ရူးချင်စရာ လေလံပွဲ
Vol. 42 Ch. 579
လောထျန်း ဤတစ်ကြိမ် ထုတ်လိုက်သည့် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်မှလည်း ကြောက်မက်ဖွယ်အစွမ်းကို ထုတ်လွှတ်နေဆဲ ဖြစ်ပါသည်။
သို့သော် ၎င်းက ပြီးခဲ့သည့် အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ် မီးတောက်နှင့် ယှဥ်လျှင်ကား များစွာပင် အစွမ်းပိုနိမ့်ပါသည်။
မိုယွမ်ရှောက် အပါအဝင် အဘိုးအိုများ အားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ကာ မှင်သက်နေကြတော့၏။
အချိန်အတန်ကြာသွားပြီးမှ အကြီးအကဲ ၇ က အသံတုန်တုန်ဖြင့် ပြောလာသည်။
" လူငယ်လေး... မင်း ခုနက ထုတ်လိုက်တာ ဘာကြီးလဲ "
လောထျန်း အံ့အားသင့်သွားကာ ပြန်ပြော၏။
" အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်လေ.. "
ဂလု...
အဘိုးအိုများ တံတွေးကိုယ်စီ မြိုချလိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင်လည်း လောဘရိပ်များ အထင်းသား...
အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်မှာ ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် ဒဏ္ဍာရီကျော် အရာတစ်ခု ဖြစ်ပါသည်။
ယနေ့ခေတ် ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင်ဆိုလျှင် ၎င်းအား တွေ့ဖူးသူ တစ်ယောက်မှပင် မရှိပါ။
ထို့ကြောင့်လည်း အဘိုးအိုများ၏ စိတ်ထဲတွင် ၎င်းကို လုယူရန်ပင် စဥ်းစားမိသွားကြ၏။
သို့သော် ထိုအဘိုးအိုများမှာ အတွေ့အကြုံ များကြသလို အသိပညာလည်း များသဖြင့် ထိုအတွေးကို ချိုးနှိမ်ထားလိုက်ကြပါသည်။
အကြောင်းရင်းမှာလည်း ရိုးရှင်းပါ၏။ လောထျန်းက အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကိုပင် ရ
ခဲ့သည်ဖြစ်ရာ သူ့အစွမ်းက မနိမ့်မှန်း သိသာသည် မဟုတ်ပါလား ။
" မိတ်ဆွေလေး လောထျန်း ၊ မင်းရဲ့ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ရောင်းပေးနိုင်မလား ကျုပ် သိချင်လို့ပါ "
အကြီးအကဲယင်က ရုတ်တရက် မေးလိုက်သည်။
ဝှစ်..
ကျန်လူများ အားလုံးကလည်း လောထျန်းအား ချက်ချင်း လှည့်ကြည့်လိုက်ကြ၏။
လောထျန်းမှာလည်း အားလုံးကိုကြည့်ကာ အံ့အားသင့်သွားရသည်။
" ခင်ဗျားတို့က အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ဝယ်မှာ မဟုတ်ဘူးလား "
အကြီးအကဲယင်က အိုးတို့အမ်းတမ်း အပြုံးဖြင့် ပြန်ပြော၏။
" ဒါပေါ့ဗျာ ၊ အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ကိုလဲ ဝယ်ချင်ပါတယ် ။ ဒါပေမယ့် အဆ
င့် ၁၂ မီးတောက်ဆို ပိုကောင်းမသွားဘူးလားဗျ ။ မိတ်ဆွေလေးသာ ရောင်းမယ်ဆို ကြိုက်တဲ့စျေးကို ပြောပါ ။ ကျုပ် လုံးဝ စျေးမဆစ်ပါဘူး "
သူ့စကား ဆုံးချိန်မှာပင် ဘေးမှ အကြီးအကဲ ၇ က နှာခေါင်းရှုံ့၍ ဝင်ပြောသည်။
" မိတ်ဆွေလေး.. အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ကျုပ်ကိုပဲ ရောင်းပါ ။ သူ ဘယ်လောက်ပဲ စျေးပေးပေး ၊ ကျုပ်က သူပေးတာထက် နှစ်ဆ ပိုပေးပါ့မယ် "
" မင်း... "
အကြီးအကဲယင် ချက်ချင်း ဒေါပွသွားသည်။
သို့သော် ထိုစဥ်မှာပင် အနားမှ တစ်ယောက်ကလည်း ကောက်ကျစ်သည့် အပြုံးဖြင့် ပြောလာ၏။
" မင်းက ကပ်စေးနည်းနေတုန်းပဲကိုး... ။ မိတ်ဆွေလေး ကျုပ်က နှစ်ဆထက်ကို ပိုပေးမှာနော် "
" ကျုပ်က သုံးဆပေးမယ် "
ရုတ်တရက်... အဘိုးအိုများကြားထဲ လေလံပွဲလေး
တစ်ခု ဖြစ်သွားတော့သည်။
လောထျန်းမှာ ထိုလူများကိုကြည့်ရင်း မျက်မှောင်ကြုံ့သွားပြီး မိုယွမ်ရှောက်ဘက် လှည့်ကြည့်လိုက်၏။
" ခင်ဗျားပြောတော့ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို လေလံတင်မှာဆို ။ အခု ဒီလူတွေက ဘာလို့ အလောတကြီး ဝယ်နေကြတာလဲ "
ထိုစကားကို ကြားသောအခါ အကြီးအကဲယင်က ဒေါသတကြီး အော်ပြောလာသည်။
" မိုယွမ်ရှောက် ၊ ဒီ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို လေလံတင်ချင်တယ်ဆို ဒီမှာပဲ ရောင်းနော်။ အပြင်မှာ ထုတ်ရောင်းလို့ကတော့ ငါ မင်းကို ဒီတိုင်းကြည့်နေမယ် မထင်နဲ့ "
ကျန်အကြီးအကဲများလည်း အသိဝင်လာကာ မိုယွမ်ရှောက်ကိုကြည့်၍ ပြောလိုက်ကြသည်။
" ကောင်လေး ၊ ဒီ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ငါတို့ စျေးကောင်းပေးပြီး ဝယ်နိုင်တယ် ။ ငါတို့ မွဲရင် မွဲသွားပလေ့စေကွာ... ဒီမှာပဲရောင်း ။ အဲ့လိုမဟုတ်ရင်တော့ ငါတို့ကို ရိုင်းတယ်ဆိုပြီး အဆိုးမဆိုနဲ့ "
သူတို့၏ ပြောစကားကြောင့် မိုယွမ်ရှောက်မှာလည်း မျက်နှာထားပြောင်းသွားသည်။
ယခုလို အခြေနေမျိုး ဖြစ်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပါချေ။
ထို့အပြင်... ထိုလူများအား ငြင်းဆန်ရန်လည်း သူ မဝံ့ရဲပါ ။
ထို့ကြောင့် သူ လောထျန်းကိုသာ ကူကယ်ရာမဲ့စွာ ကြည့်လိုက်ရသည်။
" သခင်လေး လောထျန်း ၊ သူတို့တွေ... ပြောသလို လုပ်လိုက်ရင်ရော ဘယ်လိုလဲဗျာ "
လောထျန်းက သူ့ကိုကြည့်ကာ အပြုံးဖြင့် ပြန်ပြော၏။
" ကျုပ်အတွက်က ဘယ်လိုဖြစ်ဖြစ် အရေးမကြီးပါဘူး ။ ပြီးသွားရင်သာ ကျုပ်ကို နတ်ဆိုးဂူ ဝင်ခွင့် လုပ်ပေးပါ "
သူ့စကားကြောင့် အကြီးအကဲ ၇ ၏ မျက်လုံးများ အရောင်လက်သွားပြီး ပြောလာသည်။
" နတ်ဆိုးဂူထဲ ဝင်ခွင့်လား... မိတ်ဆွေလေး လိုသလောက်ကို ကျုပ် ထုတ်ပေးနိုင်ပါတယ်။ တကယ်လို့သာ မိတ်ဆွေလေးက နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ကျုပ်ဆီ ရောင်းပေးမယ်ဆိုရင်.. နတ်ဆိုးဂူထဲ နေချင်ရင်တောင် နေလို့ရတယ် "
သူ့စကားဆုံးသည့် အချိိန်မှာပင် အကြီးအကဲယင်က ဒေါသတကြီး ဝင်ပြော၏။
" မင်းတစ်ယောက်ပဲ နတ်ဆိုးဂူထဲ ဝင်လို့ရတယ်လို့ ထင်နေတာလားကွ။ နတ်ဆိုးဂူထဲမှာ ငါ့ရာထူးက မင်းထက်တောင် မြင့်သေးတယ် "
ထိုသို့ပြောပြီးနောက် သူ လောထျန်းဘက် လှည့်ကြည့်ကာ ဆက်ပြောသည်။
" မိတ်ဆွေလေး... ကျုပ်ကိုသာ ဒီ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ရောင်းပေးရင်... မင်းအတွက် နတ်ဆိုးဂူထဲ ဝင်ခွင့် ပေးရုံတင်မကဘူး ၊ နတ်ဆိုးဂူကနေ အကောင်းဆုံး အရာတွေ ဘယ်လိုရအောင် လုပ်ရမလဲဆိုတာကိုပါ ပြောပြပေးမယ် "
ထိုစကားကို ကြားသောအခါ ဘေးမှ အခြားအကြီးအကဲများကလည်း တစ်ယောက်တစ်မျိုး
သံပြိုင်နီးပါး အော်ပြောလာကြ၏။
ထိုသူများမှာ တစ်ယောက်ကိုတစ်ယောက် အလျှော့ပေးလိုစိတ် လုံးဝ ရှိဟန်မတူဘဲ ... ဤနေရာ၌ တစ်ယောက်ကိုတစ်ယောက် သူသေကိုယ်သေ တိုက်ခိုက်ကြတော့မည့် အရိပ်အယောင်ပင် ပေါ်လာပါသည်။
လောထျန်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်သက်မိနေ၏။
သူ မိုယွမ်ရှောက်ဘက် လှည့်ကြည့်လိုက်သည်။
" ဒီလူတွေက... တကယ်ကြီးလား... "
မိုယွမ်ရှောက်က အောင့်သက်သက်အပြုံးဖြင့် ပြန်ပြောရှာသည်။
" အဲ့ဒီ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်က သူတို့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သခင်လေး မသိလို့ဗျ "
လောထျန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။
" အဲ့ဒါ ဘယ်လို အဓိပ္ပါယ်လဲဗျ ။ ဒီ မီးတောက်က စိတ်ဝိဥာဥ်အစွမ်းကို တိုးစေရုံအပြင် တခြား ဘယ်လိုအကျိုးရှိသေးလို့လဲ "
မိုယွမ်ရှောက် သက်ပြင်းချလိုက်၏။
" အခု ဒီလူတွေအားလုံးက ကျုပ်တို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ဘိုးဘေးတွေပဲဗျ ။ အရင်ခေတ်က သူတွေလို့ ပြောလို့ရတယ် "
" နောက်တစ်နည်း ပြောရရင်တော့ သူတို့သာ ကျင့်ကြံခြင်း အဆင့်မတက်ရင် သက်တမ်းက မကြာခင်ကုန်ကြတော့မှာဗျ ။ အဲ့တော့ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို သုံးပြီး စိတ်ဝိဥာဥ်အစွမ်းကို တိုးအောင်လုပ်မှပဲ သူတို့ရဲ့ သက်တမ်းကို ဆွဲဆန့်လို့ရမှာ "
" ဒါပေမယ့်.. သူတို့အတွက်က အဆင့် ၁၀ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်တောင် ဘာမှ အသုံးမဝင်ဘူး ။ အဆင့် ၁၁ နဲ့အထက် မီးတောက်ကပဲ သူတို့ကို အသက်ပိုရှည်အောင် လုပ်ပေးနိုင်မှာ "
" အဲ့တော့... ဒီလူတွေက နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ဝယ်တယ်ဆိုတာထက်.. သူတို့ရဲ့
အသက်ကို ဝယ်နေကြတယ်လို့ ပြောရင် ပိုမှန်မယ် "
မိုယွမ်ရှောက်၏ ရှင်းပြချက်ကို နားထောင်နေသော လောထျန်း၏ မျက်လုံးများ ရုတ်ချည်း အရောင်လက်သွားတော့၏။
" အဲ့လိုလား.... ဒါဆို ဒီလူတွေကို ငါလိုချင်တာ ခိုင်းလို့ရတာပေါ့ "
သူ တီးတိုးရေရွတ်လိုက်သည်။
" ဘာပြောလိုက်တာလဲ သခင်လေး "
မိုယွမ်ရှောက်က လောထျန်း ပြောသွားသည်ကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရသဖြင့် ပြန်မေးလာသည်။
လောထျန်း အိုးတို့အမ်းတမ်း အပြုံးဖြင့် ပြန်ပြောလိုက်ရ၏။
" ဘာမှ မဟုတ်ပါဘူးဗျာ "
ထို့နောက် သူ့ရှေ့မှ တိုက်ခိုက်လုဆဲဆဲ ဖြစ်နေကြသည့် အဘိုးအိုများဘက် လှည့်ကြည့်ကာ အော်ပြောလိုက်သည်။
" သခင်ကြီးတို့ ... ကျေးဇူးပြုပြီး ရပ်ကြပါ "
အဘိုးအိုများကလည်း လောထျန်းအော်သံကို ကြားသည်နှင့် ချက်ချင်း ရပ်လိုက်ကြ၏။
သူတို့ လောထျန်းထံမှ မျက်နှာသာရအောင် လုပ်ရမည် မဟုတ်ပါလား...
လောထျန်းက အပြုံးဖြင့် ပြောလိုက်သည်။
" အားလုံး... ကျုပ် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို အခု သခင်ကြီးတို့ရှေ့မှာပဲ လေလံတင်ဖို့ သဘောတူပါတယ် "
အားလုံးမှာ သူ့စကားကို ကြားသည်နှင့် အလွန်ပျော်ရွှင်သွားကြသည်။
လောထျန်းက စကားဆက်၏။
" ကဲ... ဒါဆို.. လေလံပွဲကို အခုပဲ စလိုက်ကြတာပေါ့ "
သူ ထိုသို့ပြောပြီးသည်နှင့် အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်အား ထပ်ထုတ်လိုက်သည်။
သူ့ရှေ့ရှိ အဘိုးအိုများ ချက်ချင်း မျက်လုံးပြူးကုန်ကြ၏။
" ခင်ဗျားတို့အားလုံး ဒါကို လိုချင်နေကြတာ မဟုတ်လား "
လောထျန်း မေးလိုက်သည်။
အဘိုးအိုများ ခေါင်းတဆတ်ဆတ် ညိတ်ပြကြ၏။
လောထျန်းက အပြုံးဖြင့် ဆက်ပြောသည်။
" ဒါဆို.. လေလံပွဲကို အခု စလိုက်မယ်ဗျာ ။ ဒါပေမယ့် ဒီလေလံပွဲမှာ စည်းကမ်းချက်တချို့တော့ ရှိတယ်နော် "
အကြီးအကဲယင် : " ကျေးဇူးပြုပြီး ပြောပါသခင်လေး "
လောထျန်း ခေါင်းညိတ်၍ စကားဆက်သည်။
" စည်းမျဥ်းက ရိုးရှင်းပါတယ် ။ ကျုပ်က မှော်လက်နက်တွေ ၊ မသေမျိုးလက်နက်တွေ ၊ မူလမသေမျိုးလက်နက်တွေနဲ့ သဘာဝရတနာတွေကိုပဲ လက်ခံမယ် ။ ပြီးတော့ ကျုပ် နောက်ဆုံးမှာ ဘယ်သူ့ကို
ရောင်းမယ် ဆိုတဲ့ဆုံးဖြတ်ချက်က စျေးအမြင့်ဆုံး ပေးတဲ့သူအပေါ် မမူတည်ဘူး ၊ ကျုပ် ဘယ်သူပေးတာကို ကြိုက်သလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်မယ် "
အဘိုးအိုများမှာ ထိုစကားကိုကြားပြီးနောက် .. တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြပြီးမှ တစ်ပြိုင်တည်းနီးပါး ခေါင်းညိတ်လိုက်ကြသည်။
" ကောင်းပါပြီ "
သူတို့ အသက်ရှင်နေထိုင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ရာ...
သူတို့ထံတွင် လောထျန်းပြောသွားခဲ့သည့် ပစ္စည်းများ များစွာပင် ရှိပါသည်။
လောထျန်းက ခေါင်းညိတ်ရင်း ဆက်ပြော၏။
" ကဲ... ဒါဆို အခု လေလံပွဲကို အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်နဲ့ စလိုက်မယ်ဗျာ ။ အားလုံး... ကိုယ်ပေးမယ့် စျေးကို ပြောလို့ရပါပြီ "
လောထျန်းက ပြောပြောဆိုဆိုပင် အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်အား လက်တစ်ဖက်ဖြ
င့် ကိုင်မြှောက်လိုက်သည်။
တဖက်မှ အဘိုးအိုများမှာ ၎င်းကိုမြင်သောအခါ အံ့အားသင့်သွားကြပြန်၏။
မျှော်လင့်မထားစွာပင် လောထျန်းက လေလံပွဲကို အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်နဲ့ စမယ်တဲ့လား...
" ကျုပ်ရဲ့ မှော်လက်နက်ကို သခင်လေးကို ပြမယ် "
အဘိုးအိုတစ်ယောက်က ဦးစွာ စကားစလာကာ လက်ယမ်းလိုက်သည်။ သူ့လက်ထဲတွင် မသေမျိုးလက်နက်တစ်ခု ရုတ်ချည်း ပေါ်လာ၏။
ထိုလက်နက်မှာ ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ၎င်းအပေါ်တွင်လည်း မသေမျိုးအရောင်အဝါများ အဆုံးမဲ့ ရှိနေကာ အလွန်ထူးခြားသော မသေမျိုးလက်နက်တစ်ခုဟု ပြော၍ရပါသည်။
သို့သော် အကြီးအကဲ ၇ က ၎င်းကိုကြည့်ကာ နှုတ်ခမ်းမဲ့ရင်း ပြောလာ၏။
" အကြီးအကဲဟွမ် ၊ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို
ဒီအမှိုက်နဲ့ ဝယ်မယ်ပေါ့လေ ။ မိတ်ဆွေလေးလောထျန်း ၊ ကျုပ် မင်းကို မသေမျိုးလက်နက် ငါးခု နဲ့ ၊ တားမြစ် မသေမျိုးလက်နက် ဆယ့်နှစ်ခု ပေးပါ့မယ် "
" မင်း... "
အကြီးအကဲဟွမ်၏ မျက်လုံးထဲတွင် ဒေါသငွေ့များ ဖျတ်ခနဲ လက်သွားသည်။
အကြီးအကဲ ၇ က တခဏအတွင်း စျေးကို ဤမျှ မြင့်ပစ်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ ။
သို့သော်.. မျှော်လင့်မထားစွာပင် သူ့ဘေးမှ အကြီးအကဲယင်က အထင်သေးသည့် မျက်နှာထားဖြင့် ပြောလာသည်။
" မင်းကိုကြည့်ရတာ တော်တော်မွဲတဲ့ပုံပဲ ။ ဒါ မင်းတတ်နိုင်တာ အကုန်ပဲလား "
အကြီးအကဲယင်က ထိုသို့ပြောပြီး လောထျန်းအား မျက်နှာတည်ဖြင့် ကြည့်လိုက်၏။
" မိတ်ဆွေလေး ၊ ကျုပ်က မင်းကို မူလမသေမျိုးလက်နက်တစ်ခု ပေးပါ့မယ် "