← Chapters

အစ်ကို ... မင်းရောမြင်ဖူးလား။

Vol. 5 Ch. 66

အစ်ကို ... မင်းရောမြင်ဖူးလား။

Vol. 5 Ch. 66

“ ယွမ်ဖူနယ်ပယ်။ ”

“ ယွမ်ဖူလား ... ယွမ်ဖူဆိုတာ ဘာလဲ။ ”

ချန်ယွင်မှ စိတ်ဝင်စားလာ၏။

“ ယွမ်ဖူဆိုတာ မင်းခန္ဓာကိုယ်အတွင်းက လျှို့ဝှက်နယ်မြေပဲ၊ ကောင်းကင်နဲ့မြေကြီးကြား ဝိညာဉ်စွမ်းအင်တွေကို သိမ်းဆည်းနိုင်တယ် ရှန်ရှင်းစွမ်းအင်ထက် အဆပေါင်းများစွာ သိပ်သည်းတယ် ...

... အဲဒါကို ယွမ်စံအိမ်လို့ခေါ်တယ် ခရမ်းရောင်နန်းတော်တစ်ခုပဲ ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူက စစ်သည်တော်တွေကြားမှာ ပျံသန်းနေတဲ့ နဂါးဆိုရင် ... ယွမ်ဖူက သူတို့ကို တစ်ချက်တည်းနဲ့ သတ်နိုင်တဲ့ ဓားပဲ။ ”

“ ယွမ်ဖူနယ်ပယ်ထက် ပိုမြင့်တဲ့ နယ်ပယ်ရှိသလား။ ”

“ ရှိတယ် အများကြီးပဲ။ ”

“ အစ်ကို၊ မင်းနောက်ထပ် နယ်ပယ်ကို ဝင်ရောက်နိုင်ဖို့ ဝေးသေးလား။ ”

“ အင်း ... လမ်းကဝေးတယ် ... ညတာကပိုရှည်တယ်။ ”

“ ဒါဆို မင်းဘာလို့ ... လျှောက်လှမ်းနေတာလဲ ခွန်အားအတွက်လား။ ”

“ မဟုတ်ဘူး၊ မသေချင်လို့ ... ။ ”

ကူချန်အဖြေကြောင့် ချန်ယွင်ခမျာ မှင်သပ်သွားလေသည်။

“ နယ်ပယ်မြင့်လေ သက်တမ်းပိုရှည်လေပဲ နှစ်ပေါင်းထောင်ချီ ဒါမှမဟုတ် သောင်းချီတောင် နေထိုင်နိုင်တယ်။ ”

ကူချန်မှ ရှင်းပြသည်။

“ ထာဝရသက်တမ်းလား ... ဒါပေမယ့် ဘာလို့ အသက်ရှည်ချင်နေရတာလဲ ဆယ်စုနှစ် တစ်ခုနဲ့တင် ဒီဘဝဟာ ... ငြီးငွေ့စရာ ကောင်းပြီး ထာဝရသက်တမ်းက မင်းကို ပိုဆိုးစေမယ် မဟုတ်လား။ ”

ချန်ယွင်က ရှုပ်ထွေးစွာဖြင့် ပြော၏။ ကူချန်မှသူ့ညီထံ ပြန်ကြည့်လိုက်သည်။

“ အသက်ရှည်ခြင်းဆိုတာ ... သာလွန်ကောင်းမွန်ခြင်းလို့ ငါ မဆိုလိုပါဘူး ဒါပေမယ့် မင်းအမြင်မှာ အံ့ဩစရာအဖြစ် ထင်နေတဲ့အရာကို ... ငါ့အမြင်မှာတော့ အံသြစရာမဟုတ်တော့ဘူး ... ။ ”

ချန်ယွင်မှ နားမလည်တော့ချေ။ ထို့ကြောင့် ကူချန်က ဆက်ပြောသည်။

“ ဒီကမ္ဘာကြီး ဘယ်လောက်ကျယ်လဲ မင်းသိလား ... အသန်မာဆုံးက ဘယ်လောက် သန်မာလဲဆိုတာ မင်းသိလား ... အပြင်ကမ္ဘာက ဘယ်လိုပုံစံလဲ မင်းသိလား ... ။ ”

မေးခွန်းများဆက်တိုက် ထွက်လာပြီး ဤတစ်ကြိမ်တွင်လည်း ချန်ယွင်တစ်ယောက် ပြန်မဖြေနိုင်ချေ။

“ စကြာဝဠာကြီးက ကျယ်ဝန်းပြီး ဖူစုနိုင်ငံဆိုတာ သမုဒ္ဒရာအတွင်းက ရေစက် တစ်စက်လောက်ပါပဲ ...

... မင်း ဒီလောကကြီးအထက်မှာ ရပ်ပြီး ဂုဏ်ယူဝံ့ကြွားစွာ လက်ဝှေ့ယမ်းကြည့်လိုက်ပါ တောင်တန်းနဲ့မြစ်တွေတုန်ခါစေပြီး ကမ္ဘာကြီး မှောက်လှန်သွားတဲ့ မြင်ကွင်းမျိုး မင်းမြင်ကြည့်လိုက် ...

... ဒီကမ္ဘာပေါ်မှာ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေရှိတယ် လူတွေက သေးငယ်တဲ့ ထောင့်တစ်နေရာမှာသာ နေထိုင်ခွင့်ရတယ် ငါမေးပါရစေ ... ဒါတွေ မင်းမြင်ဖူးလား။ ”

ထိုစကားများကြားချိန်၌ ချန်ယွင်က အသက်ပြင်းပြင်းရှူကာ မတင်မကျဖြစ်လာပြီး သူ့အစ်ကိုထံ ပြန်ကြည့်ကာမေးလိုက်၏။

“ အစ်ကို ... မင်းရော မြင်ဖူးလား။ ”

“ မမြင်ဖူးဘူး။ ”

ကူချန်က ပြန်ဖြေသည်။ ချန်ယွင်တစ်ယောက် တိတ်ဆိတ်သွားတော့၏။ အံ့သြစရာမရှိချေ။ ဖူစုနိုင်ငံထီးနန်းအတွက် တိုက်ပွဲဝင်ခြင်းဟူသည် သူ့အစ်ကိုအတွက် အဓိပ္ပါယ်ကြောင်း သိလာ၏။

ဖူစုနိုင်ငံသည် အမှန်သေးငယ်လွန်း၏။ ဤမတိုင်မီ ရှန်ရှင်းနယ်ပယ်သည် ကမ္ဘာပေါ်ရှိ ရှားပါးသော တည်ရှိမှုအဖြစ် ယူဆနေခဲ့သည်။ သို့သော် ထိုရှားပါးမှုသည် လမ်းခရီး အစသာဖြစ်နေ၏။

သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ထိန်းကျောင်းလျက် လေးနက်သောအကြည့်ဖြင့် ကူချန်ထံမော့ကြည့်ကာ၊

“ ဖူစုနိုင်ငံမှာ ရှန်ရှင်းနယ်ပယ်ထက် သာလွန်တဲ့ တစ်စုံတစ်ယောက်ရှိနေလား။ ”

-ဟု မေးလိုက်၏။

“ ရှိတယ် ... ယွမ်ဖူနယ်ပယ်ထက်‌တောင် သာလွန်တဲ့ ... လူအချို့ရှိနေတယ်။ ”

ကူချန်က တည်ငြိမ်စွာ ပြန်ဖြေသည်။ ဖူစုနိုင်ငံတွင် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူသာ ရှိသော် ကူဖုန်းနှင့်ပင် လုံလောက်၏။ စိတ်မပူဘဲ သူထွက်သွားပြီး ဖြစ်ပေမည်။

ယခုမူ ယွမ်ဖူနယ်ပယ်မျှသာမက ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူလည်း ရှိနေခဲ့သည်။ တစ်ဖက်လူသည် ကူမိသားစု၏ ခွန်အားအပေါ် အခြေခံ၍ ခြိမ်းခြောက်မှု အဆင့်ကိုသာ သုံးသားခြင်းဖြစ်၏။

ဆိုလိုသည်မှာ ဖူစုသည် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူများသာ ရှိသဖြင့် ပြိုင်ဘက်သည် ရှန်ရှင်းနယ်ပယ်ကိုသာ ပို့လွှတ်ပေးနေခြင်း ဖြစ်သည်။ ချင်းယွမ်နိုင်ငံအတွက်မူ ဆန့်ကျင်ဘက်ပေပင်။

လက်ရှိအချိန်၌ ဖူစုတွင် ယွမ်ဖူနယ်ပယ် တစ်စုံတစ်ယောက်မျှ ထွက်ပေါ်လာခြင်းမျိုး မရှိသေးချေ။

ထို့ကြောင့် တစ်စုံတစ်ဦးသည်သာ ထွက်ပေါ်လာသော် ပထမဆုံး ပစ်မှတ်ထားစရာ ဖြစ်လာပြီး ကွင်းဆက်လှိုင်းများကို ဆက်တိုက် ခံစားရမည်ဖြစ်သည်။

ပြိုင်ဘက်သည် အမှောင်ထဲရှိသဖြင့် အလင်းရောင်အောက်သို့ ထွက်ရပ်ခြင်းသည် မိုက်မဲခြင်းမည်ချေမည်။

လူတိုင်း တိတ်ဆိတ်ကုန်သည်။ ရှောင်ယွင်တစ်ယောက် ခေါင်းကုတ်လျက် မေးခွန်းများ တန်းစီပေါ်လာတော့၏။

“ ငါဘယ်သူလဲ ... ။ ငါဘယ်မှာလဲ ... ။ ငါဘာကြားလိုက်တာလဲ ... ။ ငါပါးစပ်ပိတ် နေရမှာ မဟုတ်ဘူးလား ... ။ ”

ထိုအတွေးများက ရှောင်ယွင်ကို တုန်လှုပ်သွားစေ၏။ သတိကြီးစွာဖြင့် ကူချန်ထံ ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ဆုတ်ခွာမိသည်။

“ ဟား ဟား ဟား ... ။ ”

ကူချန်က သူမကို လှည့်ကြည့်ကာ ရယ်မောလိုက်၏။ ဤစကားများ ပြောနေစဉ် သူမကို သတိ မရခဲ့ချေ။ သတိရခဲ့လျှင်ပင် ‌ရှောင်ယွင်သည် သတင်းဖြန့်မည့်သူ မဟုတ်ကြောင်း ပြောနိုင်သည်။

သူမ ပြန်ပြောသော် မုဝေသာလျှင်ရှိ၏။ မုဝေသည် သဘာဝအတိုင်း ထိုသတင်းအပေါ် ပိတ်ဆို့ထားရန် သတိပေးမည်ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ချန်ယွင်က မီးစာငှက်ထံ ငုံ့ကြည့်ကာ၊

“ ဒီကောင်လေးက ရှန်ရှင်းနယ်ပယ်ကို တကယ်ရောက်နိုင်တာလား။ ”

-ဟု မေးမြန်းသည်။

ဤကမ္ဘာကြီးသည် သူထင်သည်ထက် ပို၍ကြောက်စရာကောင်းပြီး သူ့တွင်ခွန်အားများ လိုနေသေးသည်။

ကူချန်စကားသည်သာ မှန်ခဲ့သော် မီးစာငှက်သည် ကောင်းမွန်သောအထောက်အပံ့ ဖြစ်လာပေလိမ့်မည်။

“ တကယ်တော့ ... သူတို့က ယွမ်ဖူနယ်ပယ်အထိတောင် ရောက်နိုင်ပါတယ်။ ”

“ ယွမ်ဖူနယ်ပယ်တောင်လား ... ။ ”

ချန်ယွင်တစ်ယောက် ကူချန်ကို အံ့အားသင့်စွာ ကြည့်လိုက်တော့သည်။ ကူချန်မှ ခေါင်းညိတ်ပြ၏။

“ အခုမင်းက ... ရှန်ရှင်းနယ်ပယ်မို့ ယွမ်ဖူနယ်ပယ်ရဲ့ စွမ်းအားအပေါ် မသိသေးဘူး မင်းနားမလည်နိုင်တဲ့ အရာတချို့ကို ... ငါ ပြောပြလဲ မင်းမသိနိုင်ဘူး။ ”

ချန်ယွင်အတွက် မီးစာငှက်ကို မွေးမြူရန်မှတပါး တခြားမည်သည့်အရာမျှ ပြောစရာ မရှိတော့ချေ။

“ ယွမ်ဖူနယ်ပယ် ... ။”

မည်သို့ပင်ဆိုစေကာမူ မီးစာငှက်၏ အလားအလာသည် သူ့အပေါ်စိတ်လှုပ်ရှားဖွယ် ပေးစွမ်းလေသည်။ ထို့နောက် လက်ဆန့်တန်း လိုက်၏။

“ ကျိ ... ကျိ ... ။ ”

မီးစာငှက်တစ်ကောင်က ခေါင်းတညိတ်ညိတ်ဖြင့် သူ့လက်အပေါ် ပွတ်သပ်ကျီစယ်သည်။

“ ဒါ ... ။ ”

၎င်းမီးစာငှက်ထံမှ ရင်းနှီးသောခံစားချက် ရရှိနေသောကြောင့် ဘေးရှိကူချန်ထံကြည့်ကာ မေးရန်ပြင်မိ၏။

“ သူတို့တွေ အကောင်မပေါက်ခင် မင်းတို့သွေးနဲ့ပေါင်းစည်းထားတာမို့ သဘာဝ အတိုင်း ရင်းနှီးမှုရှိနေတာပါ။”

ကူချန်က သူ့မေးခွန်းကို နားလည် နေဟန်ဖြင့် ပြန်ဖြေသည်။ ထို့နောက် မီးစာငှက် မေးစေ့ကို ပင့်လိုက်ကာ၊

“ မင်းရဲ့ သွေးတစ်စက်ကို ဒီကောင်လေးနဲ့ပေါင်းစပ်ပေးထားတယ်။ ”

-ဟု ပြောကြားလိုက်သည်။

ချင်းဖန်မှ မနာလိုဖြစ်လာကာ၊

“ ဒါဆို ... ငါ့သွေးကိုကျတော့ မင်းဘာလို့ မသုံးရတာလဲ စီနီယာအစ်ကို။ ”

-ဟု အော်ဟစ်လိုက်၏။

ဤမီးစာငှက်နှစ်ကောင်၏ ခွန်အားကို သူစိတ်မဝင်စားချေ။ သို့သော် သူ့နောက်ကျော၌ ကောင်းကင်တွင် ပျံဝဲနေသော မီးစာငှက်အသွင် တွေးမိလာပြီး အနည်းငယ်ယားယံသွားသည်။

သူ့အနားတွင် နတ်ဆိုးသားရဲတစ်ကောင် ရှိနေသည်လော။ အရမ်း ကြည့်ကောင်းပေမည်။ ကူချန်က သူ့ထံတစ်ချက်ကြည့်လာပြီး၊

“ မင်းကို မယုံတာကလွဲလို့ တခြားဘာများ ရှိဦးမှာလဲ။ ”

-ဟု ပြန်လည် ဖြေကြား၏။

ဤမီးစာငှက်သည် နတ်ဆိုးသားရဲ ဖြစ်သော်ငြားလည်း သားပေါက်အရွယ်မျှဖြင့် ချင်းဖန်လက်ထဲတွင် ရက်အနည်းငယ်မျှသာ အသက်ရှင်ရန် အခွင့်အရေးရှိပေမည်။

ထို့ပြင် တစ်ချိန်လုံး ချက်စားရန် ကြံရွယ်နေနိုင်၏။ များမကြာခင် မင်ယွဲ့နှင့် ချန်ယွင်ထံ ထိန်းကျောင်းခြင်း အချက်အလက် အချို့ကို မျှဝေပေးလိုက်၏။

ပွင့်ပွင့်လင်းလင်းဆိုရပါမူ ဤသားပေါက်လေးများအပေါ် ထိန်း‌ကျောင်းရ လွယ်ကူပေသည်။ သူတို့ကို အသားကျွေးရုံနှင့် ကြီးထွားလာနိုင်၏။

တစ်ဖန် ကြီးထွားနှုန်းသည်လည်း အလွန်အံ့သြစရာ ကောင်းသည်။ ပြီးပြည့်စုံသည့် အရွယ်ရောက်မီးစာငှက်ကိုရရှိရန် အချိန် တစ်နှစ်မျှသာကြာချေမည်။

ထိုအချိန်တွင် အတောင်ပံများမှာ ဆယ်ပေကျော်ပြီး လူတစ်ဦးစီနင်းရန်အတွက် လုံလောက်သော အရွယ်အစားရပေမည်။

သို့သော် ရှန်ရှင်းနယ်ပယ်နှင့် ယွမ်ဖူနယ်ပယ်အထိ ​ကြီးထွားစေလိုသော် အချိန်တစ်ခု စောင့်ဆိုင်းရမည်ဖြစ်၏။

သဘာဝရတနာများ သို့မဟုတ် အသက်နှင့်ဘဝ အတွေ့အကြုံအချို့အပေါ် အားကိုးခြင်းဖြင့် မျိုးဆက်သွေးကို နိုးထ စေလိုသော် ပိုခက်ခဲသည်။

ကောင်းကင်ဘုံသည် သားရဲများကို အလွန်နိမ့်ပါးသော ဖြစ်နိုင်ချေများသာ ပေးအပ် ထားသည်။ ထို့ကြောင့် အောင်မြင်သွားသော် ကောင်းကင်အပေါ် အကန့်အသတ်မဲ့ ပျံတက်သွားပေမည်။

***

All Chapters