← Chapters

တားမြစ်နယ်မြေက ဘာမှလဲ မခံစားရပါလား..

Vol. 42 Ch. 588

တားမြစ်နယ်မြေက ဘာမှလဲ မခံစားရပါလား..

Vol. 42 Ch. 588

စကားသံ ဆုံးချိန်မှာပင် ထက်မြတ်ရက်စက်ဟန်ရှိသော အမျိုးသမီးတစ်ယောက်က တားမြစ်နယ်မြေထဲ ဝင်သွားပြီး ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြားရှေ့သို့ ရောက်သွားသည်။

ဝီ...

သူမ၏ အနောက်ဘက်တွင်လည်း အဆင့် ၁၂ နတ်ဆိုးခန္ဓာကိုယ်ကို ကိုယ်စားပြုသည့် နတ်ဆိုးအရိပ် ဆယ့်နှစ်ခု တမဟုတ်ချင်း စုစည်းလာသည်။

" အဲ့ သခင်မကြီးချင်းက နတ်ဆိုးစိတ်ဝိဥာဥ် တစ်ရာထဲမှာ ထိပ်ဆုံးနတ်ဆိုးတွေထဲက တစ်ယောက်ပဲဗျ "

ဟူဒဟူက လောထျန်းအား ပြောပြလိုက်၏။

သူမ၏ အဆင့် ၁၂ နတ်ဆိုးခန္ဓာကိုယ်မှာ အမှန်တကယ်လည်း ယခင် နတ်ဆိုးခန္ဓာကိုယ်များထက် များစွာ ပိုအစွမ်းထက်ဟန်ပင် ။

သခင်မကြီးချင်းမှာ အားလုံးထက် ပိုကြာကြာ နေလိုက်နိုင်သော်လည်း..

နောက်ဆုံးတွင် တားမြစ်နယ်မြေ၏ ဖိအားကို မခံနိုင်တော့ပါချေ။

ဝုန်း..

သူမ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြင့် ပြန်ရောက်လာသည်။

" သခင်မကြီးချင်း ၊ အခြေအနေ ဘယ်လိုလဲဗျ "

အနားမှ လူတစ်ယောက်က မေးလိုက်၏။

" တောက်. .. ကျွန်မ ထွင်းစာ ခုနစ်လုံးပဲ မှတ်နိုင်ခဲ့တယ် "

သခင်မကြီးချင်းက စိတ်ပျက်လက်ပျက် ပြန်ဖြေသည်။

အားလုံးမှာလည်း ထိုစကားကြောင့် မျက်နှာကိုယ်စီ ပျက်သွားကြ၏။

လက်ရှိ နံပါတ်တစ်နယ်မြေထဲတွင် လူများစွာ ရှိသော်လည်း သခင်မကြီးချင်းမှာ အစွမ်းအထက်ဆုံး လူများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ပါသည်။

သူမသည်ပင် ထိုသို့ဖြစ်နေပါက.. ကျန်လူများဆိုလျှင်...

အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြစဥ်မှာပင်.... လောထျန်းက တစ်လှမ်းချင်း ရှေ့တိုးလိုက်သည်။

" ဟင်... အကိုလောထျန်း ၊ တားမြစ်နယ်မြေထဲကို သွားမလို့လား "

ဟူဒဟူမှာ ၎င်းကိုမြင်ကာ တုန်လှုပ်သွား၏။

" ဒီမှာ ခဏစောင့်နေခဲ့ဦး ၊ ငါ သွားကြည့်လိုက်ဦးမယ် "

လောထျန်းက အပြုံးဖြင့် ဆိုလိုက်သည်။

သူ ထိုသို့ပြောကာ ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြား ဆီသို့ လျှောက်သွား၏။

" ဟင်.. အဲ့ကောင်လေးက ဘယ်သူလဲ ၊ သူက

ဘယ်တုန်းက ရောက်နေတာလဲ "

လူတစ်ယောက် လောထျန်းအား မြင်ကာ အံ့အားသင့်သွားသည်။

လက်ရှိ နံပါတ်တစ်နယ်မြေထဲ ဝင်နိုင်သူများမှာ ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ထပ်တန်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး...

တစ်ယောက်ကိုတစ်ယောက်လည်း သိကြပါ၏။ သို့သော် လောထျန်းကိုမူ သူတို့တစ်ယောက်မှ မသိသဖြင့် အားလုံး အံ့အားသင့်သွားကြရသည်။

အထူးသဖြင့် လောထျန်းနောက်မှ နတ်ဆိုးအရိပ် ဆယ့်တစ်ခုကို မြင်သောအခါ သူတို့အားလုံး သိချင်စိတ် ပိုဖြစ်သွားကြ၏။

" အဆင့် ၁၁ နတ်ဆိုးခန္ဓာကိုယ် ပါလား.. ၊ ငါ့ထက် နည်းနည်းလေးပဲ ပိုနိမ့်တာပေါ့ ။ အဲ့လိုလူမျိုးရှိနေတာ ငါဘာလို့ မသိရတာလဲ "

သခင်မကြီးချင်းမှာလည်း မျက်မှောင်အနည်းငယ်ကြုံ့သွားပြီး လောထျန်းအား မယုံနိုင်သည့် မျက်လုံး

များဖြင့် ကြည့်လိုက်သည်။

ထိုစဥ်တွင် လောထျန်းမှာ တားမြစ်နယ်မြေ အစွန်းပိုင်းသို့ပင် ရောက်နေလေပြီ ။

" အကိုလောထျန်း ၊ သတိထားနော် "

ဟူဒဟူကလည်း တားမြစ်နယ်မြေ အစွန်နားလေးထိ ပြေးလိုက်သွားကာ စိုးရိမ်မကင်းဟန်ဖြင့် လှမ်းအော်ပြောလိုက်သည်။

လောထျန်း ခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်းရှိုက်ကာ တားမြစ်နယ်မြေထဲ ဝင်သွားလိုက်၏။

သို့သော်... တားမြစ်နယ်မြေထဲ ခြေချလိုက်သည့် အချိန်မှာပင် လောထျန်း အနည်းငယ် အံ့အားသင့်သွားရပါသည်။

" ဘယ်လို ဖြစ်နိုင်မှာလဲ... "

လောထျန်း တုန်လှုပ်သွား၏။

" ဒီတားမြစ်နယ်မြေက.... ဘာမှလဲ မခံစားရပါလား "

သူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ယခင်လူများက တားမြစ်နယ်မြေထဲ ဝင်ပြီးသည်နှင့် ဒဏ်ရာကိုယ်စီရပြီး ပြန်ထွက်လာကြသည်ကို သူ တွေ့ခဲ့ရပါသည်။

ထို့ကြောင့်... သူသည်လည်း တားမြစ်နယ်မြေထဲသို့ ဝင်နိုင်လျှင်ပင် ခက်ခက်ခဲခဲ တောင့်ခံရလိမ့်မည်ဟုသာ လောထျန်း တွေးခဲ့ပါ၏။

သို့သော် ယခုတွင်မူ.. သူ မည်သို့မှပင် မခံစားရပါချေ။

မဟုတ်သေးပါ... အနည်းငယ်တော့ ခံစားရပါသည်။

သူ သေချာမကျင့်ကြံခဲ့သည့်တိုင်.. သူ့ နတ်ဆိုးခန္ဓာကိုယ်၏ တိုးတက်နှုန်းက အလွန်မြန်နေကြောင်း သူ သေချာပင် ခံစားနေရပါ၏။

ထို့ကြောင့်လည်း လောထျန်းမှာ ခဏတာမျှ အံ့သြမှင်သက်နေမိတော့သည်။

ထိုစဥ်တွင် နံပါတ်တစ်နယ်မြေထဲမှ လူများမှာလည်း လောထျန်းအား မယုံနိုင်စွာ ကြည့်နေကြပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေကြ၏။

" ဒီကောင်လေးက ဘာလုပ်နေတာလဲ ။ အထဲဝင်ပြီးတာတောင် ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားကို နားလည်ဖို့ မကြိုးစားဘဲ ဒီတိုင်း ကြောင်တောင်တောင် ရပ်နေတာလား။ ဒီကောင် အရူးလား "

" ဟားဟား.. အဲ့လိုကောင်မျိုးက အစွမ်းထက်တဲ့ နတ်ဆိုးခန္ဓာကိုယ် ရှိရင်တောင် ဘာလုပ်နိုင်မှာလဲကွာ "

" သူ ဒဏ်ရာဆိုးဆိုးရွားရွားရပြီး ပြန်ထွက်လာမှ နောင်တရ​နေတဲ့ မျက်နှာကြီးကို ကြည့်ဦးမယ် "

အစောပိုင်းက တားမြစ်နယ်မြေထဲမှ ပြန်ဆုတ်လာကြရသည့် လူများစွာပင် လှောင်ပြောင်လိုဟန်ဖြင့် ပြောလိုက်ကြသည်။

သူတို့စကားကို ဟူဒဟူ ကြားသွားသောအခါ ဒေါသ

တကြီး ပြန်ပြော၏။

" ပါးစပ်ပိတ်ထားကြဗျာ ။ ခင်ဗျားတို့မှာ ကျုပ်အကိုကြီး လောထျန်းရဲ့ အစွမ်းကို ဝေဖန်ရလောက်တဲ့ အစွမ်းမျိုး ရှိလို့လား "

ထိုသူများမှာလည်း သူ့စကားကိုကြားသည်နှင့် သူ့အား ချက်ချင်းလှည့်ကြည့်လာကြသည်။

ဒေါသကြီးသည့် လူအချို့ဆိုလျှင် တိုက်ခိုက်ရန်ပင် ပြင်လိုက်ကြ၏။

သို့သော် ထိုစဥ်မှာပင်..

" ဟေ့.. ဟိုကိုကြည့်လိုက်ဦး "

လူတစ်ယောက်၏ အော်သံကြောင့် အားလုံးက လောထျန်းအား လှည့်ကြည့်လိုက်ကြသည်။

ထိုစဥ်တွင် လောထျန်းမှာ ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြားဆီသို့ အေးအေးဆေးဆေးပင် တစ်လှမ်းချင်း လျှောက်သွားနေပြီး ရှေ့တွင်ရပ်၍ ကျောက်ပြားအား သေချာကြည့်နေ၏။

" ဟင်.. ဒီကောင်လေးက နောက်ဆုံးတော့ အသိဝင်လာပြီပေါ့လေ ။ သူ ထွင်းစာဘယ်နှလုံး မှတ်နိုင်မလဲ မသိဘူး "

" သခင်မကြီးချင်းတောင် သူ့ကျင့်ကြံခြင်းအဆင့်နဲ့ ထွင်းစာ ခုနစ်လုံးပဲ မှတ်နိုင်ခဲ့တာလေ ။ အခု ဒီကောင်လေးက အချိန်တွေအများကြီး ဖြုန်းခဲ့တာဆိုတော့ အလွန်ဆုံးမှ သုံးလုံးလောက်ပဲ မှတ်နိုင်မယ်နဲ့တူတယ် "

" အမှန်ပဲ... ။ သူ့ရဲ့ အေးအေးဆေးဆေးပုံစံကို ကြည့်ပြီး အထင်မမှားကြနဲ့ ။ ကျုပ်ထင်တာတော့.. သူရဲ့ လုပ်နိုင်စွမ်း အကန့်အသတ်ကို ရောက်နေပြီထင်တယ် ။ ကျုပ် သုံးအထိ ရေလို့ပြီးသွားတာနဲ့ သူ ဒဏ်ရာဆိုးဆိုးရွားရွားရပြီး ပြန်ရောက်လာမှာ အသေချာပဲ ။ တစ်.... နှစ်.... သုံး.... "

လူကြီးတစ်ယောက်က အပြုံးဖြင့် တစ်မှသုံးအထိ ရေလိုက်သည်။

သူ တွက်ထားသည့်အတိုင်းဆိုလျှင်လည်း သုံးအထိ

ရေပြီးသည်နှင့် လောထျန်းက ဒဏ်ရာအပြင်းအထန်ရကာ ပြန်ရောက်လာမည် အသေချာပင် ။

သို့သော် .. မျှော်လင့်မထားစွာပင် သူ ရေပြီးသွားသည်အထိ လောထျန်းတစ်ယောက်မှာ ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြားရှေ့တွင်သာ ရှိနေသေးပြီး ထွင်းစာများကို အေးအေးဆေးဆေး ဖတ်နေပါ၏။

သူ ပြောခဲ့သည့် စကားများက ရယ်စရာကြီးတစ်ခု ဖြစ်သွားလေပြီ...

" အဟမ်း... ဒီကောင်လေးက တော်တော်တော့ ခံနိုင်ရည်ရှိတာပဲ ။ ကျုပ် ခုနက အတွက်မှားသွားတာ ။ ကျုပ် ဒီတစ်ခေါက် သုံးအထိ ထပ်ရေပြီးသွားရင်တော့ သူ သေချာပေါက် သွေးအန်ပြီ ။ တစ်... နှစ်..... အဟွတ်.. အဟွတ်... အဟမ်း... ဟို.. နည်းနည်းထပ်ရေမယ် "

ထိုလူကြီးမှာ လောထျန်း၏ နောက်ကျောကို ကြည့်ရင်း မျက်နှာဆိုးရွားစွာ ပျက်နေတော့သည်။

အဘယ့်ကြောင့်ဆိုသော်... ထိုစဥ်တွင် လောထျန်းက မည်သို့မှ အပြောင်းအလဲမရှိဘဲ ယခင်အတိုင်း ထွင်းစာများကို အေးဆေးဖတ်နေသောကြောင့်ပင်..

သူ ကူကယ်ရာမဲ့စွာဖြင့် အံကြိတ်၍ ပြောလိုက်ရ၏။

" သုံး..... "

သူ့စကားဆုံးသည့် အချိန်မှာပင် လောထျန်းက ရုတ်တရက် ပြောင်းလဲသွားပါသည်။

ဝုန်း..

နတ်ဆိုးအလင်းတန်းတစ်ခု လက်သွား၏။

" ဟား ဟား.. တွေ့ပြီလား ၊ ဒီကောင်လေးက တကယ်..... ဟင်... "

လူကြီးမှာ လှောင်ပြောင်စကားပြောရန် ပြင်လိုက်စဥ်မှာပင် လောထျန်းနောက်၌ တိုးလာသော နတ်ဆိုးအရိပ်ကြောင့် အံ့သြတုန်လှုပ်သွားတော့သည်။

ထိုကောင်လေးက ဒဏ်ရာ မရသွားသည့်အပြင် .. သူ့ နတ်ဆိုးခန္ဓာကိုယ်ကပါ ပိုအစွမ်းတိုးသွားသတဲ့

လား...

" ဒါ.... "

ထိုတခဏ၌ ဟူဒဟူမှလွဲ၍ ကျန်လူများအားလုံး အံ့သြမှင်သက်ကုန်ကြပါ၏။

တားမြစ်နယ်မြေထဲတွင် နတ်ဆိုးခန္ဓာကိုယ် အဆင့်တက်သွားသတဲ့လား..

ဘာတွေဖြစ်နေပါသနည်း...

" ကျုပ် သဘောပေါက်ပြီ "

ထိုစဥ် တစ်ယောက်က အသိဝင်လာဟန်ဖြင့် ပြောလာသည်။

အားလုံး ထိုလူဘက် ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။

ထိုလူက စိတ်လှုပ်ရှားစွာ ပြော၏။

" ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြားကြောင့် တားမြစ်နယ်မြေက ပြောင်းလဲသွားပြီးတော့..

အန္တရာယ် မရှိတော့တာနဲ့ တူတယ် ။ ကျုပ်တို့တွေက အစောကြီး ဝင်သွားကြတော့ ဒီကောင်လေးလောက် ကံမကောင်းပဲ ဖြစ်သွားတာ ။ ကျုပ်ပြောတာ မယုံရင် အခု ကျုပ်နဲ့အတူလိုက်ပြီး ထပ်ဝင်ကြည့်ကြဗျာ "

သူ ထိုသို့ပြောကာ တားမြစ်နယ်မြေဆီ လျှောက်သွားလိုက်သည်။

ဘေးမှ အခြားသူများကလည်း သူ့စကားကို ယုံကာ လိုက်ဝင်ရန် ပြင်လိုက်ကြ၏။

သို့သော်... ထို့နောက်တွင်ကား...

ပထမလူ တားမြစ်နယ်မြေထဲ ခြေချမိသည်နှင့်..

အွတ်...

သူ ချက်ချင်း သွေးအန်ကာ ဒယိမ်းဒယိုင် နောက်ပြန်ဆုတ်လာတော့သည်။

" ဘယ်လိုဖြစ်နိုင်မှာလဲ... တားမြစ်နယ်မြေရဲ့ ဖိအား

ကလဲ လုံးဝ လျော့မသွားဘူးလေ "

သူ အပြင်ဘက်မှနေ၍ တအံ့တသြ ပြောလိုက်သည်။

အခြားသူများမှာလည်း ခြေလှမ်းများ ချက်ချင်း ရပ်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် သူတို့ လောထျန်းအား တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

တားမြစ်နယ်မြေ၏ အပြင်ပိုင်းနားလေးတွင်ပင် ဖိအားက လျှော့မသွားဘူး ဆိုပါက... ထိုကောင်လေးမှာ တားမြစ်နယ်မြေ၏ ဖိအားကို တောင့်ခံပြီး ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြားအား ကြည့်နေသည်ဆိုသည့် အဓိပ္ပါယ်ပင်... ။

ထိုတခဏ၌ အားလုံး၏ လောထျန်းအပေါ် ကြည့်သောအကြည့်များလည်း ပြောင်းလဲကုန်တော့သည်။

ထိုစဥ်တွင် လောထျန်းမှာ သူ့နောက်မှလူများ မည်သို့ဖြစ်နေကြသည်ကို အလျဥ်းမသိပါချေ။

သူ မြေကမ္ဘာနတ်ဆိုးလမ်းစဥ် ကိုသာ တိတ်တဆိတ် ဖတ်နေပါ၏။

" အဲ့လိုကိုး... မြေကမ္ဘာနတ်ဆိုး ခန္ဓာကိုယ်ရဲ့ အဓိပ္ပါယ် တကယ်ရှိနေတာပဲ ။ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်နဲ့ မပြည့်စုံသေးတဲ့ ခန္ဓာကိုယ်ဆိုပြီးလဲ ရှိသေးတယ်..... ။ အင်း ငါလဲ ကျင့်ကြံလက်စနဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံလိုက်တာ ကောင်းပါတယ် "

လောထျန်း တစ်ကိုယ်တည်း တီးတိုးရေရွတ်ပြီး မြေကမ္ဘာနတ်ဆိုးလမ်းစဥ်ထဲ ပါဝင်သည့် အကြောင်းရာများအား ပြန်တွေးလိုက်သည်။

" အပေါ်မှာ ပြောထားတာတော့ ပြီးပြည့်စုံတဲ့ မြေကမ္ဘာနတ်ဆိုးခန္ဓာကိုယ်ကို ရဖို့ဆို ကိုယ့်ရဲ့ နတ်ဆိုးခန္ဓာကိုယ်ကို အဆုံးစွန်ထိရောက်အောင် အရင်ဆုံး ကျင့်ကြံရမယ်တဲ့ ။ ကြည့်ရတာ ဒီ တားမြစ်နယ်မြေက နတ်ဆိုးခန္ဓာကိုယ် ကျင့်ကြံဖို့အတွက် အထောက်အကူဖြစ်တဲ့ပုံပဲ ။ အဲ့တော့ ဒီမှာပဲ အစွမ်းကုန်သုံး ကျင့်ကြံကြည့်လိုက်မယ် "

လောထျန်း မျက်နှာတည်ကြီးဖြင့် ပြောလိုက်သည်။

စာစဉ်ပြီး၏

All Chapters