← Chapters

အရေးကြီးတယ် ... ။

Vol. 5 Ch. 65

အရေးကြီးတယ် ... ။

Vol. 5 Ch. 65

မင်ယွဲ့မှ ပြန်မဖြေနိုင်ခင် ချင်းဖန်က၊

“ အရင်က စီနီယာအစ်ကို ငါတို့ကို လိမ်နေတယ်လို့ထင်ပြီး ... အဲဒီဥတွေကိုအခွံခွာ စားပစ်ဖို့ ကြည့်လိုက်တာ ... တကယ်ပဲ ဥတွေကပေါက်နိုင်ပါတယ်။ ”

-ဟု ပြန်ဖြေ၏။

“ မင်း ဘာလို့ မစားလိုက်တာလဲ။ ”

ကူချန်မှ ချင်းဖန်ထံ လှမ်းကြည့်၏။

“ ဟီးဟီး ... မင်းကို ကြောက်လို့။ ”

“ ဟား ဟား ဟား ... ။ ”

ချင်းဖန်အဖြေကြောင့် ကူချန်မှ ရယ်မောလျက် သူ့ခေါင်းကို ပွတ်သပ်လိုက် တော့သည်။

ခန့်မှန်းချက်အရ ငှက်ဥများသည် လာမည့်ရက်အနည်းငယ်အတွင်း အကောင် ပေါက်နိုင်မည်ဖြစ်၏။

ဤမီးစာကလေးသည် နတ်ဆိုးသားရဲများကြားတွင် အတွေ့များသော သားရဲတစ်မျိုးဖြစ်ပြီး သူ့ကန့်သတ်ချက်မှာ ယွမ်ဖူနယ်ပယ်ပေပင်။

သို့သော် သာမန်လူများအတွက် သေမျိုးဘုံကိုကျော်လွန်နေသော အင်မော်တယ် တစ်ပါးပေပင်။

ဆိုလိုသည်မှာ ဖူစုနိုင်ငံ၌ ယွမ်ဖူနယ်ပယ် ထိုမီးစာကလေးသုံးကောင် ထွက်ပေါ်လာပါက ပွဲဆူစေမည်မှာ သေချာသည်။

အရေးအကြီးဆုံးမှာ အနာဂတ်တွင် ရွှမ်လင်ကုန်းမြေကြီးကို စူးစမ်းလေ့လာရန် သူ ထွက်သွားရပေမည်။

ထိုအချိန်တွင် ကူမိသားစုနှင့် လင်းရင်ဘုံကျောင်းသည် ရှန်ရှင်းနယ်ပယ်ထက် သာလွန်သော ရန်သူနှင့် ကြုံတွေ့ရသော် ခက်ပေမည်။

ဤမီးစာကလေးများသည် ထိုပြဿနာအပေါ် ကောင်းစွာ ဖြေရှင်းပေးရန် အချိန်တစ်နှစ်မျှသာ ပေးရမည်ဖြစ်၏။

ဆိုလိုသည်မှာ ၎င်းတို့ယွန်ဖူနယ်ပယ် ရောက်ရှိရန် တစ်နှစ်ခန့်သာ အချိန်ယူရပေမည်။ ထို့နောက် ငှက်ဥများအခြေအနေကို ကြည့်ရန် မီးဖိုခန်းအတွင်း ဝင်ရောက်လာခဲ့သည်။

ကံကြမ္မာမျက်လုံးဖြင့် ကြည့်ရှုလိုက်ရာ ငှက်ဥများရှိ ကြွယ်ဝသော အသက်ဓါတ်အပေါ် မြင်လိုက်ရ၏။ အခြေအနေကောင်းပေသည်။

ကူချန်က ခေါင်းညိတ်ပြီး လက်ချောင်းများ တွက်ချက်ကြည့်ကာ နောက်မှလိုက်လာခဲ့သည့် မင်ယွဲ့ထံ လှည့်ကြည့်၏။

“ နောက်နှစ်ရက် ... သုံးရက်နေရင် အကောင်ပေါက်လာကြလိမ့်မယ် ... သူတို့ကို ငါ့အခန်းထဲ ပြောင်းထားလိုက်။ ”

မင်ယွဲ့မှ ခေါင်းညိတ်ပြသည်။

“ မင်းနဲ့ ချန်ယွင်က သွေးတစ်စက်စီ ငါ့အခန်းထဲမှာ ချန်ထားခဲ့ပါ။ ”

“ အစ်ကို၊ ဘာအတွက်လဲ။ ”

ချန်ယွင်က အံ့အားသင့်စွာမေးသည်။

“ အချိန်တန်ရင် မင်းသိလိမ့်မယ်။ ”

ကူချန်မှ ပြန်မဖြေဘဲ၊

“ မင်း ... လှံသုံးတတ်လား။ ”

-ဟု မေးမြန်းလိုက်၏။

“ သဘာဝပါပဲ။ ”

ကူချန်ယွင်က ကူချန်မေးခွန်းရှိ အကြောင်းအရာအပေါ် နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်လေသည်။

မိုးပြာခြံဝင်း။

ကူချန်တစ်ယောက် သူ့ရှေ့ရှိ ငှက်ဥသုံးလုံးထံကြည့်နေသည်။ ချမ်ခွင်းရှို့ကျင်း သားရဲထိန်းကျောင်းခြင်း သုတ္တန်အတိုင်း သွေးကို ငှက်ဥဖြင့် ပေါင်းစပ်ထား၏။

နတ်ဆိုးသားရဲများကို ထိန်းကျောင်းရန် နည်းလမ်းများစွာ ရှိသည်။ အသုံးအများဆုံးမှာ ဝိညာဉ်ရေးရာ ထိန်းချုပ်ခြင်း ပစ္စည်းများဖြင့် အတင်းအကြပ်ဖမ်းဆီးခြင်းဖြစ်သည်။

ဒုတိယ နည်းလမ်းသည် ဝိညာဉ်တံဆိပ်များနှင့် ကျွန်အဖြစ် ထိန်းချုပ်ခြင်းဖြစ်၏။

တတိယနည်းလမ်းသည် အကောင်‌ဖောက်ရာတွင် သွေးအချို့ကို ပေါင်းစည်းခြင်းပေပင်။

ဤနည်းလမ်းသည် သားရဲနှင့် ထိန်းချုပ်သူကြား သဘာဝအတိုင်း နီးကပ် နေစေမည်ဖြစ်သည်။

ထို့အပြင် သားရဲသည် ငယ်စဉ်မှသည် ကြီးပြင်းလာသဖြင့် အလွန်သစ္စာရှိမည်ဖြစ်၏။ သို့သော် ဤနည်းလမ်းသည် မျိုးဆက်သွေး မြင့်မားသော သားရဲများအပေါ် လွှမ်းမိုးမှု မရှိနိုင်ချေ။

မြင့်မားသော မျိုးဆက်သွေးပိုင်ရှင် သားရဲများသည် မှော်စွမ်းအားများနှင့် လျှို့ဝှက် နည်းစနစ်များကို သွေးမှတဆင့် အမွေဆက်ခံကြသည်။

မီးစာကလေးသုံးကောင်တွင် ချန်ယွင်နှင့်မင်ယွဲ့ဆို့ကို တစ်ကောင်စီပေးကာ ကျန်တစ်ကောင် သူ ယူမည်။ ကျင့်ဟုန်ဖူ နည်းစနစ်ကို ရရှိပြီးနောက် ပျံသန်းနှုန်းသည် နတ်ဆိုးသားရဲများထက် မနိမ့်ချေ။

သို့သော် တာအိုချင်းရှစကားအတိုင်း နတ်ဆိုးတစ်ကောင် စီးခွင့်ရှိသော် မည်သူသည် ဓားပျံဖြင့် ပျံသန်းချင်မည်နည်း။ ဓားပျံသည် ပင်ပန်းချေ၏။

နောက်သုံးရက်ကုန်လွန်ပြီးနောက် မီးစာကလေး သုံးကောင် ပေါက်လာလေသည်။ မွေးစအရွယ်သည်ပင် ကြက်တစ်ကောင်အရွယ် ဖြစ်၏။

ကြိုတင်စီစဉ်ထားသော လတ်ဆတ်သည့် အသားတုံးများထုတ်ပြီး ငှက်သားပေါက်များထံ ကျွေးလိုက်သည်။

မီးစာငှက်က ဦးခေါင်းကို လှန်ချကာ တကျိုက်တည်းမျိုချ၏။ ရှောင်ယွင်မှ မျက်လုံး ပြူးလာပြီး၊

“ ဒီလိုကလေးလေးတွေကို အသားစိမ်းတွေကျွေးလို့ရတာလား။ ”

-ဟု အော်ဟစ်သည်။

“ သူတို့ သုံးကောင်က မတူဘူး။ ”

ကူချန်က ကျန်ရှိနေသော မီးစာငှက်နှစ်ကောင်ကို အသားတုံးများကို ဆက်လက်ကျွေး၏။

နတ်ဆိုးသားရဲများ၏ သွေးသည် သာမန်သားရဲများထက် သဘာဝအားဖြင့် သန်မာကြသည်။

မွေးစကပင် သာမာန်သားရဲများတွင် မရှိသော အရာများစွာရှိလေသည်။ ရှောင်ယွင်၊ ချင်းဖန်၊ မင်ယွဲ့၊ ချန်ယွင်နှင့် တာအိုချင်းရှက ထိုမြင်ကွင်းထံ တိတ်ဆိတ်စွာ ကြည့်နေ၏။

ကူချန်က ဇလုံထဲရှိ အသားတုံးများ ကုန်သည်အထိ ကျွေးလိုက်သည်။ ထို့နောက် ချန်ယွင်နှင့် မင်ယွဲ့ကို လှည့်ကြည့်လိုက်ပြီး၊

“ ဒီတစ်ကောင်ကို မင်ယွဲ့ယူသွားပြီး ကျွေးမွေးပါ ဒီဘက်က တစ်ကောင်ကိုတော့ ချန်ယွင်ယူသွား။ ”

“ ငါလား ... ။ ”

ချန်ယွင်က ကူချန်ကို တအံ့တသြ ပြန်ကြည့်သည်။ ထို့နောက် တုံ့ဆိုင်းစွာဖြင့်၊

“ အစ်ကို၊ ငါအချိန်တွေက တိုက်ပွဲမှာပဲ အမြဲရှိနေတယ်ဆိုတာ မင်းသိပါတယ် ဒီလိုမျိုး အကောင်လေးတွေကို ... ငါဘယ်လိုလုပ်ပြီး ထိန်းကျောင်းနိုင်မှာလဲ။ ”

“ ဒီငှက်ကလေးကို မင်းအချိန်တစ်ခု ပေးနိုင်ရင် ပိုကောင်းမယ် သူ မင်းထက်အရင် ရှန်ရှင်းနယ်ပယ်ထဲ ဝင်သွားနိုင်တယ်။ ”

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ချန်ယွင်တစ်ယောက် ကူချန်စကားကို ဟာသအဖြစ် မှတ်ယူလိုက်မိသည်။ သူတို့သည် ငှက်များမျှသာ ဖြစ်ကြသည်။ အဘယ့်ကြောင့် သူ့ထက် သာလွန်နိုင်မည်နည်း။

သို့သော် ရုတ်တရက် သားဖောက်နည်းနှင့် အချိန်ကာလကို ပြန်သတိရလာသည်။ ယင်းမှာ သာမန် မဟုတ်ချေ။ အဆုံးတွင် တစ်စုံတစ်ရာကို တွေးမိလာပြီး၊

“ အစ်ကို၊ ဒီငှက်တွေက ... ။ ”

“ မှန်တယ် ... ။ ”

ကူချန်က ခေါင်းညိတ်ပြပြီး၊

“ မင်းအတွက် အသုံးဝင်ခြင်း ... မဝင်ခြင်းဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ် မလိုချင်ရင် တခြားတစ်ယောက်ဆီ ပေးလိုက်ပါ။ ”

-ဟု ပြောကြားလိုက်သည်။

ချန်ယွင်တစ်ယောက် အနည်းငယ် ငြိမ်သက်ကာ စဉ်းစားသွားသည်။ လွန်ခဲ့သည့် လပိုင်းတွင် ကောင်းကင်မှ မီးတောက်ကြီး ပြုတ်ကျလာခဲ့ဖူးသည်။

ကူမိသားစုမှ စုံစမ်းရန်အတွက် ပညာရှင်များစွာကိုပင် စေလွှတ်ထားခဲ့ရသည်။ နတ်နဂါးမြို့နှင့် ဝေးကွာလွန်းသောအရပ်တွင် မီးလောင်လွင်ပြင်၌ ငှက်ကြီးတစ်ကောင် သေဆုံးနေ၏။

ထိုအလောင်းသည် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။ အဆုံးတွင် သွေးဝိညာဉ်ဂိုဏ်း ကျင့်ကြံသူတစ်ဦး ရုတ်တရက်ပေါ်လာပြီး ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများကို သတ်ဖြတ်တော့၏။

လူတိုင်းဆုတ်ခွာနေစဉ် အနက်ဝတ်ဓားသမားတစ်ယောက်ပေါ်လာပြီး ၎င်းကို ဟန့်တားလေသည်။ သူ့ဘေးတွင် ဘုန်းကြီးတစ်ပါး ပါရှိ၏။

တိုက်ပွဲသည် ရှုပ်ထွေး ပြင်းထန်လွန်း သောကြောင့် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူပင် အသက်လု လှည့်ပြေးခဲ့ရသည်။

တိုက်ပွဲရလဒ်နှင့် ပတ်သက်၍မူ အဖြေသည်ကွဲပြားခြင်း မရှိချေ။ ထိုအခြေအနေ အောက်တွင် နောက်ဆုံးအနိုင်ရသူသည် သူ့အစ်ကို ဖြစ်နေ‌ခဲ့ချေပြီ။

သူ့ကိုယ်သူ တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူရှိုက်လျက် ငှက်ပေါက်ထံ ကြည့်လိုက်သည်။ လက်ရှိအချိန်၌ အစိုးရိမ်ရဆုံး ပြဿနာသည် အခြားတစ်ဖက်တွင်ဖြစ်၏။

“ အစ်ကို၊ မင်းရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်ဘယ်လောက်လဲ။ ”

“ ဟား ဟား ဟား ... ဒါက ... အရေးကြီးလို့လား။ ”

ကူချန်မှ ရယ်မောလိုက်သည်။ ချန်ယွင်က လေးနက်သောအသွင်ဖြင့်၊

“ အရမ်းအရေးကြီးတယ်။ ”

-ဟု ပြန်ဖြေ၏။

သွေးဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူသည် ရှန်ရှင်းနယ်ပယ်ရှိ လူများစွာကို အနိုင်ယူနိုင်၏။ ယင်းကို အနက်ဝတ်ဓားသမားသည် မည်သို့ ဟန့်တားနိုင်သနည်း။

အဆုံးတွင် ထိုလူများကို အနိုင်ယူခဲ့သော သူ့အစ်ကိုသည် မည်မျှ သန်မာနေနိုင်သနည်း။ ဤမေးခွန်းသည် သူ့ကို အကြောက်လန့်စေဆုံး မေးခွန်းပေပင်။

***

All Chapters