နာမည်ကြီး မြင်ကွင်းတစ်ခု
Vol. 9 Ch. 127
လမ်းပေါ်၌။
ရှေ့တွင် အနက်ရောင်ကားတစ်စီးမောင်းနှင်နေပြီး.... အရှိန်ပြင်းစွာမောင်းနှင်နေသော လျှပ်စစ်စက်ဘီးတစ်စီးက နောက်မှလိုက်ပါနေသည်။
ရဲရှင်းဟွေ့မှာတော့လား.... သူသည် လမ်းဘေးမှ မျှဝေသုံးစွဲနိုင်သော စက်ဘီးတစ်စီးကို ကျပန်းလှမ်းကြည့်လိုက်ပြီး လိုက်လံနောက်ယောင်ခံသွားတော့၏။
စီးနင်းနေရင်း ရဲရှင်းဟွေ့သည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိလိုက်သည်။
“ကျစ်.... ဘာလို့ ဦးလေးရဲ့ လျှပ်စစ်စက်ဘီးက ဒီလောက်မြန်ရတာလဲ....။ နဂါးဘုရင်ဆိုတဲ့အတိုင်းပဲ.... လျှပ်စစ်စက်ဘီးတောင်မှ မိုက်သေးတယ်....”
ဆယ်မိနစ်အကြာတွင် ရဲရှင်းဟွေ့သည် လျှပ်စစ်စက်ဘီးကို မမြင်နိုင်တော့ ။
ကံကောင်းစွာပင် ရှေ့ဆုံးမှကားမှာ နောက်ဆုံးတွင် ရပ်တန့်သွားသည်။
ကားမှာ ဗီလာတစ်လုံး၏ရှေ့တွင် ရပ်တန့်သွားပြီး ကားမောင်းသူလူငယ်သည် ချန်ရွှယ့်ကို ပွေ့ချီကာ ဗီလာထဲသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့၏။
ဗီလာ၏ဧည့်ခန်းထဲတွင် စက်ဆုပ်ဖွယ်မျက်နှာရှိသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် မိန်းကလေးတစ်ဦးကိုပွေ့ချီထားသော လူငယ်ကိုမြင်သောအခါ ပြုံးလိုက်ပြီး "သခင်လေးချန်.... ဒါက ခင်ဗျားပြောနေတဲ့ ကောင်မလေးလား....။”
“ဟုတ်တယ်....” သခင်လေးချန်ဟုခေါ်သော ထိုလူက ခေါင်းညိတ်လိုက်ပြီး "ငါ မင်းကိုပြင်ဆင်ခိုင်းထားတာတွေ အကုန်အသင့်ဖြစ်ပြီလား....။” ဟုမေးလိုက်သည်။
“စိတ်မပူပါနဲ့ သခင်လေးချန်.... ကျွန်တော်လုပ်တဲ့အလုပ်ကို ယုံကြည်လို့ရပါတယ်.... အရာအားလုံးက ဒုတိယထပ်မှာ ရှိပါတယ်....”
စကားပြောနေရင်း အောက်တန်းကျသော သက်လတ်ပိုင်းအရွယ်အမျိုးသားသည် သူ့ကို ဒုတိယထပ်ရှိ အခန်းတစ်ခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ဤအခန်းတွင် ကာမဂုဏ်ဆိုင်ရာပစ္စည်းမျိုးစုံအပြင် ကင်မရာများလည်း တပ်ဆင်ထားလေသည်။
အောက်တန်းကျသော သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ကင်မရာကို လက်ညှိုးထိုးပြကာ ဂုဏ်ယူစွာဖြင့် “ဒီကင်မရာက ရိုက်ကူးတဲ့ပုံရိပ်တွေက လုံးဝ High Definition ပဲ....” ဟုဆိုလိုက်သည်။
“ကောင်းတယ်....” သခင်လေးချန်သည်လည်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
သခင်လေးချန်၏ အမည်ရင်းမှာ ချန်သောသောဖြစ်ပြီး စုကျိုးတွင် နာမည်ကြီးသော ချမ်းသာသောမျိုးဆက်သစ်တစ်ဦး ဖြစ်သည်။ သူသည်လည်း ကောလိပ်တွင် ချန်ရွှယ့်၏ အတန်းဖော်ဖြစ်၏။
ချန်သောသောသည် သူ၏မိသားစုကိုအားကိုးကာ ချန်ရွှယ့်ကို အမြဲတမ်းလိုက်လံပိုးပန်းလိုခဲ့သော်လည်း.... ချန်ရွှယ့်သည် ချန်သောသောမှာ လူကောင်းတစ်ဦးမဟုတ်ကြောင်းကို သိရှိသဖြင့် သူမ ဘယ်သောအခါမှ သဘောမတူခဲ့ချေ။
ယနေ့တွင် ချန်သောသောသည် ချန်ရွှယ့်၏ အချစ်ဆုံးသူငယ်ချင်းကို ပိုက်ဆံပေး၍ လာဘ်ထိုးခဲ့ပြီး သူမအား ချန်ရွှယ့်ကို လှည့်စားခေါ်ထုတ်ခိုင်းခဲ့ရာ.... ထို့နောက်တွင်မှ ရဲရှင်းဟွေ့ စျေးတွင် ကြည့်ရှုခဲ့သော မြင်ကွင်း ဖြစ်ပွားခဲ့ခြင်းပင်တည်း။
သခင်လေးချန်သည် မျက်လုံးမှိတ်ထားသော ချန်ရွှယ့်ကို ကြည့်လိုက်ပြီး ပြုံးကာ “ငါ့ရှေ့မှာတော့ အေးစက်စက်ဟန်ဆောင်နေတုန်းပဲလား....။ မနက်ဖြန်ကျရင် မင်းရဲ့ဗီဒီယိုကို အင်တာနက်တစ်ခွင်လုံးမှာ ကျော်ကြားအောင်လုပ်ပြမယ်....” ဟုဆိုလိုက်၏။
သခင်လေးချန်၏ အသံကြောင့် သတိလစ်နေသော ချန်ရွှယ့်မှာ အနည်းငယ် နိုးထလာခဲ့သည်။ သူမနိုးထလာသောအခါ သူမ၏မျက်လုံးများမှာ အလွန်မှုန်ဝါးနေပြီး သူမ၏လက်များမှာ သူမ၏ကိုယ်ပေါ်တွင် ပတ်ပတ်လည် စမ်းတဝါးဝါးဖြစ်နေခဲ့သည်။
“ကောင်းပြီ.... ကောင်းပြီ.... စလိုက်ကြရအောင်....” သခင်လေးချန်သည် ထိုအချိန်မှ ချန်ရွှယ့်ကို ကြည့်လိုက်ပြီး သူ၏လက်များကို ပွတ်သပ်လိုက်ကာ ကင်မရာနှင့်ကစားနေသော အောက်တန်းကျသော သက်လတ်ပိုင်းအရွယ်အမျိုးသားကို “ဗီဒီယိုကို တည်းဖြတ်တဲ့အခါ.... ငါ့မျက်နှာကို ဆင်ဆာလုပ်ဖို့ မမေ့နဲ့....” ဟုဆိုလိုက်၏။
“ဟုတ်ကဲ့ပါ....”
အောက်တန်းကျသော သက်လတ်ပိုင်းအရွယ်အမျိုးသားသည် အလွန်စိတ်လှုပ်ရှားစွာဖြင့် OK လက်ဟန်ကို ပြုလုပ်လိုက်ပြီးနောက် အနေရခက်သောလေသံဖြင့် “အင်း... ကျွန်တော့်မှာ ပိုက်ဆံအလုံအလောက်မရှိဘူး.... ခင်ဗျားပြီးသွားရင်.... ကျွန်တော့်ကိုလည်း....” ဟုမေးလိုက်သည်။
“ရတယ်.... မြင်တဲ့သူတိုင်း ဝေစုရတယ်....”
သခင်လေးချန်သည် ဤသို့သောအရာကို ဂရုမစိုက်ပေ။ ချန်ရွှယ့်မှာ သူအတွက် ကစားစရာတစ်ခုမျှသာ ဖြစ်လေသည်။
…….
ချန်ရွှယ့်သည် အဝတ်အစား၏ နောက်ဆုံးအလွှာကို ချွတ်တော့မည်အပြုတွင် အခန်းတွင်းမှပြတင်းပေါက် ရုတ်တရက် ကွဲကြေသွားပြီးနောက် သန်မာသောပုံရိပ်တစ်ခု အပြေးအလွှားဝင်ရောက်လာခဲ့သည်။
ဝင်ရောက်လာသူမှာ ချန်သောသောကို နောက်ယောင်ခံလိုက်နေခဲ့သော ရဲဖန်ပင် ဖြစ်၏။
ယခင်က ရဲဖန်သည်လည်း ချန်ရွှယ့်အား ကားထဲသို့ သယ်ဆောင်သွားသော မြင်ကွင်းကို မြင်တွေ့ခဲ့သည်။ ဤမြင်ကွင်းကိုမြင်သောအခါ သူသည် စကားတစ်ခွန်းမဆိုဘဲ လိုက်လံနောက်ယောင်ခံသွားခဲ့၏။
ချန်ရွှယ့်သည် သူအပေါ် ကောင်းမွန်သောအမြင်မရှိသဖြင့် သဘာဝကျစွာပင် ရဲဖန်သည်လည်း ချန်ရွှယ့်အပေါ် ကောင်းမွန်သောအမြင်မရှိခဲ့ချေ။
သို့သော်လည်း... ချန်ရွှယ့်သည် ချန်ယင်းယင်း၏ ညီမဝမ်းကွဲဖြစ်ရာ ရဲဖန်သည် သူမကို ထိုအတိုင်းစွန့်ပစ်ထား၍ မဖြစ်ပေ။
“မင်း ဘယ်သူလဲ....။”
ချန်သောသော စကားမပြောမီမှာပင် ချန်ရွှယ့်နှင့် မည်သို့ကစားရမည်ကို စိတ်ကူးယဉ်နေသော အောက်တန်းကျသော သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ပထမဆုံး စကားပြောလိုက်သည်!
“အဘိုးကွေ့.... စောင့်....” ထိုအခိုက်တွင် သခင်လေးချန်သည် စကားပြောလိုက်ပြီး အဘိုးကွေ့ဟုခေါ်သော အောက်တန်းကျသော သက်လတ်ပိုင်းအရွယ်အမျိုးသားအား ဆက်လက်စကားပြောခြင်းမှ တားဆီးလိုက်သည်။
ချက်ချင်းပင် သူသည် ရဲဖန်ကို ကြည့်လိုက်ပြီး “ညီအစ်ကို.... မင်းဘယ်သူလဲဆိုတာ ငါမသိပေမယ့်... မင်းသာ ငါ့ကိုမတားဆီးရင်.... ငါမင်းကို ငါတို့နဲ့အတူလာခွင့်ပြုနိုင်တယ်....” ဟုဆိုလိုက်သည်။
ဤသို့ပြောပြီးနောက် သူသည် ခုတင်ပေါ်မှ ချန်ရွှယ့်ကို လက်ညှိုးထိုးပြလိုက်၏။
ရဲဖန် ဤစကားကိုကြားသောအခါ သူသည် ပထမဦးစွာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခေါင်းခါလိုက်သည်။
သခင်လေးချန် ဆက်လက်စကားမပြောမီမှာပင် ရဲဖန်သည် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်လိုက်ပြီး သူ၏လက်ညှိုးဓားကို သခင်လေးချန်၏ ဝမ်းဗိုက်အောက်ပိုင်းသို့ ညွှန်ပြလိုက်၏။
ချန်သောသောသည် သူ၏ဝမ်းဗိုက်အောက်ပိုင်းတွင် စူးရှသောနာကျင်မှုကို ခံစားမိလိုက်သည်။ နာကျင်မှုမှာ အရေးကြီးသောအစိတ်အပိုင်းကို ကန်ကျောက်ခြင်းခံရသည်ထက် လုံးဝမလျော့ပေ။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ချန်သောသောသည် နာကျင်မှုကြောင့် သတိလစ်သွားခဲ့သည်။
ချန်သောသောကို ဖြေရှင်းပြီးနောက် ရဲဖန်သည် အဘိုးကွေ့ဟုခေါ်သော အောက်တန်းကျသော သက်လတ်ပိုင်းအရွယ်အမျိုးသားအပေါ်တွင် အလားတူနည်းစနစ်ကို အသုံးပြုလိုက်၏။
ရဲဖန်၏ လက်ညှိုးနှစ်ချောင်းသည် ထိုလူနှစ်ဦးကို မသတ်ဖြတ်ခဲ့သော်လည်း... သူပြုလုပ်ခဲ့သောအရာမှာ သူတို့ကိုသတ်ဖြတ်ခြင်းထက် ပို၍ရက်စက်လေသည်။
ဤသည်မှာ ယောက်ျားများကို ထိုနည်းအတိုင်း လုပ်ဆောင်နိုင်ခြင်းမရှိတော့စေရန် ပြုလုပ်သော ရက်စက်မှုပင်။
မှန်ပေသည်။ ရဲဖန်သည် သူ၏လက်ညှိုးဓားဖြင့်သာ သူတို့နှစ်ဦးလုံးအပေါ်တွင် သားကြောဖြတ်ခွဲစိတ်မှုတစ်ခုကို ပြုလုပ်ခဲ့၏။
သို့သော်လည်း ဤသို့သော သားကြောဖြတ်ခွဲစိတ်မှုတွင် အားသာချက်တစ်ခုလည်း ရှိလေသည်။ ၎င်းမှာ ယောက်ျားများကို နေကြာကျမ်းကို လေ့ကျင့်ခွင့်ပြုခြင်းပင်။ တစ်ခုတည်းသောပြဿနာမှာ... သူတို့သည် ပထမဦးစွာ နေကြာကျမ်းကို ရှာဖွေရန်လိုအပ်ခြင်းပင် ဖြစ်သည်။
လူယုတ်မာနှစ်ဦးကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ရဲဖန်သည် သူ၏အာရုံကို ခုတင်ပေါ်တွင် လဲလျောင်းနေသော ချန်ရွှယ့်ထံသို့ လှည့်လိုက်သည်။
ရဲဖန်သည် ချန်ရွှယ့်မှာ မူးယစ်ဆေးခတ်ခံထားရကြောင်း သိရှိ၏။
ခုတင်ဘေးသို့ သူရောက်လာသောအခါ ရဲဖန်သည် ချန်ရွှယ့်၏ နဖူးပေါ်သို့ လက်တစ်ဖက်တင်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ထဲမှ ဆေးအာနိသင်များကို ကြိုတင်ဖယ်ရှားရန်အတွက် ဝိညာဉ်စွမ်းအင်ထိုးသွင်းမှုကို အသုံးပြုရန် ရည်ရွယ်လိုက်သည်။
ရဲဖန် သူ၏လက်ကို ဆန့်တန်းလိုက်စဉ်မှာပင် ချန်ရွှယ့်သည် ရဲဖန်၏ လက်ကို ဖမ်းဆုပ်လိုက်ပြီးနောက် ရဲဖန်၏ လက်ကို သူ၏ရင်ဘတ်ပေါ်သို့ တင်လိုခဲ့သည်။
ရဲဖန် ဤသည်ကိုမြင်သောအခါ သူသည် စကားတစ်ခွန်းမဆိုဘဲ သူမကို သတိလစ်အောင် ထိုးလိုက်၏။
ချန်ရွှယ့်ကို သတိလစ်အောင်ထိုးပြီးနောက် ရဲဖန်သည် ဝိညာဉ်စွမ်းအင်အနည်းငယ်ကိုသာ ထိုးသွင်းခဲ့သော်လည်း သူမ၏ခန္ဓာကိုယ်မှ မူးယစ်ဆေးကို ဖယ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် သတိလစ်နေသော ချန်ရွှယ့်သည် ဝိညာဉ်စွမ်းအင်ကြောင့် တစ်ဖန်ပြန်လည်နိုးထလာခဲ့သည်။
ချန်ရွှယ့် နိုးထလာသောအခါတွင် သူမသည် သူမ၏အဝတ်အစားအားလုံး ချွတ်ခြင်းခံထားရသည်ကို တွေ့မြင်ခဲ့ရပြီး ရဲဖန်သည် သူမ၏ရှေ့တွင် သူမ၏နဖူးပေါ်သို့ လက်တစ်ဖက်တင်ထားခဲ့သည်။ သူမသည် ချက်ချင်းပင် သူမ၏စိတ်ထဲတွင် စက်ဆုပ်ရွံရှာဖွယ်အကြောင်းအရာများစွာကို ဖြည့်ဆည်းလိုက်၏။
“ရဲဖန်.... မင်း...”
သူမ စကားတစ်ခွန်းပင်မပြောနိုင်မီမှာပင် ချန်ရွှယ့်သည် ဒေါသကြောင့် တစ်ဖန်ပြန်လည်သတိလစ်သွားခဲ့သည်။
ရဲဖန်သည် ချန်ရွှယ့် နိုးထလာသည်ကို သဘာဝကျစွာပင် မြင်တွေ့ခဲ့သော်လည်း သူဂရုမစိုက်ခဲ့ပေ။ ဤသို့သောအရာများကို ရှင်းရှင်းလင်းလင်းရှင်းပြရန် လုံလောက်လေပြီ။
ဤသို့ဖြင့် ရဲဖန်သည် ချန်ရွှယ့်၏ အဝတ်အစားများကို အနည်းငယ်ပြန်ဝတ်ပေးလိုက်ပြီးနောက် သူမကို သူ၏ကိုယ်ပိုင်အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။
…….
တစ်ဖက်တွင်တော့။
မီတာရာပေါင်းများစွာအကွာတွင် ရဲရှင်းဟွေ့သည်လည်း သူ၏ဖုန်းကို သူ၏အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
စောစောက ရဲရှင်းဟွေ့သည် ရှုန်ကျော့ကို ထုတ်လွှတ်လိုက်ပြီးနောက် သူ၏လျှို့ဝှက်ကင်မရာကိုအသုံးပြု၍ ချန်သောသောနှင့် အခြားသူများ စောစောကရှိနေခဲ့သော ဗီလာ၏ဒုတိယထပ်ပြတင်းပေါက်အပြင်ဘက်သို့ သွားရောက်စေကာ စောစောကဖြစ်ပျက်ခဲ့သမျှကို အားလုံးရိုက်ကူးခိုင်းခဲ့သည်။
“ဒီအတိုင်းသာဆက်သွားရင်.... ချန်ယင်းယင်းက ငါ့ဦးလေးကို နားလည်မှုလွဲပြီး.... ပြီးတော့... နှစ်ယောက်သား ပဋိပက္ခဖြစ်သွားရင်.... နားလည်မှုလွဲခြင်းခံရတဲ့ဦးလေးရဲ့ စိတ်ခံစားမှုတွေက သေချာပေါက် အတက်အကျဖြစ်လာမှာ.... ဟေး.... ငါ တီဗီထပ်ကြည့်ရတော့မယ်....”
ရဲရှင်းဟွေ့သည် ရယ်မောခြင်းကို မထိန်းနိုင်တော့ချေ။
အမှန်တကယ်တွင် ရဲရှင်းဟွေ့သည် ဤကိစ္စကိုအသုံးပြု၍ သူ၏ဦးလေးအား ချန်မိသားစု၏ သမက်အဖြစ်မှ ထွက်ခွာစေရန် လုံးဝပြုလုပ်နိုင်ပေသည်။
သို့သော် ရဲဖန် သမက်ဖြစ်လာရခြင်း၏အကြောင်းရင်းကို သိရှိပြီးနောက်တွင် ရဲရှင်းဟွေ့သည် ထိုသို့ပြုလုပ်ရန် နောက်တဖန်စီစဉ်ခြင်းမရှိတော့ချေ။
သူသည် ချန်ယင်းယင်းသည် နားလည်မှုလွဲခြင်းဖြစ်ပွားပြီးနောက် သူ၏ဦးလေးအား ပါးရိုက်ခြင်းကို စောင့်ဆိုင်းရန် စီစဉ်ထားပြီးနောက်မှ နားလည်မှုလွဲခြင်းကို ရှင်းလင်းရန် ထွက်သွားမည် ဖြစ်၏။
ရဲဖန် ရိုက်နှက်ခံရသောမြင်ကွင်းကို စိတ်ကူးကြည့်ရင်း ရဲရှင်းဟွေ့သည် တွေးကြည့်ရုံမျှဖြင့် ပျော်ရွှင်နေမိသည်!
ထို့နောက်တွင် ရဲရှင်းဟွေ့သည် ရှုန်ကျော့ကို တောင်တန်းနှင့် မြစ်များမြေပုံသို့ ပြန်ခေါ်သွားပြီးနောက် ဘုရင်ဖြူကို ထုတ်လွှတ်ကာ သူ့အား ရဲဖန်ကို စောင့်ကြည့်ခိုင်းလိုက်သည်။
စကော့ထ်နှင့် ယခင်တိုက်ပွဲကြောင့် ရဲရှင်းဟွေ့သည် သူ၏ဦးလေးမှာ ဘုရင်ဖြူ၏ တည်ရှိမှုကို သိရှိသင့်သည်ဟု ခန့်မှန်းခဲ့ရာ အစောပိုင်းက ဗီဒီယိုရိုက်ကူးသောအခါ ရဲရှင်းဟွေ့သည် ရှုန်ကျော့ကို စေလွှတ်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် ဘုရင်ဖြူအား ရဲဖန်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ခိုင်းခြင်းမှာ ပြဿနာရှိမည်မဟုတ်ပေ။