← Chapters

မြေကမ္ဘာနတ်ဆိုးလမ်းစဥ်

Vol. 42 Ch. 587

မြေကမ္ဘာနတ်ဆိုးလမ်းစဥ်

Vol. 42 Ch. 587

" အဆင့်ကိုး နတ်ဆိုးခန္ဓာကိုယ် ပါလား.. "

ကျို့နန် အံ့သြမှင်သက်သွားတော့သည်။

လောထျန်း အဆင့်တက်သွားခဲ့ပြန်လေပြီ ။

ထိုတခဏ၌ သူ့ကိုယ်ထဲမှ အရောင်အဝါက မတည်မငြိမ် ဖြစ်လာသည်ကို ကျို့နန် ခံစားလိုက်ရ၏ ။

အွတ်..

သူ ပါးစပ်ထဲပြည့်လာသည့် သွေးများကိုလည်း ထွေးထုတ်လိုက်ရသည်။

သူသည် လောထျန်းအား အသေသတ်ရန် ရည်ရွယ်ချက်ဖြင့် ဤနံပါတ်တစ်နယ်မြေသို့ လာခဲ့ခြင်း ဖြစ်သော်လည်း ..

ယခု ရောက်ရောက်ချင်းမှာပင် လောထျန်းက အဆင့်တက်သွားမည်ဟု သူ မည်သို့ထင်မိပါမည်နည်း ။

သူ လဲကျတော့မလိုပင် ဖြစ်သွားရသည်။

" ဟင်.. ကျို့နန် ၊ ဘာလို့ သွေးအန်နေတာလဲ "

ထိုစဥ် သူတို့နောက်မှ ဝင်လာသည့် ဟူဒဟူက တအံ့တသြ မေးလာ၏။

ကျို့နန် အံကြိတ်ရင်း ဟူဒဟူကိုကြည့်ကာ ပြောလိုက်သည်။

" မင်းလို တားမြစ်မှော်လက်နက်ကို သုံးပြီးမှ ဒီနေရာကို ရောက်လာတဲ့ကောင်က ငါ့ကို ဝေဖန်နေစရာ ဘာအကြောင်းမှ မရှိဘူး "

အကယ်၍ တားမြစ်မှော်လက်နက်ကိုသာ သုံးပြီး နတ်ဆိုးဂူထဲသို့ ဝင်လာပါက ဂူအတွင်းပိုင်းထဲ ရောက်သည့်တိုင် မည်သည့်အကျိုးကျေးဇူးမှ မရနိုင်ကြောင်းကို အားလုံး သိကြပါသည်။

သို့သော် ဟူဒဟူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ပြောလာ၏။

" ငါပြောရင် မင်းယုံချင်မှ ယုံမှာ ။ ဒါပေမယ့် ငါက လမ်းမှာ ငါ့ရဲ့ နတ်ဆိုးခန္ဓာကိုယ်ကို ဖုံးကွယ်ထားခဲ့

တာကွ ။ တကယ်တော့ ငါက... "

သူ ထိုသို့ပြောရင်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။

ထို့နောက်...

ဝုန်း ..

ဟူဒဟူ အနောက်ဘက်တွင် နတ်ဆိုးအရိပ်ကိုးခု ပေါ်လာ၏။

" ငါက ကိုယ့်အစွမ်းကိုယ်ပဲ သုံးပြီး ဝင်လာခဲ့တာ "

သူ ပြောလိုက်သည်။

ကျို့နန်မှာ ထိုမြင်ကွင်းကို ကြည့်နေရင်း စစချင်း အံ့သြမှင်သက်နေပြီးနောက်... အွတ်ခနဲ အသံနှင့်အတူ သွေးများ အန်လိုက်ပြန်တော့သည်။

ယခု ဖြစ်ရပ်ကြီးက ကျို့နန်၏ နှလုံးသားကို ကြီးစွာ ထိခိုက်သွားခဲ့လေပြီ...

ထိုသူစိမ်း ၊ လောထျန်းက သူ့ထက်ပို ကောင်းနေရုံမက..

သူ့မျက်လုံးထဲတွင် အရှုံးသမားဟုသာ ယူဆထားသည့် ဟူဒဟူကလည်း သူ့ထက် အမှန်တကယ် ပိုသာနေခဲ့သည်လား..

ဟူဒဟူက ယခု အဆင့်ကိုး နတ်ဆိုးခန္ဓာကိုယ်ပင် ရှိနေသတဲ့...

သူ နှစ်ပေါင်းများစွာကြာ ကြိုးစားခဲ့သည့်တိုင် ထိုအဆင့်သို့ရောက်ရန် အရိပ်အယောင်လေးပင် မမြင်ရသေးချိန်၌ ..

ဟူဒဟူက အမှန်တကယ် အဆင့်တက်သွားခဲ့သတဲ့လား...

ထိုတခဏတွင် ကျို့နန်၏ စိတ်အခြေအနေမှာ လုံးဝ ကျိုးပျက်လုနီး ဖြစ်နေပြီး နောက်ထပ် တုန်လှုပ်စရာ အနည်းငယ်လေး ထပ်ကြုံရလျှင်ပင် လုံးဝ ရူးသွားရတော့မည်လား မသိပေ ။

ထိုအချိန်မှာပင်.. နောက်ထပ် အံ့သြတုန်လှုပ်စရာတစ်ခု ထပ်ဖြစ်လာခဲ့သည်။

ဝီ..

လောထျန်းနောက်၌ နတ်ဆိုးအလင်းတန်းတစ်ခု အရောင်လက်သွားပြီး နောက်ထပ် နတ်ဆိုးအရိပ်တစ်ခု ထပ်ပေါ်လာပြန်၏။

နတ်ဆိုးအရိပ် ဆယ်ခု ရှိသွားလေပြီ ။

အဆင့် ၁၀ နတ်ဆိုးခန္ဓာကိုယ် ....

ထိုလူက ဘာမှ မလုပ်ရပါဘဲ...

နံပါတ်တစ် နယ်မြေသို့ ရောက်ပြီးစဥ်ကတည်းက လက်နောက်ပစ်၍ ဟိုဟိုဒီဒီ လမ်းလေးနည်းနည်း လျှောက်ရုံဖြင့် အဆင့် ၁၀ နတ်ဆိုးခန္ဓာကိုယ်သို့ ရောက်သွားသတဲ့လား...

ကျို့နန်၏ စိတ်မှာ လုံးဝ ပြိုကွဲသွားတော့သည်။

အွတ်...

သူ သွေးအန်လိုက်ပြီးနောက် တစ်ကိုယ်လုံး တုန်ကာ မြေကြီးပေါ်သို့ လဲကျ သေဆုံးသွားတော့၏။

" ဟင်... သူက ဒီတိုင်းကြီး သေသွားတာလား "

ဟူဒဟူ မှင်သက်သွားမိသည်။

ထင်မှတ်မထားစွာပင် ကျို့နန်က ထိုအတိုင်းကြီး သေသွားလေပြီ ။

ကျို့နန်အပြင်... အခြား သေရတော့မည့် သူတစ်ယောက်လည်း ရှိပါသေး၏။

လက်ရှိ နံပါတ်နှစ်နယ်မြေထဲတွင် ရှိနေသော.. ထိုသူမှာလည်း ကျို့နန်၏ အကာအကွယ်ကိုသာ မရလျှင် သေရပေလိမ့်မည်။

" ဟူး... ဘာလို့ အဲ့လိုလုပ်လိုက်ရတာလဲကွာ.. "

ဟူဒဟူ ခေါင်းကြီးယမ်းပြီး သက်ပြင်းချလိုက်သည်။

ထိုစဥ်မှာပင်..

ဝီ...

မလှမ်းမကမ်း၌ နတ်ဆိုးအလင်းတန်းတစ်ခု လင်းလက်သွား၏။

ဟူဒဟူ ချက်ချင်း မော့ကြည့်လိုက်ရာ လေထဲတွင် ရပ်နေသော နတ်ဆိုးအရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ထို နတ်ဆိုးအရိပ်ကြီးက ပါးစပ်ကို ဖြည်းငြင်းစွာဟလိုက်ရာ သူ့ပါးစပ်ထဲမှ နတ်ဆိုးလမ်းစဥ်ထွင်းစာများ ထွက်ကျလာ၏။

၎င်းအရိပ်ကြီး၏ ဘေးတွင်ကား လူ ၇ ၊ ၈ ယောက်လောက်က တင်ပျဥ်ခွေထိုင်၍ နတ်ဆိုးအရိပ်ထဲမှ ထွက်ကျလာသော နတ်ဆိုးလမ်းစဥ်အစစ်ကို စုပ်ယူကျင့်ကြံနေကြပါသည်။

" ဒီလူတွေက... "

ဟူဒဟူမှာ သူ့ရှေ့မှ ​လူများကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။

" ဘာဖြစ်လို့လဲ "

လောထျန်း သူ့ကိုကြည့်ကာ မေးလိုက်သည်။

" အဲ့လူတွေက ထိပ်ဆုံး နတ်ဆိုးတစ်ရာ စာရင်းထဲက အစွမ်းထက်ကျင့်ကြံသူတွေပဲဗျ ။ သူတို့ကို ပုံမှန်နေ့စဥ်ဘဝမှာ တွေ့ရဖို့ အရမ်းခဲယဥ်းတယ် ။ ပြီးတော့... သူတို့အားလုံးကလဲ အကိုကြီးလိုပဲ အဆင့် ၁၀ နတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်တွေ... "

ဟူဒဟူက လေသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။

လောထျန်း ခေါင်းအသာညိတ်ပြလိုက်၏။

သူတို့ရှေ့မှ လူများက အမှန်တကယ်လည်း အတန်အသင့် အစွမ်းထက်ကြသည်ကို သူ မြင်နေရပါသည်။

ထိုစဥ်မှာပင် ...

ဝုန်း...

သူတို့နှင့် မလှမ်းမကမ်း၌ မြည်သံကျယ်ကြီးတစ်ခု ထွက်လာသည်။

ထို့နောက်တွင်ကား နံပါတ်တစ်နယ်မြေထဲတွင် ရှိနေသူများအားလုံး အသံလာရာဘက်သို့ ချက်ချင်းထကြည့်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင်... နံပါတ်တစ်နယ်မြေ အပြင်ဘက်၌ ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။

" ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြားပဲ... ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြား ပေါ်လာပြီ.. "

တစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။

" ဒီ ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြား ပေါ်မလာတာ နှစ်တစ်သောင်းလောက် ရှိသွားပြီမဟုတ်လား... ။ အခု ဒီနှစ်မှ ဘယ်လိုပြန်ပေါ်လာတာလဲ... ငါ ကံကောင်းလိုက်တာကွာ "

" ဟမ့်... ကံကောင်းရင်တောင် အဲ့ဒါကိုရဖို့ဆို အသက်ရှင်နေဖို့ လိုသေးတာလေ "

အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

လောထျန်းမှာလည်း အံ့အားသင့်သွားရပြီး ဟူဒဟူဘက် လှည့်ကြည့်ကာ မေးလိုက်သည်။

" အဲ့ ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြားဆိုတာ ဘာလဲ "

ထိုအချိန်တွင် ဟူဒဟူမှာကား အလွန်စိတ်လှုပ်ရှားနေဟန် တူ၏။

လောထျန်းအမေးကို ကြားသည်နှင့် သူ ချက်ချင်းရှင်းပြသည်။

" ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားဆိုတာ ဒီ နတ်ဆိုးဂူထဲမှာ ရှိတဲ့ အကောင်းဆုံး အခွင့်ကောင်းတွေထဲက တစ်ခုပဲဗျ ။ ကျုပ် သတင်းကြားတာတော့ ဒီနတ်ဆိုးဂူ အတွင်းပိုင်းထဲမှာ ဖုံးကွယ်ထားတဲ့ ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြား သုံးဆယ့်ခြောက်ခု ရှိတယ်တဲ့ ။ ကျောက်ပြားတစ်ခုချင်းစီမှာလဲ ရှေးဟောင်းလျှို့ဝှက် ကျင့်စဥ်တစ်ခုစီ ပါတယ် "

" အဲ့ထဲမှာ တချို့က ကောင်းကင်ဘုံနတ်ဆိုးအဆင့် ကျင့်စဥ်တွေ ပါသလို ၊ တချို့ကလဲ ကျင့်ကြံခြင်းလောကရဲ့ အတွေ့အကြုံတွေပါတယ် ။ ကောလဟလ ကြားဖူးတာတော့ တချို့ ကျောက်ပြားတွေထဲမှာ

ဆို ကောင်းကင်ဘုံနတ်ဆိုး ခန္ဓာကိုယ်ကို ကျင့်ကြံတဲ့ နည်းတွေတောင် ပါတယ်တဲ့ "

" ဒါပေမယ့်.. ဒီ ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားတွေကို တားမြစ်နယ်မြေ အတွင်းပိုင်းထဲမှာပဲ အတွေ့ရများတာ ။ အပြင်ဘက်မှာ ပေါ်လာခဲတယ် ။ ဒါပေမယ့် အဲ့လိုပေါ်လာတိုင်းလဲ အစွမ်းထက် သခင်ကြီးတွေ အများကြီးကို မွေးထုတ်ပေးတာပေါ့ဗျာ "

ဟူဒဟူမှာ ပြောပြနေရင်းပင် အလွန်စိတ်လှုပ်ရှားနေရှာ၏။

ထိုအချိန်မှာပင်...

ဝီ...

လောထျန်းနောက်၌ နတ်ဆိုးအရိပ် နောက်တစ်ခု ထပ်ပေါ်လာသည်။

ဟူဒဟူတစ်ယောက် မျက်လုံးပြူးသွားရပြန်သည်။

မယုံနိုင်စရာပါပင်...

လောထျန်းက အဆင့် ၁၁ နတ်ဆိုးခန္ဓာကိုယ်ကိုပင် ရောက်သွားပြီတဲ့လား...

" အားလုံး... ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားက တားမြစ်နယ်မြေထဲမှာပဲ ရှိသေးတယ် ။ ပြီးတော့ အချုပ်အနှောင် အကန့်အသတ်တွေနဲ့လဲ လွှမ်းခြုံနေတာမို့ အထဲဝင်မကြည့်ရင် သေချာမြင်ရမှာ မဟုတ်ဘူး ။ တားမြစ်နယ်မြေက ဘယ်လောက် အန္တရာယ်များတယ် ဆိုတာကိုတော့ ကျုပ်အထွေအထူး ပြောစရာမလိုတော့ဘူးလို့ ထင်ပါတယ် ။ အားလုံး.. ကိုယ့်ရဲ့ လုပ်နိုင်စွမ်းရှိသလောက်ပဲ လုပ်ကြဖို့ အကြံပေးချင်တယ် "

ဘေးမှ အဘိုးအိုတစ်ယောက်က အကြံပေးစကား ဆိုလိုက်သည်။

သူ့စကားကြောင့် အစောက ဆူဆူညံညံ ဖြစ်နေသူများ အားလုံးလည်း အသိတိတ်သွားကြ၏။

တားမြစ်နယ်မြေက အန္တရာယ်မည်မျှ ကြီးသည်ကို သူတို့မသိဘဲ မနေပါချေ ။

သို့သော် ထိုစဥ်မှာပင် သက်လတ်ပိုင်းအရွယ် လူကြီး

တစ်ယောက်က အသံကျယ်ဖြင့် အော်ရယ်ရင်း ပြောလာသည်။

" " မင်းတို့တွေက ဘာဖြစ်နေကြတာလဲ ။ ဒီတိုင်း အထဲဝင်ဖို့တောင် ကြောက်နေကြတာလား ။ မင်းတို့ မဝင်ရဲဘူးဆိုရင် ငါ အရင်ဆုံးဝင်မယ် "

သူ ထိုသို့ပြောကာ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

ဝုန်း..

သူ့အနောက်ဘက်တွင် နတ်ဆိုးအရိပ်ဆယ်ခု တမဟုတ်ချင်း စုစည်းလာ၏။

ထို့နောက်တွင်ကား သူ တားမြစ်နယ်မြေထဲ ဝင်ကာ ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားဆီသို့ ခြေလှမ်းလိုက်သည်။

သို့သော်... သူ ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြား ရှေ့တွင် သုံးစက္ကန့်မျှသာ နေနိုင်ခဲ့ပြီး နောက်သို့ အသည်းအသန် ပြေးဆုတ်လာပါ၏။

အွတ်..

သူ နံပါတ်တစ်နယ်မြေထဲ ပြန်ရောက်ရောက်ချင်းမှာပင် သွေးအန်လိုက်တော့သည်။

" အကိုယန်... အဆင်ပြေရဲ့လား "

အနားတွင် ရှိနေသော လူတစ်ယောက်က ချက်ချင်းမေးလာ၏။

အကိုယန် ဆိုသူမှာ ဒဏ်ရာဆိုးဆိုးရွားရွား ရထားကာ တစ်ကိုယ်လုံး တုန်နေသော်လည်း စိတ်လှုပ်ရှားနေဟန် အထင်းသားပင် ။ သူ ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြား ဆီသို့ လက်ညိုးညွှန်ပြကာ ပြော၏။

" မြေ.. မြေကမ္ဘာနတ်ဆိုး လမ်းစဥ်ပဲ... အဲ့ဒါ မြေကမ္ဘာနတ်ဆိုး လမ်းစဥ်ပဲကွ "

ထိုစကားတစ်ခွန်းဖြင့်ပင် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့သည်။

" တကယ်ကြီး မြေကမ္ဘာနတ်ဆိုးလမ်းစဥ်လား.. ။ ဒဏ္ဍာရီတွေထဲက အတိုင်းဆို အဲ့ မြေကမ္ဘာနတ်ဆိုးလမ်းစဥ်ကို ကျင့်ကြံပြီးတာနဲ့ မြေကမ္ဘာနတ်ဆိုး

ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်သွားပြီ မဟုတ်လား "

တစ်ယောက်က တအံ့တသြ ပြောလိုက်သည်။

ဟူဒဟူသည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေရှာ၏။

" အကိုလောထျန်း ၊ အဲ့ဒါ.. မြေကမ္ဘာနတ်ဆိုး လမ်းစဥ်တဲ့ဗျ "

သူ ပြောလိုက်သည်။

လောထျန်းကမူ တစ်စုံတစ်ခုကို အတွေးရောက်နေဟန်ဖြင့် ပြန်မေးလာ၏။

" ဒါဆို... ကောင်းကင်ဘုံနတ်ဆိုး လမ်းစဥ်ရောရှိလား "

ဟူဒဟူ မှင်သက်သွားကာ ခေါင်းကုတ်လိုက်သည်။

" အဲ့ဒါတော့ ကျုပ်လဲ မသိဘူးဗျ ။ ကျုပ်အဖေပြောတာတော့ အရင်ခေတ်ကလူတွေ တွက်ချက်ထားတဲ့အတိုင်းဆို ရှိနိုင်တယ်တဲ့ ။ ပြီးတော့ ကောင်းကင်ဘုံနတ်ဆိုးလမ်းစဥ်က ဒီနတ်ဆိုးဂူရဲ့ အဖိုးတန်ဆုံး ရတနာလို့လဲ ပြောတယ် ။ ဒါပေမယ့် အဲ့ဒါကို ဘယ်သူမှ မမြင်ဖူးကြဘူး "

လောထျန်း ထိုစကားကိုကြားကာ အတွေးနက်သွား၏။

ထိုစဥ် တဖက်မှ လူအုပ်မှာကား ဝရုန်းသုန်းကား ဖြစ်နေလေပြီ ။

" အကိုယန် ၊ အဲ့ မြေကမ္ဘာနတ်ဆိုးလမ်းစဥ် ဘယ်လောက်လောက်ကို အကို မှတ်နိုင်ခဲ့လဲ "

တစ်ယောက်က မေးလိုက်သည်။

" ထွင်းစာသုံးခုပဲကွ "

အကိုယန်ဆိုသူက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြန်ဖြေသည်။

" သုံးလုံးက မဆိုးဘူးဗျ ။ ကဲ.. ဒီတစ်ခေါက် ကျုပ်အလှည့်ပေါ့ဗျာ "

ထိုသို့ ပြောကြပြီးနောက် ထိုသူက မာန်ဖြင့် ညာသံပေးအော်လိုက်ရာ သူ့အနောက်ဘက်တွင် နတ်ဆိုးအရိပ် ဆယ်ခု ပေါ်လာသည်။ ပြီးနောက်တွင် ထိုလူ တားမြစ်နယ်မြေထဲ ပြေးဝင်သွား၏။

သို့သော် တခဏအကြာမှာပင်..

ဝုန်း..

သူ ပြန်ရောက်လာပြီး သွေးအန်သွားသည်။

" တောက်... ကျုပ်က ထွင်းစာ နှစ်လုံးပဲ မှတ်နိုင်ခဲ့တာ "

" ကျုပ် သွားမယ် "

" ကျုပ်လဲ သွားမယ် "

ချက်ချင်းမှာပင် လူနှစ်ယောက် တစ်ချိန်တည်းနီးပါး ပျံထွက်သွားကြသည်။

သို့သော် တခဏအကြာမှာပင် သူတို့နှစ်ယောက်လုံး ပြန်ရောက်လာပြီး သွေးအန်သွားကြ၏။

" ဟူး... ကျုပ်လဲ ထွင်းစာနှစ်လုံးပဲ မှတ်နိုင်ခဲ့တယ် "

" ငါက မင်းထက်တော့ ပိုသာတယ်ကွ ၊ လေးလုံး

မှတ်နိုင်ခဲ့တယ် "

ထိုသူနှစ်ယောက်လုံး ခေါင်းယမ်း၍ သက်ပြင်းချလိုက်ကြသည်။

ထိုစဥ်မှာပင်..

" ဘာမှ သုံးစားမရတဲ့သူတွေ... ဖယ်ကြ ၊ ကျွန်မ သွားမယ် "

အမျိုးသမီးသံတစ်သံ ထွက်လာ၏။

All Chapters