခုန်ထလိုက်ပြီး သူယခင်က ငှားရမ်းထားခဲ့သော လက်ဖက်ရည်ဆိုင်သို့ အဝတ်အစားလဲရန် သွားရောက်ခဲ့သည်။
ထိုအချိန်တွင် စကော့ထ်၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားများမရှိတော့ချေ။
အဆုံးမှာတော့ ဤနေရာမှာ Marvel မဟုတ်။ သူ့တွင် Hulk ၏ မပျက်စီးနိုင်သော ဘောင်းဘီ မရှိပေ။
ရဲရှင်းဟွေ့၏ အဝတ်အစားများမှာလည်း အနည်းငယ် စုတ်ပြဲနေခဲ့သော်လည်း သူဂရုမစိုက်ခဲ့ချေ။
စကော့ထ် ထွက်ခွာသွားသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည်လည်း ချန်မိသားစုအိမ်ကြီးဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
သူချန်မိသားစုအိမ်ကြီး၏ တံခါးဝသို့ ရောက်သည်နှင့် ရဲရှင်းဟွေ့သည် လိအန်းနှင့် အခြားသူများ ချန်မိသားစုအိမ်ကြီး၏ တံခါးမှ စိတ်ပျက်စွာဖြင့် လျှောက်လှမ်းထွက်လာသည်ကို မြင်တွေ့ခဲ့ရသည်။
ဤမြင်ကွင်းကိုမြင်သောအခါ ရဲရှင်းဟွေ့သည် မျက်မှောင်ကြုတ်သွား၏။
သူဌေး ရဲရှင်းဟွေ့ကို မြင်သောအခါ လိအန်းသည် ယခင်က ဖြစ်ပျက်ခဲ့သမျှကို အားလုံးပြောပြလိုက်သည်။
ရဲဖန်သည် နဂါးဘုရင်အဖြစ် ဟန်ဆောင်ရန် အဘိုးကြီးတစ်ဦးကို အမှန်တကယ်ရှာဖွေခဲ့ကြောင်း ကြားသောအခါ ရဲရှင်းဟွေ့သည် အနည်းငယ် ဒေါသထွက်လာတော့သည်။
“ရဲဖန်.... ဒီလိုလှည့်ကွက်မျိုးကို တစ်ခါကစားရုံနဲ့ မလုံလောက်သေးဘူးလား....။ ဂုဏ်သိက္ခာကြီးမားလှတဲ့ မင်း.... နဂါးဘုရင်က မင်းအဖြစ်ဟန်ဆောင်ဖို့ နဂါးဘုရင်အတုတစ်ယောက်ကို တကယ်ရှာခဲ့တယ်.... မင်းမှာ ဂုဏ်သိက္ခာနည်းနည်းလေးမှ မရှိတော့ဘူးလား....။”
ကိုယ့်ဘာသာ တီးတိုးရေရွတ်ရင်း ရဲရှင်းဟွေ့သည် ဒေါသတကြီးဖြင့် ချန်မိသားစုအိမ်ကြီးထဲသို့ လျှောက်လှမ်းဝင်ရောက်သွားသည်။
ရဲရှင်းဟွေ့သည် နောက်ထပ်ဆက်မကစားရန် စီစဉ်တော့ပေ။ ရဲဖန်က စည်းကမ်းမလိုက်နာမှတော့ သူလည်း အကွက်ေပြာင်းဖို့မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ချေ။
စည်းကမ်းများမှာ အဘယ်အရာဖြစ်သနည်း....။ ရဲရှင်းဟွေ့သည် မသိသလို ဂရုလည်းမစိုက်ပေ။
အတိုချုပ်ပြောရလျှင် ရဲရှင်းဟွေ့ ယခုအခါတွင် အလွန်မပျော်မရွှင်ဖြစ်နေသည်။
“ငါမယုံဘူး.... အခု ငါ နဂါးဘုရင်အဖြစ်ဟန်ဆောင်နေတဲ့ အဘိုးကြီးကိုရှာပြီး ရိုက်နှက်လိုက်ရင်.... သူက အစစ်အမှန်လို့ တစ်စုံတစ်ယောက်က ယုံကြည်နေဦးမှာလား....။”
…..
တံခါးဝတွင် တစ်စုံတစ်ယောက်က ခြိမ်းခြောက်နေသော ရဲရှင်းဟွေ့ကိုမြင်သောအခါ ချက်ချင်းပင် သူ့ကိုတားဆီးရန် ကြိုးစားသော်လည်း.... ရဲရှင်းဟွေ့သည် သူတို့ကို လျစ်လျူရှုကာ အတင်းဝင်ရောက်သွားခဲ့သည်။
ရင်ပြင်တွင် ရဲဖန်သည် အပြေးအလွှားဝင်ရောက်လာသော ရဲရှင်းဟွေ့ကို ပထမဆုံးမြင်လိုက်ရ၏။
ရဲရှင်းဟွေ့၏ ယခုအချိန်မှအသွင်အပြင်ကိုမြင်သောအခါ ရဲဖန်သည် ပြုံးလိုက်သည်။
တစ်ချိန်တည်းမှာပင် ရဲဖန်၏ အသံသည် ရဲရှင်းဟွေ့၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။
“ရှင်းဟွေ့.... မင်းကတော့ တော်တော်လေးငယ်ပါသေးတယ်....”
ရဲဖန်၏ အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရဲရှင်းဟွေ့၏ ခန္ဓာကိုယ်ထဲရှိ တီဗီလေးမှာလည်း ပေါ်ထွက်လာခဲ့၏။
ရဲရှင်းဟွေ့သည် ဤသည်ကိုမြင်သောအခါ မှင်တက်သွားသည်။
အကြောင်းမှာ ယခင်က ရဲချန်ဖြစ်စေ.... ရဲရှင်းချန်ဖြစ်စေ.... သို့မဟုတ် ရဲလန်ယွဲ့ဖြစ်စေ.... သူတို့အားလုံး၏ ဒေါသကြောင့် တီဗီလေး၏ signal ကို အသက်သွင်းခဲ့ကြသည်ဖြစ်ရာ ရဲရှင်းဟွေ့သည် အမြဲတမ်း ထိုလူအနည်းငယ်ကို ဒုက္ခပေးရန်နှင့် ဒေါသထွက်စေရန် အကောင်းဆုံးကြိုးစားခဲ့သည်။
သို့သော်... သူ၏ဦးလေး၏ မကောင်းကြံသော အပြုံးကိုကြည့်ရင်း ရဲရှင်းဟွေ့က သူသည် အလွန်ပျော်ရွှင်နေပြီး သူကိုယ်တိုင်အပေါ် အလွန်ဂုဏ်ယူနေကြောင်းကို သိရှိလိုက်သည်။
ဂုဏ်ယူခြင်းနှင့် ပျော်ရွှင်ခြင်းတို့သည်လည်း signal ကို အသက်သွင်းနိုင်ပုံရလေသည်။
တီဗီလေးတွင် ယခု signal ရှိနေသော်လည်း... အကွက်ကတော့ ရွှေ့ကိုရွှေ့ရမည်ပင်။
သူ ရက်ပေါင်းများစွာ ကြံစည်ခဲ့သော်လည်း အဆုံးတွင်တော့... ရဲဖန်သည် သူ့ကိုယ်သူအဖြစ် ဟန်ဆောင်ရန် အတုတစ်ယောက်ကို ရှာဖွေခဲ့ပြီး အရာအားလုံးကို ဖြေရှင်းလိုက်သည်။
ရဲရှင်းဟွေ့ မည်သို့ဒေါသမထွက်ဘဲ နေနိုင်မည်နည်း....။
ရဲရှင်းဟွေ့သည် ရဲဖန်မှာ အလွန်ကျင့်ဝတ်သိက္ခာရှိပြီး နဂါးဘုရင်အဖြစ် ဟန်ဆောင်ရန် မည်သူ့ကိုမျှ ရှာဖွေမည်မဟုတ်ဟု အမြဲယုံကြည်ခဲ့သည်။ နောက်ဆုံးတွင် နဂါးဘုရင်၏ ဂုဏ်ပုဒ်မှာ သူအတွက်ဖြစ်စေ.... သို့မဟုတ် နဂါးနန်းတော်အတွက်ဖြစ်စေ နက်ရှိုင်းသောအဓိပ္ပာယ်ရှိသည်။
အကယ်၍ နဂါးနန်းတော်မှ မည်သူမဆို တစ်စုံတစ်ယောက်က နဂါးဘုရင်အဖြစ် ဟန်ဆောင်နေကြောင်း ကြားသိပါက.... သူတို့သည် ထိုသူကိုသေချာပေါက် ရှာဖွေပြီး အပိုင်းပိုင်းဖြတ်ပစ်ကြပေလိမ့်မည်။
ရဲဖန်က ဤသို့အမှန်တကယ်ပြုလုပ်လိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ခဲ့ပေ။ နဂါးဘုရင်၏ ဂုဏ်သိက္ခာမှာ အဘယ်မှာရှိသနည်း....။ နဂါးနန်းတော်၏ စည်းကမ်းများမှာ အဘယ်မှာရှိသနည်း....။
…….
ရဲရှင်းဟွေ့သည် နဂါးဘုရင်အဖြစ် ဟန်ဆောင်နေသော အဘိုးကြီးထံသို့ လျှောက်လှမ်းသွားသည်။
ပတ်ဝန်းကျင်မှ ချန်မိသားစုဝင်များ ဤသည်ကိုမြင်သောအခါ သူတို့သည် ချက်ချင်းပင် သူတို့၏ကိုယ်ရံတော်များကို ရဲရှင်းဟွေ့အား တားဆီးရန် ပြောဆိုခဲ့ကြသော်လည်း သူသည် ဤကိုယ်ရံတော်များကို လုံးဝလျစ်လျူရှုကာ အဘိုးကြီးထံသို့ ဆက်လက်လျှောက်လှမ်းသွားသည်။
“ခင်ဗျားက နဂါးဘုရင်လား....။”
စကားပြောနေရင်း ရဲရှင်းဟွေ့သည် အဘိုးကြီးကို လက်သီးဖြင့်ထိုးလိုက်၏။
အဘိုးကြီးသည် ရဲရှင်းဟွေ့၏ လက်သီးကို အလွန်စိတ်ဝင်စားစွာကြည့်လိုက်ပြီးနောက် သူသည် ဖြည်းညှင်းစွာ လက်တစ်ချောင်းကို ဆန့်တန်းကာ တားဆီးလိုက်သည်။
အဘိုးကြီး၏လက်ချောင်းဖြင့် ညွှန်ပြခြင်းခံရသောအခါ ရဲရှင်းဟွေ့သည် သူသည် မမြင်နိုင်သော အတားအဆီးတစ်ခုနှင့် တိုက်မိသကဲ့သို့ ခံစားမိပြီး ရှေ့သို့လုံးဝမရွေ့လျားနိုင်တော့ပေ။
“ကျစ်....” ရဲရှင်းဟွေ့သည် သူ့ကိုယ်သူ အရူးတစ်ယောက်အဖြစ် လျှို့ဝှက်စွာ ကျိန်ဆဲလိုက်သည်။ သူ့ဦးလေးက သူ့ကိုရှာဖွေခဲ့သည်ဖြစ်ရာ သူသည် နဂါးနန်းတော်မှ ဖြစ်ရပေမည်။ နဂါးနန်းတော်တွင် သာမန်လူများရှိပါသလား....။ မရှိဘူးလေ။
ထိုသို့စဉ်းစားရင်း ရဲရှင်းဟွေ့သည် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီးနောက် သူ၏တစ်ကိုယ်လုံးမှ ဝိညာဉ်စွမ်းအင်ကိုသုံးကာ သူ၏လက်သီးပေါ်တွင် စုစည်းလိုက်၏။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် သူသည် သူ၏လက်သီးကို ထပ်မံဝှေ့ယမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် သူသည် သူ၏ပါးစပ်မှ ဂါထာကို ရွတ်ဆိုလိုက်သည်။
“လျှပ်စီးမယ်တော်နှင့် မိုးကြိုးသခင်.... သင်တို့၏ အစွမ်းထက်စွမ်းအားကိုသုံး၍ နတ်ဆိုးများကို လျင်မြန်စွာ ဖျက်ဆီးလော့.... ငါသည် အမြင့်မြတ်ဆုံးသခင်၏ အမိန့်တော်ကို လိုက်နာနေသည် ဥပဒေသကဲ့သို့ အလျင်အမြန် ဖျက်စီးေလာ့”
လက်သီးဖြင့်ထိုးထုတ်ရင်း ရဲရှင်းဟွေ့သည် မိုးကြိုးစွမ်းအားတစ်ခုကိုလည်း အသုံးပြုလိုက်သည်။
မိုးကြိုးနှင့်လျှပ်စီးသည် အဘိုးကြီး၏ ဦးခေါင်းပေါ်တွင် စုစည်းလာပြီး မကြာမီမှာပင် မိုးကြိုးစက်အများအပြား အဘိုးကြီးထံသို့ ကျရောက်လာခဲ့သည်။ ဝိညာဉ်စွမ်းအင်ဖြင့် ရစ်ပတ်ထားသော ရဲရှင်းဟွေ့၏ လက်သီးသည်လည်း တစ်ချိန်တည်းမှာပင် အဘိုးကြီးကို ထိမှန်သွားခဲ့၏။
တိုက်ခိုက်မှုနှစ်ခု၏ စွမ်းအားကို ပြောစရာမလိုဘဲ အထူးပြုလုပ်ချက်များတစ်ခုတည်းကပင် ပရိသတ်တစ်ရပ်လုံးကို တုန်လှုပ်သွားစေရန် လုံလောက်လေသည်။
သို့သော်... အထူးပြုလုပ်ချက်အပြည့်ပါသော တိုက်ခိုက်မှုနှစ်ခုမှာ တစ်ဖန် အဘိုးကြီး၏ လွယ်ကူစွာ ဖြေရှင်းခြင်းကို ခံလိုက်ရပြန်သည်။
တိုက်ခိုက်မှုကို ဖြေရှင်းပြီးနောက်တွင် အဘိုးကြီး၏မျက်လုံးများသည် ရုတ်တရက် ချွန်ထက်လာပြီးနောက် အဘိုးကြီးထံမှ ဖိအားတစ်ခု ထွက်ပေါ်လာကာ ထို့နောက်တွင် နဂါးဟောက်သံတစ်ခု အဘိုးကြီး၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။
ဤသည်က ထက်မြက်သော ခံစားနိုင်စွမ်းရှိသော ရဲရှင်းဟွေ့အား ချက်ချင်းပင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေခဲ့သည်။
ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသော ရဲရှင်းဟွေ့သည် သူ၏ဦးလေးကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
'ဟေး.... မင်းက ဒီလောက်ကြီး မဖြစ်လောက်ပါဘူးမလား....။ မင်းက မင်းအဖြစ်ဟန်ဆောင်ဖို့ ဒီလောက်သန်မာတဲ့အဘိုးကြီးတစ်ယောက်ကို တကယ်ရှာဖွေခဲ့တယ်....'
သူ၏ရှေ့မှ အဘိုးကြီး သူ့အပေါ်ပေးသောဖိအားသည် သူ၏အစ်ကိုကြီး ရဲရှင်းချန်ထက် မနည်းချေ။ ဖိအားတစ်ခုတည်းကိုသာ ကြည့်မည်ဆိုလျှင် ၎င်းမှာ သူ၏အစ်ကိုကြီးထက်ပင် ပို၍သန်မာသေးသည်။
သိသာစွာပင်... သူ၏အစ်ကိုသာ သူ၏စွမ်းအားအပြည့်အစုံကို ပြန်လည်ရရှိပါက သူသည် ဤအဘိုးကြီးကို ဆံပင်တစ်ချောင်းမျှဖြင့် သေချာပေါက် သတ်ဖြတ်နိုင်ပေလိမ့်မည်.... သို့သော်... သူ၏အစ်ကိုမှာ လက်ရှိတွင် အသုံးမကျသော အင်မော်တယ်ဧကရာဇ်တစ်ဦးသာ ဖြစ်နေသေးသည်။
…….
သူ့တူ စိတ်ပျက်နေသည်ကိုမြင်သောအခါ ရဲဖန် မပြုံးဘဲ မနေနိုင်တော့ချေ။
ပတ်ဝန်းကျင်မှ အခြားလူများသည် ဦးလေးနှင့်တူတို့ကြားမှ မျက်လုံးချင်းဆုံမှုကို မမြင်တွေ့ခဲ့ကြပေ.... အကြောင်းမှာ အဘိုးကြီး၏ ဖိအားအောက်တွင် ရှိနေသူအားလုံးမှာ အလိုအလျောက်ပင် မြေပြင်ပေါ်သို့ လဲကျသွားသောကြောင့်ပင်။
ဒီအဘိုးကြီးက ဘယ်သူလဲ....။
အမှန်တကယ်တွင် ရဲရှင်းဟွေ့သည် အစကတည်းက မှားယွင်းစွာ တွေးထင်ခဲ့သည်။ ဤနဂါးဘုရင်သည် အတုမဟုတ်ဘဲ သူသည် အစစ်အမှန်နဂါးဘုရင်ဖြစ်သည်.... သို့သော်... သူသည် ယခင်နဂါးဘုရင် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် သူသည် လက်ရှိနဂါးဘုရင် ရဲဖန်၏ ဆရာလည်းဖြစ်၏။
လုံအောက်ထျန်း!
ရဲရှင်းဟွေ့ တွေးထင်ခဲ့သည့်အတိုင်း ရဲဖန်သည် နဂါးဘုရင်အဖြစ်ဟန်ဆောင်ရန် အခြားမည်သူ့ကိုမျှ ရှာဖွေမည်မဟုတ်ပေ.... သို့သော်... ယခင်နဂါးဘုရင်အား လက်ရှိနဂါးဘုရင်အဖြစ် ဟန်ဆောင်ခိုင်းခြင်းမှာတော့ အခြားကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။