အဖိုး၏ အဘိုးညီ ... ။
Vol. 5 Ch. 70
လွန်ခဲ့သောရက်အနည်းငယ်က ဤလျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုသည် ဓားနန်းတော်သို့ရောက်လာပြီး လီချင်းစုန့်ထံ တွေ့ခွင့်တောင်းဆိုခဲ့သည်။
အစောင့်များက လက်မခံဘဲ မောင်းထုတ်နေသဖြင့် အဘိုးအိုမှ ချက်ချင်း သတ်ပစ်လိုက်သည်။
ထို့နောက်တွင် သင်းထောက်များ၊ အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသော်လည်း အဖိုးကြီးကို မယှဉ်နိုင်ချေ။
လီချင်းစုန့်ကိုယ်တိုင် ထွက်လာမှပင် ရန်လိုနေသော သူ့အပြုအမူကို ရပ်တန့်ကာ ခေါင်းစခြေဆုံး ကြည့်ပြီး၊
“ လီရွှမ်ရီကို ... မင်းသိလား။ ”
-ဟု မေးမြန်းလာသည်။
လီချင်းစုန်က အံ့အားသင့်သွား၏။ ထိုအမည်ကို သူ မသိချေ။ သို့သော် အမည်သည် ရင်းနှီးနေပုံရသဖြင့် ချက်ချင်း မတုန့်ပြန်ဘဲ စဉ်းစားနေခဲ့ရသည်။
“ နေဦး ... ဒါ ... ။ ”
“ ဟုတ်တယ် ငါ့နာမည် လီရွှမ်အာ ... မင်းရဲ့ဒုတိယသားကို ကျင့်ကြံခြင်းလောကဆီ ခေါ်သွားမို့ ငါပြန်လာတာ။ ”
လီရွှမ်ရီ။ လီရွှမ်အာ။ ဤအမည်များအရ ပတ်သတ်မှုသည် များစွာ စဉ်းစားစရာ မလိုချေ။ ဤသည်မှာ အမှန်ပင် အဖိုး၏ အဘိုး၊ အဘိုး၏ညီဖြစ်၏။ (ရှုပ်နေတာပဲ။)
ထိုအဘိုးအကြောင်း တွေးမိချိန်တွင် လီချင်းစုန့်တစ်ယောက် အကြောင်းအရာများ ပြန်ပြောင်းသတိရလာသည်။
ဥပမာအားဖြင့် အဘိုး၏ အဘိုးတွင် ဓားသမားညီတစ်ယောက်ရှိပြီး ကမ္ဘာကြီးအနှံ့ ခရီးထွက်ကာ လူတိုင်းနှင့် ရန်ဖြစ်ခဲ့သည်။
ထိုအဖိုး၏ အဘိုးညီသည် အသက်ငါးဆယ်အရွယ်ထိတိုင် အိမ်ထောင် မပြုသေးဘဲ အိမ်မှထွက်ခွာသွား၏။
အဆုံးတွင် ထိုအဘိုးညီကို သေစာရင်း သွင်းလိုက်ကာ အောင့်မေ့ဖွယ် အခမ်းအနားပင် ပြုလုပ်ပေးခဲ့ကြသည်။
ယင်းကြောင့် ဤအဖိုးအိုသည်သာ အသက်ရှင်နေသူ အမှန်ဖြစ်သော် အသက်နှစ်ရာ ကျော်ပေမည်။ ယုံနိုင်စရာ မရှိချေ။
အတွေးဖြင့် အဘိုးအိုထံ ပြန်ကြည့်သည်။ အဘိုးအိုသည် အစောင့်များစွာကို အလွယ်တကူ သတ်ပစ်ခဲ့၏။ ထို့ကြောင့် အနိမ့်ဆုံး ရှန်ရှင်းအဆင့်တွင် ရှိနေရပေမည်။
( မဟုတ်ဘူး အဘိုးရဲ့ အဘိုးညီသာဆိုရင် အသက်က နှစ်ရာကျော်ရမယ် မဟုတ်လား။ )
အဘိုးအိုက သူ့ကို စောင့်ဆိုင်းနေလျက်မှ၊
“ မင်း ... သိပြီလား။ ”
-ဟု မေးမြန်းလာသည်။
လီချင်းစုန့်မှ ခေါင်းညိတ်လိုက်ရသည်။ မဟုတ်သော် တစ်ဖက်အဘိုးအိုသည် ဒေါသဖြင့် ဘိုးဘေး၏ ရန်သူဆိုက ခက်ရပေမည်။
လီရွှမ်အာသည်လည်း အနည်းငယ် အခက်တွေ့နေခဲ့သည်။ အိမ်နှင့်နှစ်အတော်ကြာ ဝေးကွာပြီးနောက် သူ့အထောက်အထားကို သက်သေပြရန် မည်သည့်အရာမျှ မရှိတော့ချေ။
လီချင်းစုန့် လက်ခံသည့်အပေါ်သာ သက်ပြင်းချလျက် ကျေးဇူးတင်မိ၏။ ထိုသို့သာ မဟုတ်သော် ခြေသလုံးအိမ်တိုင်တစ်ယောက်လို လမ်းပေါ်၌ သေရပေလိမ့်မည်။
အခြေအနေများ ငြိမ်သက်ပြီးနောက် လီရွှမ်အာက ကျင့်ကြံခြင်းလောကအကြောင်း လီချင်းစုန့်နှင့် လီရွှမ်းကျန့်တို့ထံပြောပြ၏။
ပါးစပ်ထဲရှိသလို စိတ်ဝင်စားဖွယ် လှည့်ကွက်အချို့ကိုလည်း အသုံးပြုခဲ့သည်။ လီချင်းစုန်နှင့် လီရွှမ်းကျန့်တို့မှာ တုန်လှုပ်စွာဖြင့် သူ့စကားကို တဖြည်းဖြည်း ယုံကြည်လာ၏။
အမှန်တွင် သူ့ကျင့်ကြံမှုအရ ဤသို့ လှည့်စားပြောကြားနေစရာ အကြောင်းပြချက် မလိုဟု လီသားအဖမှ ယူဆ၏။
ထို့ပြင် ဤကမ္ဘာကြီးတွင် အမှန်ပင် အင်မော်တယ်များရှိကြောင်း ကြားသိရသဖြင့် ပို၍စိတ်လှုပ်ရှား ယုံကြည်လာသည်။
လွန်ခဲ့သည့် နှစ်တစ်ရာက လီရွှမ်အာသည် ဓားနန်းတော်သို့ တိတ်တဆိတ် ပြန်လာခဲ့သည်။ သို့သော် မိတ်ဆွေများအားလုံး သေဆုံးသည်ကို သိပြီးနောက် တိတ်ဆိတ်စွာ ထွက်ခွာခဲ့၏။
အဆုံးတွင် မျက်စိတစ်မှိတ်အတွင်း ဆယ်စုနှစ်များစွာ ကုန်လွန်သွားပြီး ပြန်ရောက် လာခဲ့သည်။ ဓားနန်းတော်မှာ ယခင်အတိုင်း အဆင်ပြေနေသည်ကို မြင်လိုက်ရသဖြင့် ပြန်ထွက်သွားမိသည်။
ယခုတစ်ကြိမ်တွင်မူ သူ့သက်တမ်း ကုန်ဆုံးနေပြီ ဖြစ်သည်။ ထိုအချင်းအရာအပေါ် ဖြတ်ကျော်ရန် မျှော်လင့်ချက်မရှိတော့ချေ။
ထို့ကြောင့် အစ်ကိုဖြစ်သူ လီရွှမ်ရီ၏ သားစဉ်မြေးဆက်အချို့ကို ဂရုစိုက်ပေးနိုင်ရန် စိတ်ကူးဖြင့် ပြန်လာခြင်းဖြစ်သည်။
သူ မသေခင် တစ်စုံတစ်ယောက်သည် ယွမ်ဖူနယ်ပယ်သို့ ဝင်ရောက်နိုင်ပါက နှစ်ပေါင်း နှစ်ရာတိုင် နွေဦးဓားနန်းတော်မှာ ဆက်၍ တည်မြဲနေနိုင်ပေမည်။
အထက်ပါစကားများကြောင့် လီချင်းစုန်တစ်ယောက် မျှော်လင့်ချက်များဖြင့် တောက်ပလာသည်။ သို့သော် အဖိုးအိုက လက်ဝှေ့ရမ်းလျက်၊
“ မင်း ... မဖြစ်နိုင်ဘူး ... မင်းရဲ့ အရည်အချင်းက ကန့်သတ်ချက်ရောက်သွားပြီ မင်းရဲ့သားက ဒါကိုလုပ်နိုင်တယ်။ ”
-ဟု ပြောကြားလာ၏။
ဆိုလိုသည်မှာ ဤဘိုးဘေးသည် လီရွှမ်းကျန့်ကို ခေါ်သွားလိုနေ၏။ ထို့ကြောင့် ခွင့်ပြုရန် အနည်းငယ်တွေဝေလာမိသည်။
တစ်ဖက်တွင် ယနေ့ကမ္ဘာကြီးသည် ကမောက်ကမ ဖြစ်နေ၏။ ဒုတိယဓားသည်သာ ထွက်ခွာသွားသော် သေချာပေါက် အားနည်းသွားပေမည်။
“ မင်းရဲ့သားကို ငါလေ့ကျင့်ဖို့ မခေါ်သွားခင်မှာ နွေဦးဓားနန်းတော်အတွက် စိုးရိမ်စရာမရှိအောင် စီစဉ်ပေးခဲ့မယ်။ ”
သူ့အတွေးကို မြင်ပြီး လီရွှမ်အာမှ ပြောကြားလာသည်။ လီရွှမ်းကျန့်တစ်ယောက် သက်ပြင်းချလိုက်၏။ သို့မှသာ လီချင်းစုန့် သည်လည်း ရွှင်မြူးသွားချေပြီ။
ဘိုးဘေးသည်သာ ကူညီလိုသော် ကိစ္စကြီးငယ်များကို ပြီးမြောက်ရန် လွယ်ကူ ပေလိမ့်မည်။ သို့သော် အဘိုးအိုက သူ့အတွေးကို မြင်ဟန်ဖြင့်၊
“ ဒီကမ္ဘာကြီးရဲ့ သေမျိုးနိုင်ငံတစ်ခုက ကျင့်ကြံမှုလောကအကြောင်း သိနိုင်ဖို့ခက်တယ် ဒါပေမယ့် သေမျိုးလောကနဲ့ ကျင့်ကြံမှုလောက ကြားမှာတော့ ရှုပ်ထွေးနက်နဲတဲ့ ဆက်နွှယ်မှုတွေ ရှိနေတယ် ...
... ကျင့်ကြံခြင်းလောကရဲ့ သားစဉ်မြေးဆက်တွေဒါမှမဟုတ် မျှော်လင့်ချက် ကုန်ဆုံးနေတဲ့ ကျင့်ကြံသူတွေက ...
... သေမျိုးမင်းဆက်တွေကို ဒီလိုသေမျိုးနိုင်ငံတွေ တည်ထောင်ကြတယ် ဒါကြောင့် မင်းလိုချင်နေတဲ့ ဒီတပ်မက်မှုက သိပ်အကျိုးမရှိဘူး ...
... ငါက အစွမ်းထက်တဲ့ ကျင့်ကြံသူ ဖြစ်နေရင်တောင် မင်းဆက်ကိုဖြုတ်ချဖို့ဆိုတာ ထင်သလောက် မလွယ်ဘူး။ ”
-ဟု ရှင်းပြလာသည်။
လီချင်းစုန့်တစ်ယောက် မျက်ခုံးပင့် လိုက်သည်။ ဤကမ္ဘာကြီးသည် ရိုးရှင်းသည်ဟု ထင်ခဲ့သော်လည်း လက်တွေ့တွင် ရေခဲတောင် အစွန်းမျှသာ ဖြစ်နေ၏။
မည်သို့ပင်ဆိုစေကာမူ ရှန့်နန်လမ်းကို ပေါင်းစည်းနိုင်သော်ကောင်းမည်။ အတွေးဖြင့် လက်ရှိရှန့်နန်လမ်း အခြေအနေအကြောင်း သူ့ဘိုးဘေးထံ ပြောပြလိုက်၏။
ထို့ကြောင့် ဘိုးဘေးလီရွှမ်အာသည် ကူချန်ယွင်အပေါ် စိတ်ဝင်စားလာခြင်းဖြစ်ကာ လက်ရှိအခြေအနေထံ ရောက်ရှိလာခြင်း ဖြစ်လေသည်။
တစ်ဖက်တွင် အဖိုးအို၏ မျက်ဝန်းများ တောက်ပလျက် တိုက်ပွဲမြေပြင်ရှိ မြင်းစီးလူငယ် ထံသို့ ချစ်ခင်စွာကြည့်နေခဲ့သည်။
“ ကူမိသားစုရဲ့ ဒီဒုတိယသားက တော်တော်လေးကို ထက်မြက်ပါတယ် သူ့ကို ငါ့ဂိုဏ်းထဲ ခေါ်သွားနိုင်ရင် အကျိုးအမြက်က ထင်မထားနိုင်အောင်ပဲ။ ”
အဖိုးအို၏ ညည်းတွားသံသည် လီချင်းစုန့်အပေါ် စိတ်မသက်မသာ ဖြစ်စေ၏။ ဤသည်မှာ သူ့ဘိုးဘေးပင်လော။ ပြိုင်ဘက်ကို အဘယ့်ကြောင့် ခေါ်ဆောင်သွားလိုသနည်း။
“ ဒီကောင်လေးကို ကျင့်ကြံမှု လမ်းကြောင်းပေါ်ရောက်အောင် လမ်းညွှန် ပေးနိုင်မယ်ဆိုရင် ကူမိသားစုက ငါ့ကို ကျေးဇူးတင်မှာ သေချာတယ် ...
... တစ်ဖက်မှာလဲ ကူမိသားစုရဲ့ ဒုတိယသားကို ဂိုဏ်းထဲခေါ်ပြီး ဒုတိယဓားက ဓားစာခံအဖြစ် စောင့်ကြည့်နိုင်တယ် ဒီနည်းနဲ့ ကူမိသားစုကို တိုက်ခိုက်မလိုဘဲ ... ငါတို့ အတောင်ပံအောက်မှာ ထားနိုင်မယ် ...
... အနည်းဆုံးတော့ ကူမိသားစုရဲ့ ဧည့်အကြီးအကဲတွေ အားလုံးကို သစ္စာခံစေဖို့က လွယ်ကူလာလိမ့်မယ် ...
... ဒီကောင်လေးက အရမ်း ထက်မြက်လွန်းတယ် သူ့ရဲ့ကျင့်ကြံမှုနယ်ပယ် ပြီးမြောက်ဖို့ သိမ်မလိုတော့ဘူး ... မင်းရဲ့သား ဒုတိယဓားနဲ့ယှဉ်ရင် ... ဒီကလေးက အလားအလာပိုရှိတယ်။ ”
အဖိုးအိုက သူ့အတွေးများကို တစ်ကိုယ်တည်း ရေရွတ်နေခဲ့သဖြင့် လီချင်းစုန့် ခမျာ သည်းမခံနိုင်တော့ဘဲ၊
“ ဘိုးဘေး ... အနာဂါတ်မှာ ဒုတိယဓားက သူ့ကို မနှိမ်နင်းနိုင်တော့ရင် ဘယ်လိုလုပ်မလဲ ကူမိသားစုက ဒီအခြေအနေတွေကို ပြန်လှည့် သွားနိုင်တယ် မဟုတ်လား။”
-ဟု ဝေဖန်ထောက်ပြလိုက်၏။
အဘိုးအိုက မုတ်ဆိတ်မွေးများကို ပွတ်သပ်လျက် ပြုံးပြပြီး၊
“ သူ့ကို မနှိမ်နှင်းနိုင်ရင် ... မင်းသူ့ကို မနှောက်ယှက်ရဘူး၊ ကောင်းကောင်းဆက်ဆံပြီး အနာဂါတ်မှာ ခိုင်မာတဲ့ ... ဆက်ဆံရေး တစ်ခုတည်ဆောက်ပါ ... ။ ”
-ဟု မှာကြားလိုက်၏။
“ ဒါဆို ကူမိသားစုကို အညံ့ခံရမှာလား။ ”
လီချင်းစုန့်မှ မျက်ခုံးပင့်သည်။ ထိုအချင်းအရာကို သူ လက်မခံနိုင်ချေ။
“ ကူချန်ယွင်သာ တကယ်ကျင့်ကြံမှု လမ်းပေါ်ရောက်လာရင် သူ့ကျင့်ကြံမှုလမ်းက ငါ့ထက်ပိုပြီး ဝေးဝေးရောက်မယ် ... သူနဲ့အတူ ကူမိသားစုက ဒီနေရာမှာ ...
... ရပ်နေမယ် မထင်ဘူး ... အဲဒီအချိန် ဓားနန်းတော်လည်း ထင်ရှားကျော်ကြားလာမှာ သေချာပေါက်ပဲ မဟုတ်လား။ ”
“ ဒီနည်းလမ်းကို ငါလက်မခံဘူးဆိုရင်ရော ... ။ ”
“ ငါသေသွားချိန်မှာ ... ဒုတိယဓားရဲ့ ကျင့်ကြံမှုကလည်း တိုးတက်မလာဘူး ဆိုရင် မင်းတစ်ယောက်တည်းနဲ့ ရှန်နန်လမ်းကို သိမ်းပိုက်နိုင်မယ်ထင်လား။ ”
ဤမေးခွန်းအတွက် အဖြေမရှိချေ။ လီချင်းစုန့်တစ်ယောက် အတွေးထဲ နစ်မျောသွား လေသည်။ ဤအဖိုးကြီး၏ ကျိုးကြောင်း ဆင်ခြင်မှုသည် သင့်လျော်နေ၏။
ဒုတိယဓားသည် ကူချန်ယွင်ထက် သာလွန်သွားသော် ကူမိသားစုသည် သူ့ထံသို့ အကူအညီတောင်းလာပေမည်။
သို့မဟုတ် ကူချန်ယွင်သာလွန်သော် ကူမိသားစုသည် ဓားနန်းတော်ထံ ကာကွယ် စောင့်ရှောက်ပေးပေမည်။
ဤလောက၌ ခွန်အားသည် အမြဲတမ်း အုပ်စိုးရှင်ဖြစ်သည်။ နွေဦးဓားနန်းတော်သည် လက်ရှိဖရိုဖရဲကမ္ဘာကြီး၌ ခွန်အားလိုအပ်၏။
အချိန်မရွေး ပျက်စီးသွားနိုင်သော အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ကို သူ အသိဆုံးဖြစ်သည်။
အရေးအကြီးဆုံးမှာ ကူချန်ယွင်တွင် မည်သို့သောအရည်အချင်းရှိကြောင်း အတည်ပြု ရပေဦးမည်။ ထို့ပြင် အကျင့်စရိုက်လည်း သိရှိထားလိုနေ၏။
***
Book-5