မထိန်းနိုင်ဘဲ နောက်တစ်ဆင့် တက်သွားတာ
Vol. 42 Ch. 584
" ပြီးတော့ ဒီနတ်ဆိုးဂူထဲမှာ နတ်ဆိုးစွမ်းအင် လှိုင်းလုံးတွေအပြင် နတ်ဆိုးလမ်းစဥ်အစစ်လဲ ရှိသေးတယ် "
ဟူဒဟူက ဆက်ပြောသည်။
" အဲ့ဒါ ဘာလဲ "
လောထျန်း ပိုနားရှုပ်သွား၏။
ဟူဒဟူက လောထျန်းကိုကြည့်ကာ ရယ်ရင်း စနောက်လိုဟန်ဖြင့် ပြောသည်။
" ကျုပ်တော့ အကိုကြီးကို ပိုပိုပြီး လေးစားလာပြီဗျာ "
သို့သော် သူ သေချာဆက်ရှင်းပြပါသည်။
" အဲ့ဒါကို ဒီနတ်ဆိုးဂူရဲ့ ထူးခြားတဲ့ တာအိုသံစဥ်လို့ နားလည်ထားရင်ရပြီ။ ပုံမှန်တော့ ဒီ နတ်ဆိုးဂူကို မတူတဲ့ နတ်ဆိုးလမ်းစဥ်အစစ် အစွမ်းတွေပေါ် မူတည်ပြီး နေရာငါးခု ခွဲထားတယ်ဗျ "
ထို့နောက် သူ ရှေ့သို့ လက်ညိုးညွှန်ပြကာ ဆက်ပြော၏။
" အဲ့ထဲမှာ နံပါတ်ငါး နေရာက နတ်ဆိုးအစွမ်းတွေ အနည်းဆုံးနဲ့ နတ်ဆိုးစွမ်းအင်လှိုင်းလုံးတွေကို စုပ်ယူလို့ရတဲ့နှုန်းကလဲ အနှေးဆုံးပေါ့ ။ နံပါတ်တစ်ကတော့ သူနဲ့ဆန့်ကျင်ဘက် နတ်ဆိုးအစွမ်းတွေ အများဆုံး ဖြစ်သလို နတ်ဆိုးစွမ်းအင်လှိုင်းလုံးတွေ စုပ်ယူလို့ရတဲ့ အမြန်နှုန်းကလဲ အကောင်းဆုံးပဲ "
" ဒါပေမယ့်.. ဒါက အခြေခံသဘောတရားပဲ ဖြစ်တာမို့ လုံးဝကြီးတော့လဲ မမှန်ပြန်ဘူး "
" ဆက်ပြောပြပါဦး "
လောထျန်း စိတ်ဝင်တစား ဆက်မေးလိုက်သည်။
ဟူဒဟူက စကားဆက်၏။
" အဲ့ဒါက ရှင်းရှင်းလေးပါ.. ဒီမှာ အဲ့နေရာ ငါးခုအပြင်ကို တခြားနေရာတွေလဲ ရှိသေးတယ်ဗျ။ ဥပမာပြောရရင် ကျုပ်တို့ အခုရောက်နေတဲ့နေရာက နံပါတ်ငါးနေရာထက်တောင် ပိုအစွမ်းနိမ့်ပြီးတော့ နတ်ဆိုးဂူရဲ့ အပြင်ဘက် အစွန်ဆုံးအပိုင်းလို့ ပြောလို့ရတယ် ။ ပြီးတော့.. နံပါတ်တစ်နေရာရဲ့ အထက်မှာ
လဲ အဲ့ထက်ပိုကြီးတဲ့ နေရာတစ်ခု ရှိသေးတယ်ဗျ "
" ဒါပေမယ့်.. အဲ့နေရာက နတ်ဆိုးလမ်းစဥ်အစစ်က ကြောက်စရာကောင်းလွန်းတာမို့ သာမာန်လူတွေသာ အဲ့ကိုဝင်လိုက်ရင် နတ်ဆိုးအစွမ်းလှိုင်းလုံးတွေကြောင့် လွင့်ထွက်သွားနိုင်တယ်။ ဒါ့ကြောင့်မို့လဲ အဲ့နေရာကို တားမြစ်နယ်မြေလို့ ခေါ်တာ "
" အဲ့ တားမြစ်နယ်မြေထဲကို ဝင်လိုက်တာမဲ့ သေဖို့က လုံးဝ သေချာသလောက်ပဲ။ ကျုပ် သိသလောက်တော့ ကမ္ဘာသခင်ကြီးလို လူနည်းနည်းလေးကသာ အဲ့နေရာထဲ ခြေချဖူးကြတာ ။ ဒါပေမယ့် ကမ္ဘာသခင်ကြီးတောင် အဲ့နေရာမှာ ဆယ့်ငါးမိနစ်လောက်ပဲ နေပြီး နောက်ပြန်ဆုတ်ခဲ့ရတာဗျ "
သူ ထိုသို့ပြောပြီးနောက် လောထျန်းအား မျက်နှာတည်ဖြင့် လှမ်းကြည့်လိုက်၏။
" အကိုကြီး ၊ အဲ့နေရာတွေက ကျုပ်တို့နဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူးဗျ ။ ကျုပ်တို့လိုလူတွေက ဒီလို အပြင်ဘက်အစွန်နားလေးမှာပဲ ဆယ့်နှစ်နာရီကြာအောင် နေရင်ရပြီ ။ ပြီးတော့ ရှေ့ကိုလဲ အရမ်းမတိုးနဲ့နော် ။ ရှေ့နားလေးက နံပါတ်ငါး နေရာဆိုပေမယ့် ကျုပ်တို့
ရဲ့ အစွမ်းမျိုးနဲ့ဆို သတိမထားရင် ပေါက်ကွဲပြီး သေသွားနိုင်တယ် "
စကားဆုံးသောအခါ လောထျန်း ခေါင်းအသာညိတ်လိုက်ပြီး သူ့လက်ထဲမှ နတ်ဆိုးခန္ဓာကိုယ် ကျင့်ကြံနည်းကို ဖတ်နေလိုက်သည်။
ထိုစဥ်မှာပင်.. သူတို့နောက်မှ လူတစ်ယောက်က လှောင်သံဖြင့် ပြောလာ၏။
" ဟေ့.. အရှုံးသမားနှစ်ကောင်.. ဘာအကြံတွေ ဖလှယ်နေကြတာလဲ "
လောထျန်း ချက်ချင်း မျက်မှောင်ကြုံ့သွားကာ အသံလာရာဘက် မော့ကြည့်လိုက်ရာ..
စုံလင်းနှင့် သူ့လူများက သူတို့နှစ်ယောက်အား အထင်သေးဟန်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဟူဒဟူမှာ ထိုလူများကို မြင်သည်နှင့် မျက်နှာထားအနည်းငယ်ပြောင်းသွားသည်။
" ကျို့နန် ၊ စုံလင်း... မင်းတို့က ဘာလုပ်ချင်လို့လဲ ။
ငါသတိပေးလိုက်မယ်နော်.. ဒီနေရာက နတ်ဆိုးဂူကွ ။ မင်းတို့ ဒီနေရာမှာ တိုက်ခိုက်ရင် ကမ္ဘာသခင်ကြီးက မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး "
တဖက်မှ ကျို့နန်ဆိုသောလူက နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြောလာ၏။
" စိတ်မပူပါနဲ့... ငါ စည်းမျဥ်းတွေကို နားလည်ပါတယ် ။ မင်းတို့ကို တိုက်ရိုက်ကြီး မတိုက်ခိုက်ပါဘူး "
ဟူဒဟူမှာ ထိုစကားကိုကြားပြီး အနည်းငယ် စိတ်သက်သာရာ ရသွားပုံပင် ။
သို့သော် ကျိူ့နန်က စကားဆက်လာ၏။
" ဒါပေမယ့်.. ငါ ကျင့်ကြံနေတဲ့အချိန် ထွက်လာတဲ့ နတ်ဆိုးအစွမ်းတွေက မင်းတို့ကို တားမြစ်နယ်မြေထဲ လွင့်သွားအောင် လုပ်နိုင်တယ်လေ ။ အဲ့ကျရင် ငါဘာမှတောင် လုပ်စရာလိုမှာ မဟုတ်ဘူး "
သူ့စကားဆုံးသည်နှင့် သူအပါအဝင် အခြားသူများ တဟားဟား အော်ရယ်လိုက်ကြသည်။
ဟူဒဟူမှာလည်း ကြားလိုက်ရသည့် စကားကြောင့် မျက်နှာထားချက်ချင်းပြောင်းသွား၏။
" မင်း... မင်းတို့.... "
သူ ထိုခဏ၌ ဆွံ့အနေကာ စကားပင် ပြန်မပြောနိုင်ပါ။
ထိုစဥ် သူ့ဘေးတွင် ရပ်နေသော လောထျန်းက ရုတ်တရက် ပြောလာသည်။
" ဒီအရူးတွေက ဘယ်သူတွေလဲ "
သူ့စကားဆုံးသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွား၏။
ခဏကြာပြီးနောက်တွင်.. ကျို့နန်က ဒေါသတကြီး ပြောလာသည်။
" ကောင်လေး... မင်းက ငါ့ကို အရူးလို့ခေါ်လိုက်တာလား "
လောထျန်း သူ့ဘက်လှည့်ကြည့်ကာ ပြန်ပြော၏။
" မင်းက လူစကားတောင် နားမလည်ဘူးလား ။ မင်း ဦးနှောက်ချောင်နေတာလား.. "
ကျို့နန်၏ မျက်ခုံးထဲတွင် အေးစက်စက် အငွေ့အသက်တို့ ဖျတ်ခနဲလက်သွားသည်။
" မင်း.. "
သို့သော် ထိုစဥ်မှာပင် ဘေးမှ စုံလင်းက ရုတ်တရက် ပြော၏။
" အကိုကျို့.. အဲ့လို လူတစ်ယောက်အတွက်နဲ့ ဘာလို့ဒေါသထွက်နေမှာလဲဗျာ "
ကျို့နန် သူ့ဘက် လှည့်ကြည့်လိုက်သည်။
" မင်း.. သူ့ကို သိတာလား "
စုံလင်းက ရယ်ရင်း ပြန်ပြောသည်။
" အဲ့ဒါ ကျုပ် စောနကပြောနေတဲ့သူလေ ။ သခင်ကြီးမိုယွမ်ရှောက်ကို သုံးပြီးတော့ ဒီထဲ ခိုးဝင်လာတဲ့သူဆိုတာ သူပေါ့ ။ သူက နတ်ဆိုးခန္ဓာကိုယ် ဘာဆိုတာတောင် မသိဘူးတဲ့... "
ဟား ဟား...
ထိုစကားကို ကြားသည်နှင့် ကျို့နန်ထံမှ အားပါးတရ ရယ်သံကျယ်ကြီး ထွက်လာသည်။
" ရယ်စရာကောင်းလိုက်တာကွာ ။ ဒီကမ္ဘာကြီးမှာ ဟူဒဟူထက် ပိုအသုံးမဝင်တဲ့ လူမျိုး ရှိနေသေးတာပဲ ။ ဒီလိုကောင်တစ်ကောင်နဲ့ ယှဥ်ပြီး စကားပြောရတာတောင် ငါ အဆင့်ကျတယ် "
ကျို့နန် ပြောသည်။
စုံလင်းကလည်း ဝင်ထောက်ခံ၏။
" အမှန်ပဲဗျာ "
သူ ထိုသို့ပြောပြီး လောထျန်း အထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
လောထျန်း ပြန်ပြောရန် ပြင်လိုက်စဥ်မှာပင် ..
ဝုန်း...
နတ်ဆိုးဂူ အတွင်းပိုင်းထဲမှ မြည်သံကျယ်ကြီး ထွက်လာကာ.. အားလုံး၏ မျက်နှာထားများ တမဟုတ်ချင်း ပြောင်းကုန်ကြသည်။
" နတ်ဆိုးစွမ်းအင်လှိုင်းလုံးတွေ စနေပြီဟေ့..
အားလုံး မြန်မြန်ပြေးဝင်ကြ ။ အချိန်သိပ်မရှိဘူး.. အဲ့လို ဘာမဟုတ်တဲ့ကောင်တွေနဲ့ စကားပြိုင်ပြောမနေနဲ့ "
တစ်ယောက်က အော်ပြောလိုက်သည်။
အားလုံးကလည်း နတ်ဆိုးဂူ အတွင်းပိုင်းထဲသို့ ချက်ချင်း ပြေးဝင်သွားကြ၏။
ထိုစဥ်တွင် ကျို့နန်က လောထျန်းအား ရန်လိုသည့်အကြည့်ဖြင့် ကြည့်၍ ပြောလာသည်။
" ကောင်လေး.. မင်း သတ္တိရှိတယ်ဆိုရင် နံပါတ်သုံးနေရာကို လာခဲ့စမ်းကွာ ။ ဒါပေမယ့် မင်းမှာ သတ္တိမရှိရင်တော့ ကိစ္စမရှိပါဘူး ။ ဘယ်လိုနေနေ အမှိုက်က အမှိုက်ပဲဆိုတော့ "
သူ ထိုသို့ပြောပြီးသည်နှင့် မျက်နှာလွှဲကာ နတ်ဆိူးဂူ အတွင်းပိုင်းထဲ ဝင်သွားတော့သည်။
ဘေးမှ ဟူဒဟူက ၎င်းကိုကြည့်ရင်း လောထျန်းအား တီးတိုးပြော၏။
" အကိုလောထျန်း ၊ သူ ရန်စတဲ့စကားကို လိုက်မခံစားနဲ့နော် ။ အကိုသာ နံပါတ်သုံးနေရာကို သွားရင်
သူက မတိုက်ခိုက်လာရင်တောင် အကို အဲ့ကနတ်ဆိုးအစွမ်းကို ခံနိုင်မှာမဟုတ်ဘူး "
လောထျန်း မျက်မှောင်ကြုံ့သွားပြီး ပြန်မေးလိုက်သည်။
" ဘာဖြစ်လို့ မခံနိုင်မှာလဲ "
သူ၏ မယုံမကြည် ဖြစ်နေဟန်ကို ကြည့်ရင်း ဟူဒဟူက သုန်မှုန်နေသော မျက်နှာကြီးဖြင့် ပြန်ပြော၏။
" ကျုပ် အကို့ကို လိမ်ပြောနေတာ မဟုတ်ဘူးဗျ ။ ကျုပ်အဖေ ပြောတာတော့ နံပါတ်သုံးနေရာကို ဝင်ချင်ရင် အနည်းဆုံး အဆင့်၆ နတ်ဆိုးခန္ဓာကိုယ် ရှိထားမှရတာတဲ့ ။ မဟုတ်ရင် ပေါက်ကွဲပြီး သေသွားနိုင်တယ်လို့ ပြောတယ် ။ မပေါက်ကွဲရင်တောင် အဲ့က နတ်ဆိုးတာအိုသံစဥ်တွေက ကိုယ့်အတွက် ဘာမှအသုံးမဝင်ဘူးတဲ့ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" အဆင့် ၆ နတ်ဆိုးခန္ဓာကိုယ်.. ဟုတ်လား "
သူ ပြောပြီးသည်နှင့် မျက်လုံးမှိတ်၍ သူ ဖတ်ထားခဲ့သည့် နည်းလမ်းများကို တိတ်တဆိတ် စတင်ကျင့်
ကြံလိုက်သည်။
ထို့နောက်တွင်..
ဝုန်း..
သူ့အနောက်ဘက်၌ နတ်ဆိုးအရိပ်တစ်ခု ပေါ်လာ၏။
ဟူဒဟူမှာ ၎င်းကိုကြည့်ကာ အံ့သြမှင်သက်ပြီး မျက်နှာကြီးလည်း သုန်မှုန်သွားသည်။
" အကိုလောထျန်း... အကို ကျုပ်ကိုလိမ်ခဲ့တာ မဟုတ်လား "
လောထျန်း အံ့အားသင့်သွားရကာ ပြန်မေးလိုက်၏။
" ငါက မင်းကို ဘယ်တုန်းက လိမ်ခဲ့လို့လဲ "
ဟူဒဟူက သူ့နောက်မှ နတ်ဆိုးအရိပ်အား လက်ညိုးညွှန်ပြရင်း ပြန်ပြောသည်။
" အကို့မှာ အဆင့်တစ် နတ်ဆိုးခန္ဓာကိုယ် ရှိထားတာ အသိသာကြီးပဲလေ ။ ဒါနဲ့များတောင် ကျုပ်ကိုလိမ်ပြီး နတ်ဆိုးခန္ဓာကိုယ်ဆိုတာ ဘာမှန်းမသိဘူးလို့ ပြောခဲ့သေးတယ် ။ အဆင့်တစ် နတ်ဆိုးခန္ဓာကိုယ်
က တကယ်ရှက်စရာကောင်းတာ မှန်ရင်တောင် အဲ့လိုကြီးတော့ လိမ်မပြောခဲ့သင့်ဘူးလေ "
သူ့မျက်လုံးထဲတွင်လည်း ဒေါသငွေ့များ ပေါ်လာ၏။
သူ လောထျန်းအား နားလည်မှု လွဲသွားခဲ့လေပြီ။
လောထျန်းက ကူကယ်ရာမဲ့ဟန်ဖြင့် ပြန်ပြောရှာသည်။
" ငါ မင်းကို တကယ်မလိမ်ခဲ့ပါဘူးကွာ ။ နတ်ဆိုးခန္ဓာကိုယ်ဆိုတာ ဘာမှန်း ငါတကယ်မသိခဲ့တာပါ "
ဟူဒဟူက နှုတ်ခမ်းမဲ့၏။
" ခုထိတောင် လိမ်နေတုန်းပဲပေါ့... ဒါဆို အခု အကို့နောက်က နတ်ဆိုးခန္ဓာကိုယ်က ဘာလဲ ပြောပါဦး "
လောထျန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
" အဲ့ဒါ ငါ ကျင့်ကြံလိုက်တဲ့ဟာလေ "
ဟူဒဟူ၏ နှုတ်ခမ်း ပိုမဲ့သွားပြီး ဒေါသူပုန်ထသွားဟန် တူ၏။
" အကိုလောထျန်း ၊ စနောက်ရင်တောင် အတိုင်းအတာဆိုတာ ရှိတယ်နော် ။ ဒါကို အခု ကျင့်ကြံလိုက်တာ ဟုတ်လား... ။ ဘယ်သူက နည်းတစ်ခုကိုရရချင်း စကျင့်ကြံလိုက်ရုံနဲ့ နတ်ဆိုးအရိပ် စုစည်းနိုင်လို့လဲ ။ ကျုပ်တို့လိုလူတွေမပြောနဲ့ ၊ ထိပ်တန်းအဆင့် ပါရမီရှင်တွေတောင် အဲ့လိုမလုပ်နိုင်ဘူး ။ ဒါနဲ့များတောင် အခုကျင့်ကြံပြီး ရခဲ့တာတဲ့.... ။ ဒါဆို အဆင့်နှစ် နတ်ဆိုးခန္ဓာကိုယ် ရအောင် ကျုပ်ကို ကျင့်ကြံပြလေ "
ဟူဒဟူက ဒေါသတကြီး ပြောလိုက်သည်။
လောထျန်း ခေါင်းညိတ်ပြလိုက်၏။
" ကောင်းပြီလေ "
သူ ထိုသို့ပြောပြီးသည်နှင့် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ သူ ဖတ်ထားခဲ့သည်များကို ထပ်ကျင့်ကြံလိုက်သည်။
ဝုန်း..
သူ့အနောက်ဘက်တွင် နတ်ဆိုးအရိပ်တစ်ခု ထပ်ပေါ်လာပြန်၏။
ဤတစ်ကြိမ်တွင်မူ.. ဟူဒဟူတစ်ယောက် အံ့သြမှင်သက်သွားရတော့သည်။
" ဘာကြီးလဲ... ဒါ... တကယ်ကြီးလား... ။ အကိုက အသက်တစ်ချက် ရှိုက်လိုက်ရုံနဲ့တင် နောက်တစ်ဆင့် တက်သွားခဲ့တာလား.. "
သူ မျက်လုံးအပြူးသား ဖြစ်နေ၏။
သို့သော်.. သူ စကားဆုံးအောင် မပြောရသေးခင်မှာပင်..
ဝုန်း..
လောထျန်းနောက်၌ တတိယမြောက် နတ်ဆိုးအရိပ် ပေါ်လာပြန်သည်။
" စိတ်မရှိပါနဲ့ကွာ... တိုးတက်တဲ့နှုန်းက ထိန်းရခက်လွန်းတယ်ကွ။ အဲ့ဒါကြောင့် ငါ မထိန်းနိုင်ဘဲ နောက်တစ်ဆင့် တက်သွားတာ "
လောထျန်း စိတ်ညစ်နေဟန်ဖြင့် ပြောလာသည်။