← Chapters

ကောင်းကင်ဘုံနတ်ဆိုး အမွေအနှစ်

Vol. 42 Ch. 576

ကောင်းကင်ဘုံနတ်ဆိုး အမွေအနှစ်

Vol. 42 Ch. 576

အားလုံးမှာ တောင်ကြောတစ်ခုလုံး လင်းနေသည့် နတ်ဆိုးအလင်းတန်းများကို ကြည့်ရင်း အသံတိတ်လျက်...

ယနေ့ ဖြစ်ပျက်သွားသည့် ကိစ္စမှာ ယုံနိုင်စရာပင် မရှိပါချေ...

လောထျန်း တစ်ယောက်တည်းက နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှ ထောင်ပေါင်းများစွာသော နတ်ဆိုးအလင်းတန်းများ ထွက်လာအောင် လုပ်နိုင်ခဲ့ပြီး အမွေအနှစ်များကို ရသွားခဲ့သတဲ့လား ။

သို့သော်.. ထို့ထက်ပို အရေးကြီးသည်မှာ လောထျန်း၏ စကားများပင်..

သူက ဘာဖြစ်ဖြစ် အထင်သေးမှာ မဟုတ်ဘူးတဲ့...

ထိုစကားကို ကြားပြီးနောက်တွင် နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှ အမွေအနှစ်များအားလုံး ထွက်

လာခဲ့ကြပါသည်။

၎င်းက မည်သို့သော အဓိပ္ပါယ်ပါနည်း ။

၎င်းမှာ... လောထျန်းက အမွေအနှစ်များကို ရှာနေခြင်းမဟုတ်ဘဲ...

အမွေအနှစ်များကသာ သူ့ထံသို့ လိုလိုလားလား သွားချင်နေသည် ဆိုသည့်သဘောလား... ။

အထူးသဖြင့် လူအုပ်ထဲမှ.. အုတ်ဂူများရှေ့တွင် သုံးကြိမ်တိုင် ဒူးထောက်၍ ကိုးကြိမ်တိတိ ဦးညွှတ်အရိုအသေပေးပြီးနောက်တွင်ပင် အမွေအနှစ်ကို မရခဲ့သော လူများမှာ... သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း လက်မခံနိုင် ဖြစ်နေကြတော့သည်။

သူတို့အားလုံး သက်ရှိလူသားများ ဖြစ်နေပါရက်.. သူတို့ကြားမှ ကွာဟချက်က အဘယ့်ကြောင့် ဤမျှ ကြီးနေရပါသနည်း ။

သို့သော် .. ထိုစဥ်တွင် လောထျန်းမှာကား တောင်ကြောတစ်ခုလုံးမှ အမွေအနှစ်များကို မျက်

မှောင်ကြုံ့ ကြည့်လျက်..

" ပြောတော့ .. ဒီမှာ ကောင်းကင်ဘုံနတ်ဆိုးအဆင့် အမွေအနှစ် ရှိတယ်ဆို။ အခု ဘာလို့ မတွေ့ရတာလဲ "

လောထျန်းမှာ ဘေးပတ်လည်သို့ သေချာဝေ့ဝဲကြည့်လိုက်ပြီးသည့်တိုင် ကောင်းကင်ဘုံ နတ်ဆိုးအဆင့် အမွေအနှစ်အား မတွေ့သေးပါချေ။

ဤနေရာရှိ အစွမ်းအထက်ဆုံး အမွေအနှစ်မှာ မြေကမ္ဘာနတ်ဆိုးအဆင့်သာ ဖြစ်ပါ၏။

" ဒီတိုင်း.. ယုံတမ်းစကားနဲ့ပဲ တူပါတယ်ကွာ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြောလိုက်သည်။

ခေတ္တမျှ စဥ်းစားနေပြီးနောက်တွင်မူ.. လောထျန်း အော်ပြောလိုက်၏။

" ကောင်းကင်ဘုံနတ်ဆိုးအဆင့် အမွေအနှစ်က ဘယ်မှာလဲ ။ ကျုပ်ကို ပေးမှာလား.. မပေးဘူးလား "

သူ့စကား ဆုံးသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်တော့သည်။

" သူ.. ဘာတွေပြောနေတာလဲ ၊ ကောင်းကင်ဘုံနတ်ဆိုးအဆင့် အမွေအနှစ်တဲ့လား ။ ဒီ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှာ ကောင်းကင်ဘုံနတ်ဆိုးအဆင့်အမွေအနှစ် ရှိလို့လား "

" ဒဏ္ဍာရီတွေထဲမှာတော့ တစ်ခုရှိတယ်လို့ ​ပြောဖူးတယ်ကွ။ ဒါပေမယ့် ဘယ်သူမှ မမြင်ဖူးကြဘူးတဲ့ "

" ဒီကောင်က ကောင်းကင်ဘုံနတ်ဆိုးအဆင့် အမွေအနှစ်ကိုပါ ယူဖို့ စီစဥ်နေတာလား "

" သူ လုပ်နိုင်မယ်လို့ ထင်လား "

" ငါလဲ မပြောတတ်ဘူးကွ ။ သိပ်တော့ မဖြစ်နိုင်ဘူးနဲ့ တူတယ် "

အားလုံးက ထင်ရာ ပြောလိုက်ကြသည်။

ထိုအချိန်တွင် နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှာကား တိတ်မြဲ တိတ်လျက်..

လောထျန်း ၎င်းကိုကြည့်ကာ မျက်မှောင်ကြုံ့သွားသည်။

" တကယ်မရှိလို့လား... ကျုပ်ကို မပေးချင်လို့လား "

လောထျန်း ထပ်မေးလိုက်သည်။

" ငါလဲ မသိဘူးကွ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြန်ပြော၏။

" အချိန်လဲ သိပ်မရှိတော့ဘူးဆိုတော့ အေးဆေး စုံစမ်းနေဖို့လဲ အဆင်မပြေဘူး ။ အဲ့တော့ ဒီ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူတစ်ခုလုံးကို တူးပြီးတော့ ကျုပ်ရဲ့ အတွင်းကမ္ဘာငယ်ထဲ အရင်ထည့်ထားလိုက်ရင် ကောင်းမလား "

လောထျန်းခေါင်းထဲ အကြံတစ်ခု ရသွားသည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးကလည်း သူ့စကားကို ကြားသည်နှင့် ချက်ချင်းပြန်ပြော၏။

" အဲ့ဒါ ကောင်းတဲ့ ဖြေရှင်းနည်းပဲ "

လောထျန်းကလည်း သူ့စကားကိုကြားသည်နှင့် လှုပ်ရှားရန် အသင့်ပြင်လိုက်သည်။

သို့သော် ထိုစဥ်မှာပင် ...

" ခဏလေး နေပါဦး... "

စိတ်ဝိဥာဥ်လှိုင်းလုံးတစ်ခုမှ အသံတစ်သံ လောထျန်းနားထဲ ရောက်လာသည်။

" ဟင်... "

ထိုအသံကို ကြားသည်နှင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။

" သခင်လေး ၊ ကျုပ်ဘက်ကိုလဲ နည်းနည်း ငဲ့ညှာပေးပါဦးဗျာ။ ကျုပ်က ဒီ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူက နတ်ဆိုးစိတ်ဝိဥာဥ်တွေအားလုံးကို သူတို့ရဲ့ အမွေအနှစ်ပစ္စည်းတွေ သခင်လေးဆီ ယုံယုံကြည်ကြည် အပ်လိုက်ဖို့ နားချခဲ့တာပါ ။ အခု ဘာလို့ သချ်ိုင်းဂူ တစ်ခုလုံးကိုပါ တူးချင်နေရတာလဲ "

အသံက ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလာသည်။

ထိုစကားကို ကြားသည်နှင့် လောထျန်း ချက်ချင်း သဘောပေါက်သွားပါ၏။

" ခင်ဗျားက ဒီမှာ မြှုပ်နှံထားတဲ့ နတ်ဆိုးလား ။

မဟုတ်သေးပါဘူး.. ခင်ဗျားက မသေသေးဘူး မဟုတ်လား "

လောထျန်း စိတ်ဝိဥာဥ် အသံလှိုင်းလုံးဖြင့်ပင် ပြန်တုန့်ပြန်လိုက်သည်။

ခေတ္တမျှ ငြိမ်နေပြီးနောက်မှ တဖက်လူက ကူကယ်ရာမဲ့စွာ ပြောလာပြန်၏။

" ကျုပ်က တကယ်လဲ မျိုးဆက်တစ်ရာ နတ်ဆိုးတစ်ပါးပါ ။ ပြီးတော့ ကျုပ် မသေသေးဘူးဆိုတာလဲ မှန်ပါတယ်... ၊ ဒါပေမယ့် ကျုပ်က သေခါနီး ဖြစ်နေပြီဗျ "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ခင်ဗျားက ဒီ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူကို ဖန်တီးပြီးတော့ နောင်ကျရင် ဟို နတ်ဆိုးသခင်ကြီးလို လုပ်ပြီး အဆင့်တက်ချင်နေတာ မဟုတ်လား "

တဖက်မှ နတ်ဆိုးက အောင့်သက်သက် ပြန်ပြော၏။

" ကျုပ် အဲ့လိုလုပ်ဖို့ စဥ်းစားထားခဲ့တာ မှန်ပါတယ် ။ ဒါပေမယ့် အခုတော့ .. အဲ့လို မမျှော်လင့်ရဲတော့ပါဘူးဗျာ။ ကျုပ် ဒီ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူကို ဖန်တီးခဲ့တဲ့ ရည်ရွယ်ချက်ကလဲ သေဆုံးသွားကြတဲ့

နတ်ဆိုးတွေအတွက် အိမ်တစ်ခုပေးပြီး သူတို့ရဲ့ စိတ်ဝိဥာဥ်တွေ လမ်းမပျောက်ကြအောင်ပါ ။ ပြီးတော့ အမွေအနှစ်တွေ မပြတ်တောက်သွားအောင်လို့ ကျုပ်တို့ကို တိုက်ခိုက်ဖို့ လာကြတဲ့သူတွေရဲ့ လက်ကနေ လွတ်အောင်ရော ထွက်လမ်းတစ်ခု ပေးထားချင်တာပါ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ထိုစကားကို ကြားပြီး စိတ်ထဲ ခံစားသွားရပါ၏။

နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှ နတ်ဆိုးကြီးက အမှန်တိုင်း ပြောပြနေသည်ဖြစ်ရာ ၎င်းက ပေါ့သေးသေး မဟုတ်ပါချေ ။

ထိုစဥ် တဖက်မှ နတ်ဆိုးက ရုတ်တရက် ပြောလာသည်။

" ဒါနဲ့ .. သခင်လေးရဲ့ ကိုယ်ပေါ်မှာ နတ်ဆိုးသခင်ကြီးရဲ့ အရောင်အဝါကို ကျုပ် အာရုံခံမိနေတယ် ။ သူ.. တကယ်ကြီး သေသွားခဲ့ပြီလား "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်တယ် "

တဖက်မှ နတ်ဆိုး သက်ပြင်းချလိုက်၏။

" ရှေးဟောင်းနတ်ဆိုးမှတ်တမ်းက လူတွေကို ဒုက္ခကြီးကြီး ပေးခဲ့တာပဲ.... "

လောထျန်း မျက်မှောင်ကြုံ့ရင်း ပြန်မေးလိုက်သည်။

" ရှေးဟောင်းနတ်ဆိုးမှတ်တမ်း... အဲ့ဒါ ဘာလဲ "

တဖက်မှ နတ်ဆိုးကြီး ထျန်းမိုက ခဏတာမျှ အတွေးနက်နေဟန် တူပြီးမှ ပြန်ပြော၏။

" သခင်လေးကို ပြောပြပါ့မယ် ။ ဒီ ရှေးဟောင်းနတ်ဆိုးမှတ်တမ်းဆိုတာ .. ဒဏ္ဍာရီကျော် အစွမ်းထက်တဲ့ ရှေးဟောင်းနတ်ဆိုးတစ်ပါးဖြစ်တဲ့ ၊ ဘိုးဘေး ရှေးဟောင်းနတ်ဆိုးကြီး ချန်ထားခဲ့တဲ့ ကျောက်ပြားတစ်ခုပဲဗျ "

" ဒီကမ္ဘာမှာ အဲ့ ရှေးဟောင်းနတ်ဆိုးမှတ်တမ်း ကျောက်ပြားတွေ အားလုံးပေါင်း ခြောက်ခုရှိတယ် ။ အဲ့ကျောက်ပြားတစ်ခုစီတိုင်းမှာလဲ မတူညီတဲ့ နည်းတစ်မျိုးစီကို ရေးမှတ်ထားတယ်ဗျ ။ အဲ့ နည်းတွေက နတ်ဆိုးကျင့်စဥ်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်​တဲ့ နည်းတွေပေါ့ ။ အဲ့ဟာတွေက ကျုပ်တို့

ရှေးဟောင်းနတ်ဆိုးကမ္ဘာ အတွက် အဖိုးအတန်ဆုံး ရတနာတွေ ဖြစ်ရုံမကဘူး ၊ အပေါ်ကမ္ဘာကတောင် အဲ့ဒါတွေကို လိုချင်နေကြတာ "

" အဲ့ဒါကြောင့်မို့လဲ ရှေးဟောင်းနတ်ဆိုးကမ္ဘာက စစ်ပွဲတွေ အများကြီး တိုက်ခိုက်ခဲ့ရတာပဲ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတင် အဲ့ဒီ ရှေးဟောင်းမှတ်တမ်းကျောက်ပြား ခြောက်ခုထဲက သုံးခုကို အပေါ်ကမ္ဘာက ယူသွားခဲ့တယ် ။ တစ်ခုကလဲ ထျန်းမင်ကမ္ဘာက လူတွေလက်ထဲ ရောက်သွားခဲ့ရတယ်။ တစ်ခုကတော့ စစ်အတွင်းမှာတင် ပျက်စီးသွားခဲ့ရပြီးတော့.. နောက်ဆုံးတစ်ခုကတော့ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်ဗျ "

" နတ်ဆိုးသခင်ကြီးက အဲ့ဒီ ရှေးဟောင်းနတ်ဆိုးမှတ်တမ်း ကျောက်ပြားအပိုင်းအစလေး တစ်ခုကို ခဏလောက် ပိုင်ဆိုင်ခဲ့ဖူးသေးတယ်။ အဲ့ကနေမှ ကောင်းကင်ဘုံနတ်ဆိုး ခန္ဓာကိုယ်ကို ဘယ်လိုရအောင် လုပ်ရမလဲ သူ သိသွားခဲ့တာ ။ ကျုပ် သူ့ကို လက်လျှော့လိုက်ဖို့ နားချပါသေးတယ် ။ ဒါပေမယ့် သူက ငြင်းခဲ့ပြီး... ခု နောက်ဆုံး အဲ့လိုဖြစ်သွားရတာပဲ "

ထိုစဥ် ထျန်းမိုက ပြောလက်စ ခဏရပ်ကာ မေး၏။

" သခင်လေးက ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာက မဟုတ်ဘူး မလား "

ထိုစကားကို ကြားသောအခါ လောထျန်း အံ့အားသင့်သွားရသည်။ သူ ရှေးဟောင်းနတ်ဆိုးကမ္ဘာသို့ ရောက်သည့်အချိန်မှစ၍ သူ့အကြောင်းကို ထွင်းဖောက်မြင်နိုင်သူမှာ ထျန်းမိုက ပထမဆုံးပါပင် ။

သို့သော် သူ ဖုံးကွယ်၍လည်း မထားချင်သဖြင့် ခေါင်းညိတ်၍ ပြောလိုက်၏။

" ဟုတ်ပါတယ် ။ ကျုပ်က ထျန်းယွမ်ကမ္ဘာကပါ "

ထျန်းမိုမှာ ခဏတာမျှ အံ့အားသင့်နေပြီးမှ ပြန်ပြောသည်။

" ထျန်းယွမ်ကမ္ဘာကလား... ထျန်းယွမ်ကမ္ဘာက အဆင့်နိိမ့်နေပြီ မဟုတ်ဘူးလား.. ။ သခင်လေးလို လူတစ်ယောက် ဘယ်လိုလုပ်ပြီး ပေါ်လာသေးတာလဲ "

သို့သော် လောထျန်းက မည်သို့မှ ပြန်မပြောနိုင်ခင်မှာပင် သူ ဆက်ပြော၏။

" ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျုပ်တို့ ရှေးဟောင်း

နတ်ဆိုးကမ္ဘာ နဲ့ ထျန်းယွမ်ကမ္ဘာကြား မသင့်မမြတ် ဖြစ်နေကြတာတော့ ကျုပ် သိပါတယ်။ ဒါပေမယ့် ပြဿနာမှာ ဘယ်သူက မှားတယ် ၊ မှန်တယ် ဆိုတဲ့ကိစ္စက ရှုပ်ထွေးလွန်းတဲ့အတွက် ပြောဖို့ခက်တယ်ဗျ ။ အဲ့ဒါကြောင့်မို့ ဒီကိစ္စကို ကျုပ် ဒီနေ့ မပြောချင်သေးဘူး ။ ကျုပ် အခု တောင်းဆိုချင်တာက သခင်လေးအနေနဲ့ ဒီ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူရဲ့အမွေအနှစ်တွေအတွက်နဲ့ တစ်နေ့မှာ ရှေးဟောင်းနတ်ဆိုးကမ္ဘာကို မဖျက်ဆီးဖို့ပါပဲ "

ကြားလိုက်ရသည့်စကားကြောင့် လောထျန်း အနည်းငယ်လန့်သွားကာ ပြန်မေးလိုက်သည်။

" ကျုပ်မှာ ရှေးဟောင်းနတ်ဆိုးကမ္ဘာကို ဖျက်ဆီးနိုင်တဲ့ အစွမ်း ရှိတယ်လို့ ဘာကြောင့် ထင်ရတာလဲ "

ထျန်းမိုက အောင့်သက်သက် ပြန်ပြော၏။

" ကျုပ် သခင်လေးအနားမှာ မရှိပေမယ့် အဲ့နေ့က သခင်လေး ကျင့်ကြံခြင်းအဆင့်တက်သွားတာကို ဝေးဝေးကနေ မြင်လိုက်ရပါတယ် "

လောထျန်း ခေါင်းညိတ်လိုက်သည်။ ကြည့်ရသည်မှာ သူ ကွေ့ရှအဆင့်သို့ တက်စဥ်က ဆူဆူညံ

ညံ ဖြစ်အောင် လုပ်မိသွားဟန်ပင် ။

ထိုသို့တွေးကာ သူ မျက်မှောင်ကြုံ့၍ ပြောလိုက်၏။

" နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှာ အမွေအနှစ်တွေ အများကြီးရှိတာ မှန်ပေမယ့် ကျုပ်အတွက် ရှေးဟောင်းနတ်ဆိုးကမ္ဘာကို ဖျက်ဆီးဖို့ထိတော့ မလုံလောက်ဘူးလေ "

ထျန်းမိုမှာ အချိန်အတန်ငယ်ကြာ စဥ်းစားနေပြီးမှနောက်မှ သက်ပြင်းရှည်ကြီးချ၍ ပြန်ပြောသည်။

" ကျုပ် အဲ့ဒါကို နားလည်ပါတယ် ။ တကယ်လို့... ကျုပ်ဘက်က အမွေအနှစ်တွေအားလုံးကို လိုလိုလားလား ပေးမယ်ဆိုရင်ရောဗျာ... "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" အဲ့လိုသာဆိုရင်တော့... ခင်ဗျားတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ကမ္ဘာသခင်ကြီးက ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့ အပြုမူတွေ မလုပ်လာမချင်း ၊ ကျုပ်ဘက်က ခင်ဗျားတို့ကမ္ဘာကို မဖျက်ဆီးဘူးလို့ ကတိပေးပါတယ် "

ထိုစကားကို ကြားပြီးမှသာ ထျန်းမိုတစ်ယောက်

စိတ်သက်သာရာ ရသွားဟန်တူကာ ပြန်ပြောသည်။

" သခင်လေးလိုလူက ကျုပ်ကို လိမ်မှာမဟုတ်ဘူးဆိုတာ ယုံပါတယ် "

ထို့သို့ပြောပြီးသည်နှင့် သူ အသံတိတ်သွား၏။

သို့သော်...

ဝုန်း...

တခဏအကြာမှာပင် နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူတစ်ခုလုံး ရုတ်တရက် စတင်တုန်ခါလာတော့သည်။

ကြောက်မက်ဖွယ် အရောင်အဝါတစ်ခုလည်း ရုတ်ချည်း ပေါက်ထွက်လာ၏။

" ဘာတွေ ဖြစ်နေတာလဲ "

အားလုံးလည်း ဝရုန်းသုန်းကား ဖြစ်ကုန်ကြတော့သည်။

ထိုစဥ်မှာပင်... နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူ အနက်ပိုင်းထဲမှ တောက်ပသော နတ်ဆိုးအလင်းတန်း

တစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။

ထိုနတ်ဆိုးအလင်းတန်းမှာ ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်တော့မလို ဖြစ်နေကာ မိုင်ထောင်ချီ အကွာအဝေးမှပင် ထင်ရှားစွာ မြင်နိုင်ပါသည်။

ထို့အပြင် ထိုအလင်းတန်းပေါ်၌ တာအိုအစွမ်း ထွင်းစာများလည်း ရောယှက်နေပြီး လူများမှာ ၎င်းကို တစ်ချက် ကြည့်လိုက်မိသည်နှင့် မလှုပ်ရှားနိုင် ဖြစ်ကုန်ကြ၏။

နောက်ဆုံးတွင််မူ လူတစ်ယောက် အသိဝင်လာကာ အထိတ်တလန့် အော်ပြောလိုက်သည်။

" အဲ့ဒါ.. ကောင်းကင်ဘုံနတ်ဆိုးအဆင့် အမွေအနှစ်လား.. ၊ ဟုတ်တယ်.. ကောင်းကင်ဘုံနတ်ဆိုးအဆင့် အမွေအနှစ်ပဲ "

" ဘယ်လို.. ကောင်းကင်ဘုံနတ်ဆိုးအဆင့် အမွေအနှစ်က တကယ်ကြီး ရှိတာလား "

" ငါက အဲ့ဒါကို ကောလဟလလို့ပဲ ထင်နေခဲ့တာ "

" ဒီကောင်က ကောင်းကင်ဘုံနတ်ဆိုးအဆင့် အမွေအနှစ်ကို တကယ်ကြီး ရသွားခဲ့တာပဲ "

ထိုတခဏ၌ အားလုံး လောထျန်းအား ထပ်ကြည့်လိုက်ကြသည်။

All Chapters