နှင်းပန်းဓားကျောင်း။
Vol. 5 Ch. 53
ကူချန်နှင့် တာအိုချင်းရှသည် တောင်ပေါ်မှဆင်းခဲ့ပြီး တောင်ခြေသို့ရောက်ရှိ သောအခါ တာအိုချင်းရှက၊
“ ငါတို့ အခုချင်းယွမ်စျေးကို သွားမလို့လား။ ”
-ဟု မေးမြန်းလိုက်သည်။
“ မဟုတ်ဘူး ... အရေးကြီးဆုံးက ဒီနေရာတွေရဲ့ တည်နေရာကို သိထားဖို့ပါပဲ ဘယ်အချိန်သွားရမယ် ဆိုတာကတော့ အလျင်စလို မရှိပါဘူး။”
ထို့နောက် ကူချန်က သူ့လက်ထဲရှိ ဖောင်းကားနေသော မီးစာကလေး ဥသုံးလုံးထံ ငုံ့ကြည့်ကာ၊
“ ငါတို့ ဒီကိစ္စကို အရင်ဖြေရှင်းရမယ်။ ”
-ဟု ပြောကြားလိုက်၏။
တာအိုချင်းရှသည်လည်း ကူချန်လက်ထဲရှိ အဝတ်အိတ်ထံ လှမ်းကြည့်ကာ ခေါင်းညိတ် လိုက်တော့၏။
“ မှန်တယ်၊ ဒီဥတွေက အတူယူသွားလို့ ကောင်းတဲ့အရာ မဟုတ်ဘူး။ ”
သိုလှောင်လက်စွပ်ရှိသော်လည်း ၎င်းတို့သည် ဝိညာဉ်အဆင့်မဟုတ်သောကြောင့် ငှက်ဥများအတွက် နေရာမလုံလောက်ချေ။ အတွင်းခန်းသည် အလွန်သေးငယ်၏။
မီးငှက်ဥများ၏ အရွယ်အစားသည် ဘောလုံးအရွယ်အစားခန့်ရှိသည်။ ကူချန်က တာအိုချင်းရှကို ကြည့်ကာ၊
“ ဆရာ ... မင်းရဲ့ဂိုဏ်းအကြောင်း မေးတော့မယ်လို့ ငါထင်နေတာ။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားကို ကြားသောအခါ တာအိုချင်းရှတစ်ယောက် တိတ်ဆိတ်သွားပြီး သက်ပြင်းချလေသည်။
“ ဒီလိုမျိုး ငါတို့မေးခဲ့ရင် ... ငါတို့ရဲ့ အထောက်အထားတွေကို သူ သေချာပေါက် သံသယဖြစ်သွားလိမ့်မယ် ပြီးတော့ ...
... ငါတို့ဂိုဏ်းရဲ့ အကြီးအကဲက ဂိုဏ်းအကြောင်း ထုတ်ဖော်မပြောဖို့ တင်းတင်း ကြပ်ကြပ် ထားမြစ်ထားတယ်။ ”
“ ဘာလို့ တားမြစ်ထားရတာလဲ။ ”
“ ဒါက ငါတို့ကို ကာကွယ်ဖို့ပဲ ... ဒီအကြောင်းကို ထားလိုက်ရအောင်။ ”
တာအိုချင်းရှက အကြောင်းအရာကို အနည်းငယ် ရှောင်ရှားလိုနေဟန်မျိုး ရှိသဖြင့် ကူချန်မှ၊
“ မင်းပိုရိုးသားသင့်တယ် ဆရာ။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားကြောင့် တာအိုချင်းရှခမျာ စိတ်ရှုပ်ထွေးစွာဖြင့် သူ့ထံ ပြန်ကြည့်လေသည်။ ကူချန်က ပြုံးလျက်၊
“ တောင်ပိုင်း စိတ်ဝိညာဉ် ကုန်းမြေနဲ့ ရွှမ်လင်ကုန်းမြေကြီးက သိပ်မဝေးတော့ပါဘူး ချင်ယွမ်စျေးမှာ ငါသတင်း မရနိုင်ဘူးလို့ မင်းထင်နေတာလား။ ”
“ ငါက အရမ်းရှုပ်ထွေးနေပြီး ဒါတွေအားလုံးကို မေ့နေတာ သဘာဝပါပဲ။
တာအိုချင်းရှက ကူကယ်ရာမဲ့စွာ ငြင်းဆန်နေဆဲဖြစ်သည်။ ဤသည်မှာ အမှန်ပင် ဂိုဏ်း၏ စည်းမျဉ်းများဖြစ်၏။ သူ့ကိုယ်တိုင်နှင့် ဂိုဏ်းတပည့် မည်သူမဆို လိုက်နာရပေမည်။ သို့သော်။
“ ငါတို့ ပြန်ရောက်ရင် ပြောကြမယ် ဘယ်လိုလဲ။ ”
“ ကောင်းပြီ ... ။ ”
သံနက်စံအိမ်မှ နတ်နဂါးမြို့တော်သို့ ပြန်ရောက်ရန် နေ့ဝက်မျှ အချိန်ယူရလေသည်။ ကူချန်နှင့် တာအိုချင်းရှတို့ကို မြင်သောအခါ ချင်းဖန်က အပြေးကြို၏။
“ စီနီယာအစ်ကို ... မနေ့က မင်းဘယ်သွားနေတာလဲ။ ”
ကူချန်က ပြန်မဖြေဘဲ အဝတ်အိတ်ကို ကမ်းပေးလိုက်ပြီး၊
“ ရေနွေးအိုးသွားတည်ပြီး ဒီဥတွေကို အပူပေးထားပါ။ ”
-ဟု စေခိုင်းလိုက်သည်။
“ ဥတွေလား ... ။ ”
ချင်းဖန်က သံသယစိတ်ဖြင့် ယူလိုက်ပြီး သူ့လက်ထဲ လေးလံသောဝန်ကို ချိန်ဆကြည့်နေ လျက်ဖြင့် မျက်လုံးပြူးသွား၏။
“ စီနီယာအစ်ကို ဒါတွေ ဘယ်ကရလာတာလဲ မနက်စာအတွက်လား။ ”
“ ဖပ် ... ။ ”
ကူချန်က သူ့ခေါင်းကို ဖပ်ခနဲ ပိတ်ရိုက်လိုက်၏။
“ မင်းဘာလို့ မေးခွန်းတွေ အများကြီး မေးနေရတာလဲ လုပ်စရာရှိတာလုပ်ပါ ဒီအရာကို မကွဲစေနဲ့။ ”
“ .... ။ ”
ချင်းဖန်က အနည်းငယ် ရေရွတ်လျက် မီးဖိုချောင်သို့လျှောက်သွား၏။ တာအိုချင်းရှက မျက်ခုံးပင့်လိုက်ပြီး၊
“ မင်းတကယ်ပြုတ်မှာလား ငါတို့က ဒီဥကိုပြုတ်ဖို့အတွက် တစ်နေကုန် ခရီးနှင်ခဲ့တာ မဟုတ်ဘူး မဟုတ်လား။ ”
-ဟု မေးမြန်းသည်။
“ မဟုတ်ဘူး သားဖောက်ဖို့ပါ ငှက်ဥတွေအတွက် အကောင်ပေါက်လာဖို့ဆိုရင် အပူချိန်တစ်ခုလိုတယ် မီးဖိုထဲကို တိုက်ရိုက် ပစ်ချဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ”
သို့မှသာ တာအိုချင်းရှတစ်ယောက် မီးစာငှက်၏ အလောင်းအောက်ရှိ မီးတောက်ကို သတိရသွားသည်။
ထိုမီးတောက်၏ အပူချိန်သည် အလွန်မြင့်မားသော်လည်း ဤဥခွံပေါ်တွင် မည်သည့် အမှတ်အသားမျှ မကျန်ခဲ့ချေ။
ဆိုလိုသည်မှာ ဤငှက်ဥသည် မြင့်မားသောအပူချိန်ကို အမှန်တကယ်ခံနိုင်ရည် ရှိပုံရ၏။ နှစ်ယောက်သား အချိန်အနည်းငယ် ကြာအောင် ထိုင်နေမိကြသည်။ ကူချန်က တာအိုချင်းရှထံ ကြည့်ကာ၊
“ ဆရာ ... အခုပြောပြလို့ရပြီလား။ ”
-ဟု မေးမြန်းလိုက်၏။
တာအိုချင်းရှသည် သူ့ထံမှ ဤလျှို့ဝှက်ချက်ကို နှစ်အတော်ကြာအောင် ထိန်းထားခဲ့ပြီး ထိုအရာကြောင့် ကူချန်အတွက် မရိုးမရွဖြစ်စေသည်။
တစ်ဖက်တွင် တာအိုချင်းရှသည်လည်း စားပွဲတွင်ထိုင်ပြီး ခဏတုံ့ဆိုင်းနေ၏။ ၎င်းကို သူ့စိတ်ထဲတွင် နှစ်ပေါင်းများစွာ သိမ်းဆည်း ထားခဲ့ပြီး အခြားမည်သူ့ကိုမျှ မပြောခဲ့ချေ။
“ ငါ့ဂိုဏ်းအမည်ကို နှင်းပန်းဓားကျောင်းလို့ခေါ်တယ်။ ”
ထိုစကားကြောင့် ကူချန်က အံ့အားသင့်သွားသည်။ ဤတုန့်ပြန်မှုကြောင့် တာအိုချင်းရှက မျက်မှောင်ကြုတ်ကာ၊
“ ဘာလို့လဲ အဲဒါကို မင်းကြားဖူးတာလား။ ”
-ဟု ပြန်မေး၏။
“ မဟုတ်ဘူး ... မကြားဖူးဘူး။ ”
ကူချန်တစ်ယောက် ချက်ချင်း ငြင်းဆန်လိုက်သည်။ အမှန်တွင် ကြားခဲ့ဖူးသည့် နှင်းပန်းဓားကျောင်းဟူသည် ဤဓားကျောင်း မဟုတ်သည်မှာ သေချာ၏။
ကမ္ဘာကြီးသည် ကျယ်ပြောလှကာ အမည်တူခြင်းသည် သာမာန်သာ ဖြစ်သည်။ တာအိုချင်းရှက ငြိမ်သက်သွားပြီး၊
“ ငါတို့ဂိုဏ်းအကြောင်း ငါသိပ်မသိဘူး ... ငါကပြင်ပတပည့်တစ်ယောက်ဖြစ်ပြီး အဲဒီကို ရောက်ပြီးကတည်းက တောင်ပေါ်ကနေ တစ်ခါမှ မဆင်ခဲ့ရဘူး။ ”
... အတွင်းတပည့်နဲ့ ပြင်ပတပည့်ဆိုတာ တူညီသောကမ္ဘာနှစ်ခုပဲ ... ပြင်ပတပည့်တွေက ကျင့်ကြံမှုအပေါ်သာ အာရုံစိုက်ရပြီး ...
... တောင်အောက်ဆင်း မစ်ရှင် ထမ်းဆောင်ဖို့အတွက် အတွင်းတပည့်တွေသာ ခွင့်ပြုမိန့်ရထားတယ်။ ”
“ ဒါက အချိန်အကြာကြီးပဲ ဆရာ မင်းခံနိုင်ရည်ရှိလို့လား။ ”
တာအိုချင်းရှတစ်ယောက် အနည်းငယ် ငေးမောသွားပြီး၊
“ ငါဆယ်နှစ်သားမှာ ... တောင်ပေါ်ကို ရောက်ခဲ့ပြီး အနှစ်နှစ်ဆယ်တိုင်အောင် ဆင်းခွင့် မရခဲ့ဘူး ဒါဆို မင်းနာလည်သင့်တယ်။ ”
... ဂိုဏ်းမှာ ပြင်ပတပည့်ပေါင်း ရာနဲ့ချီရှိတယ် လူတော်တော်များများက ကိုယ်ပိုင်လူနေမှုပုံစံနဲ့ ဘဝကို တည်ဆောက်ကြတယ် ...
... သေမျိုးလောကကိုပဲ ကြည့် လူအများစုအတွက် ကိုယ့်ပြည်နယ်ကိုတောင် အနှံ့ မရောက်ဖူးကြဘူး ဒါဆိုနေနိုင်မလားဆိုတဲ့ မင်းမေးခွန်း လိုအပ်ပါဦးမလား။ ”
ဤအဖြေကို ကူချန်က ခေါင်းညိတ်လိုက်သည်။
“ မင်းပြောချင်တာက တောင်ပေါ်တက်ပြီးရင် တောင်အောက် မဆင်းနိုင်ဘူး မဟုတ်လား ... ။ ”
“ ဒါလည်း ဖြစ်နိုင်ပါတယ် ... သေချာတာကတော့ ကျင့်ကြံမှုလမ်းကြောင်းမှာ လူတိုင်း မအောင်မြင်နိုင်ဘူး ... တကယ်လို့ တောင်ပေါ်ကဆင်းချင်ရင် ...
... ဂိုဏ်းက မင်းဘဝအတွက် အထောက်အပံ့ရအောင် ငွေနည်းနည်းပေး လိုက်လိမ့်မယ် ဒါပေမယ့် ... ဘယ်သူက ဆင်းချင်မှာလဲ ...
... ငါ့ရဲ့အားလုံးက မိဘမဲ့တွေပဲ ဒီလောကကြီးမှာ တွယ်ကပ်နေစရာ မိသားစု မရှိကြပါဘူး ဂိုဏ်းကမိသားစုပဲ။ ”
ထို့နောက်တွင် တာအိုချင်းရှတစ်ယောက် တိတ်ဆိတ်သွားပြီး အသက်ပြင်းပြင်းရှူလျက်၊
“ အဆုံးမှာတော့ ပြင်ပအကြီးအကဲ တစ်ယောက်က ... ငါတို့ကိုဘုံပျံလှေပေါ်တင်ပြီး ဂိုဏ်းကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားစေတယ် ...
... အားလုံးက အဲဒီအချိန်မှာ ထိတ်လန့်တုန်လှုပ်နေကြပြီး ဘာဖြစ်နေမှန်း မသိခဲ့ကြဘူး ... တစ်ယောက်ယောက်က သင်းထောက်ကို မေးပေမယ့် ...
... သင်းထောက်က အဖြေပေးဖို့ စိတ်ကူးမရှိခဲ့ဘူး သူ့မျက်ဝန်းမှာ စိုးရိမ်မှုတွေနဲ့ တစ်ချက်သာ ပြန်ကြည့်ခဲ့တယ် ...
... နတ်ဆိုးနှိမ်နင်းရေးမျှော်စင်နဲ့ နတ်ဆိုးတွေဆိုတဲ့ စကားကိုတော့ အော်ဟစ်သံ သဲ့သဲ့ကြားခဲ့တယ် မကြာဘူး မူလက ကြည်လင်နေတဲ့ ကောင်းကင်ကြီး ...
... ပေါက်ကွဲလာတယ် လေဟာနယ် အက်ကွဲကြောင်းတွေလည်း နေရာအနှံ့ပေါ်လာ ခဲ့တယ် အဲဒီအက်ကွဲကြောင်းတွေကနေ ...
... နတ်ဆိုးတွေ ပျံထွက်လာတယ် ... သူတို့နောက် အဆက်မပြတ်လိုက်သတ်နေတဲ့ လူတစ်ယောက်ကိုလည်း ... အဝေးကနေ ဝိုးတဝါး မြင်လိုက်ရတယ် ...
... အဆုံးမှာတော့ သင်းထောက်က ငါတို့အားလုံးကို ဘုံပျံလှေပေါ်ကနေ ဆင်းစေပြီး အထောက်အထားတွေ ထုတ်ဖော်မပြောဖို့ သတိပေးခဲ့တယ်။ ”
“ ဒါက လွတ်မြောက်လာတဲ့ နတ်ဆိုးတွေနဲ့ ဆက်စပ်နေမယ်ထင်တယ်။ ”
ဤတစ်ကြိမ်တွင် ကူချန်မှ မျက်ခုံးပင့်လျက် မှတ်ချက်ပေးလိုက်တော့သည်။ တာအိုချင်းရှမှ ခေါင်းညိတ်ကာ၊
“ မှန်တယ် ... ဂိုဏ်းက သူတို့အပေါ် ဖိနှိမ်ထားတာကြာနေပြီ သူတို့ရဲ့နာကြည်းမှုတွေ ပြည့်နှက်နေမှာ သဘာဝပါပဲ ...
... ဒါကြောင့် ငါတို့ပြင်ပတပည့်တွေက သူတို့ရဲ့လက်စားချေထို့ ပစ်မှတ်တွေ ဖြစ်မလာ နိုင်အောင် ဂိုဏ်းကနေထွက်ခွာစေခဲ့တာပါ။ ”
***
( ရွှမ်လင်တိုက်ကြီး- လျှို့ဝှက် ဆန်းကြယ်သည့် ဝိညာဉ်နယ်မြေ။
နန်လင်တိုက်ကြီး- တောင်တန်းဝိညာဉ်နယ်မြေ။ )