စွမ်းရည်သစ်.... တောင်တန်းနှင့် မြစ်များမြေပုံ
Vol. 9 Ch. 124
ဟိုတယ်အခန်းထဲ၌။
ရဲရှင်းဟွေ့သည် အဖြူအမည်းလှိုင်းများဖြစ်သွားသော တီဗီကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။
“ဘာတွေဖြစ်နေတာလဲ....။ ဘာလို့... ဘာမှမရှိရတာလဲ....။”
စောစောက တီဗီလေးပေါ်မှ နောက်ဆုံးပုံရိပ်သည် ထိုက်ယိကျန်းရန်အပေါ်တွင် စုစည်းနေခဲ့သော်လည်း... ဗီဒီယိုပြီးဆုံးပြီးနောက်တွင် ရဲရှင်းဟွေ့သည် သူ၏စွမ်းရည်များထဲမှ မည်သည့်အရာကိုမျှ မရရှိခဲ့ပေ။
“ဖြစ်နိုင်ပါ့မလား... ငါက ထိုက်ယိဆရာတော်ကြီးရဲ့ အရက်မူးပြီး ဒုက္ခပေးတဲ့စွမ်းရည်ကို ရလိုက်တာလား....။”
ရဲရှင်းဟွေ့သည် မယုံကြည်နိုင်စွာ တီးတိုးရေရွတ်လိုက်၏။
သူဤသို့စဉ်းစားနေစဉ်မှာပင် ရဲရှင်းဟွေ့သည် သူ၏လက်မောင်းမှ ထူးဆန်းသောခံစားမှုတစ်ခု ထွက်ပေါ်လာသည်ကို ခံစားမိလိုက်သည်။
သူ၏လက်စွပ်များကို လိပ်တင်လိုက်သောအခါ ရဲရှင်းဟွေ့သည် သူ၏လက်ဖျံ၏အတွင်းဘက်တွင် လက်ဝါးတစ်ဝက်ခန့်အရွယ်ရှိသော ပုံတစ်ပုံပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။
ပုံမှာ သေးငယ်သော်လည်း ရဲရှင်းဟွေ့သည် ဤပုံငယ်လေးမှ ကမ္ဘာတစ်ခုလုံးကို မြင်တွေ့နိုင်ခဲ့သည်။
“ကျစ်.... ဒါ... ဒါက တောင်တန်းနှင့် မြစ်များမြေပုံ မဟုတ်လား....။”
တီးတိုးရေရွတ်ပြီးနောက် ရဲရှင်းဟွေ့၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာခဲ့ပြီး သူဤပုံထဲသို့ ဝင်ရောက်နိုင်မလားဆိုသည်ကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
ရဲရှင်းဟွေ့ "ပုံထဲသို့ဝင်မည်" ဟု စဉ်းစားလိုက်သည့်အခိုက်တွင် သူသည် တွေဝေသွားသည်။ သူပြန်သတိရလာသောအခါတွင် သူသည် လှပသောတောင်တန်းများနှင့် မြစ်များဖြင့် ပြည့်နှက်နေသော နေရာတစ်ခုသို့ ရောက်ရှိနေခဲ့လေပြီ။
“လေက သန့်ရှင်းလိုက်တာ....”
ရဲရှင်းဟွေ့သည် လေသန့်ကို ရှူသွင်းလိုက်ပြီး သက်ပြင်းချလိုက်၏။
“ဒီနေရာက လေကိုသာ စည်သွပ်ဘူးထဲထည့်နိုင်ရင်.... မြက်ခင်းပြင်ကလေထက်တောင် ဈေးကြီးမှာ သေချာတယ်....”
ယခုအခါ ရဲရှင်းဟွေ့သည် သူဤတစ်ကြိမ်ရရှိခဲ့သော စွမ်းရည်မှာ အမှန်တကယ်ပင် တောင်တန်းနှင့် မြစ်များမြေပုံဖြစ်ကြောင်းကို သေချာသွားပြီပင်!
တိတိကျကျပြောရလျှင်... ဤသည်မှာ ထိုက်ယိကျန်းရန်၏ စွမ်းရည်များထဲမှတစ်ခုအဖြစ် မှတ်ယူသင့်သည်။ ၎င်းမှာ မျက်လှည့်လက်နက်တစ်ခု၏ စွမ်းရည်ဖြစ်သော်လည်း ထိုမျက်လှည့်လက်နက်မှာ သူ၏လက်ထဲတွင်ရှိနေသည်ဖြစ်ရာ ၎င်းကို သူ၏စွမ်းရည်အဖြစ် မှတ်ယူနိုင်သေးသည်။
…
ရဲရှင်းဟွေ့သည် စမ်းချောင်းတစ်ခုဆီသို့ လျှောက်သွားကာ ကြည်လင်သောရေကို သူ၏လက်များဖြင့် ခပ်ယူလိုက်ပြီးနောက် သူ၏လက်နှစ်ဖက်ဖြင့် မျက်နှာပေါ်သို့ ရေပက်ဖြန်းလိုက်သည်။
အေးစက်သောရေသည် သူ၏မျက်နှာပေါ်သို့ ပက်ဖြန်းခြင်းခံရသောအခါ ဤအရာအားလုံးမှာ အမှန်တကယ်ဖြစ်ကြောင်းကို ရဲရှင်းဟွေ့ ယုံကြည်သွားခဲ့သည်။
သို့သော်လည်း သူ၏ကိုယ်ပိုင်ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ်သည် တောင်တန်းနှင့် မြစ်များမြေပုံထဲသို့ ဝင်ရောက်ခဲ့သလားဆိုသည်ကို ဆုံးဖြတ်ရန်အတွက် ရဲရှင်းဟွေ့သည် စမ်းသပ်မှုတစ်ခုကို ပြုလုပ်ရပေမည်။
စမ်းသပ်မှုမှာ အလွန်ရိုးရှင်းပလ၏။ ရဲရှင်းဟွေ့သည် သူ၏ဖုန်းကိုထုတ်ကာ ဗီဒီယိုရိုက်ကူးခြင်းလုပ်ဆောင်ချက်ကို ဖွင့်လိုက်ပြီးနောက် သူသည် တောင်တန်းနှင့် မြစ်များမြေပုံထဲသို့ တစ်ဖန်ဝင်ရောက်ပေမည်။
အရာအားလုံးအသင့်ဖြစ်သည်နှင့် ရဲရှင်းဟွေ့သည် တောင်တန်းနှင့် မြစ်များမြေပုံထဲသို့ တစ်ဖန်ဝင်ရောက်သွားခဲ့သည်။
စက္ကန့်အနည်းငယ်စောင့်ဆိုင်းပြီးနောက် ရဲရှင်းဟွေ့သည် တစ်ဖန်ပြန်ထွက်လာခဲ့၏။
အပြင်သို့ထွက်လာပြီးနောက် ရဲရှင်းဟွေ့သည် ဖုန်းကိုကောက်ကိုင်လိုက်သည်။ ဗီဒီယိုရိုက်ကူးခြင်းကို ရပ်တန့်ပြီးနောက် သူသည် ပထမဦးစွာ အချိန်ကိုကြည့်လိုက်သည်။
သူတောင်တန်းနှင့် မြစ်များမြေပုံထဲသို့ ဝင်ရောက်ခဲ့သောအချိန်မှာ အပြင်ဘက်အချိန်နှင့် ကိုက်ညီနေခဲ့သည်။ ထို့နောက် သူသည် ဗီဒီယိုကို နှိပ်လိုက်၏။
ဗီဒီယိုထဲတွင် ရဲရှင်းဟွေ့၏ ပုံရိပ်သည် မည်သည့်သတိပေးချက်မှမရှိဘဲ လေထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး နှစ်စက္ကန့်အကြာတွင် သူသည် လေထဲတွင် တစ်ဖန်ပြန်ပေါ်လာခဲ့သည်။
“မင်းက မင်းရဲ့တကယ့်ကိုယ်ခန္ဓာနဲ့ဝင်ပြီး ပျောက်ကွယ်သွားတာ.... ဒါကောင်းတယ်.... ဒါကောင်းတယ်....”
၎င်းမှာ တောင်တန်းနှင့် မြစ်များမြေပုံထဲသို့ ဝင်ရောက်သွားသော သူ၏တကယ့်ကိုယ်ခန္ဓာဖြစ်၍ ရဲရှင်းဟွေ့ စိတ်သက်သာရာရသွားသည်။
ဤတောင်တန်းနှင့် မြစ်များမြေပုံ၏ တစ်ခုတည်းသော အားနည်းချက်မှာ သူသည် အတွင်းမှပတ်ဝန်းကျင်ကို သူ့သဘောအတိုင်း ပြောင်းလဲနိုင်ခြင်းမရှိခြင်းပင် ဖြစ်နိုင်သည်။
၎င်းမှာ အဖော်ပါမှော်စုတ်တံ မရှိခြင်းကြောင့်မဟုတ်ဘဲ တောင်တန်းနှင့် မြစ်များမြေပုံသည် ရဲရှင်းဟွေ့နှင့် ပေါင်းစပ်သွားခဲ့သောကြောင့်ပင်။ မှော်စုတ်တံမရှိဘဲနှင့်ပင် ရဲရှင်းဟွေ့သည် အတွင်းမှပတ်ဝန်းကျင်ကို သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ပြောင်းလဲနိုင်ပေမည်။
သို့သော်... တစ်ခုတည်းသောပြဿနာမှာ ရဲရှင်းဟွေ့တွင် ကျင့်ကြံခြင်းမရှိခြင်းပင်...။
သူ့တွင် မှော်စုတ်တံမရှိဘဲနှင့် ဖြစ်သော်လည်း... ကျင့်ကြံခြင်း၏စွမ်းအားမရှိဘဲနှင့် တောင်တန်းနှင့် မြစ်များမြေပုံကို ထိန်းချုပ်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော်လည်း ရဲရှင်းဟွေ့သည် ဤသို့သော အလွန်အစွမ်းထက်သည့် မျက်လှည့်လက်နက်တစ်ခုကို ရရှိသည့်အတွက် အလွန်ပျော်ရွှင်နေမိသည်။
ရဲရှင်းဟွေ့သည် သူသည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် မသေခြင်းကို ကျင့်ကြံနိုင်မည့်စွမ်းရည်ကို ရရှိလိမ့်မည်ဟု ယုံကြည်မိသည်ယ
ရဲရှင်းဟွေ့သည် စူးစမ်းရှာဖွေရန်အတွက် တောင်တန်းနှင့် မြစ်များမြေပုံထဲသို့ တစ်ဖန်ဝင်ရောက်တော့မည်အပြုတွင် တံခခေါက်သံထွက်ပေါ်လာခဲ့သည်။
တံခါးခေါက်သံကိုကြားသောအခါ ရောက်လာသူမှာ ရဲဖန်ပင်။
တံခါးဖွင့်ပြီးနောက်တွင် ရဲဖန်နှင့် ယခင်နဂါးဘုရင်ဖြစ်သူ လုံအောက်ထျန်းတို့သည် တံခါးဝတွင် ရပ်နေကြသည်။
ရဲရှင်းဟွေ့သည် ဘေးသို့စောင်းလိုက်ပြီး သူတို့နှစ်ဦးကို အခန်းထဲသို့ဝင်ရန် အချက်ပြလိုက်၏။
“ဟမ်....။”
အခန်းထဲသို့ဝင်သည်နှင့် ရဲဖန်နှင့် လုံအောက်ထျန်းတို့သည် အခန်းထဲတွင် ပျံ့လွင့်နေသော ဝိညာဉ်စွမ်းအင်တစ်ခုကို တစ်ချိန်တည်းမှာပင် ခံစားမိလိုက်ကြသည်။
“ရှင်းဟွေ့.... မင်း အခန်းထဲမှာ ဘာလုပ်နေတာလဲ....။ ဘာလို့ဒီမှာ စိတ်ဝိညာဉ်စွမ်းအင်တွေရှိနေရတာလဲ....။”
“ဪ... ကျွန်တော် ရက်အနည်းငယ် ရေမချိုးဖြစ်လို့ ဖြစ်မှာပါ....”
ရဲဖန်: “…”
လုံအောက်ထျန်း: “…”
ထို ဝိညာဉ်စွမ်းအင်မှာ အမှန်တကယ်တွင် တောင်တန်းနှင့် မြစ်များမြေပုံမှ စိမ့်ထွက်လာကြောင်း ရဲရှင်းဟွေ့သိ၏။
တောင်တန်းနှင့် မြစ်များမြေပုံမှာ သူ့ဘာသာသူ ကမ္ဘာငယ်လေးတစ်ခုဖြစ်ပြီး ၎င်းထဲမှဝိညာဉ်စွမ်းအင်မှာ လုံးဝလုံလောက်ပေသည်။ ရဲရှင်းဟွေ့သည် ၎င်းထဲသို့ အကြိမ်အများအပြားဝင်ရောက်ခဲ့ရာ ဝိညာဉ်စွမ်းအင်မှာ ၎င်းမှစိမ့်ထွက်လာခြင်း ဖြစ်နိုင်သည်။
…
ရဲဖန်သည် ရဲရှင်းဟွေ့က သူ့ကို လှည့်စားနေသည်ကိုမြင်သောအခါ သူသည် အခန်းထဲမှ ဝိညာဉ်စွမ်းအင်အကြောင်းကို ဆက်လက်မမေးတော့ချေ။
“ရှင်းဟွေ့.... မင်း နဂါးနန်းတော်ထဲဝင်ဖို့ စိတ်ဝင်စားလား....။ မင်းက နောက်တစ်ယောက်နဂါးဘုရင်ဖြစ်နိုင်တယ်....”
ရေသောက်နေသော ရဲရှင်းဟွေ့သည် ရဲဖန်၏ စကားကိုကြားသောအခါ ရေသီးသွားခဲ့၏။
“ကျစ်.... ဦးလေး.... ကျွန်တော့်ကို နောက်နေတာလား....။”
“မဟုတ်ဘူး....”
ရဲဖန်၏ စကားနှင့် သူ၏တည်ငြိမ်သောအမူအရာကိုကြားသောအခါ သူ အမှန်တကယ်ပင် နောက်နေခြင်းမဟုတ်ကြောင်းကိ ရဲရှင်းဟွေ့ သိလိုက်သည်။
“ကျွန်တော် ငြင်းတယ်....” ရဲရှင်းဟွေ့သည် ပြတ်ပြတ်သားသားငြင်းပယ်လိုက်၏။
“ဘာလို့လဲ....။”
ဤတစ်ကြိမ် မေးခွန်းမေးသူမှာ ရဲဖန်မဟုတ်ဘဲ သူ့ဘေးမှ လုံအောက်ထျန်း ဖြစ်လေသည်။
“ဘာလို့ဆို ထေ့ငေါ့တဲ့အပြုံးက အရမ်းရုပ်ဆိုးလို့....”
ရဲရှင်းဟွေ့၏ အဖြေကိုကြားသောအခါ သူတို့နှစ်ဦးမှာ တစ်ဖန် စကားမပြောနိုင်ဖြစ်သွားကြပြန်သည်။
“ဒါ့အပြင်... ဦးလေး.... ဘာလို့ ဦးလေးက နဂါးဘုရင်အဖြစ် ဆက်မလုပ်ရတာလဲ....။ ဖြစ်နိုင်တာက... ဦးလေးက သမက်ဖြစ်ရတာကို စွဲလမ်းနေတာလား....။ ကျွန်တော့်ကို ကိစ္စတွေလုပ်တာကနေ တားဆီးဖို့ ကြိုးစားနေတာလည်း မဆန်းတော့ဘူး....။ ဦးလေးက masochist တစ်ယောက်ပဲ....”
ရဲဖန်: “…”
“ငါ့မှာ ငါ့အကြောင်းရင်းတွေရှိတယ်.... အခု ငါမင်းကို အဲဒါအကြောင်းပြောပြမယ်.... မင်းကလည်း နဂါးဘုရင်ရာထူးကို လက်ခံမလားဆိုတာကို စဉ်းစားသင့်တယ်....”
ချက်ချင်းပင် ရဲဖန်သည် သူ၏ဇာတ်လမ်းကို ပြောပြလိုက်၏။
ရဲရှင်းဟွေ့သည် ကိစ္စအများစုကို သူ၏ဘဝသမိုင်းကြောင်းမှတစ်ဆင့် အမှန်တကယ်သိရှိခဲ့သော်လည်း သူ၏ဘဝသမိုင်းကြောင်းတွင် မပါဝင်သော အချို့သောအရာများ ရှိနေသေးသည်။
ရဲဖန်၏ ကိုယ်ပိုင်နှလုံးမှာ ဖယ်ရှားခြင်းခံခဲ့ရပြီး နဂါးအသည်းတစ်လုံးကို သူ၏ခန္ဓာကိုယ်ထဲသို့ အစားထိုးထည့်သွင်းခြင်း ခံခဲ့ရသည်။
ထိုနဂါးအသည်းကိုပိုင်ဆိုင်သော နဂါးမှာ နဂါးကောင်းတစ်ကောင်မဟုတ်ဘဲ အကြမ်းဖက်ပြီး မကောင်းဆိုးဝါးနဂါးတစ်ကောင် ဖြစ်၏။
အစပိုင်းတွင် ရဲဖန်သည် ထူးဆန်းသောအရာတစ်စုံတစ်ရာကို မခံစားမိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ နဂါးအသည်း၏ ဆိုးကျိုးလက္ခဏာသက်ရောက်မှုမှာ ပေါ်ပေါက်လာခဲ့သည်။
ရဲဖန်၏ စိတ်ခံစားမှုများသည် အခါအားလျော်စွာ ထိန်းချုပ်မရဖြစ်လာပြီး အထူးသဖြင့် တိုက်ပွဲများအတွင်းတွင် ဖြစ်လေသည်။
သူထိန်းချုပ်မှုမရှိတော့သောအခါ သူသည် သူ့ကိုယ်သူ လုံးဝထိန်းချုပ်မှုမရှိတော့ဘဲ မဟာမိတ် သို့မဟုတ် ရန်သူကို ခွဲခြားနိုင်ခြင်းမရှိတော့ချေ။
ဤသည်မှာလည်း ရဲဖန်၏ စိတ်ပိုင်းဆိုင်ရာစွမ်းအားမှာ လုံလောက်စွာသန်မာသောကြောင့်ပင်။
ဤသည်သာမရှိခဲ့ပါက သူသည် တိုက်ပွဲအတွင်းတွင်သာ ရူးသွပ်သွားမည်မဟုတ်ဘဲ သူသည် အမြဲတမ်း ရူးသွပ်နေသော အခြေအနေတွင် ရှိနေပေလိမ့်မည်။
ထိုအချိန်မှာပင် ချန်ယဲ့၏ သေဆုံးသတင်းသည် တရုတ်ပြည်သို့ ရောက်ရှိလာခဲ့သည်။
ဤသို့ဖြင့် ရဲဖန်သည် တရုတ်ပြည်သို့ရောက်ရှိလာခဲ့ပြီး ချန်ယဲ့နှင့် သုံးနှစ်သဘောတူညီချက်တစ်ခုကို ပြုလုပ်ခဲ့၏။
မည်သည့်ဂုဏ်ပုဒ် သို့မဟုတ် နောက်ခံအခြေအနေမှမရှိသော သမက်တစ်ဦးသည် သေချာပေါက် အခြားသူများ၏ လှောင်ပြောင်ခြင်းနှင့် အထင်သေးခြင်းကို ခံရပေလိမ့်မည်။
နဂါးအသည်း၏ လွှမ်းမိုးမှုအောက်မှ ရဲဖန်၏ အကြမ်းဖက်သောစိတ်နေသဘောထားဖြင့် သူသည် ဤအရူးများကို သဘာဝကျကျပင် သည်းမခံနိုင်ခဲ့ပေ။
သို့သော် ရဲဖန်သည် ဤလူများအားလုံးမှာ သာမန်လူများသာဖြစ်သည်ဟု တွေးထင်ပြီး သူ၏အကြမ်းဖက်သော စိတ်ခံစားမှုများကို သူ၏စိတ်ပိုင်းဆိုင်ရာခွန်အားကိုအသုံးပြု၍ နှိမ်နင်းခဲ့၏။
ပထမတစ်လ သို့မဟုတ် နှစ်လအတွင်း ရဲဖန်သည် များစွာသောနာကျင်မှုကို ခံစားခဲ့ရသည်။ ထိုကာလအတွင်း ရဲဖန်သည် အိမ်တွင် အခြေခံအားဖြင့် ဘာမှမလုပ်ဘဲ မည်သူနှင့်မျှ မဆက်သွယ်ခဲ့ချေ။
ထိုအချိန်က ရဲဖန်ကို အသုံးမကျသောသမက်တစ်ဦးဟု ဆိုနိုင်ပြီး လူအများအပြားက သူ့ကို စိတ်ပိုင်းဆိုင်ရာလူနာတစ်ဦးအဖြစ်ပင် မှတ်ယူခဲ့ကြသည်။
နောင်တော့ ရဲဖန်သည် ပတ်ဝန်းကျင်မှလူများ၏ ဖိအားကို တဖြည်းဖြည်းလိုက်လျောညီထွေဖြစ်လာခဲ့သည်။ ထိုမျှသာမက သူ၏အကြမ်းဖက်သောနှလုံးသည်လည်း ချန်ယင်းယင်း၏ စောင့်ရှောက်မှုအောက်တွင် များစွာပို၍ငြိမ်သက်လာခဲ့၏။
ထိုအချိန်ကပင် ရဲဖန်သည် ချန်ယင်းယင်းအပေါ် ချစ်မြတ်နိုးသွားခဲ့သည်။
ဤသည်မှာ တစ်လတာအချစ်ဟုခေါ်သော အရာပင်တည်း!
ချန်မိသားစုတွင် နှစ်နှစ်တာကာလအတွင်း ရဲဖန်သည် တဖြည်းဖြည်းလိုက်လျောညီထွေဖြစ်လာခဲ့ပြီး သူ၏မကောင်းသောစိတ်နေသဘောထားမှာ အခြေခံအားဖြင့် ပျောက်ကွယ်သွားခဲ့သည်။
သူ၏စိတ်အခြေအနေမှာ အလွန်တည်ငြိမ်သော်လည်း ရဲဖန်သည်... သူ၏ခန္ဓာကိုယ်ထဲတွင် သားရဲတစ်ကောင် ထောင်ချောက်မိနေသေးပြီး သူသတိမထားမိပါက ၎င်းမှာ ရိုင်းစိုင်းသွားနိုင်ကြောင်း သိရှိ၏။
ဤတစ်ကြိမ်... အဘိုးကြီးနဂါးဘုရင် လုံအောက်ထျန်း တရုတ်ပြည်သို့လာရောက်ရခြင်း၏အကြောင်းရင်းမှာ သူသည် ရဲဖန်အား နဂါးနန်းတော်သို့ ပြန်လာစေလိုသောကြောင့်ပင်။
ရဲဖန်သည် သူ၏လက်ရှိအခြေအနေအကြောင်းကိုသာ ပြောဆိုခဲ့သည်။ သူနဂါးအသည်းပြဿနာအတွက် ပြီးပြည့်စုံသောဖြေရှင်းချက်တစ်ခုကို မတွေ့ရှိမီတွင် ရဲဖန်သည် ချန်မိသားစုမှ ထွက်ခွာရန် ရည်ရွယ်မထားခဲ့ချေ။ သူသည် သမက်တစ်ဦးအဖြစ် ဆက်လက်နေထိုင်ပြီး သူ၏ဇာတ်ကောင်မှာ ဆက်လက်၍ ပုံသွင်းခြင်းခံရပေမည်။
ထိုအချိန်ကပင် ရဲရှင်းဟွေ့၏ အလားအလာကို လုံအောက်ထျန်းက ရှာဖွေတွေ့ရှိခဲ့သည်။
ဤအလားအလာဟုခေါ်သောအရာမှာ အမှန်တကယ်တွင် ဧကရာဇ်အင်ဂျင်၏ လွှမ်းမိုးမှုသာဖြစ်လေသည်။
ရဲရှင်းဟွေ့တွင် အလားအလာရှိသလား....။
ဘာရယ်စရာလဲ....။ ပိတ်ဆို့နေသောသွေးကြောများရှိသော လူတစ်ယောက်တွင် အဘယ်အလားအလာများ ရှိနိုင်မည်နည်း....။
အကယ်၍ ရဲရှင်းဟွေ့သာ လုံအောက်ထျန်း ဘာတွေးနေသည်ကို သိရှိပါက သူသည် သေချာပေါက် ဆိုပေလိမ့်မည်မှာ "ဪ.... အဘိုးကြီး.... ခင်ဗျားအတွေးလွန်နေပြီ.... ကျွန်တော်က သာမန်အရူးတစ်ယောက်ပါ.... ကျွန်တော့်မှာ အလားအလာမရှိပါဘူး....”
………
ရဲဖန်၏ ဇာတ်လမ်းကိုနားထောင်ပြီးနောက် ရဲရှင်းဟွေ့သည် သူ့ကို ထူးဆန်းသောကြည့်ဖြင့် ကြည့်လိုက်၏။
၎င်းမှာ အခြားအရာတစ်ခုခုကြောင့် မဟုတ်ပေ။
ရဲဖန်ပြောသော အရာများမှန်ကန်ပါက သူသည် ယခု ချန်မိသားစုနှင့် ချိတ်ဆက်ထားသော အချိန်ကိုက်ဗုံးတစ်လုံးပင် ဖြစ်လေသည်။
အကယ်၍... ၎င်းတစ်နေ့တွင် ပေါက်ကွဲသွားပါက ချန်မိသားစုသည် သေချာပေါက် ပျက်စီးသွားပေလိမ့်မည်