← Chapters

နှစ်သိမ့်ခံရခြင်း ... ။

Vol. 5 Ch. 69

နှစ်သိမ့်ခံရခြင်း ... ။

Vol. 5 Ch. 69

“ စစ်သူကြီးချန် ... တစ်စုံတစ်ယောက် ငါတို့ကို စိန်ခေါ်ဖို့ ရောက်လာနေပါတယ်။ ”

ချန်ယွင်က ပြန်လှည့်ပြီး မြို့ရိုးပေါ် ဆင်းသက်လာစဉ် စစ်သည်တော်တစ်ယောက်မှ သူ့ရှေ့တွင် ဦးညွှတ်ကာ သတင်းပို့သည်။

ချန်ယွင်က ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။ နေအလင်းရောင်များ မှိန်ဖျော့လျက် အမှောင်များ ဝင်ရောက်စ ပြုနေပြီဖြစ်၏။

တစ်ဖက်လူသည် မည်သည့် အရာများ ကြံစည်နေသနည်း။ နေဝင်ချိန် စီးချင်းထိုးချင် နေသည်လော။

အဝေးသို့ လှမ်းကြည့်လိုက်ရာတွင် အလံငယ်တဖျပ်ဖျပ်လွင့်လျက် စစ်သည်အချို့ စနစ်တကျရပ်နေသည်။ သူတို့‌ရှေ့တွင် လူထွားကြီးတစ်ဦးရပ်နေ၏။

ဓားရှည်တစ်လက်သည် သူ့ပခုံးမှ‌ကျော်ပြီး ရှည်ထွက်နေသည်။ သူစီးနင်းထားသော မြင်းမှာ ပိန်ပိန်နှင့် သန်မာကာ သာမန်ဆန်၏။

“ ဟေရုဒ်မြင်း ... ။ ”

ဤသည်မှာ အာဇာနည်မြင်းဖြစ်သည်။ ၎င်းတွင် ထူးခြားသော မျိုးဆက်သွေးရှိသည်ဟု ကောလဟာလများ ရှိနေ၏။ သူ့ကျောပေါ်တွင် ပေါင်တစ်ထောင် သယ်ဆောင်နိုင်ပြီး တစ်နေ့ မိုင်ခြောက်ရာ ခရီးနှင်နိုင်မည်။

“ ဟီး ဟစ် ဟစ် ... ။ ”

ဟန်မင်က မြင်းဇက်ကြိုးကို ဆွဲထုတ်လိုက်ပြီးရာ မြင်းက ရှည်လျားသော အော်မြည်သံများပေး၏။ ထို့နောက် မြို့ရိုးအပေါ် မော့ကြည့်ကာ၊

“ ငါ ... နွေဦးဓားနန်းတော်ရဲ့ ဟန်မင်ပဲ မင်းတို့ထဲက ဘယ်သူ မြို့ရိုးပေါ်က ဆင်းလာပြီး ငါနဲ့တိုက်ဝံ့လဲ။ ”

-ဟု စိန်ခေါ်လိုက်သည်။

ချန်ယွင်က လေးနက်သော အကြည့်ဖြင့် ဟန်မင်ထံကြည့်ကာ၊

“ ငါ့အတွက် စစ်မြင်းပြင်လာခဲ့ ... ။ ”

“ စစ်သူကြီး ... ။ ”

ကိုယ်ရံတော်အစောင့်တပ်သားက ထိတ်လန့်သွားသည်။ ဤတန့်လင်းမြို့ငယ်တွင် ချန်ယွင်တစ်ဦးတည်းရှိနေသည် မဟုတ်ချေ။

မြို့ကိုကာကွယ်ရန် အခြားသော ပညာရှင်များစွာ ရှိနေသေးသည်။ ထို့ကြောင့် ကူမိသားစု၏ အကြီးအကဲတစ်ဦးသည် ရှေ့လှမ်းတက်လာပြီး၊

“ ဒုတိယသခင်လေး ... ဒီကိစ္စမှာ ငါးစာတစ်ခုဖြစ်နိုင်တယ်လို့ ထင်မိပါတယ် သတိထားဖို့လိုပါတယ်။ ”

-ဟု သတိပေးသည်။

“ မှန်ပါတယ် ... ။ ”

အနီးနားရှိ အခြားသော အကြီးအကဲတစ်ဦးသည်လည်း ခေါင်းညိတ် သဘောတူကာ၊

“ လွန်ခဲ့တဲ့နှစ်ရက်က ​ဓားနန်းတော်ရဲ့ အပြုအမူတွေက ထူးဆန်းပါတယ် ဒီအချိန်မှာ ဟန်မင်က ... ငါတို့ကို စိန်ခေါ်လာတယ်။ ”

-ဟု ထပ်လောင်းသတိပေးသည်။

ချန်ယွင်က မြို့ပြင်မြေပြင်ရှိ တစ်ဖက်အင်အားစုထံ တည်ငြိမ်စွာ ပြန်ကြည့် လိုက်၏။

“ ဓားနန်းတော်က လမ်းတလျှောက်မှာ ငါတို့ရဲ့မြို့ငယ်တွေကို သိမ်းပိုက်လာနိုင်ခဲ့တယ် ရလာဒ်အနေနဲ့ ငါတို့တပ်သားတွေအားလုံး စိတ်ဓာတ်ကျနေကြပြီ ...

... အခုချိန် မတိုက်ဘဲ ထပ်ပြီး ရှောင်တိမ်းလိုက်မယ်ဆိုရင် သူတို့ရဲ့ တိုက်ပွဲဝင် ဆန္ဒတွေကို ဆုံးရှုံးသွားလိမ့်မယ်။ ”

ချန်ယွင်စကားကြောင့် ကူမိသားစုအကြီးအကဲများသည် အချင်းချင်း ပြန်ကြည့်လိုက်ကြ၏။

သူတို့အမြင်တွင် မြို့ငယ်ပေါင်းများစွာ ဆုံးရှုံးမှုနှင့်နှိုင်းယှဉ်ပါက ချန်ယွင်၏ အန္တရာယ် ကင်းရှင်းရေးသည်သာ ပထမဖြစ်သည်။

ကူမိသားစု၏ ချီလင်သားတော်သည် ကူမိသားစု ခေါင်းဆောင်ရာထူးကို ဆက်ခံမည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားသည်။

ထို့ကြောင့်ချန်ယွင်သည်သာလျှင် ကူမိသားစု၏ တစ်ဦးတည်းသော အမွေခံ ဖြစ်ချေ၏။

သူ့ လုံခြုံရေးအပေါ် လျော့ပေါ့ စဉ်းစား၍မရချေ။ ပြည်နယ်များစွာထက်ပင် တန်ကြေးရှိ၏။

“ တကယ်တော့ မင်းတို့ ... အရမ်း စိတ်ပူနေစရာ မလိုပါဘူး ငါ တိုက်ပွဲဆီ နက်နက် ရှိုင်းရှိုင်း တိုးဝင်နေမှာ မဟုတ်ဘူး ...

... ဒီလူနဲ့ ငါတို့မြို့အပြင်ဘက်မှာ ... တိုက်ခိုက်ရုံပါပဲ တစ်ခုခု အန္တရာယ်ရှိလာရင် မင်းတို့စွက်ဖက်ဖို့ အချိန်ရပါတယ်။ ”

ကူမိသားစု အကြီးအကဲများအားလုံး၏ တုံ့ဆိုင်းနေသော အမူအရာကြောင့် ချန်ယွင်မှ ပြောကြားလိုက်ရသည်။ အကြီးအကဲများခမျာ အချင်းချင်း ပြန်ကြည့်လျက် ဆုံးဖြတ်ချက်များ မချနိုင်ခင် ချန်ယွင်မှာ ထွက်ခွာသွားပြီဖြစ်၏။

“ ဟန်မင်အကြောင်း ငါအရင်က ကြားဖူးတာရှိတယ် သူက နွေဦးဓားနန်းတော်ရဲ့ ဧည့်အကြီးအကဲတစ်ယောက်ပဲ သူက ဓားရေးမထက်ပေမယ့် ...

... တကယ်တော်တဲ့ သူရဲကောင်း တစ်ယောက်ပါ ကျင့်ကြံမှုဟာ ချီစုစည်းခြင်း နယ်ပယ်ရဲ့ နှောင်းပိုင်းကို ရောက်နေပြီ သူနဲ့ တိုက်ဖို့ဆိုတာ သိပ်လွယ်ကူနေမှာတော့ မဟုတ်ဘူး။ ”

ရုတ်တရက် ဧည့်အကြီးအကဲတစ်ဦး၏ စကားသံက ပျံ့လွင့်လာသည်။ ဤနေရာတွင် ကူဖုန်းမရှိချေ။ ထို့ကြောင့် ချန်ယွင်ကို မည်မျှ မတားနိုင်သည်မှာ သဘာဝပေပင်။

တစ်ဖက်တွင် စကားများမှာ အရမ်းရိုးရှင်းသည်။ ချန်ယွင်သည် ချီစုစည်းခြင်း နယ်ပယ်သို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ပေါင်း အနည်းငယ်မျှသာ ရှိသေး၏။

သူ့ပြိုင်ဘက်သည် နှစ်ပေါင်းများစွာက ချီစုစည်းခြင်းနယ်ပယ်သို့ ရောက်ရှိနိုင်ခဲ့သ‌ည့် ပညာရှင်တစ်ဦးဖြစ်သည်။

ကျင့်ကြံမှုအရ နှစ်ယောက်ကြားရှိ ကွာဟချက်ကြီးသည်။ ချန်ယွင် ဆန္ဒရှိလျှင်ပင် အနိုင်ရနိုင်မည် မဟုတ်ချေ။

“ ဒါဟာ ချီစုစည်းခြင်းနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ပဲ ရှိပါသေးတယ် ... ငါ့အပေါ် ခြိမ်းခြောက်ဖို့ မလုံလောက်သေးပါဘူး။ ”

ချန်ယွင်မှ တုန့်ပြန်၏။ ထိုအချိန်၌ အစောင့်တစ်ဦး ရောက်ရှိလာပြီး ဦးညွှတ်လျက်၊

“ စစ်သူကြီး ... မြင်းအဆင်သင့်ဖြစ်နေပါပြီ။ ”

-ဟု သတင်းပို့လာသည်။

“ ဝှစ် ... ။ ”

ချန်ယွင်က ခေါင်းညိတ်ပြီး မြို့ရိုးပေါ်မှ ဆင်းကာ မြင်းပေါ်ခုန်တက်ကာ ကိုယ်ဟန်ကို ပြင်ယူလိုက်သည်။

အစောင့်တပ်သားက လှံနက်ကို မြင်းနံဘေးမှဖြုတ်ယူပြီး သူ့လက်ထဲ ကမ်းပေး လာ၏။ ချန်ယွင်က လှံနက်ကို လက်ထဲ ချိန်ဆကာ အဝေးသို့ မျှော်ကြည့်သည်။

( အရမ်း ရဲရင့်တယ်။ )

အစောင့်တပ်သားမှာ ငေးမောသွား၏။ သူတို့စစ်သူကြီးသည် မည်သည့်အချိန်မှစကာ ဤမျှ ကြည့်‌ကောင်းလာသနည်း။

မြို့ရိုးပေါ်မှ အကြီးအကဲများသည်လည်း နစ်မျောသွားကုန်၏။ လှံနက်သည် ပေါင်(၁၀၀) ကျော်လေးကြောင်း သူတို့သိ၏။

၎င်းကို မည်သူမဆို ကိုင်ဆောင်ရန် လွယ်ကူသော်လည်း မြေပြင်တွင် တိုက်ပွဲဝင်ရန် အတွက် ခက်ခဲပေသည်။ ချန်ယွင်အတွက်မူ ထိုအတွက် စိတ်ပူခြင်း မရှိသလိုပေပင်။

တစ်ဖက်တွင် ချန်ယွင်သည် လှံနက်ကို ကိုင်ဆောင်လိုက်စဉ် သူ့ဆုံးဖြတ်များမှာ ပို၍ပင် ပြတ်သားပြင်းထန်လာသည်။

ထို့ကြောင့် လှံနက်ကို ငုံ့ကြည့်ကာ အသက်ပြင်းပြင်းရှူလျက် ခေါင်းပြန်မော့ပြီး၊

“ သွား ... ။ ”

-ဟု အော်ဟစ်လျက် မြို့တံခါးဆီသို့ ခေါင်းချင်းဆိုင် ဒုန်းစိုင်းပြေးဝင်သွားတော့၏။

“ ဟီး ဟစ်ဟစ် ... ။ ”

စစ်မြင်းက သူ့ဆန္ဒကို ခံစားမိကာ ရူးမိုက်စွာဖြင့် မြို့တံခါးကြီးထံ ဦးခေါင်းနှင့် ပြေးတိုက်လေသည်။

သူ့နောက်တွင် အနက်ဝတ် မြင်းသည်တော်များက တန်းစီလျက် ချက်ချင်း လိုက်ပါလာ၏။

“ ဖွင့် ... ။ ”

“ ကျွီ ... ။”

မြို့တံခါးနှင့် ပေအနည်းငယ်အလိုတွင် တံခါးရွက်များ အလျင်စလိုပွင့်လာပြီး စစ်မြင်းက ဦးစွာပြေးထွက်သွားသည်။

သူ့နောက်မှ မြင်းသည်တော်တစ်စုသည် အတောင်ပံဖြန့်လိုက်သကဲ့သို့ မျဉ်းဖြောင့်အသွင် ပြန့်ကားထွက်သွားပြီး ထိုစစ်မြင်းအနောက်မှ အပြေးလိုက်လာကြ၏။

ယင်းသည် အနက်ရောင် သိမ်းငှက်တစ်ကောင် ရန်သူကို ဖျက်ဆီးရန် ပြေးဝင်နေသည်နှင့်တူချေပြီ။

ဤသည်မှာ ရှန့်နန်၏ အစောင့်တပ်ရင်း (၁၂)ခုအနက်မှ တစ်ခုဖြစ်သော ရွှမ်ကျိတပ်ရင်း ဖြစ်လေသည်။

( ရွှမ်ကျိအစောင့်တပ်- အနက်ရောင် မြင်းသည်တော် သံချပ်ကာတပ်ရင်း။)

ချန်ယွင်အတွက် အနက်ရောင် သံချပ်ကာတပ်ရင်းသည် ကူမိသားစုအပေါ် သစ္စာစောင့်သိသူ ဖြစ်လာခဲ့ခြင်းဖြစ်၏။

သူတို့၏ အစားအသောက်၊ အဝတ်အစား၊ အသုံးအဆောင်နှင့် တိုက်ပွဲဝင်အရည်အချင်းမှာ ယခင်ထက်များစွာ အဆင့်မြင့်လာသည်။

ကူမိသားစု၏ စစ်ဘီလူးသည် ရွှမ်ကျိအနက်ရောင်တပ်ရင်း ဖြစ်သည်အထိ စွမ်းဆောင်ရည် မြင့်တက်လာ၏။

အနက်ရောင် သံချပ်ကာတပ်ရင်းသို့ ဝင်ရောက်လိုသူတိုင်း အမြင့်မားဆုံး စမ်းသပ်မှု များကို ဖြတ်ကျော်ရပေမည်။ အနိမ့်ဆုံး ကျင့်ကြံမှုသည်ပင် တည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်နယ်ပယ်ဖြစ်၏။

တပ်ရင်းကို တပ်ဖွဲ့ငယ်(၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းကာ အဖွဲ့ခေါင်းဆောင်(၁၀)ဦးလုံးသည် ချီစုစည်းခြင်းနယ်ပယ် ဖြစ်သည်။

စိတ်မရှည်စွာ စောင့်ဆိုင်းနေရသော ဟန်မင်သည် မြင်းခွာသံများ ကြားလိုက်ရချိန်၌ ဝမ်းသာအားရ မော့ကြည့်လိုက်၏။

တဟုန်ထိုး ပြေးထွက်လာနေသော အနက်ရောင်မြင်းသည်တော်များကို မြင်သော် အသက်ပြင်းပြင်းရှူလိုက်ရ၏။

ဤသည်မှာ ထောင်ဂဏန်းမျှ ရှိသော မြင်းတပ်သားများဖြစ်၏။ ခေါင်းဆောင် (၁၀)ပါး အနေဖြင့် ချီစုစည်းခြင်းနယ်ပယ်ဖြစ်သည်။

၎င်းတို့ ဆယ်ဦးသည် ရှေ့ဆုံးမှ မြင်းစီးလူငယ်နှင့် ကပ်လျက်နောက်ပါးဆီမှ မျဉ်းဖြောင့်တစ်ကြောင်းကဲ့သို့ လိုက်ပါလာ၏။

ထိုမျဉ်းဖြောင့်တစ်ကြောင်းနောက်တွင် မြင်းသည်တော်အုပ်စုဆယ်စုသည် အနက်ရောင် တောင်တန်းကြီးများအလား အဟုန်ပြင်းစွာဖြင့် လိုက်ပါလာသည်။

၎င်းတို့ထံမှ ကျန်ရစ်ခဲ့သော ဖုန်မှုန့်များသည်ပင် ကောင်းကင်ပေါ်ပျံတက်ပြီး တိမ်တိုက်ကြီးကဲ့သို့ ဖြစ်တည်နေ၏။

ဤမြင်ကွင်းက တိုက်ပွဲအတွေ့အကြုံ ပြည့်ဝသော သူ့ကဲ့သို့ စစ်သူကြီးတစ်ယောက် ကိုပင် မယုံနိုင်လောက်အောင် တုန်လှုပ် ချောက်ချားစေသည်။

စစ်မြင်းများပေါ်ရှိ ချပ်ဝတ်များသည် အနက်ရောင်‌တောင်ပြောင်နေပြီး မြင်းစီးသူရဲ များမှာ ခံစားချက်မဲ့နေ၏။

ရှန်ရှင်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးသည်ပင် ၎င်းတို့၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံရသော် ဆုတ်ခွာရမည်ဖြစ်သည်။

ဓားနန်းတော်အလံ လွင့်ထူထားသော စခန်းအတွင်းရှိ ဆံပင်ဖြူဖြူနှင့် အဖိုးအိုသည် ချန်ယွင်ထံလှမ်းကြည့်ပြီး မုတ်ဆိတ်မွေးကို လက်ဖြင့်ပွတ်ကာ ပြုံးလိုက်၏။

“ အရမ်းကြည့်ကောင်းတဲ့ အဲဒီကောင်လေးက ကူချန်ယွင်လား။ ”

လီချင်းစုန်နှင့် လီရွှမ်ကျန့်မှ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်မိ လေသည်။ ထို့နောက် လီချင်းစုန့်က၊

“ ဟုတ်ကဲ့ ... သူက ကူဖုန်းရဲ့ ဒုတိယသား။ ”

-ဟု ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြလိုက်တော့၏။ အဘိုးအိုမှ ကျေနပ်စွာဖြင့်၊

“ အသက်ငယ်ငယ်နဲ့ ချီစုစည်းခြင်း နယ်ပယ်ကို ... ဝင်ရောက်ထားနိုင်တယ် ဒီလိုမျိုး အရည်အချင်းက ...

... တကယ်ကို ထူးထူးခြားခြားပဲ အနာဂါတ်မှာ ကျင့်ကြံခြင်းလောကကို သူ ခြေချလာနိုင်လိမ့်မယ် ...

... မှန်ပါတယ် ... မင်းမှာလဲ အရည်အချင်းကောင်းတဲ့ ဓားနှစ်လက်ရှိတယ် သူတို့အပေါ် လုံးလစိုက်ထုတ်ရင် အနာဂတ်မှာ သေချာပေါက် မြင့်မားတဲ့နယ်ပယ်ကို ရောက်လာလိမ့်မယ်။ ”

-ဟု လီချင်းစုန့်ထံ လှည့်မကြည့်ဘဲ ပြောကြားလာသည်။

လီရွှမ်းကျန့်က အဖိုးအိုထံ ပြန်ကြည့်ကာ မျက်နှာပျက်သွားသည်။ နွေဦးဓားနန်းတော်ရှိ အဆင့်နိမ့်တပည့်များအပေါ် စကားပြောသော အခါတွင် သူသည်လည်း ဤနည်းလမ်းကို အသုံးပြု၏။

ပထမတွင် အရည်းအချင်းရှိသော တစ်စုံတစ်ဦးကို ချီးကျူးပေမည်။ ထို့နောက် ကျန်သူများကိုနှစ်သိမ့်ရန် ထိုသူများကြိုးစားက ဖြစ်နိုင်ကြောင်း ပြောပေမည်။

ယနေ့တွင် ဤသို့ သူ့နည်းလမ်းအတိုင်း အခြားသူတစ်ဦးထံမှ ပြန်၍နှစ်သိမ့်ခံရမည်ဟု မထင်ထားချေ။ ရယ်စရာ ကောင်းပေ၏။

အလားတူပေပင် သူ့အဖေလီချင်းစုန့် သည်လည်း ခံစားချက် မကောင်းနိုင်ကြောင်းကို မြင်သာနေသည်။ အဖိုးအိုရှေ့တွင် လီသားအဖ နှစ်ယောက်လုံး တိတ်ဆိတ်သွားချေ၏။

***

All Chapters