← Chapters

ငွေကို ရေကဲ့သို့သုံးစွဲခြင်း။

Vol. 5 Ch. 61

ငွေကို ရေကဲ့သို့သုံးစွဲခြင်း။

Vol. 5 Ch. 61

တာအိုချင်းရှမှ ကူချန်ထံရုတ်တရက် မော့ကြည့်ပြီး ကျယ်လောင်သော လေသံဖြင့်၊

“ ချန် ... ငါတို့ဂိုဏ်းကြီး အခုထိရှိနေတုန်းပဲဆိုတာ မင်းသိလား ဟား ဟား ဟား ... ။ ”

-ဟု ရယ်မောလိုက်တော့သည်။

ကူချန်တစ်ယောက် အကူအညီမဲ့သွား၏။ တာအိုချင်းရှ ဂိုဏ်းကြီး ဆက်၍တည်ရှိကြောင်း သူမည်သို့ သိရှိနိုင်မည်နည်း။

“ ဟား ဟား ဟား ... ။ ”

တာအိုချင်းရှခမျာ အချိန်အနည်းငယ် ကြာအောင် ရယ်မောလျက် အဆုံး၌သတိရကာ ကျောက်စိမ်းတုံးကို ကူချန်ထံ ပေးအပ်လာ၏။

“ မင်းကြည့်လိုက် ချန် ... ဒီအထဲမှာ ငါ့ဓားဂိုဏ်းကြီးရဲ့ သတင်းအချက်အလက်တွေ အများကြီး ရှိနေတယ်။ ”

ထို့နောက် ပြုံးရယ်ကာ စားပွဲပေါ်ရှိ မက်မွန်ဝိုင်ကို ချက်ချင်း မော့သောက်လိုက်၏။

“ ကောင်းလိုက်တဲ့ဝိုင် ... ။ ”

ကူချန်က တာအိုချင်းရှ၏ အမူအရာကို ကြည့်ကာပြုံးသည်။ တစ်စုံတစ်ယောက်သည် ပျော်ရွှင်စရာများ ကြုံလာသောအခါ အရာရာ အကောင်းမြင်တတ်လာပုံပေပင်။

ထို့နောက်တွင် ကျောက်စိမ်းတုံးကောက်ယူကာ စိတ်ဝိညာဉ် ကြိုးမျှဉ်များပို့လွှတ်ပြီး နစ်မြုပ်သွားတော့၏။

***

ချင်ယွမ်ပြက္ခဒိန်၊ သက္ကရာဇ် (၁၁၂၅) ခုနှစ်တွင် နှင်းပန်းကောင်းကင်လှိုဏ်ဂူကြီးသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

၎င်းတို့၏ နတ်ဆိုးနှိမ်နင်းခြင်း တားမြစ်မျှော်စင်မှာပျက်စီးသွားပြီး နတ်ဆိုးများ၊ နတ်ဆိုးသားရဲများနှင့် မကောင်းဆိုးရွာများစွာက မြင်သမျှကို သတ်ဖြတ်တော့၏။

ထိုတိုက်ပွဲသည် နတ်ဝိညာဉ် နန်းတော်သခင်နယ်ပယ် ဓားထမ်းအကြီးအကဲ ငါးဦးစလုံး ဓားဆွဲခဲ့သော်လည်း တိုက်ပွဲကို အုပ်စီးနိုင်ခြင်း မရှိခဲ့ချေ။

နတ်ဆိုးနှိမ်နင်းရေး တားမြစ်မျှော်စင် ကျိုးသွားသောအခါ သုံးဦးသည်တိုက်ပွဲအတွင်း၌ သေဆုံးသွားသည်။

နတ်ဆိုးများတွင် အစွမ်းထက်သော နတ်ဆိုးရုပ်သေးပါရှိသဖြင့် နှင်းပန်းတောင်ထိပ် သခင် တာအိုချန်ချင်းက လေထုအလယ် ကောင်းကင်နယ်ပယ်သို့ ချိုးဖြတ်ကာ နတ်ဆိုးရုပ်သေးကို သတ်ပစ်လိုက်၏။

သို့သော် နတ်ဆိုးဝိညာဉ်သည် နတ်ဆိုးရုပ်သေးအတွင်းမှသည် သူ့ခန္ဓာကိုယ်ထဲ ကျူးကျော်ဝင်ရောက်လာခဲ့သည်။

ဤနည်းဖြင့် တာအိုချန်ချင်းသည် အထိန်းအကွပ်မဲ့သွားပြီး နှင်းပန်းတောင်ပေါ်မှ ချက်ချင်း ခုန်ချထွက်ပြေးသွားတော့၏။ ယနေ့တိုင် ပြန်မလာတော့ချေ။

အထက်ပါ အကြောင်းအရာများ ဖတ်ရှုပြီးနောက် ကူချန်က ကျောက်စိမ်းတုံးကို ပြန်ချထားလိုက်သည်။

နှင်းပန်းဓားကျောင်းသည် တာအိုချင်းရှ ပြောပြသည်ထက်ပင် အားကောင်းလွန်းချေပြီ။ တာအိုချင်းရှစကားအရ နှင်းပန်းဓားကျောင်း၏ ချန်ချင်းသာလျှင် နတ်ဝိညာဥ်နန်းတော်သခင် နယ်ပယ် အမြင့်ဆုံးဟု ထင်ခဲ့သည်။

ယခုမူ ဓားထမ်းအကြီးအကဲ ငါးဦးသည်လည်း နတ်ဝိညာဥ်နန်းတော်သခင် နယ်ပယ်တွင် ရှိနေသည်။ ဤမတိုင်မီ နှင်းပန်း ဓားကျောင်းတွင် ဂိုဏ်းခွဲ (၁)ခုသာရှိမည်ဟု ထင်ခဲ့သော်လည်း (၅)ခုရှိနေသည်။

တာအိုချင်းရှ နေထိုင်ရာအရပ်သည် နန်လင်းကုန်းမြေကြီးရှိ နန်လင်ပြင်ပဌာနဖြစ်ပြီး အသန်မာဆုံးလူသည် ပြင်ပအကြီးအကဲရေနဂါး ဖြစ်သည်။

ကျင့်ကြံမှုသည် မဟာတန်ခိုးရှင် နယ်ပယ်ပေပင်။ ထိုကပ်ဘေးအတွင်း ရေနဂါး သွေးများစွာ ကောင်းကင်မှ အဆတ်မပြတ် ရွာကျနေကာ အကြေးခွံများ ပဲ့ကြွေလျက် ဦးချိုများကျိုးသွားသည်။

သို့သော် ဤသည်မှာ သူ့အတွက် ကောင်းချီးတစ်ခု ဖြစ်သည်။ သေခြင်းတရားကို ဖြတ်ကျော်ပြီးနောက် ပြန်လည်မွေးဖွားခဲ့၏။

ထိုအဖြစ်အပျက်များအပြီး နတ်ဝိညာဉ် နန်းတော်သခင်နယ်ပယ်သို့ ရောက်ရှိသွားကာ အတွင်းအကြီးအကဲ ဖြစ်သွားတော့သည်။

အဆိုပါကပ်ဘေးသည် နှင်းပန်းဓားကျောင်းကို အကြီးအကျယ် အထိနာ စေခဲ့သည်။ ပြင်ပဂိုဏ်းခွဲ ငါးခုစလုံး ပျက်စီးပြီး အတွင်းတပည့် (၃၀%) သေဆုံး၏။

ဝမ်းနည်းစရာအကောင်းဆုံးသည် ဂိုဏ်းချုပ်ချန်ချင်းဖြစ်၏။ နတ်ဝိညာဉ်နန်းတော် သခင်၏ ကောင်းကင်ကပ်ဘေးကို တိုက်ပွဲ၌ ခံယူပြီးနောက် ကောင်းကင်နယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သည်။

ထို့ကြောင့် နတ်ဆိုးရုပ်သေးကို ဖျက်ဆီးနိုင်လိုက်သော်လည်း နတ်ဆိုးဝိညာဉ်၏ ကျူးကျော်မှုကို မတားဆီးနိုင်ခဲ့ချေ။ အဆုံးတွင် ဂိုဏ်းကိုထားရစ်ကာ အဝေးဆီသို့ ထွက်ပြေး သွားလိုက်ရသည်။

နတ်ဆိုးများတွင်လည်း နတ်ဝိညာဉ် နန်းတော်သခင်နယ်ပယ် အများအပြားရှိသည်။ တာအိုချန်ချင်းကြောင့်သာ မဟုတ်သော် ကောင်းကင်နယ်ပယ်ထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်၏။

ထိုအခါ နှင်းပန်းတောင်ထိပ်တစ်ခုလုံး အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားမည်။ သို့သော် မေးခွန်းအချို့ ရှိနေသေး၏။

နတ်ဝိညာဉ်နန်းတော်သခင်များသည် ခန္ဓာကိုယ်ကို ပြန်လည် မွေးဖွားပေးနိုင်သူများ ဖြစ်သည်။

ဆိုလိုသည်မှာ သေဆုံးသွားသည့် ဓားထမ်းအကြီးအကဲများ၏ စိတ်ဝိညာဉ်များမှာ တိုက်ပွဲမှလွတ်မြောက်ခြင်းရှိ-မရှိ ဖော်ပြထားခြင်း မရှိခဲ့ချေ။

သို့မဟုတ် ၎င်းတို့၏ ဝိညာဉ်များသည်ပင် သေဆုံးခဲ့သည်လော။ ဤအဖြေကို မှတ်တမ်း၌ ဖော်ပြနိုင်ခြင်း မရှိချေ။

နောက်ထပ် မေးခွန်းများသည် ထိုနတ်ဆိုးများ မည်သည့်အရပ်မှ ရောက်လာ သနည်း။ အဘယ့်ကြောင့် မည်သူမျှ သတိ မထားမိနိုင်ခဲ့သနည်း။

ထိုအချိန်တွင် တာအိုချင်းရှသည် ပြန်၍ငြိမ်သက်သွားပြီး ဝိုင်ခွက်ကိုကိုင်ကာ သက်ပြင်းချနေခဲ့၏။

“ အခုတော့ ... ငါ့တို့တပည့်တွေ ဘာတွေလုပ်နေလဲ ပြင်ပသင်းထောက်တွေ ဘေးကင်းရဲ့လား ... ။ ”

တာအိုချင်းရှက လွမ်းဆွတ်စွာ ရေရွတ်နေခဲ့သည်။ ဂိုဏ်းဘေးကင်းကြောင်း သိရှိလာပြီးနောက် မိတ်ဆွေများအပေါ် ပြန်သတိရလာခဲ့သည်။

ထိုစဉ်က ဘေးအန္တရာယ်ကြောင့် ဂိုဏ်းသည်ပြင်ပတပည့်တိုင်းကို အရပ်ရပ်သို့ ထွက်ပြေးစေ၏။ ယင်းကြောင့် ပြင်ပတပည့်များ အသက်ရှင်နေသည်လော။ သေဆုံးကုန် သည်လော မည်သူမျှ မသိတော့ချေ။

“ လူကောင်းတွေကို ကောင်းကင်ဘုံက စောင့်ရှောက်ပေးပါတယ်။ ”

ကူချန်မှ နှစ်သိမ့်လိုက်သည်။ သို့မှသာ တာအိုချင်းရှက ခေါင်းညိတ်ပြပြီး မျက်နှာတွင် အပြုံးများ ပြန်ပေါ်လာ၏။

“ ဒါအမှန်ပဲ ... အဲအချိန်တုန်းက အရာအားလုံး ပြီးဆုံးသွားပြီလို့ ငါထင်ခဲ့တယ်။ ”

“ ဆရာ ... မင်းရဲ့ဂိုဏ်းအပေါ် တကယ်လျှော့တွက်ခဲ့တာပဲ မင်းဂိုဏ်းချုပ်သာ နတ်ဝိညာဉ်နန်းတော်သခင်လို့ ပြောတာ ငါမှတ်မိနေသေးတယ် ... ။ ”

ကူချန်က ပြုံးလျက်ပြော၏။ တာအိုချင်းရှတစ်ယောက် ရှက်ရွံ့လာပြီး၊

“ ဟမ့် ... ငါက ပြင်ပတပည့်ပဲ။ ”

-ဟု ဖြေရှင်းချက်ပေးသည်။

“ ဒါဆို ပြင်ပဌာန(၅)ခု ရှိနေတာကိုရော ဘာပြောချင်သေးလဲ။ ”

“ အဟမ်း ... ကျေးဇူးပြုပြီး ဒီအကြောင်းထားလိုက်ရအောင်။ ”

ပြင်ပတပည့်ဟူသည် ပြင်ပတပည့်သာ ဖြစ်သည်။ ရှန်ရှင်းနယ်ပယ်သို့ မရောက်သေးဘဲ တရားဝင်ကျင့်ကြံသူ မဖြစ်သေးချေ။

သဘာဝအတိုင်း ရရှိနိုင်သော သတင်းအချက်အလက်သည် နည်းပါးချေပြီ။ ထင်ရှားသော တောင်တန်းများတွင် စိမ့်နွံများ ပေါများကာ လမ်းလျှောက်ရန် မဖြစ်နိုင်ချေ။

ရှန်ရှင်းနယ်ပယ် စွမ်းရည်မျိုးမရှိသော် သဘာဝအတိုင်း ဖြတ်ကျော်ရန် ခက်ပေသည်။ နတ်ဆိုးများနှင့် သားရဲများကို သုတ်သင်ရန် ဆိုသည်မှာ ပို၍ခက်ခဲချေ၏။

ထို့နောက်တွင် နှစ်ယောက်သား လေပြေညှင်းစားသောက်ဆိုင်မှ ထွက်ခွာလာပြီး ရတနာခန်းမသို့ ဦးတည်လိုက်၏။ ကူချန်သည် ဤခရီးအတွက် ဝိညာဉ်ရေးလက်နက်နှစ်ခုကို အသုံးစရိတ်အဖြစ် သန့်စင်ထားခဲ့သည်။

ကူမိသားစု၏ ဘဏ္ဍာတိုက်တွင် ရှားပါးသတ္တုများစွာရှိသည်။ ထိုသတ္တုများသည် စစ်မှန်သောမီးတောက်ဖြင့်သာ အရည်ဖျော်နိုင် သောကြောင့် အခန်းထောင့်တစ်နေရာတွင် စုပုံထားခြင်းပေပင်။

သတ္တုရိုင်းများသည် ဆေးပင်များနှင့် ကွဲပြားသည်။ ဆေးဘက်ဝင်အပင်များသည် ဝေးလံခေါင်သီသော အရပ်များတွင်သာ ပေါက်ရောက်ကြ၏။

အချို့သော ဆေးဘက်ဝင်အပင်များကို နတ်ဆိုးသားရဲများ စောင့်ကြပ်ကြ၏။ ခူးဆွတ် ရာတွင်လည်း ဆေးဖက်ဝင်အပင်များ၏ ဂုဏ်သတ္တိဆုံးရှုံးမှု မရှိစေရန် ဂရုစိုက်ရသည်။

သတ္တုများကိုမူ သတ္တုသွေးကြောများမှ သာမန်နည်းဖြင့်ပင် ထုတ်ယူနိုင်သည်။ အချို့ကို အနည်းငယ်မျှသာ အာရုံစိုက်ရမည်။

ရတနာခန်းမတွင် ကူချန်သည် ဝိညာဉ်ရေးလက်နက်နှစ်ခုကို ရောင်းချခဲ့သည်။ ထိုလက်နက်များအတွက် ပါဝင်ပစ္စည်းများသည် မြင့်မားခြင်း မရှိသဖြင့် အဆင့်နိမ့် ဝိညာဉ် လက်နက်အဆင့်တွင် သာမန်ဖြစ်၏။

ထို့ကြောင့် ရတနာခန်းမသည် ကျန်းချီဆေးပြား(၂၀၀၀၀)ဖြင့်သာ ဝယ်ယူသွား လေသည်။ လက်နက်များ ရောင်းပြီးနောက် နတ်ဆိုးဆေးပြားကို ရတနာခန်းမမှပင် ပြန်လည်ဝယ်ယူခဲ့သည်။

မီးစာကလေးသည် ၎င်းမသေဆုံးမီ သူ၏နတ်ဆိုးဆေးပြားကို လောင်ကျွမ်းခဲ့သဖြင့် မကျန်ရစ်ခဲ့ချေ။

များမကြာခင် ဆေးခန်းမသို့ ပြန်လည် သွားရောက်ကာ အစောပိုင်း မှာကြားထားသော ဆေးဘက်ဝင်အမယ်များကို ဝယ်ယူသည်။

အခြားသော ဆေးအမယ်များကိုလည်း ထပ်မံဝယ်ယူ၏။ ကျန်းချီဆေးပြား (၂၀၀၀၀) ကုန်သည့်အထိပေပင်။ ဘေးမှတာအိုချင်းရှက ထိုမြင်ကွင်းကြောင့် ဝမ်းနည်းလာသည်။

“ မင်းပိုက်ဆံသုံးတဲ့နှုန်းက ... တကယ့်ကိုမယုံနိုင်စရာပါပဲ နတ်နဂါးမြို့တော်ရဲ့ ကူမိသားစုဝင် ပီသပါပေတယ်။ ”

ကူချန်မှ တုန့်ပြန်ခြင်းမပြုချေ။ ထို့နောက်တွင် နှစ်ယောက်သား ဆေးခန်းမမှ ပြန်ထွက်လာစဉ် ကူချန်က လက်ချောင်းများ ရုတ်တရက် ရေတွက်‌ပြီး အပြုံးများ ပျောက်ကွယ်သွားတော့သည်။

“ ဆရာ ... မင်းငါ့အနားမှာပဲနေပါ။ ”

***

All Chapters