← Chapters

ဓားအစီရင် ... ။

Vol. 5 Ch. 63

ဓားအစီရင် ... ။

Vol. 5 Ch. 63

“ တာအိုမိတ်ဆွေ၊ ကျေးဇူးပြုပြီး နေပါဦး။ ”

လေထဲ လူသုံးယောက် ပျံသန်းလာနေ၏။ သုံးယောက်စလုံး သပ်ရပ်သော ဝတ်လုံများဖြင့် ခေါင်းဆောင်မှာ မျက်နှာချိုသည်။

“ ကိစ္စရှိလား ... ။ ”

ကူချန်က ရပ်ပြီး ပြန်လှည့်ကြည့်၏။ သူ့မျက်နှာပေါ်တွင် အပြုံးများ အပြုံးမရှိသလို ဖော်ရွေမှုသည်လည်း မရှိချေ။ မျက်ဝန်းများမှာ ရေကန်ကဲ့သို့ ငြိမ်သက်နေ၏။

ခေါင်းဆောင်၏ အမူအရာသည် ပြောင်းလဲခြင်းမရှိခဲ့ဘဲ ပြုံးရွှင်နေလျက်ဖြင့် ဦးညွှတ်ပြပြီး၊

“ မင်းရဲ့ ဝိညာဉ်ရေးဝိုင်က ဆွဲဆောင်မှု ရှိနေတာကို ငါသတိထားမိပါတယ် ရနံ့လေးပဲ ရှူမိတာတောင် မမေ့နိုင်ဘူး ... ရှိသေးလား ဒါမှမဟုတ် ဝိုင်ချက်တဲ့လူကို လမ်းညွန် ပေးနိုင်မလား။ ”

“ အံ့ဩစရာ မရှိတော့ပါဘူး။ ”

ကူချန်က မှတ်ချက်ပေးသည်။ ခေါင်းဆောင်၏ မျက်နှာသည် အနည်းငယ်မျှ အေးစက်သွားသော်လည်း၊

“ တာအိုမိတ်ဆွေ၊ မင်း သိနေတာလား။ ”

-ဟု အပြုံးဖြင့် ပြန်မေး၏။

“ ငါ သိနေရုံတင်​မဟုတ်ဘူး ... မင်းဘာတွေလုပ်​ချင်နေတယ် ဆိုတာကိုလည်း သိထားတယ်။ ”

ကူချန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ ညာလက်ညိုးနှင့် လက်ခလယ်ကို ထိကပ်လျက် အင်္ကျီလက်အောက်၌ ဝှက်ထားလိုက်၏။

ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွားကာ အင်းဆက်ပိုးမွှားများ၏ အော်မြည်သံသည်လည်း ရပ်တန့်ကုန်၏။

လူစိမ်းသုံးယောက်၏ စိတ်ထဲတွင် ချင်ချင်းအေးစက်သွားသည်။ ရှူရှိုက်နေခဲ့သော လေသည် အနည်းငယ် ​စူးရှရှဖြစ်လာ၏။

“ စရအောင် ... ။ ”

“ ဝှစ် ... ။ ”

ခေါင်းဆောင်အမျိုးသား မျက်ဝန်းများမှေးစင်းလျက် ကမ္ပည်းပြားတစ်ချပ် ပစ်ထုတ်လိုက်သည်။

ကမ္ပည်းပြားသည် ကောင်းကင်ပေါ် ပျံတက်သွားကာ ချက်ချင်း မီးလောင်သွားခဲ့၏။ မီးတောက်သည် လေထုကို ကူးစက်ကာ မှုန်ဝါးလာစေသည်။

“ ဝှစ် ... ။ ”

“ ဖျပ် ဖျပ် ဖျပ် ... ။”

ကူချန်က ယင်းကို မျှော်လင့်ထားပြီး ဖြစ်လေသည်။ မြေပြင်ပေါ် ခြေဖျားဖြင့်ပုတ်ကာ တာအိုချင်းရှကို ရင်ဘတ်မှဆုတ်ကိုင်လျက် ချက်ချင်းဆုတ်ခွာလိုက်၏။

ကြက်တစ်ကောင်ကဲ့သို့ သူနှင့်အတူ လိုက်ပါလာသည်။ မူလရပ်နေရာ မြေပြင်တွင် မီးတောက်ကြောင့် အသက်ဓါတ်များ ချက်ချင်း ခြမ်းခြောက်သွား၏။

တာအိုချင်းရှခမျာ ထိုမြင်ကွင်းကြောင့် စိတ်လှုပ်ရှားသွားချေပြီ။ သူ့ရှေ့ရှိ ဤလူများမှာ မြန်လွန်းသည်။ သူအတွက် လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိချေ။ ယခုပင် မျက်ခုံးမွှေးအချို့ မီးလောင်ကျွမ်းသွားရသည်။

“ ဟမ့် ... ။ ”

ထိုစဉ် ဘေးဘီဝဲယာမှ လူနှစ်ယောက် ပြေးဝင်လာနေပြီဖြစ်သောကြောင့် ထိတ်လန့် သွားတော့သည်။

“ ချန် ... တစ်ခုခုလုပ်ဦး ... သူတို့လာနေပြီ။ ”

“ တိတ်တိတ်နေ ... ။ ”

ကူချန်က လူနှစ်ယောက်ကို တစ်လှည့်စီကြည့်သည်။ ဘယ်ဘက်မှ လူသည် ဓားတစ်လက် ကိုင်ထားပြီး ညာဘက်ရှိလူသည် မြှားတံဖြင့် ချိန်ရွယ်ထား၏။

ထိုမြှားတံပေါ်တွင် ရူရ်များလင်းလျက် ဝိညာဉ်စွမ်းအင်များကို အရူးအမူး စုပ်ယူသည်။ ဤသည်မှာ ပေါက်ကွဲစေသော ရူရ်ပေပင်။

“ နောက်မှာ ... ။ ”

တာအိုချင်းရှက မနေနိုင်ဘဲ သတိပေးသည်။ ကူချန်မှ လှည့်ကြည့်၏။ ‌မြေပြင်မှ ‌ကျောက်နံရံ များစွာ ပေါက်ထွက်လာပြီး မျှစ်စို့ကြီးများကဲ့သို့ လျင်မြန်စွာ ကြီးထွားလာသည်။

ထိုနံရံများတစ်ဖက်တွင် ခေါင်းဆောင်အမျိုးသားသည် လက်တစ်ဖက်၌ တံဆိပ်တစ်ခုဖန်တီးကာ ကျန်လက်တစ်ဖက်ကို မြေပြင်ပေါ် ဖိကပ်ထားချေ၏။

“ ရွှပ် ... ။ ”

လေးကြိုးတုန်ခါလျက် မျှားတစ်စင်း ပြေးထွက်လာသည်။ ဓားသမားက မြှားနှင့်အတူ လိုက်ပါလာ၏။ မြှားတံသည် ပစ်မှတ်ကို ထိခြင်း မထိခြင်းသည် သူ့အပေါ် သက်ရောက်မှု မရှိချေ။

သူ့ ရည်ရွယ်ချက်သည် ပစ်မှန်ကို ခေါင်းဖြတ်ရန်ဖြစ်၏။ ကူချန်သာ ရှောင်တိမ်း ခဲ့သော် အသင့်သတ်ရုံပေပင်။

“ ရွှီး ... ။ ”

“ ဟမ့် ... ။ ”

ရုတ်တရက် ပေါက်ကွဲစေတတ်သော မြှားတံဘေးမှနေ၍ ထက်ရှသည့်အလင်းတစ်စ ကပ်လျက် ပျံသန်းသွားသည်။

၎င်း၏လားရာသည် မြှားတံနှင့် ဆန့်ကျင်ဘက်ပေပင်။ လေးသမားက အံ့အားသင့်စွာ သူ့ကိုယ်သူ ငုံ့ကြည့်၏။

ပါးလွှာသော ဓားတစ်လက်သည် သူ့နှလုံးသားတည့်တည့်ကို ထိုးဖောက်နေသည်။ ဤသည်မှာ နောက်ဆုံးအသိ ဖြစ်ချေပြီ။

ဓားသည် ထိုလူ၏နှလုံးသားကို ဖောက်ထွက်သွားပြီးနောက် ထူးဆန်းစွာပင် လေထဲပျောက်ကွယ်သွား၏။

“ ဟမ့် ... ။ ”

“ ဝုန်း ... ။ ”

ဓားကိုင်ထားသော ကျင့်ကြံသူသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားလေသည်။ ပေါက်ကွဲစေတက်သော မြှားသည် ပစ်မှတ်ကို ရှာမတွေ့ဘဲ ပေါက်ကွဲသွား၏။ ဓားသမားက အံကြိတ်လျက် ဆက်၍ တိုးဝင်လိုက်သည်။

“ ဝှစ် ... ။ ”

ချက်ချင်း ဓားသမားသုံးယောက် ခွဲထွက်သွားပြီးနောက် လမ်းကြောင်းသုံးရပ်မှ ဝင်ရောက်သွားလေသည်။

သို့သော် ကူချန်၏ မျက်လုံးထဲတွင် ဤသည်မှာ အနည်းငယ်ရယ်စရာကောင်း၏။ ကံကြမ္မာမျက်ဝန်းအောက်တွင် မည်သည့် အရာမျှ ပုန်းကွယ်မနေနိုင်ချေ။

“ မင်းအတွက် ပုန်းစရာနေရာမရှိဘူး။ ”

“ ရွှပ် ... ။ ”

ဓားတစ်လက် ပျံသန်းလာသံ ထွက်ပေါ်လာပြီး သုံးကိုယ်ခွဲဓားသမားခမျာ တောင့်တင်းသွား၏။

လေထုအတွင်း ဓားများပြည့်နေသည်။ သူ့ခန္ဓာကိုယ်မှာ ကြောက်ရွံတုန်လှုပ်လာကာ အသက်ရှူကြပ်လာ၏။ ဤအခိုက်အတန့်တွင် သူတို့ သားကောင်ရွေး မှားခဲ့ကြောင်း နားလည်လာသည်။

( ငါ့ကို သတ်ချင်တာလား ... ဒါဆို ငါနဲ့အတူလိုက်ခဲ့ပါ။ )

အဆုံးတွင် စစ်မှန်သောစွမ်းအင်များ ဓားအတွင်းလောင်းထည့်လိုက်ရာ သုံးပေရှိသော ဓားအလင်းတစ်လက် ရုတ်တရက် ထွက်ပေါ်လာသည်။

“ ဘရူး ... ။ ”

“ ဘာလဲ ... ။ ”

ရုတ်တရက် သူ့ဘေးမှ ထူးဆန်းသောအသံတချို့ ထွက်ပေါ်လာသည်။ ထို့ကြောင့် လှည့်ကြည့်ရန် ပြင်လိုက်စဉ် ညာလက်မောင်း ပြတ်ကျသွား၏။

“ အား ... ။ ”

“ ဘရူး ... ။ ”

“ ..... ။ ”

​နောက်ထပ် ထိုအသံမျိုးကို ထပ်မံ ကြားလိုက်ရချိန်တွင် သူ့ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားတော့သည်။​

( ငါသေသွားပြီလား ... မြန်လိုက်တာ ... ။ )

လက်တစ်ဖက်နှင့် ခန္ဓာကိုယ်ကြီးသည် တာအိုချင်းရှ ခြေရင်းဆီသို့ ပြုတ်ကျလာချေပြီ။ အသက်တရှိုက်စာအတွင်း ယွမ်ဖူနယ်ပယ် နှစ်ယောက် သေဆုံးသွားတော့၏။

ကျန်ရှိနေသူမှာ သဘာဝအတိုင်း ခေါင်းဆောင်အမျိုးသား ဖြစ်သည်။ သို့သော် ရှာမတွေ့တော့ချေ။ ကျောခိုင်းလျက် ထွက်ပြေးသွားပြီဖြစ်သည်။

“ ထွက်ပြေးသွားပြီ ... ။ ”

တာအိုချင်းရှက အံ့အားသင့်သွား၏။ ယင်းအပေါ် ကူချန်မှ မျှော်လင့်ထားခဲ့သလို ပေပင်။

“ စိတ်မပူနဲ့ သူဝေးဝေး မပြေးနိုင်ပါဘူး။ ”

တာအိုချင်းရှခမျာ အနည်းငယ် စိတ်မသက်မသာဖြစ်လာ၏။ လည်ချောင်းထဲမှာ ခြောက်ကပ်လာချေပြီ။ ထို့ကြောင့် အဝေးရှိ အမျိုးသားထံ ပြန်ကြည့်မိသည်။

မှိန်ဖျော့နေသော ကောင်းကင်သည် ချက်ချင်း သက်တံတစ်စင်း ထွက်ပေါ်လာကာ လေထဲဆိုင်းငံ့နေ၏။

“ ဒါ ... ။ ”

တာအိုချင်းရှတစ်ယောက် မျက်လုံးပြူးသွားသည်။ ဤသည်မှာ သက်တံ တစ်စင်းမဟုတ်ချေ။ လူသတ်လိုသော ဝိညာဉ်ရေးဓား (၁၀)လက်ဖြစ်၏။

“ ဖွဲ့စည်း ... ။ ”

ကူချန်က အမိန့်ပေးသည်။ အဆုံးတွင် ဝိညာဉ်ရေးဓား (၁၀)လက်သည် အရပ်မျက်နှာ အသီးသီးသို့ ချက်ချင်းခွဲထွက်သွားပြီးနောက် ပစ်မှတ်အပေါ် ပြိုကျသွားတော့သည်။

***

All Chapters