စစ်ချီလာသော နွေဦးဓားနန်းတော် ... ။
Vol. 5 Ch. 68
များမကြာခင် အရမ်းမောပန်းနေသော ချင်းဖန်သည် လှံနက်ကိုထမ်းပိုးလျက်တဲရှေ့သို့ ရောက်ရှိလာည်။
ကူချန်ယွင်မှ မော့ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ မတ်တပ်ထရပ်ကာ နားမလည်နိုင်ဟန်ဖြင့်၊
“ မင်း ဘာဖြစ်လာတာလဲ ... ။ ”
“ စွပ် ... ။ ”
ချင်းဖန်ခမျာ ပြန်မဖြေနိုင်သေးဘဲ ကျောပေါ်မှလှံနက်ကို ပစ်ချလိုက်ပြီး နဖူးမှ ချွေးများသုတ်လိုက်သည်။
“ အရမ်းလေးတယ် ... ။ ”
ထို့နောက် ချန်ယွင်မေးမြန်းသံကြောင့် ချက်ချင်းအကြံရလာပြီး၊
“ ငါ့နာမည် ချင်းဖန်ပါ ... ဒီနေ့ မှော်လက်နက်တစ်ခုကို မတော်တဆရလာလို့ စစ်သူကြီးအတွက် ယူလာခဲ့တာပါ ...
... ဒါက ငွေစတစ်ရာ ပေးစရာမလိုပါဘူး ငွေစငါးဆယ်ဆိုရပါပြီ ... မဟုတ်ဘူး ငွေရှစ်စနဲ့ ယူလိုက်ပါ။ ”
-ဟု တောက်ပသော မျက်ဝန်းများဖြင့် ပြောကြားလိုက်သည်။
ချန်ယွင်က ချင်းဖန်ရှေ့သို့ လျှောက်လှမ်းလာကာ မြေပြင်ပေါ်ရှိ လှံနက်ကို ကောက်ကိုင်လိုက်သည်။ လက်ထဲတွင် အနည်းငယ် လေးလံနေ၏။
ထို့ကြောင့် စူးစမ်းလိုစိတ် အရိပ်အမြွက် ပေါ်လာကာ လှံနက်ကို ကောက်မယူပြီးနောက် ချင်းဖန်ထံ ပြန်ကြည့်လိုက်သည်။
“ ငါ့အစ်ကိုက ... မင်းကို ပို့ခိုင်းလိုက်တာလား။ ”
ချင်းဖန်တစ်ယောက် နှုတ်ခမ်းများ တုန်ယင်သွားလေသည်။ အဆုံး၌ ရှုံ့မဲ့စွာပြုံးပြီး ပခုံးတွန့်ပြကာ၊
“ စီနီယာအစ်ကိုကလွဲလို့ ... မင်းကို ဘယ်သူများ တစ်ခုခုပေးမယ်လို့ မျှော်လင့်စရာ ရှိနေလို့လဲ။ ”
-ဟု မကျေမနပ်ဖြင့် ဖြေကြားလိုက်၏။
“ ငါ့ဆရာလို့တော့ မထင်နဲ့ ... သူက လိင်စိတ်အပေါ် ပုံမှန်ထက် ပိုတိမ်းညွှတ်တယ် အသက်ကြီးမှ ချမ်းသာတဲ့မိန်းမကို ယူပြီး ကလေးမွေးတယ် မင်းကို စိတ်ဝင်စားစရာ အကြောင်းမရှိဘူး။ ”
ချန်ယွင်က ချင်းဖန်စကားများကို စိတ်မဝင်စားတော့ချေ။ ဤကောင်လေးသည် စကားများစွာပြောရသည်ကို နှစ်သက်ကြောင်း သူ သိထားသည်။
ချင်းဖန် ရောက်လာကတည်းက အဖြေရှိပြီးသားပေပင်။ သေချာအောင် ထပ်မံ အတည်ပြုခြင်းသာဖြစ်၏။ လှံသည် အလွန်ရိုးရှင်းသည်။
ကိုယ်ထည်တွင် ငြိမ်သက်နေသော အနက်ရောင်ရေသံမျိုးနှင့်တူပြီး အေးစက်စက် မာနကြီးချေ၏။ ယင်းက သူ့ကို သဘောကျ သွားစေသည်။
“ ဝှစ် ... ဝှစ် ... ။ ”
ချက်ချင်းပင် လှံအရိုးသို့ ဆုပ်ကိုင်က လေထဲလွှဲလျက် လှမ်းထိုးပြီးဝိုက်ခွဲပစ်လိုက်၏။ ပင်လယ်ထဲမှ နဂါးနက်တစ်ကောင် ထွက်လာ ကဲ့သို့ စွမ်းအင်များ ဟုန်းခနဲပွင့်လာသည်။
“ သတိထား ... ။ ”
ချင်းဖန်က ကြောက်လန့်စွာဖြင့် နောက်သို့ခုန်ဆုတ်သွား၏။ ဤကောင်လေးမှာ စဉ်းစားခြင်းမရှိဘဲ ထင်ရာစိုင်းနေသည်။
လူ့ခန္ဓာဟူသည် ကျောက်ဆောင်များ မဟုတ်ချေ။ ထိမှန်ခဲ့သော် ထုတ်ချင်းခပ်သွားပေ လိမ့်မည်။
“ ဟမ့် ... မင်းဘာလို့ ပုန်းနေတာလဲ။ ”
ချန်ယွင်က ချင်းဖန်ဘက်ကို လှည့်ကြည့်လိုက်ပြီး လှံနက်ဖြင့် ထိုးချိန်ကာ မေးမြန်းလိုက်သည်။ လှံကောင်းချေ၏။ ထိုမျှ ရိုးရှင်းသည်ကို ကြိုက်ပေသည်။
“ လှံကောင်းတယ်။ ”
လက်ထဲကိုင်ထားရုံဖြင့် သက်တောင့်သက်သာ ခံစားရပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလို ပေါင်းစည်းနေ၏။
တစ်ဖက်တွင် လှံနက်၏ထက်ရှမှုကို သိရှိနေသောချင်းဖန်က ချိန်ရွယ်ခံထားရသဖြင့် မျက်နှာဖြူဖျော့လျက် လှံဖျားထံခိုးကြည့်ကာ၊
“ ငါ့တာဝန်ပြီးပြီ ... ဘာကိစ္စမှ မရှိတော့ရင် ငါအရင်သွားနှင့်တော့မယ်။ ”
-ဟု ဆိုကာ ချက်ချင်း ထွက်ခွာရန် ပြင်လိုက်သည်။
“ နေဦး ... ။ ”
ချန်ယွင်က ဟန့်တားလိုက်ပြီး အဝတ်အိတ်တစ်ခုကို ထုတ်ယူချိန်ဆလျက် ချင်းဖန်ထံ ပစ်ပေးလိုက်သည်။
“ အဲဒီမှာ ငွေစ(၈၈)စပါတယ် ... ။ ”
“ ဟမ့် ... ။ ”
ချင်းဖန်မှ အနည်းငယ် အံ့သြသွားသည်။ မူလက သူနောက်ပြောင်ခြင်း ဖြစ်၏။ သို့သော် ချန်ယွင်မှ သူ့ကို တကယ်ပေးနေချေပြီ။
အတင်းအကြပ် တောင်းဆိုခြင်း မဟုတ်သည့်အတွက် အပြစ်မရှိချေ။ ယူသင့်၏။ စီနီယာအစ်ကို၏ မိသားစုသည် ဖူစု၌ အချမ်းသာဆုံးပေပင်။ ငွေနည်းနည်းသည် ပြဿနာမရှိနိုင်ချေ။
သူ့အတွက် ဆင်ခြေများစွာ ပေးပြီး ချင်းဖန်တစ်ယောက် ဝမ်းသာအားရ လက်ခံ လိုက်သည်။
“ မင်းပြန်ရောက်ရင် ငါ့အစ်ကိုကို ကျေးဇူးတင်ကြောင်း ပြောဖို့မမေ့နဲ့ ... ။ ”
“ ကောင်းပြီ ... မင်းအရမ်းပျော်ရွှင်ပြီး အရမ်းကျေးဇူးတင်နေတာကို ငါပြောလိုက်မယ် ဒါတွေ ငါ့တာဝန်ထားလိုက် ... ။ ”
ချင်းဖန်က လေပြေလေညှင်းတစ်စလို ပြေးထွက်သွားချေပြီ။ ချန်ယွင်က သူ့လက်ထဲရှိ လှံနက်ကို နောက်တစ်ကြိမ် လေထဲလှမ်းထိုးပြီး မရပ်နားချင်လောက်အောင် ကျေနပ်လာ၏။
“ စွပ် ... စွပ် ... ။ ”
ထို့နောက်တွင် လှံရိပ်များဖြင့် ကခုန်နေသကဲ့သို့ သဲနှင့် ကျောက်ဆောင်များ ပဲ့ကြွေလွင့်စင် ကုန်သည်။
သူသည် သူရဲကောင်းတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် လက်နက်များတွင် လှံကို အကြိုက်ဆုံးဖြစ်၏။ ညာလက်ကို လှံနက်ခါးမှ ကိုင်ပြီး ဘယ်လက်ဖြင့် အမြီးထံထိန်းကာ လခြမ်းသဏ္ဍန် ခွဲချပစ်လိုက်သည်။
“ ..... ။ ”
ကြည်နူးစိတ်နှင့် ကျေနပ်မှုများ ဝင်ရောက်လာ၏။ လှံနက်မှ အေးစက်သော လှံအလင်းများ ထုတ်လွှတ်လာသည်။
“ ဟား ဟား ဟား ... ။ ”
နာရီဝက်ခန့် ကစားပြီးနောက် ချန်ယွင်က ရပ်နားလိုက်ပြီး ပြုံးရယ်တော့၏။ ဤမတိုင်မီ ကျင့်ကြံမှုကြောင့် ယခင်လက်နက်မှာ လိုက်ဖက်မှု မရှိတော့ချေ။
ထိုကြောင့် လက်နက်အပေါ် ပြောင်းလဲပစ်ချင်သော်လည်း သင့်လျော်သော ပန်းပဲသခင်ကို မတွေ့သေးသဖြင့် လျစ်လျူရှုူ ထားခဲ့ရသည်။
သူ့မွေးနေ့တွင် ကူချန်မှ လက်ဆောင် တစ်ခုပေးခြင်းဖြင့် ထိုဆန္ဒကို ဖြည့်ဆည်းပေး လိမ့်မည်ဟု မမျှော်လင့်ထားချေ။
လှံနက်၏ အလေးချိန်နှင့် အလျားသည် သူ့အတွက် အတော်ပင် အဆင်ပြေနေခဲ့သည်။ ဤအရာကို သူ့အစ်ကို မည်သို့ ပြီးမြောက် ခဲ့သည်ကို နားမလည်တော့ချေ။
“ စစ်သူကြီး ... ။ ”
ထိုစဉ် ကိုယ်ရံတော်အစောင့် တစ်ယောက်ရောက်ရှိလာပြီး စိုးရိမ်တကြီးဖြင့် ဒူးထောက်လိုက်သည်။
“ ပြောပါ ... ။ ”
ချန်ယွင်မှ ခေါင်းငဲ့ကြည့်လိုက်၏။ ချပ်ဝတ်အင်္ကျီနှင့် လှံနက်တစ်စင်းကိုင်ဆွဲလျက် ထက်ရှသော သူ့အသွင်သည် စစ်နတ်ဘုရား တစ်ပါးကဲ့သို့ ကြီးစိုးနေချေပြီ။
ထိုမြင်ကွင်းကို ကိုယ်ရံတော်အစောင့်က မှင်သပ်စွာဖြင့် ငေးကြည့်နေမိရာမှ ချက်ချင်း သတိပြန်ဝင်ပြီး၊
“ စစ်သူကြီး ... နွေဦးဓားနန်းတော်က စစ်အလံကိုင်ဆောင်ပြီး မြောက်အရပ်ကနေ ဦးတည်လာနေပါတယ်။ ”
“ နွေဦးဓားနန်းတော်လာ ... ။ ”
ချန်ယွင်က မျက်မှောင်ကြုတ်လျက်၊
“ ဓားနန်းတော်လေးတစ်ခုက ငါ့ကူမိသားစုကို ဆန့်ကျင့်ဖို့ ... သတ္တိမျိုး ဘယ်ကနေရလာတာလဲ။ ”
-ဟု ရေရွတ်လိုက်သည်။ မြောက်အရပ်သည် နတ်နဂါးမြို့တည်ရာအရပ်ဖြစ်၏။ ထိုအရပ်တွင် ကူမိသားစုပိုင် ပြည်နယ်များရှိသည်။
ကိုယ်ရံတော် အစောင့်တပ်သားက တုံ့ဆိုင်းနေပြီးနောက်၊
“ လွန်ခဲ့တဲ့ရက်အနည်းငယ်က စစ်သည်တော်တွေကြားမှာ ပျံ့နှံ့နေတဲ့ သတင်း တစ်ခုက အမှန်ဖြစ်နိုင်ပါတယ် စစ်သူကြီး။ ”
-ဟု မှတ်ချက်ပေးသည်။
လွန်ခဲ့သောရက်အနည်းငယ်က နွေဦးဓားနန်းတော်၏ ဒုတိယဓားသည် ရှန်ရှင်း နယ်ပယ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း ကောလဟာလများ ထွက်ပေါ်လျက်ရှိ၏။
ထိုသတင်းသည် ဖူစုတစ်နိုင်ငံအတွက် တုန်လှုပ်စရာဖြစ်ခဲ့သည်။ ထိုဒုတိယဓားသည် ယခုနှစ်တွင် အသက်လေးဆယ်မျှသာ ရှိသေး၏။
ဤအသက်အရွယ်တွင် ရှန်ရှင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည်မှာ အံ့ဩစရာ အရည်အချင်း တစ်ခုပေပင်။
သို့သော် ဒုတိယဓားမှ ရှန်ရှင်းနယ်ပယ် ဝင်ရောက်နိုင်လျှင်ပင် ၎င်းတို့၌ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးသာရှိသည်။ ကူမိသားစုကို ကျူးကျော်ရန် သတ္တိမည်သို့ရှိနေသနည်း။
ဖခင်ကူဖုန်းမှ လီချင်းစုန်အကြောင်းကို ဤမတိုင်မီပြောဆိုခဲ့ဖူးသည်။ ထိုလူသည်ဓားကို ရူးသွပ်သူဖြစ်၏။
သို့သော် ထက်မြက်ပြီး မိုက်မဲသော အရာများကို လုပ်တောင်မည့်သူ မဟုတ်ချေ။ သို့မဟုတ် လီရွှမ်ကျန့်ခေါ် ဒုတိယဓားသည် ရှန်ရှင်းနယ်ပယ် ရောက်ရှိလာခြင်းကြောင့် ထိုသူမှ အရမ်းမောက်မာနေသည်လော။
မဖြစ်နိုင်ချေ။ ကူချန်ယွင်မှ ထိုအတွေးကို ချက်ချင်း ငြင်းဆန်လိုက်၏။ မည်သို့ပင်ဆိုစေမူ တစ်ဖက်လူသည် ကျူးကျော်ရန်လာသည်မှာ ငြင်းမရသောအချက်ဖြစ်သည်။
“ အမိန့်ထုတ်ပြန်ပါ စစ်သည်တော်တွေ အားလုံး နာရီဝက်အတွင်း ကျူးကျော်သူတွေကို ဟန့်တားဖို့ ခရီးထွက်မယ် အသင့်ဖြစ်ပါစေ ... ။ ”
“ အမိန့်အတိုင်းပါပဲ ... ။ ”
လက်ရှိအချိန်တွင် ရှန့်နန်လမ်း တစ်လျှောက်ရှိ အဓိကအင်အားစုငါးစုသည် ရှေ့မတိုးနောက်မဆုတ်နိုင် ဖြစ်နေသည်။
ကူမိသားစုသည် ပြည်နယ်ခြောက်ခု သိမ်းပိုက်ထားပြီး သြဇာအရှိဆုံးသောအင်အားစု ဖြစ်နေကာ ဓားနန်းတော်သည် ပြည်နယ်ငါးခု ထိန်းချုပ်ထားနိုင်၏။
ပထဝီမြေအနေအထားအရ ကူမိသားစုမှ ထိန်းချုပ်ထားသော ပြည်နယ်ခြောက်ခုလုံးသည် တောင်ဘက်တွင်ရှိပြီး နွေဦးဓားနန်းတော်သည် အလယ်နှင့် အရှေ့ဘက်တွင်ရှိသည်။
ကူမိသားစုနှင့် နွေဦဓားနန်းတော်တို့ ထိစပ်နေသောနယ်စပ်မြို့သည် တန့်လင်းမြို့ ဖြစ်ပြီး မြို့အပြင်၌ နွေဦးဓားနန်းတော်တပ်များ စခန်းချနေသည်။
ဤနှစ်ရက်အတွင်း ၎င်းတို့သည် မြောက်ဘက်ဒေသရှိ မြို့ငယ်အများအပြားကို လျှင်မြန်စွာ သိမ်းပိုက်သွား၏။
ချန်ယွင်က မြို့တံတိုင်းပေါ်တွင်ရပ်ကာ ဓားနန်းတော်၏ စစ်စခန်းကို လှမ်းကြည့်လျက် အတွေးပွားနေခဲ့သည်။
( လီချင်းစုန် ... ဘာဖြစ်ချင်နေတာလဲ။ )
မည်သို့ပင် ဆိုစေကာမူ တစ်ဖက်လူသည် စစ်သူကြီးသုံးယောက် ပြည်နယ်များ သို့မဟုတ် ဖူစုရုံးတော်မှ ထိန်းချုပ်ထားသော ပြည်နယ် စသည်တို့ကို ဦးစွာသိမ်းပိုက်သင့်၏။
ဆန့်ကျင်ဘက် ဓားနန်းတော်တွင်လည်း လီချင်းစုန်နှင့် လီရွှမ်ကျန့်တို့သည် ဆံပင်ဖြူဖြူ မုတ်ဆိတ်မွေးရှည်ရှည်နှင့် အဘိုးအိုအပေါ် ရိုသေစွာစကားပြောနေကြသည်။
အဘိုးအိုသည် အဝေးရှိမြို့ရိုးထိပ်ပေါ် လှမ်းကြည့်လိုက်ရာ လှံတစ်စင်းကဲ့သို့ ထက်ရှစွာ ရပ်နေသော လူငယ်တစ်ယောက်ကို ပြတ်သားစွာ မြင်လိုက်ရသည်။
ထို့နောက် ခေါင်းညိတ်ပြလိုက်ပြီး လီချင်းစုန့်ကိုလက်ဟန်ဖြင့်၊
“ စစ်သည်တော် တစ်ယောက် လွှတ်လိုက်ပါ သူ့အရည်အချင်းကို ကြည့်ချင်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
လီချင်းစုန်နှင့် လီရွှမ်းကျန့်က အချင်းချင်း ပြန်ကြည့်ပြီး သန်မာထွားကျိုင်းသည့် စစ်သူကြီး တစ်ယောက်ကို ဆင့်ခေါ်လိုက်၏။
“ ဟန်မင် ... မင်းအတွက် သူ့ကို ထားလိုက်မယ်။ ”
“ အမိန့်အတိုင်းပါ ခေါင်းဆောင် ... ။ ”
ဟန်မင်က ဒူးထောက်ပြီးအမိန့်ကို လေးစားစွာ ခံယူလေသည်။ ထို့နောက် မတ်တပ် ထရပ်ကာ စစ်မြင်းပေါ် ခုန်တက်လျက် ဒုန်းစိုင်းစီးနင်းသွားတော့၏။ သူ့နောက်မှ မြင်းသည်တော်တစ်စု လိုက်ပါသွားသည်။
“ ကျာ့ ... ကျာ့ ... ကျာ့ ... ။ ”
ခဏချင်းမှာပင် ဟန်မင်အသွင်သည် မှုန်ဝါးသွားပြီး ဖုန်မှုန့်များ ထောင်းထောင်းထ နေသည့် စွပ်ကြောင်းကြီးတစ်ခုအဖြစ်သာ မြင်လိုက်ရလေသည်။
***