← Chapters

နတ်ဆိုးမှတ်တမ်း အပိုင်းတွေလား... စိတ်မဝင်စားဘူး

Vol. 42 Ch. 581

နတ်ဆိုးမှတ်တမ်း အပိုင်းတွေလား... စိတ်မဝင်စားဘူး

Vol. 42 Ch. 581

ထိုစကားကို ကြားသည်နှင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

ပထမ အဘိုးအိုက ချီဖုန်းအား ဒေါသတကြီးဖြင့် လက်ညိုးငေါက်ငေါက်ထိုး၍ ပြော၏။

" ချူဖုန်း ၊ ဘာတွေ ပြောနေတာလဲ ။ မြေကမ္ဘာနတ်ဆိုးဆေးက ဆက်မထွက်တော့တာ ကြာပြီလေ... အခု ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ "

ကျန်လူများကလည်း သူ့အား အေးစက်စက်ကြည့်လိုက်ကြသည်။

ချူဖုန်းက လှောင်ပြုံးဖြင့် ပြန်ပြော၏။

" သခင်ကြီး ဒန် အပေါ်ကမ္ဘာကို တက်သွားကတည်းက ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ မြေကမ္ဘာနတ်ဆိုး ဆေးလုံးတွေ မရှိတော့တာ မှန်ပါတယ်။ ဒါပေမယ့်.. ဒီဆေးကို ကျုပ်တို့ရှေးဟောင်းနတ်ဆိုး

ကမ္ဘာမှာ လုပ်ထားတာလို့ ဘယ်သူက ပြောလို့လဲ "

သူ့စကားကြောင့် အားလုံး အံ့သြတုန်လှုပ်သွားဟန်တူကာ မေးလာကြသည်။

" မဟုတ်မှလွဲရော.... "

ချူဖုန်း ခေါင်းညိတ်ပြ၏။

" အမှန်ပဲ ၊ ဒီဆေးက အပေါ်ကမ္ဘာကနေ လာခဲ့တာ ။ ဒီဆေး ကျုပ်လက်ထဲရောက်ဖို့ အချိန်တွေအများကြီး ယူခဲ့ရတာဗျ "

" အစကတော့ ကျုပ်က.. ကျုပ်သေသွားရင် ကျုပ်မိသားစုမှာ ဆက်ခံသူ မရှိမှာစိုးလို့ .. ကျုပ်မိသားစုမျိုးဆက်ရှည်အောင် အငယ်တစ်ယောက်ယောက်ကို ပေးထားခဲ့မလို့ပဲ "

" ဒါပေမယ့်. .. အခု အဲ့လိုလုပ်ဖို့ မလိုတော့ဘူးလေ။ ကျုပ် အသက်ကို ဆွဲဆန့်နိုင်ရင် မိသားစုအတွက်လဲ ပိုဘေးကင်းတာပေါ့ "

ကျန်လူများမှာ သူ့စကားကို နားထောင်ပြီး မျက်နှာများ ဖြူရော်သွားကြသလို ဒေါသလည်း

ထွက်သွားကြတော့သည်။

ထိုစဥ် လောထျန်းက တအံ့တသြ မေးလာ၏။

" မြေကမ္ဘာနတ်ဆိုးဆေးလုံးဆိုတာ ဘာလဲဗျ "

အားလုံးမှာ လောထျန်းကိုကြည့်ရင်း အနည်းငယ် အံ့အားသင့်ကုန်ကြသည်။

မိုယွမ်ရှောက်က ရှင်းပြ၏။

" သခင်လေးလောထျန်း ၊ ဒီ မြေကမ္ဘာနတ်ဆိုး ဆေးလုံးဆိုတာ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ အဖိုးတန်ဆုံး ဆေးတစ်မျိုး ဖြစ်ခဲ့ဖူးတယ်ဗျ ။ အဲ့ဆေးကိုလုပ်ဖို့ ပါဝင်ပစ္စည်းတွေကို ရှာဖို့အင်မတန်ခက်တဲ့အပြင် ၊ ဆေးကို သန့်စင်ဖို့လဲ အင်မတန်ခက်တာ "

" ဘယ်လိုပဲဖြစ်ဖြစ်.... အဖိုးတန်ဆုံးကတော့ အဲ့ဆေးရဲ့ အကျိုးကျေးဇူးပဲဗျ ။ အဲ့ဆေးကို သောက်လိုက်တာနဲ့ သောက်တဲ့သူက အဆင့်မြင့် မြေကမ္ဘာနတ်ဆိုး ခန္ဓာကိုယ်ကို ချက်ချင်း ပိုင်ဆိုင်နိုင်တယ်။ သဘောကတော့.. အဲ့လူရဲ့ ခန္ဓာကိုယ် တိုက်ခိုက်စွမ်းရည်က မြေကမ္ဘာနတ်ဆိုးတစ်ယောက်နဲ့ ယှဥ်နိုင်သွား

ပြီဆိုတဲ့ အဓိပ္ပါယ်ပဲ "

ထိုစကားကို ​ကြားပြီးနောက် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။

ဤ ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် အစွမ်းထက်ဆုံး တိုက်ခိုက်ရေးအင်အားစုမှာ နတ်ဆိုး၏အဆင့်သို့ ရောက်ထားသည့် နတ်ဆိုးဖြစ်ကြောင်း သူ သိထားပါ၏။

နတ်ဆိုးအဆင့်နှင့် နတ်ဆိုးခန္ဓာကိုယ်တို့မှာ တူမယောင်နှင့် မတူပါချေ ။

ပထမတစ်ခုမှာ ကျင့်ကြံခြင်းအဆင့်ကို ဆိုလိုခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ ခန္ဓာကိုယ်အစွမ်းကို ပြောလိုခြင်းပင် ။

သို့သော် .. ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ကျင့်ကြံခြင်းလမ်းစဥ်မှာ ထူးခြားသည်ဟု ပြော၍ရပါသည်။

ပုံမှန်ဆိုလျှင်... လူတစ်ယောက်သည် နတ်ဆိုး ခန္ဓာကိုယ်ရအောင် မကျင့်ကြံနိုင်ပါက နတ်ဆိုးအဆ

င့်သို့ မရောက်နိုင်ပါ။

မြေကမ္ဘာနတ်ဆိုးအဆင့်မှာလည်း ထိုသို့ပင်.. ။ မြေကမ္ဘာနတ်ဆိုးအဆင့်သို့ ရောက်လိုပါက မြေကမ္ဘာနတ်ဆိုး ခန္ဓာကိုယ်ကိုရအောင် ဦးစွာ ကျင့်ကြံရမည်ဖြစ်၏။

ထို့ကြောင့်လည်း ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ သာမာန်လူများဆိုလျှင် ထိုနှစ်ခုကြား ကွာခြားချက်ကို ကွဲကွဲပြားပြား မသိကြပေ။

သို့သော်... သူတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် ရှေးခေတ်မှစ၍ ယနေ့ထိ နတ်ဆိုးခန္ဓာကိုယ်ကို ကျင့်ကြံနိုင်သူ အနည်းငယ်လေးမျှသာ ရှိခဲ့ပါသည်။

အများစုမှာ မြေကမ္ဘာနတ်ဆိုး ခန္ဓာကိုယ်အထိသာ အလွန်ဆုံး ကျင့်ကြံနိုင်ကြပါ၏။

ထို့ကြောင့်... ပြည့်စုံသည့် မြေကမ္ဘာနတ်ဆိုး ခန္ဓာကိုယ်သည်ပင် ရှေးဟောင်းနတ်ဆိုးကမ္ဘာ၌ အစွမ်းအထက်ဆုံးအဖြစ် သတ်မှတ်ခံရသည်သာ များပါသည်။

ယခု... ထိုသို့သော အစွမ်းထက် ကျင့်ကြံသူမျိုးကို ဆေးတစ်လုံးတည်းဖြင့် ဖန်တီးနိုင်တော့မည်ဖြစ်ရာ လောထျန်း စိတ်မလှုပ်ရှားဘဲ မည်သို့ နေပါမည်နည်း။

" ဒါကို ယူသွားပြီးတော့သာ ငါ့မိသားစုထဲက လူတွေကို ပေးလိုက်ရင်.. ပျောင်ပိုင်မြို့ရဲ့ တိုက်ခိုက်ရေးအင်အားက တကယ်ကို တိုးလာမှာပဲ "

လောထျန်း တွေးလိုက်သည်။

တဖက်မှ ချူဖုန်းက ဘေးမှ လူများကိုကြည့်ကာ ပြော၏။

" ကဲ... ဒီ့ထက်ပိုကောင်းတဲ့ ရတနာမျိုး ထုတ်ပေးနိုင်တဲ့သူ ဘယ်သူရှိလဲ ။ မရှိလို့ကတော့ ကျုပ် နိုင်ပြီနော် "

ကျန်လူများမှာ တိတ်တဆိတ်သာ အံကြိတ်လိုက်ကြရတော့သည်။ အချို့မှာ မကျေမနပ် ဖြစ်နေကြဟန် တူသည့်တိုင် ဘာမှလည်း မတတ်နိုင်ပါချေ။

ဤသို့ဖြင့် ယခုတစ်ကြိမ် လေလံကို ချူဖုန်း အနိုင်ရသွားခဲ့တော့၏။

သူက မြေကမ္ဘာနတ်ဆိုးဆေးလုံးအား သေချာ ဂရုတစိုက်ထုတ်၍ လောထျန်းကို ပေးလိုက်သည်။

လောထျန်း ထိုဆေးကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ၎င်းက အမှန်အကန်ဖြစ်ကြောင်း သိလိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ဆေးမှ ထွက်နေသည့် အရောင်အဝါက လူများကို မလှည့်စားနိုင်သောကြောင့်ပင် ။

ထို့နောက်တွင် သူ့လက်ထဲမှ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို တဖက်လူအား ပေးလိုက်၏။

မီးတောက်အား လက်ခံပြီးသည်နှင့် ချူဖုန်း၏ မျက်နှာပေါ်တွင် အလွန်အမင်း ဝမ်းသာကျေနပ်သွားဟန် အထင်းသား ပေါ်လာတော့သည်။

ယခု အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကိုသာ သန့်စင်ပြီးသွားပါက.. သူ့ စိတ်ဝိဥာဥ်အစွမ်း ပိုတိုးသွားမည့်အပြင်.. သူ့သက်တမ်းမှာလည်း အနည်းဆုံး နှစ်တစ်သောင်း ပိုရှည်သွားမည် ဖြစ်

ပါသည်။

" သခင်လေးလောထျန်း ၊ သခင်လေးဆီမှာ နောက်ထပ် အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်များ ကျန်ဦးမလား သိချင်ပါတယ် "

ထိုစဥ် အကြီးအကဲ၇ က အပြစ်မကင်းသလို ခံစားနေရဟန်ဖြင့် အံကြိတ်၍ မေးလာသည်။

ထိုတခဏ၌ သူ လောထျန်းအား ခေါ်သည့်အခေါ်သည်ပင် ယခင်.. မိတ်ဆွေလေးအဖြစ်မှ.. သခင်လေးဟု ပြောင်းသွားပါ၏။

အခြားသူများမှာလည်း သူ့နည်းတူပင် လောထျန်းအား မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

လောထျန်းကလည်း သူတို့အား စိတ်မပျက်စေခဲ့ပါ ...

" နောက်ဆုံးတစ်ခု ကျန်သေးတယ်ဗျ "

လောထျန်းက ပြောပြောဆိုဆိုပင် နောက်ထပ် အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ထပ်ထုတ်လိုက်သည်။

တဖက်မှ အဘိုးအိုတစ်စု၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြပြန်၏။

အထူးသဖြင့် လောထျန်းက ၎င်းအား နောက်ဆုံးတစ်ခုဟု ပြောလာပေရာ သူတို့အားလုံး စိတ်လှုပ်ရှားပြီး ၎င်းကိ မရမရအောင် ယူရန်လည်း ကြိတ်ဆုံးဖြတ်လိုက်ကြသည်။

" သခင်လေး လောထျန်း ၊ ကျုပ်တို့ဂိုဏ်းရဲ့ အမွေအနှစ်တစ်ဝက်ကို ပေးပါမယ် "

အဘိုးအိုတစ်ယောက်က ဦးစွာစကားစလာသည်။

သူ့ဂိုဏ်း၏ ပိုင်ဆိုင်မှုတစ်ဝက်ကို ပေးလိုက်သည့်အတွက်လည်း သူ့စိတ်ရင်းကို ပြသရန် လုံလောက်သည်ဟု သူ တွေးထားပါ၏။

သို့သော် .. လောထျန်းက မျက်မှောင်ကြုံ့သွားသည်။

ထိုအဘိုးအိုမှာ မိုယွမ်ရှောက်က တကူးတက ဖိတ်ခေါ်ထားသူ ဖြစ်သဖြင့် အင်အားကြီးသူ တစ်ယောက်ဖြစ်

ပြီး သူ့ပိုင်ဆိုင်မှုများကလည်း အလွန်အဖိုးတန်မည်ဖြစ်ကြောင်း လောထျန်း သိပါသည်။

သို့သော်... ထိုသူ၏ ပိုင်ဆိုင်မှု တစ်ဝက်ကျော်မှာ မြေနေရာ အဆောက်အဦးများ ဖြစ်မည် မဟုတ်ပါလား...

သူသည် ဤရှေးဟောင်းနတ်ဆိုးကမ္ဘာမှ မဟုတ်သလို.. သူနှင့်အတူ ဖျက်ဆီးရေးအဖွဲ့ကိုလည်း မခေါ်လာမိရာ.. ထိုအဆောက်အဦးများက သူ့အတွက် ဘာမှ အသုံးမဝင်ပါချေ။

ထို့ကြောင့် သူ ချောင်းဟန့်ပြီး ပြန်ပြောလိုက်၏။

" ကျုပ်က ဘယ်ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုကိုမှ မလိုချင်ပါဘူး ။ အလွယ်သယ်လို့ရတဲ့ ပစ္စည်းတို့ ၊ တခြားအဖိုးတန်လက်နက်တို့တွေပဲ ပိုကောင်းပါတယ် "

သူ့စကားကြောင့် တဖက်အဘိုးအို၏ မျက်နှာကြီး ချက်ချင်း သုန်မှုန်သွားတော့သည်။

သို့သော် ထိုစဥ်မှာပင် အခြားအဘိုးအိုတစ်ယောက်က အံကြိတ်၍ ပြောလာ၏။

" သခင်လေး လောထျန်း ၊ ကျုပ်... ရှေးဟောင်းနတ်ဆိုးမှတ်တမ်း အစိတ်အပိုင်းတစ်ခု ပေးပါ့မယ် "

သူ့စကား ဆုံးသည်နှင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။

" မြဲ့ချန် ၊ မင်းဆီမှာ ရှေးဟောင်းနတ်ဆိုးမှတ်တမ်း အစိတ်အပိုင်း တကယ်ကြီး ရှိတာလား "

အဘိုးအိုတစ်ယောက်က တုန်လှုပ်စွာ မေးလာ၏။

" မြဲ့ချန် ၊ မင်းက ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်ခဲ့တာပဲကွ "

အခြားတစ်ယောက်ကလည်း မျက်မှောင်ကြုံ့ရင်း ဆိုသည်။

" ဟားဟား.. မြဲ့ချန် ၊ ကမ္ဘာသခင်ကြီးက အဲ့ဒီ ရှေးဟောင်းနတ်ဆိုးမှတ်တမ်း အစိတ်အပိုင်းတွေကို ရှာနေတာ နှစ်တစ်သောင်းကျော် ရှိနေတာတောင် မင်းက ဘာတစ်ခွန်းမှ မဟခဲ့ဘူးနော် ။ ဒါနဲ့များ.. အခု လိုလိုလားလားကြီး ထုတ်ပေးတော့မယ်ပေါ့ "

မြဲ့ချန်၏ မျက်နှာ သွေးဆုတ်ဖြူရော်သွားကာ အေးစက်စက် ပြန်ပြောလိုက်သည်။

" အဲ့ဒါ မင်းတို့တွေနဲ့ ဘာမှမဆိုင်ပါဘူး ။ အဲ့မှတ်တမ်းအပိုင်းအစကို ရှာတွေ့ခဲ့တဲ့သူက ငါလေ ၊ အဲ့တော့.. ဒါကို ဘယ်လိုသုံးမယ်ဆိုတာ ငါ့စိတ်ကြိုက် ဆုံးဖြတ်ခွင့်ရှိတယ် "

လူအချို့မှာ အေးစက်စက် နှာခေါင်းရှုံ့လိုက်ကြသော်လည်း.. မည်သို့မှ ဆက်မပြောကြတော့ပါ ။

ထို့နောက်တွင် မြဲ့ချန်က လောထျန်းကိုကြည့်ကာ ပြော၏။

" သခင်လေး လောထျန်း ၊ ကျေးဇူးပြုပြီးတော့ အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ကျုပ်ကို ပေးပါ ။ ကျုပ် မှတ်တမ်းအပိုင်းအစအပြင်... တခြားဟာတွေလဲ ပေးပါ့မယ် "

သို့သော် လောထျန်းကမူ သူ့အား မျက်မှောင်ကြုံ့၍ ပြန်မေးလာသည်။

" ဘာဖြစ်လို့ ပေးရမှာလဲ .... "

" အင်... "

မြဲ့ချန်တစ်ယောက် အံ့သြမှင်သက်သွားရပါ၏။

" ကျုပ် နိုင်သွားပြီ မဟုတ်ဘူးလားဗျ ။ ဒီ ရှေးဟောင်းနတ်ဆိုးမှတ်တမ်း အပိုင်းအစလေးထက် ပိုအဖိုးတန်တဲ့ဟာ ဘယ်သူ ပေးနိုင်လို့လဲ "

လောထျန်းက နှာခေါင်းနှိုက်ရင်း ပြန်ပြောသည်။

" ကျုပ်က အဲ့မှတ်တမ်းကျောက်ပြားကို ဘာလို့ လိုမှာလဲ ။ အပိုင်းအစလေးဆို ပိုတောင်ဆိုးသေး.. "

မြဲ့ချန်မှာ သူ့စကားကြောင့် လန့်သွားဟန်ဖြင့် စိုးရိမ်တကြီး ပြန်ပြော၏။

" ဒါ... ရှေးဟောင်းနတ်ဆိုးမှတ်တမ်း အပိုင်းအစလေဗျာ... အဖိုးမဖြတ်နိုင်လောက်အောင်ကို တန်ဖိုးရှိတယ်။ အပိုင်းအစလေးတစ်ခု ဆိုပေမယ့် အဲ့ထဲမှာ ရှေးဟောင်းနတ်ဆိုး ဘိုးဘေးတွေရဲ့ အမွေအနှစ်တွေ ပါတယ်ဗျ "

လောထျန်း ခေါင်းယမ်း၍ ပြောလိုက်သည်။

" အမွေအနှစ် လား... ကျုပ် မလိုချင်ဘူး ။ တကယ် မလိုချင်ဘူးဗျာ... တခြားတစ်ခုခုပဲ ပေးပါ "

ထို အမွေအနှစ် ဆိုသောအရာက အဖိုးတန်ကောင်း တန်နိုင်သော်လည်း ... အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်

မီးတောက်နှင့် လဲလှယ်ရန် လုံလောက်သည်ဟုမူ သူ မထင်ပါ ။

မည်သည့် အမွေအနှစ် ပစ္စည်းကမှ သူ၏ ကောင်းကင်ဘုံသိုင်းကျမ်းလောက် အဖိုးမတန်နိုင်ဘူး မဟုတ်ပါလား ။

မြဲ့ချန်မှာမူ ထိုတခဏ၌ မျက်နှာကြီး သွေးဆုတ်ဖြူရော်သွားတော့သည်။

ရှေးဟောင်းနတ်ဆိုးမှတ်တမ်းအား စိတ်မဝင်စားသူ လူမျိုး အမှန်တကယ် ရှိနေမည်ဟု သူ လုံးဝ ထင်မထားခဲ့ပါချေ။

ထိုစဥ် တဖက်မှ အကြီးအကဲ ၇ က ရုတ်တရက် ပြောလာ၏။

" သခင်လေး လောထျန်း ၊ ကျုပ်က တားမြစ်မှော်လက်နက် ဆယ်ခုနဲ့ ကြယ်စင်သန့်စင်မြေပုံကို ပေးပါ့မယ် "

သူ့စကားဆုံးသည်နှင့် လောထျန်း ဘာမှ ပြန်မပြောရသေးမှီ.. ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ စကားသံက

လောထျန်းနားထဲ ရောက်လာသည်။

" လောထျန်း ၊ သူ့ကို သဘောတူလိုက် "

" ဟင်.. အဲ့ဒီ ကြယ်စင်သန့်စင်မြေပုံက ဘာလဲ "

လောထျန်း သိချင်စိတ် ဖြစ်သွားသည်။

" အဲ့ဒါ ကြယ်စင်သန့်စင်ကမ္ဘာကို ဝင်နိုင်တဲ့ အဓိကသော့ချက်ပဲကွ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံမှာ စိတ်လှုပ်ရှားနေဟန် အထင်းသား...

All Chapters