← Chapters

စိတ်မရှိပါနဲ့ဗျာ ၊ ကျုပ် မှားပြီး ထုတ်လိုက်မိတာ

Vol. 42 Ch. 578

စိတ်မရှိပါနဲ့ဗျာ ၊ ကျုပ် မှားပြီး ထုတ်လိုက်မိတာ

Vol. 42 Ch. 578

" မင်း.. ဘာပြောလိုက်တယ် "

အစပိုင်းတွင် စိတ်မရှည်ဟန် မျက်နှာထား ရှိနေခဲ့ကြသည့် အဘိုးအိုများမှာ ထိုစကားကို ကြားသည်နှင့် အံ့အားသင့်သွားပြီး ထိုင်ရာမှပင် ထရပ်မိလိုက်ကြသည်။

လူများစွာမှာလည်း အသက်ရှုမြန်သွားကြသဖြင့် သူတို့ကိုယ်မှ နတ်ဆိုးအစွမ်းများ ထွက်လာကာ ခန်းမကြီးတစ်ခုလုံးပင် တုန်ခါလာတော့သည်။

မိုယွမ်ရှောက်က ၎င်းကိုကြည့်ရင်း မျက်မှောင်အနည်းငယ်ကြုံ့၍ ပြောလိုက်၏။

" အားလုံး... အဲ့လောက်ကြီး စိတ်မလှုပ်ရှားကြပါနဲ့ "

အဘိုးအိုတစ်ယောက်က အံကြိတ်၍ ပြန်ပြောသည်။

" မိုယွမ်ရှောက် ၊ မင်းပြောတဲ့ အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်က တကယ်ကြီးလား ။ ငါတို့ကို လိမ်ပြောရဲရင်တော့.. တခြားသူတွေ ဘယ်လိုလဲ

မသိပေမယ့်.. ငါကတော့ မင်းရဲ့အိမ်တော်ကို ဖျက်ဆီးပစ်မှာနော် "

ကျန်လူများကလည်း မိုယွမ်ရှောက်အား အေးစက်စက်ကြည့်ကာ သူ့ထံမှ အဖြေကို စောင့်နေကြ၏။

မိုယွမ်ရှောက်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

" အားလုံး... စိတ်မပူကြပါနဲ့ ။ ကျုပ်ရဲ့ နာမည်ဂုဏ်သတင်း ဘယ်လောက်ကောင်းတယ်ဆိုတာ အားလုံးလဲ အသိပဲဗျာ "

အဘိုးအိုတစ်ယောက်က မျက်မှောင်ကြုံ့ရင်းပင် ပြောလာ၏။

" ကောင်းကင်မီးတောက် နတ်ဆိုးချောက်ထဲမှာ အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို မတွေ့ရတာ ကြာလှပြီလေ ။ မင်းက အဲ့ဒါကို ဘယ်ကနေ ရလာတာလဲ "

မိုယွမ်ရှောက် သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

" လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကမ္ဘာသခင်ကြီး ခိုင်းလို့ ကျုပ် ကောင်းကင်မီးတောက် နတ်ဆိုး

ချောက်ကို စုံစမ်းစစ်ဆေးဖို့ သွားခဲ့သေးတယ်ဗျ ။ အဲ့မှာ အဆင့် ၁၁ ကောင်းကင်မီးတောက် သားရဲနဲ့ အမှတ်မထင်တွေ့ခဲ့ရတာပဲ "

အဘိုးအိုက မိုယွမ်ရှောက်အား အေးစက်စက်ကြည့်ကာ ထပ်ပြော၏။

" မိုယွမ်ရှောက်... ငါ မင်းကို အထင်သေးတာတော့ မဟုတ်ပါဘူးကွာ ။ မင်းရဲ့ အစွမ်းက အဆင့်တူကျင့်ကြံသူ​တွေထဲမှာ တော်တော်ကောင်းတဲ့ထဲ ပါပါတယ်။ ဒါပေမယ့်.. အဆင့်၁၁ ကောင်းကင်မီးတောက်သားရဲနဲ့ တွေ့ရင်တော့ မင်း ယှဥ်နိုင်မှာ မဟုတ်ဘူး "

အနားမှ တစ်ယောက်ကလည်း သံယောင်လိုက်သည်။

" အမှန်ပဲ ၊ ငါတို့ကို အရူးလုပ်ဖို့ မစဥ်းစားနဲ့နော် "

မိုယွမ်ရှောက် ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။

" သခင်ကြီးယင်က တကယ်လဲ အသိပညာ ကြွယ်ဝတာပဲ ။ တကယ်လဲ ကျုပ် အဲ့နေ့က သားရဲကောင်ကြီးရဲ့ လက်ချက်နဲ့ သေရမလို ဖြစ်ခဲ့ရတာဗျ ။ ကျုပ်ရော ၊ တုချန်နဲ့ တခြားသူတွေရော အတူပေါင်းပြီး

တိုက်ခိုက်ကြတာတောင် ကျုပ်တို့ ဆိုးဆိုးဝါးဝါး ရှုံးခဲ့ရတုန်းပဲ "

အဘိုးအိုက မျက်မှောင်ကြုံ့ရင်း ဆက်မေးသည်။

" ဒါဆို အဲ့ အဆင့်၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ဘယ်လိုလုပ်ပြီး ရခဲ့တာလဲ "

မိုယွမ်ရှောင် အောင့်သက်သက်ပြုံးရင်း ပြန်ပြောလိုက်ရသည်။

" အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ရခဲ့တာ ကျုပ် မဟုတ်ဘူး... ။ တခြားသူတစ်ယောက်က ရခဲ့တာ "

" ဘယ်သူလဲ... ကမ္ဘာသခင်ကြီး ကိုယ်တိုင် တိုက်ခိုက်ခဲ့လို့များလား... "

တစ်ယောက်က အံ့သြတကြီး ပြောသည်။

" အင်း ကမ္ဘာသခင်ကြီးကိုယ်တိုင် ဝင်တိုက်ခိုက်ခဲ့တာ ဆိုရင်တော့ အဆင့် ၁၁ ကောင်းကင်မီးတောက်သားရဲက သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး "

လူများစွာပင် ထိုစကားကို သဘောတူစွာ ခေါင်းညိတ်

လိုက်ကြသည်။

သို့သော် မိုယွမ်ရှောက်က သက်ပြင်းချ၍ ပြောလာ၏။

" ကမ္ဘာသခင်ကြီး မဟုတ်ဘူးဗျ... "

" ဘယ်လို... ကမ္ဘာသခင်ကြီး မဟုတ်ဘူးလား ။ တခြား ဘယ်သူဖြစ်နိုင်လို့လဲ "

တစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

မိုယွမ်ရှောက်က မျက်မှောင်အနည်းငယ်ကြုံ့ရင်း ပြန်ပြော၏။

" ကျုပ်လဲ သူ ဘယ်သူဆိုတာ တိတိကျကျတော့ မသိဘူး ။ ဒါပေမယ့် သူက အင်မတန်အစွမ်းထက်တယ်။ သူက အဆင့် ၁၁ ကောင်းကင်မီးတောက် သားရဲကိုတောင် တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တာ "

" တစ်ချက်တည်းနဲ့ သတ်ခဲ့တာ... "

အားလုံး၏ အံ့အားသင့်နေသော အသံက ပြိုင်တူနီးပါး ထွက်လာသည်။

" အဆင့် ၁၁ ကောင်းကင်မီးတောက် သားရဲကို တစ်ချက်တည်းနဲ့ တကယ်ကြီး သတ်ခဲ့တာလား ။ ကမ္ဘာသခင်ကြီးကိုယ်တိုင် တိုက်ခိုက်ရင်တောင် အဲ့လိုမလုပ်နိုင်လောက်ဘူး ထင်တယ် "

" ဟုတ်တယ် ၊ ကမ္ဘာသခင်ကြီးရဲ့ အစွမ်းနဲ့ဆိုရင်တောင် အနည်းဆုံး သိုင်းကွက်ဆယ်ကွက်လောက် သုံးမှ အဲ့လိုအဆင့် သားရဲမျိုးကို သတ်နိုင်မှာ... ။ မိုယွမ်ရှောက်... မင်း ရတဲ့သတင်း မှားသွားတာများလား "

မိုယွမ်ရှောက်က ခေါင်းယမ်း၍ ပြန်ပြောသည်။

" မဟုတ်ဘူးဗျ ။ ကျုပ်ကိုယ်တိုင် မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာကို ဘယ်လိုလုပ် မှားနိုင်မှာလဲ ။ အဲ့လူက တကယ်ကို အစွမ်းထက်တာ "

ကျန်လူများ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။

" ကြည့်ရတာ ငါတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ ပုန်းနေတဲ့ ကျားတွေနဲ့ နဂါးတွေ အများကြီး ရှိတယ်နဲ့ တူတယ်.... "

အားလုံး ခေတ္တမျှ တိတ်သွားပြီးနောက် တစ်ယောက်က မေးလာ၏။

" အခု အဲ့သခင်ကြီးက ဘယ်မှာလဲ "

မိုယွမ်ရှောက်က ချက်ချင်းပင် ပြန်ဖြေသည်။

" သူ ကျုပ်ကို သတင်းပို့ထားတယ်ဗျ ၊ ဒီကို သိပ်မကြာခင် ရောက်လာတော့မှာ "

အဘိုးအိုများ ချက်ချင်း မျက်နှာထားတည်သွားကြသည်။

" ငါ အဲ့သခင်ကြီးနဲ့ တကယ်ကိုတွေ့ချင်တယ် "

တစ်ယောက်က ပြောလိုက်သည်။

ထိုစဥ် နတ်ဆိုးဥက္ကာခဲမြို့ အပြင်ဘက်၌....

ဝှစ်..

လောထျန်းတစ်ယောက် တည်နေရာရွှေ့ပြောင်းကာ မြို့တံခါးဝရှေ့ ရောက်လာ၏။

" ဒီတစ်ခေါက်တော့ လမ်းမှန်ပဲနဲ့တူတယ် "

သူ မြို့တံခါးကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာမူ လုံးဝ ဆွံ့အနေရှာ၏။

နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူသည် နတ်ဆိုးဥက္ကာခဲမြို့တော်နှင့် သိပ်မဝေးလှသဖြင့် ... လောထျန်းက တည်နေရာရွှေ့ပြောင်းခြင်း အစီအမံအား အသုံးမပြုခဲ့ပါ။

သူ တည်နေရာရွှေ့ပြောင်းနိုင်သည့် အကွာအဝေးကို ကြည့်ပြီး ပြောရလျှင်လည်း အချိန်တိုအတွင်း မြို့သို့ ရောက်လာသင့်ပါသည်။

သို့သော်... လောထျန်းက ထုံးစံအတိုင်း လမ်းပျောက်သွားခဲ့ပြန်ပါ၏။

ထို့ကြောင့် ခရီးတိုလေးကိုပင် သူ နေ့တစ်ဝက်ခန့် တည်နေရာရွှေ့ပြောင်းခဲ့ရသည်။

လမ်းတလျှောက်တွင်လည်း သူ ဂိုဏ်းကြီးလေးခုကို ဖျက်ဆီးခဲ့ပါသေး၏။

သို့သော် ၎င်းက လောထျန်း၏ အပြစ်ဟုလည်း မဆိုသာပါ...

မောက်မာရိုင်းပြခဲ့ကြသော ထိုဂိုဏ်းလေးခု၏ အပြစ်ပင်...

လောထျန်းက နေရာမှားပြီး တည်နေရာရွှေ့ပြောင်းကာ ဂိုဏ်းတစ်ခုအတွင်း ရောက်သွားခဲ့ပြီးနောက်.. ထိုသူများက လောထျန်းကိုသတ်ရန် ဆုံးဖြတ်ခဲ့ကြပါ၏။

သို့သော် ထိုအစား သူတို့အားလုံးသာ အသက်ပျောက်သွားခဲ့ရသည်။

မည်သို့ပင်ဆိုစေ ယခုတွင်မူ သူတို့ နတ်ဆိုးဥက္ကာခဲမြို့သို့ နောက်ဆုံး ရောက်လာခဲ့လေပြီ။

" အင်း... ဟိုလူရဲ့ အရောင်အဝါကို ခံစားလို့ရတယ် "

လောထျန်းမှာ မြို့ထဲရောက်သည်နှင့် မိုယွမ်ရှောက်၏ အရောင်အဝါကို ခံစားမိလိုက်သည်။

ထို့နောက်တွင်ကား သူ ခန်းမတစ်ခု၏ အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်းသွားလိုက်၏။

" သခင်ကြီး မိုယွမ်ရှောက် ၊ ကျုပ် ရောက်ပြီ "

သူ အသံကျယ်ဖြင့် အော်ပြောလိုက်သည်။

ထိုအချိန်တွင် မိုယွမ်ရှောက်မှာ ခန်းမတွင်း၌ အဘိုးအိုများနှင့် စကားပြောဆို ရယ်မောနေဆဲ ဖြစ်ပါသည်။

လောထျန်း၏ အသံကိုကြားသည်နှင့် မိုယွမ်ရှောက်တစ်ယောက် တစ်ကိုယ်လုံး တုန်သွား၏။

" အားလုံး... ဟို သခင်ကြီး ရောက်လာပြီ "

သူ တအံ့တသြ ပြောလိုက်သည်။

ကျန်အဘိုးအိုများကလည်း ထိုစကားကို ကြားသည်နှင့် ချက်ချင်း မျက်နှာတည်သွားကြကာ ထိုင်ရာမှ ထရပ်လိုက်ကြသည်။

ထို့နောက် အားလုံးပင် မိုယွမ်ရှောက်နှင့်အတူ ခန်းမ

အပြင်ဘက်သို့ လျှောက်သွားလိုက်ကြ၏။

" သခင်လေး လောထျန်း ရောက်လာပြီပဲဗျ "

မိုယွမ်ရှောက်က လောထျန်းရှေ့ ရောက်သည်နှင့် ဦးညွှတ် အရိုအသေပေးလိုက်သည်။

သို့သော်.. သူ့နောက်မှ လူများမှာမူ လောထျန်းကိုကြည့်ကာ အံ့သြမှင်သက်သွားကြ၏။

သူတို့အားလုံး သံသယမကင်းသည့် မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။

အဘိုးအိုတစ်ယောက်က ဦးစွာ စကားစလာ၏။

" မိုယွမ်ရှောက်. . မင်း ငါတို့ကို နောက်နေတာလား "

မိုယွမ်ရှောက်မှာလည်း ထိုစကားကြောင့် အံ့အားသင့်သွားပြီး ပြန်မေးလိုက်သည်။

" ဘာလို့ အဲ့လိုပြောရတာလဲ အကြီးအကဲ ၇ "

အကြီးအကဲ ၇ က ပြန်ပြောရန် ပြင်လိုက်စဥ်မှာပင် သူ့ဘေးမှ တစ်ယောက်က လက်ကာပြ၍ ဝင်ပြော၏။

" အကြီးအကဲ ၇ ၊ ဒီလူက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တမင်ဖုံးကွယ်ထားတာလား မသိဘူး "

အကြီးအကဲများမှာ ထိုစကားကြောင့် ရုတ်ချည်း အံ့အားသင့်ကုန်ကြသည်။

အကယ်၍ တဖက်လူကသာ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားပြီး ၊ ထိုသို့ ဖုံးကွယ်ထားသည်ကိုလည်း သူတို့ မမြင်နိုင်ပါက... ထိုသူမှာ အမှန်တကယ် ပြိုင်ဘက်ကင်း သခင်ကြီးတစ်ယောက် ဖြစ်နိုင်ပါသည်။

အကြီးအကဲ ၇က ထိုသို့တွေးကာ ရန်လုပ်ရန် ပြင်နေသည်ကို ချက်ချင်း ရပ်ပြီး ပြောလိုက်၏။

" သခင်ကြီး ၊ သခင်ကြီးက ဘယ်ကျင့်ကြံခြင်းအဆင့်ရှိလဲ ပြောပြပေးလို့ ရမလားဗျာ "

ထိုမေးခွန်းကို ကြားသော လောထျန်းက ဘာကိုမှ ဖုံးကွယ်မနေဘဲ ပြန်ပြောရှာသည်။

" ကျုပ်က မကြာခင်လေးကမှ ကွေ့ရှအဆင့်ကို ရောက်ထားတာ "

ထိုစကားဖြင့်ပင် အကြီးအကဲများစွာ၏ မျက်နှာများ ချက်ချင်း သုန်မှုန်သွားကြတော့သည်။

လောထျန်း ပြောသည့်အဆင့်က သူတို့ မြင်နေရသည်နှင့် ထပ်တူပါပင် ။

" မိုယွမ်ရှောက်.... "

အကြီးအကဲ ၇ က မိုယွမ်ရှောက်အား ဒေါသရောင်လက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

မိုယွမ်ရှောက်မှာလည်း ရှက်သွားဟန်တူကာ ပြန်ပြော၏။

" အကြီးအကဲ ၇ ၊ ခင်ဗျား ထင်သလို မဟုတ်ဘူးဗျ... "

တဖက်မှ အကြီးအကဲယင်ကလည်း မျက်နှာအိုဖြင့် ပြောလာသည်။

" ထားလိုက်ပါလေ... ။ မိုယွမ်ရှောက် ၊ မင်း အမှန်ကို မပြောချင်လဲ ငါ ဂရုမစိုက်ဘူးနော်။ ငါက ဒီနေ့ ဒီကို နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် တစ်မျိုးတည်းအတွက် လာခဲ့တာ ။ သူ့အစွမ်းက ဘယ်လိုရှိတယ်ဆို

တာလဲ ငါ စိတ်မဝင်စားဘူး ။ သူ့ဆီမှာ အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် တကယ် ရှိတယ်ဆိုရင်.. ငါ့ဘက်က ဘာမှ ပြောစရာမရှိဘူး "

" ဒါပေမယ့်... သူ့မှာ မရှိဘူးဆိုရင်တော့ သူက အသက်ငယ်ငယ် ကလေးပဲ ရှိသေးတာမို့ ငါ သူ့ကို ဘာမှပြောနေမှာ မဟုတ်ဘူးကွ။ ဒါပေမယ့်.. မင်းနဲ့တော့ စာရင်းရှင်းရလိမ့်မယ် ။ ပြီးတော့ မင်းတောင်းဆိုထားခဲ့တဲ့ နတ်ဆိုးဂူဝင်ခွင့်လဲ မရတော့ဘူး မှတ်ပါ။ ဒါတင်မကသေးဘူး ၊ ခုချိန်ကစပြီးတော့ မင်းနဲ့ ဆက်ဆံရေးကောင်းကောင်း ရှိထားတဲ့ ဘယ်သူမဆို နတ်ဆိုးဂူကို ဝင်ခွင့်မရတော့ဘူးဆိုတာ မှတ်ထားပါ "

ထိုစကားကို ကြားချိန်တွင်မူ မိုယွမ်ရှောက်၏ မျက်နှာထား အနည်းငယ် ပြောင်းသွားတော့သည်။

" သခင်ကြီးယင်... တကယ်ကို နားလည်မှု လွဲနေပါပြီဗျာ "

ထိုသို့ပြောပြီးသည်နှင့် သူ လောထျန်းဘက် လှည့်ကြည့်ကာ တောင်းပန်တိုးလျှိုးသည့် လေသံလေးဖြင့်

ပြောလိုက်သည်။

" သခင်လေးလောထျန်း ၊ သခင်လေးမှာရှိတဲ့ အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ဒီလူတွေအတွက် အရင်ထုတ်ပြပေးလို့ ရမလားဗျာ ။ မဟုတ်ရင် သူတို့တွေ စိတ်သက်သာကြမှာ မဟုတ်ဘူးဗျ "

လောထျန်း ခေါင်းညိတ်လိုက်၏။

" ပြဿနာမရှိပါဘူး.. "

သူ ပြောပြောဆိုဆိုပင် ဟင်းလင်းပြင်လက်စွပ်တစ်ကွင်းကို ထုတ်လိုက်သည်။

တဖက်မှ အဘိုးအိုများမှာလည်း လောထျန်းအား သုန်မှုန်နေသော မျက်နှာကိုယ်စီဖြင့် ကြည့်နေကြ၏။

အကယ်၍ လောထျန်းသာ အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကကို ထုတ်မပြနိုင်ပါက... သူတို့ မိုယွမ်ရှောက်အား ချက်ချင်း တိုက်ခိုက်မိကြမည် မလွဲချေ။

သို့သော် ထိုစဥ်မှာပင်...

ဝီ...

ပူလောင်လှသည့် အရောင်အဝါတစ်ခု ထွက်လာကာ လောထျန်းလက်ထဲတွင် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် တစ်ခု ပေါ်လာ၏။

အဘိုးအိုများ အားလုံးမှာ သူတို့၏ စိတ်ဝိဥာဥ်များ ချက်ချင်း အားပြည့်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။

သူတို့၏ မျက်လုံးအကြည့်ကလည်း လောထျန်းလက်ဆီသို့သာ ရောက်နေကာ အကြည့်မလွှဲနိုင်ကြချေ။

သို့သော် ထိုအချိန်မှာပင်...

" အိုး... စိတ်မရှိပါနဲ့ဗျာ ၊ ကျုပ် ထုတ်တာ မှားသွားတယ် ။ ဒါက အဆင့် ၁၂ ဗျ ။ အဆင့် ၁၁ က..... တွေ့ပြီ.. ဒီမှာ "

လောထျန်းက ပြောပြောဆိုဆိုပင် ဟင်းလင်းပြင်လက်စွပ်ထဲမှ အခြား နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်တစ်ခုနှင့် ပြန်လဲလိုက်ပါသည်။

All Chapters