← Chapters

ရွှမ်လင်တိုက်ကြီး ... ။

Vol. 5 Ch. 51

ရွှမ်လင်တိုက်ကြီး ... ။

Vol. 5 Ch. 51

ရှန့်နန်ပြည်နယ် သံနက်စံအိမ်။ ချူဖုန်းချွန်းတစ်ယောက် ပြုံးပြီး၊

“ ကျေးဇူးပြုပြီး လာကြပါ၊ ဒါ ငါ့အိမ်ပဲ။ ”

-ဟု ဖိတ်ခေါ်တော့၏။

ကူချန်နှင့် တာအိုချင်းရှတို့သည် စကားမပြောဘဲ တိတ်ဆိတ်သွားလေသည်။ တစ်ဖက်လူသည် နတ်နဂါးမြို့တော်နှင့် အရမ်း နီးလွန်းချေ၏။ သို့သော် အဓိပ္ပါယ်ရှိသည်။

မီးစာကလေးကို ဦးစွာမြင်နိုင်သူများမှာ အနားတွင် နေထိုင်နေသူများ ဖြစ်ပေလိမ့်မည်။ အဝေးရှိသူတို့အတွက်မူ အချိန်အနည်းငယ် ပေးရပေမည်။

သံနက်စံအိမ်သည် မတ်စောက်သော တောင်တန်းကြီးတစ်ခုပေါ်တွင် တည်ရှိသည်။ လမ်းတလျှောက် ကျောက်တုံးများနှင့် သစ်ပင် အနည်းငယ်သာရှိသည်။

တောင်ပေါ်သို့တက်ရန် အခြားသော လမ်းမရှိချေ။ ပေရာနှင့်ချီမြင့်သော ကျောက်နံရံ အပေါ် တွယ်တက်ရန်သာ ရှိသည်။

ထို့ကြောင့် သံနက်စံအိမ်သည် ရှန့်နန်လမ်းတွင် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ် နေခြင်းဖြစ်သည်။ ၎င်းတို့၏ ရပ်တည်မှုသည် အရည်အသွေးမြင့်သော လက်နက်များကို သွန်းလုပ်ရောင်းချခြင်းပေပင်။

တံခါးဝရောက်သည်နှင့် သံနက်စံအိမ်မှ တပည့်များက ချူဖုန်းချွန်ကို မြင်သောအခါတွင် ရိုသေစွာ ဦးညွှတ်လျက်၊

“ မင်္ဂလာပါ သင်းထောက်။ ”

-ဟု နှုတ်ဆက်ကြ၏။

ကူချန်နှင့် တာအိုချင်းရှက လှည့်ကြည့်မိလေသည်။ ချူဖုန်းချွန်းမှ ပြန်၍ ပြုံးပြကာ၊

“ ငါကိုယ်ငါ သင်းထောက်အဖြစ် မိတ်ဆက်ဖို့မေ့သွားတယ် လာအထဲမှာ စကား ပြောရအောင်။ ”

-ဟု ဖိတ်ခေါ်လေသည်။

ထို့နောက် ခြံဝင်းတစ်ခုအတွင်း ခေါ်ဆောင်ကာ ရေနွေးကြမ်းသောက်ရန် ပြင်ပေးလေသည်။

“ ဒီနေရာက ရွှမ်လင်နယ်မြေပဲ ... အရင်က မင်းတို့ကြားဖူးလား။ ”

“ ရွှမ်လင်နယ်မြေ ... ဒါတောင်ပိုင်း စိတ်ဝိညာဉ်နယ်မြေ မဟုတ်ဘူးလား။ ”

ပထမဆုံးအကြိမ်အဖြစ် ကူချန်သည် ရှုပ်ထွေးသောအမူအရာမျိုးပြပြီး တာအိုချင်းရှထံ သံသယဖြင့် ကြည့်လိုက်သည်။ တာအိုချင်းရှ သည်လည်း ထိတ်လန့်သွား၏။

“ တာအိုချူ ... တောင်ပိုင်း စိတ်ဝိညာဉ်နယ်မြေကို မင်းကြားဖူးလား။ ”

ချူဖုန်းချွန်းက ခဏမျှစဉ်းစားပြီး၊

“ ငါကြားဖူးတယ် ငါတို့ရွှမ်လင်တိုက်ကြီးနဲ့ သိပ်မဝေးပါဘူး ... တိုက်ကြီးသုံးခုကွာဝေးတယ် ဒါပေမယ့် နိုင်ငံပေါင်းထောင်ချီ ဖြတ်ကျော် ရလိမ့်မယ် မင်းတို့အဲဒီကနေ လာတာလား ...

... အဲဒီကိုပြန်ဖို့ဆိုရင် အရမ်းခက်မယ် ... ငါတို့က ယွမ်ဖူနယ်ပယ်မို့ တစ်နေ့ မိုင်ထောင်ချီ ခရီးနှင်နိုင်ပေမယ့် ... နေ့ရောညပါ ခရီးသွားဖို့ ...

... နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မယ် ... ဒါပေမယ့် စီနီယာဆိုရင်တော့ ... ငါတို့တွေထက် ပိုလွယ်ပါလိမ့်မယ် ။ ”

အဆုံးတွင် ချူဖုန်းချွန်းက တာအိုချင်းရှကိုသတိရသွားကာ မနာလိုဖွယ် ချီးကျူးစကားဆိုခဲ့သည်။

သူ့အမြင်တွင် တာအိုချင်းရှ၏ ကျင့်ကြံမှုသည် သူ့ထက်ပို၍ သာလွန်သည်ဟု ယုံကြည်ထားသည်။ တာအိုချင်းရှိက သက်ပြင်းချလိုက်၏။ အမှန်ပင် ဤခရီးသည် ဝေးလှသည်မဟုတ်ချေ။

( ငါအမှား လုပ်မိခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး ငါတို့ကနီးနီးလေးပဲ ... မင်းငါ့ကို အပြစ်တင်လို့ မရဘူး။ )

ကူချန်သည် တာအိုချင်းရှ ပြန်ကြည့်သောအကြည့်မှ ဤစကားလုံးများကို အဓိပ္ပါယ်ဖော်နိုင်ခဲ့သည်။

ဤမတိုင်မီ တာအိုချင်းရှသည် အဆင့်နိမ့်တပည့် ဖြစ်ခြင်းနှင့်ပတ်သက်ပြီး သူ့တွင် ခံစားချက်မရှိချေ။

ယခုမူ ရှင်းလင်းသွားပြီဖြစ်၏။ တာအိုချင်းရှသည် ကျင့်ကြံမှုလောကအတွင်း ခြေတစ်လှမ်း ချနိုင်ခဲ့ခြင်းပေပင်။

ရွှမ်လင်ကုန်းမြေနှင့် နန်လင်ကုန်းမြေကြီး နှစ်ရပ်စလုံးသည် လူသားမျိုးနွယ်၏ ဗဟိုဒေသ ဖြစ်ပြီး ပတ်ဝန်းကျင် အခြေအနေများသည် အခြေခံအားဖြင့် တူညီသည်။

ချူဖုန်းချွန်းက ရေနွေးကြမ်း လောင်းငှဲ့ပေးလျက်ဖြင့်၊

“ မင်းတို့နှစ်ယောက် ပြန်သွားချင်ရင် နည်းလမ်းသုံးမျိုးပဲ ရှိတယ်။ ”

-ဟု ပြောလိုက်သည်။

“ ပထမနည်းလမ်းက အချိန်ယူပြီး အဲဒီကုန်းမြေကြီးကို ဖြည်းဖြည်းချင်းသွားပါ ဒုတိယနည်းလမ်းက ဂိုဏ်းကြီးတွေမှာရှိတဲ့ တည်နေရာ ရွေ့ပြောင်းအစီရင်သုံးပါ ...

... ဒါပေမယ့် အဲဒီတည်နေရာရွေ့ပြောင်း အစီရင်တွေရဲ့ စျေးနှုန်းတွေက ဒေါသထွက်စရာ ကောင်းလွန်းတယ်လို့ ငါကြားဖူးတယ် ...

... ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူတောင်မှ တစ်ကြိမ်ဝင်ရောက်နိုင်ဖို့ တော်တော်ဒုက္ခဖြစ်စေတယ် ...

... နောက်ဆုံး နည်းလမ်းကတော့ ... ဘုံပျံလှေတွေစီးဖို့ပဲ ကိုယ်တိုင် ပျံသန်းတာထက် အများကြီး အချိန်ကုန်သက်သာပြီး ပိုလွယ်တယ် ...

... ကုန်ကျစရိတ်ကလည်း တည်နေရာရွေ့ပြောင်း အစီရင်ကို သုံးတာထက် အများကြီးသက်သာတယ်။ ”

“ ဘုံပျံလှေလား ... ။ ”

ထိုအမည်ကို ကူချန်သည် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သော်လည်း အဝေးပြေးကားနှင့် တူကြောင်းနားလည်သည်။

သို့သော် ကူချန်သည် လက်ရှိတွင် ဤဖူစုနိုင်ငံမှ ထွက်ခွာရန် ဆန္ဒမရှိသေးချေ။

“ တာအိုချူ ဒီနေရာမှာ အရောင်းဆိုင်တွေရှိသလား။ ”

“ အရောင်းဆိုင်လား ... ။ ”

ချူဖုန်းချွန်းက အနည်းငယ် စဉ်းစားပြီး၊

“ ရိုးရိုးသားသားပြောရလျှင် ဒီနေရာနဲ့ အနီးဆုံးမှာ ငါ့သံနက်စံအိမ်ရဲ့ အရောင်းဆိုင်တွေ ရှိပါတယ်။ ”

-ဟု ပြောကြားလာသည်။

“ ငါတို့သံနက်စံအိမ်ကို သေးငယ်တဲ့ ဂိုဏ်းတစ်ခုလို့ သတ်မှတ်လို့ရတယ် လက်နက် သန့်စင်နည်း အချို့ကိုနားလည်ပြီး အဆင့်နိမ့် ဝိညာဉ်ရေး လက်နက်အချို့ သန့်စင်နိုင်တယ် ဒါပေမယ့် ကျော်ကြားမှုတော့ မရှိပါဘူး။”

... မင်းတို့မှာ လိုအပ်တာရှိရင် ငါဆီလာလို့ရပါတယ် အရောင်းဆိုင်ဖွင့်တဲ့အထိ စောင့်နေစရာ မလိုပါဘူး ...

... အရောင်းဆိုင်တွေကတော့ ... လတစ်လရဲ့ပထမနေ့ရက်မှာ တစ်ကြိမ်သာ ဖွင့်လှစ်ပြီး နိုင်ငံပေါင်း တစ်ဒါဇင်ကျော်က လူတွေနဲ့ ကုန်သွယ်မှုပြုလုပ်ကြတယ်။ ”

“ ဒါဆို ... တာအိုချူရဲ့ဂိုဏ်းကို ဒီပတ်ဝန်းကျင်နိုင်ငံတွေရဲ့ အုပ်စိုးရှင်အဖြစ် သတ်မှတ်လို့ရတာပေါ့။ ”

တာအိုချင်းရှက စိတ်ဝင်တစား မေးသည်။ သို့သော် ချူဖုန်းချွန်းမှ လက်ဝှေ့ယမ်းပြပြီး ခေါင်းခါ၏။

“ မဟုတ်ဘူး ... ငါတို့ဂိုဏ်းက အုပ်စိုးရှင်မဟုတ်ဘူး ဒီကနေ မဝေးတဲ့အရပ်မှာ ကျင့်ကြံသူတွေအတွက် အရောင်းဆိုင်ရှိတယ် ချင်ယွမ်နိုင်ငံရဲ့ ချင်ယွမ်စျေးလို့ခေါ်တယ် ...

... ချင်ယွမ်နိုင်ငံရဲ့ အုပ်စိုးရှင်က မဟာတန်ခိုးရှင်နယ်ပယ်မှာလို့ ကောလဟာလ ကြားဖူးတယ် ... သူ့အသက်က နှစ်တစ်ထောင် ကျော်နေပြီး ခွန်အားအရာမှာ ...

... ကြောက်စရာ ကောင်းလွန်းတယ် ... မင်းတို့တစ်ခုခုလိုအပ်ရင် ချင်ယွမ်စျေးသွားတာ အကောင်းဆုံးပဲ။ ”

ကူချန်က ဝမ်းသာအားရ ခေါင်းညိတ်လေသည်။ ဤနည်းဖြင့် သူ့အတွက် ဆေးဘက်ဝင်အပင်များရှာရန် နေရာအနှံ့ ခရီးထွက်နေစရာ မလိုတော့ချေ။

“ တာအိုချူ ရွှမ်လင်ကုန်းမြေကြီးရဲ့ မြေပုံရှိလား ... ငါတာအိုချူဆီက အလကား မယူပါဘူး ... ။ ”

“ ဟား ဟား ဟား ... ဒါမြေပုံလေး တစ်ချပ်ပါပဲ မင်းဘာလို့ ဒီလောက်တောင် တွေးနေတာလဲ တာအိုချန်။ ”

ချူဖုန်းချွန်းက သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်စိမ်းတစ်ခုထုတ်ပြီး ကူချန်ထံ ကမ်းပေးလိုက်သည်။

ကူချန်တစ်ယောက် ဝိညာဉ်ရေး ကျောက်စိမ်းကိုယူကာ စစ်ဆေးကြည့်သည်။ ချက်ချင်းပင် ရွှမ်လင်ကုန်းမြေကြီး တစ်ခုလုံး သူ့အသိစိတ်ထဲ ပေါ်လာ၏။

နိုင်ငံများ၊ ဂိုဏ်းများ၊ စျေးများ၊ အန္တရာယ်များသော နေရာများ အပါအဝင် သတင်း အချက်အလက် မျိုးစုံဖြစ်သည်။

ချင်ယွမ်ဖန့်မြို့သည် ဖူစုနိုင်ငံနှင့် နိုင်ငံပေါင်း(၁၅)နိုင်ငံခန့် အကွာတွင်ရှိလေ၏။ လက်ရှိကျင့်ကြံမှုအရ ထိုအရပ်သို့ရောက်ရှိရန် တစ်လခန့် အချိန်ယူရပေမည်။

ဆိုလိုသည်မှာ ကျင့်ကြံသူတစ်ဦး၏ သက်တမ်းသည် ခရီးသွားခြင်းဖြင့် ကုန်ဆုံးပြီး ဆေးဘက်ဝင်အပင်များ ရှာဖွေခြင်းဖြင့်လည်း ဖြုန်းတီးမိစေ၏။

ရွှမ်လင်ကုန်း‌မြေကြီးတွင် မှတ်တမ်း တင်ထားသော နိုင်ငံပေါင်း (၁၈၆၀၀) ရှိသည်။ ဤအရေအတွက်သည် သက်ပြင်းချမိစေ၏။ ကမ္ဘာကြီးသည် အမှန်ပင် ကြီးလွန်းချေပြီ။

မည်သို့ပင်ဆိုစေကာမူ ယနေ့ခရီးစဉ်၌ ကျင့်ကြံမှုလောကနှင့် ပတ်သတ်သော သတင်း အချက်အလက်များစွာ ရရှိခဲ့သဖြင့် ကူချန် တစ်ယောက် ကျေနပ်သွားသည်။

ထိုစဉ် ရုတ်တရက် တစ်စုံတစ်ရာကို သတိရလာပြီး ချူဖုန်းချွန်းထံ ပြန်ကြည့်ကာ၊

“ တာအိုချူ သွေးဝိညာဉ်ဂိုဏ်းအကြောင်း မင်းသိတာရှိလား။ ”

-ဟု မေးမြန်းလိုက်တော့၏။

***

All Chapters