← Chapters

အခန်း (၃၀၁)

Vol. 31 Ch. 301

အခန်း (၃၀၁)

Vol. 31 Ch. 301

ကျီဖေးသည် အတင်းအဖျင်းကြောင့် အံ့အားသင့်နေပြီး ဤရှုပ်ထွေးသော ဆက်ဆံရေးတွင် နောက်ထပ်တစ်ဦးပါဝင်လာမည်ဟု ဘယ်သောအခါမှမမျှော်လင့်ထားမိပေ။ အခြားတစ် ဖက်တွင်မူ ချင်မိသားစုများသည် ကျီဖေး၏အတွေးများကြောင့်တုန်လှုပ်သွားကာ ၎င်းတို့၏မျက်နှာအမူအရာများလည်း ထိန်းမနိုင်သိမ်းမရဖြစ်နေသည်။

ဘယ်သူ ?

ယွီမိသားစုခေါင်းဆောင်ရဲ့သားအငယ်ဆုံး ယွီရီလား?

သူက သူ့အကိုကြီးရဲ့ဇနီးအသစ်နဲ့ ဆက်ဆံရေးရှိနေတာလား?

မူလက ၎င်းတို့သည် ခယ့်ယွမ်အာ၏စိတ်ကူးဖြင့်ရေးဆွဲထားသော ‌‌မိထွေးအချစ်ဇာတ်လမ်းဟုသာထင်မိသည်။

ယခု သူတို့ သဘောပေါက်လိုက်သည်မှာ မတ်နှင့်မရီးကြားရှိ ဒရာမာဖြစ်ခဲ့ခြင်းပင်။

ထိုအချိန်တွင် ဧည့်ခံချိန် ကုန်ဆုံးခါနီးဖြစ်သဖြင့် ယွီပါးပါးလည်း ခန်းမသို့ပြန်လာခဲ့သည်။

သူ့ကိုယ်သူ မကျေမနပ်ဖြစ်နေပုံပေါ်သည်။

သူသည် သားဖြစ်သူနှင့် ညီငယ်မီာ စိတ်မချရသည့် အကြောင်း ညည်းညူရင်း ဧည့်သည်များကိုတစ်ယောက်တည်း နှုတ်ဆက် နေရကာ ကျန်းမာရေးကိုပင်လျစ်လျှူရှုထားရသည်။

ယွီပါးပါးသည် ချင်မိသားစုထံမှ ကိုယ်ချင်းစာသောအကြည့်များကိုသတိမထားမိပေ။

အမှန်တော့ သူ့အား အမြဲတမ်းလိမ်ထားသူနှင့် လက်ထပ်ရသည်မှာတော်တော်သနားစရာကောင်းသည်။

ထိုအချိန်တွင် ကျီဖေးသည် ရှုပ်ထွေးသော အတင်းအဖျင်းအ ချက်အလက်များကို စီမံနေသော်လည်း သူမ ခယ့်ယွမ်အာကို မတွေ့ဆုံရသေးသဖြင့် အရေးကြီးဆုံးအချက်မှာပျောက်ဆုံးနေပြီး သူမ၏အတင်းအဖျင်းအရသာမှာ ပေါ့ပျက်ပျက်နိုင်နေသည်။

သို့သော် ချင်ရှန့်သည် အတွေ့အကြုံရှိသော လက်ထောက်တစ်ဦးဖြစ်ပမာ ကျီဖေးကို လသာဆောင်ဆီသို့ဆွဲခေါ်သွားခဲ့သည်။

ပိုင်ရှောင်ရှီသည် တစ်ခုခုကိုရိပ်မိသွားပုံရပြီး သူမ၏ မျက်လုံးများတွင် မျက်ရည်စများစီးကျနေဆဲဖြစ်ပြီး သူမ စကားပြောခါနီးသည် ချင်ရှန့်သည် သူ့ကိုတိတ်တိတ်နေရန် အမူအရာပြလိုက်သည်။

ကံကောင်းထောက်မစွာ ပိုင်ရှောင်ရှီသည် တုံးအလွန်းသော် လည်း သူမ ခံစားချက်များထဲသာ နစ်မြုပ်နေဆဲဖြစ်သဖြင့် ၎င်းနှစ်ယောက် အဘယ့်ကြောင့်ပေါ်လာရသနည်းကို မမေးလာဘဲတိတ်ဆိတ်လျက်ရှိသည်။

ယွီယွဲ့ အခြားသူနှင့်ကလေးယူရန်တွေးနေသည့် အကြောင်းကို သူ စဉ်းစားနေပြီး ဘေးအခန်းမှယွီရီလည်း ထိုကိစ္စကို မေးမြန်းနေသည်။

သူမ မှားခဲ့မှန်းသိသည်၊ သူ့ အပြစ်မှန်းလည်းသိသည်၊ သူမသည် ခယ့်ယွမ်အာကို မည်သည့်နည်းနှင့်မဆိုလျော်ကြေးပေးနိုင်သော်ငြား ယွီယွဲ့... ယွီယွဲ့က‌တော့..

သူမ သူ့ကိုလက်မလွှတ်ချင်ပေ။

သို့တိုင် သူ မည်သို့မှ မကူညီနိုင်ဘဲရပ်သာနေမိသည်။

သူမသည် ယွီယွဲ့မှာ သူမအပေါ် ခံစားချက်များပြောင်းလဲမည်မဟုတ်ဟုယုံကြည်သည်။ ယွီယွဲ့သည် သူ့ကိုချစ်ကြောင်းသိသော်လည်း ယွီယွဲ့သည်လည်း ကိုယ်ပိုင်ကလေးကိုလိုချင်မည်ပင်။

ယွီယွဲ့တွင် ငယ်စဥ်တည်းက ပြီးပြည့်စုံသည့် မိသားစုမရှိခဲ့ချေ။

ထို့အပြင် ထိုအရာကို သူမ ဘယ်တော့မှမပေးနိုင်ပေ။

ပိုင်ရှောင်ရှီသည် နာကျင်စွာဖြင့် နှုတ်ခမ်းကိုကိုက်လိုက်ကာ သွေး၏အရသာကိုခံစားမိသော်လည်း သူ့ ရင်ထဲရှိနာကျင်မှုသည်တော့ အပြင်လူများမြင်နိုင်မည်မဟုတ်ချေ။

ယွီယွဲ့သည် သူမနှင့် အတူရှိချင်နေသေးသည်ဟု သူမထင်ခဲ့သည်၊ သို့သော် သူမနှင့်အတူရှိနေခြင်းသည် သူ့တွင် ကိုယ်ပိုင်ကလေးမရှိနိုင်သောကြောင့် သူ မသိလိုက်ခင် သူ့မျိုးဆက်ကျန်အောင် ဤနည်းလမ်းကိုသုံးရန် ချီတုံချတုံဖြစ်နေခြင်းသာဖြစ်ရမည်။

ပိုင်ရှောင်ရှီ တွေးလေလေ သူပ ကိုယ်သူပိုနာကြည်းလာလေလေပင်။ သို့သော် သူမ ထံနာကြည်းခွင့်မရှိမှန်း သူ သိသည်။

သူမသည် အမြဲတမ်းတုံးအသလို သူ့ မိသားစုနှင့် ယွီယွဲ့ထံမှ ကာကွယ်ခြင်းကိုသာအမြဲခံရသဖြင့် ဤလက်တွေ့ဘဝပြဿနာများကြားတွင် ကူကယ်ရာမဲ့စွာ အထီးကျန်နေခဲ့ပြီး နည်းလမ်းများတွေးတောရန်မဖြစ်နိုင်ပေ။ ထိုအရာသည် တစ် နေ့နေ့တွင်ပေါက်ကြားသွားမည့် စိတ်ကူးယဉ် ပူဖောင်းတစ်ခုလိုပင်။

ထိုနာကျင်ကို သူမ ခံနိုင်ရည်ရှိဖို့မဖြစ်နိုင်ချေ။

သူ ယွီယွဲ့ နှင့် အတူနေမည်ဆိုပါက ခယ့်ယွမ်အာ၏တောင်းဆို ချက်များကို သဘောမတူမိလျှင် တစ်ကိုယ်ကောင်းဆန်ခြင်းပင် မဟုတ်လား?

သို့သော် ပိုင်ရှောင်ရှီမေ့သွားခဲ့သော ခယ့်ယွမ်အာ၏ ကိုယ်ဝန် ပျက်ကျစေသော ဓာတ်ပုံနှင့် သူမတစ်ချိန်က သံသယဖြစ်မှုတို့ကို ယခုအခါဘေးအခန်းမှပြောလာခဲ့သည်။

ဘေးအခန်းမှ စကားစမြည်ပြောသံသည် ရှင်းရှင်းလင်းလင်းပင် သူတို့ဆီရောက်လာသည်။

သုံးယောက်စလုံးသည် ခယ့်ယွမ်အာ၏ထိတ်လန့်တုန်လှုပ်နေသော အသံကိုကြားလိုက်ရသည်။

ကျီဖေးနှင့် ပိုင်ရှောင်ရှီတို့နှင့်မတူစွာ ချင်ရှန့်သည် အရာများကို အမြဲတမ်း ခွဲခြမ်းစိတ်ဖြာတက်သောကြောင့် ခယ့်ယွမ်အာ၏ လေသံမှ ထူးဆန်းနေသည်ကိုသတိပြုမိလိုက်သည်။

ထိုအသံသည် ချစ်ကြကြိုက်ကြသူတို့ စကားပြောသံပင် တစ် နည်းအားဖြင့်... လျှို့ဝှက်ချက်တစ်ခုပေါ်သွားသည်ကိုသိလိုက်ရသည့် ထိတ်လန့်မှုတစ်ခုပင်။

"ရှင်... ရှင် ဘာတွေပြောနေတာလဲ၊ ရှင် မှားနေတာဖြစ်မယ်"

"ငါ ကြားတာတော့ ရှင်းတယ်၊ မင်း ယွီယွဲ့ရဲ့ ရည်းစားကြောင့် ကလေးပျက်ကျသွားခဲ့တာ်၊ ဒါကြောင့် ယွီယွဲ့ကိုအိမ်ထောင် ရေးဖောက်ပြန်အောင် ခြိမ်းခြောက်နေတာ၊ ငါ့အကိုကြီးနောက် ကွယ်မှာ နောက်ထပ်ကလေးထပ်ယူချင်နေတယ်၊ ဒါကြောင့် မင်းကလေးကို သူ့သားအဖြစ် ပြုစုပျိုးထောင်ပေးမယ်၊ မင်းက တကယ်ကိုတစ်ခုခုမှားနေလို့ ယွီယွဲ့ကို ပစ်မှတ်ထားနေတာပဲ!" ယွီရီသည် သစ္စာဖောက်ခံလိုက်ရသလို ဒေါသအပြည့်နှင့်ပင်။

ခယ့်ယွမ်အာ၏မျက်လုံးများတွင် ခင်ပွန်းဖြစ်သူ၏ဆွေမျိုးများထံမှ လျှို့ဝှက်ချက်ကိုဖော်ထုတ်ခြင်းခံရသောကြောင့် ဒေါသစိတ်များ ထုံလွှမ်း‌နေသည်။

ခယ့်ယွမ်အာ၏မျက်နှာသည် ဖြူဖျော့သွားကာ "ရှင်... ရှင့်မှာ ဘာ သက်သေမှမရှိဘူး"

"မင်း ငြင်းနေတုန်းပဲလား? ဒါဆို ကလေးရှိသေးလား သိရအောင် အခုပဲ မင်းကိုဆေးရုံပို့ရင်ရော?"

ခယ့်ယွမ်အာ၏မျက်ရည်များသည် ချက်ချင်းကျလာကာ သူမကို အမှန်တကယ်ခြိမ်းခြောက်လိုက်နိုင်သည်။

သူ ငိုတာမြင်တော့ ယွီရီ ခဏအံ့အားသင့်သွားသည်။

"ရှင်လိုချင်လို့လဲ၊ ကျွန်မကို တားမလို့လား ? ဖော်ထုတ်မလို့လား" ခယ့်ယွမ်အာသည် ခပ်တိုးတိုးမေးသည်။ သူ အခုဘာလုပ်ရမလဲဆို ပျောက်ဆုံးနေပြီဖြစ်သည်။ ဤမထင်မှတ်ထားသည့် အလှည့်အပြောင်းသည့် သူ မတွေးထားသည့်အရာပင်။ ထိုသည်မှာ သူမ စီစဉ်မှုအားလုံးပျက်သွားခြင်းမဟုတ်ပါလား?

ယွီရီ၏အမူအရာသည် အကြိမ်ပေါင်းများစွာပြောင်းလဲသွားသော်လည်း "မင်းရဲ့ရည်မှန်းချက်က ယွီမိသားစုရဲ့ သခင်မ နေရာဆိုတာ ငါ သိတယ် ဒါပေမယ့်... မင်း ငါ့ကို ပြောရမယ်၊ ဒီကလေး... ပျက်ကျသွားတဲ့ ကိုယ်ဝန်က... ငါ့အကိုကြီးဟာ မဟုတ်ဘူးမလား?"

ကျီဖေးသည် ကြောင်တက်တက်ဖြစ်နေရာမှ တုံ့ပြန်လာသည်။

[ဘုရားရေ၊ ဒါက ဘယ်လိုအခြေအနေမျိုးလဲ၊ လွန်ခဲ့တဲ့နှစ်လက မိသားစုဆုံပွဲတစ်ခုမှာ ယွီရီက အရက်မူးနေလို့ အိမ်ကြီးရဲ့ အခန်းဟောင်းတစ်ခုမှာအိပ်လိုက်တာ နိုးလာတော့ သူ့အကိုကြီးရဲ့ဇနီးအသစ်ကိုတွေ့လိုက်လို့ ချက်ချင်းလန့်သွားတာ... ခဏလေး... ခယ့်ယွမ်အာက ဘာလုပ်ဖို့ကြိုးစားနေတာလဲ?]

ချင်မိသားစုသည်လည်း ဤနောက်ဆက်တွဲ ရှင်းပြချက်အ တွက် အချိန်အကြာကြီးစောင့်ခဲ့ရသည်။

ထိုအရာသည် သိပ်မူမမှန်ဟုထင်သည်။

အိမ်ဟောင်းတွင် လူတိုင်းလူတိုင်း ကိုယ်ပိုင်အခန်းများရှိကြသည်၊ ယွီရီက အခန်းထဲမှာ ခယ့်ယွမ်အာနဲ့ ဘယ်လိုတွေ့တာလဲ။ ယွီရီလည်းမူးပြီးတော့ ခယ့်ယွမ်အာလည်း မူးနေလို့လား? ဒါဆို ဒါက ခယ့်ယွမ်အာရဲ့လုပ်ဇာတ်ကြီးလား?

သို့သော် ခယ့်ယွမ်အာ၏အစောပိုင်းဇာတ်လမ်းအရ သူ ပစ် မှတ်ထားလျှင်ပင် ထိုသည်မှာ ယွီယွဲ့ ဖြစ်သင့်သည်မဟုတ်ပါလား ? အဘယ့်ကြောင့် ယွီရီဖြစ်နေရသနည်း?

ချင်ရှန့် နားထောင်နေစဉ် သူ့မျက်ခုံးသည်ပိုမိုကြုတ်လာကာ သူ့အတွေးများပိုရှုပ်ထွေးသွားသည်။

[ယွီရီလည်း ဘယ်လိုဖြစ်သွားတယ်ဆိုတာ မသိလိုက်ဘူး သူ ဘယ်လောက်ပဲ မိန်းမရှုပ်ရှုပ် ကိုယ်ကျင့်တရားပျက်စီးစီး သူ့မိသားစုကိုတော့ထိမှာမဟုတ်ဘူး၊ ဒါကြောင့် ခယ့်ယွမ်အာနိုးလာတော့ တစ်ခုခုဖြစ်မှာကြောက်လို့ မျက်နှာမပြရဲတော့ဘူး၊ သူ အဲဒီတုန်းကအဖြစ်အပျက်ကို တွေးဖို့အချိန်မရှိသေးလို့ တတ်နိုင်သမျှ မြန်မြန်ထွက်လာခဲ့တာ... ဝါး ဒီယုန်က တကယ်အပြေးမြန်တာပဲ၊ သူ မိန်းမတစ်‌ယောက်ရဲ့ဒေါသပုန်ထတာကို ရင်ဆိုင်ရမှာ ကြောက်နေတာလား ?]

ချင်မိသားစုလည်း မည်သို့ပြောရမှန်းမသိသော်လည်း ထိုလူသည် အတော်လေးတာ၀န်ယူမှုကင်းသူဟု မှတ်ချက်ချလိုက်သည်။

[ယွီရီ စိတ်ငြိမ်သွားမှစုံစမ်းကြည့်တော့ သူ့အစ်ကိုကြီးဘာမှပြဿနာမရှာတာ‌တွေမှ စိတ်အေးနိုင်တော့တာ၊ သူ့အထင်တစ်ညတည်းဆိုတော့ မတော်တဆမှုတစ်ခုပဲလို့တွေးထားပေမဲ့ တစ်လကြာတော့ သူ့ခယ်မမှာကိုယ်ဝန်ရှိနေတယ်ဆိုတာကြား လိုက်ရပြီး အမှန်တရားကိုသိချင်ပေမဲ့ လိပ်တစ်ကောင်လိုပဲ အခွံထဲပုန်းနေခဲ့တာ]

ချင်မိသားစု- မင်း လိပ်တစ်ကောင်လုပ်ချင်ရင် ဆက်လုပ်လေ အခု ကလေးကပျက်ကျသွားပြီကို၊ မင်း အခုမှ လာမေးတာလား? ဘာလဲ? ဘယ်သူ့ကလေးဆိုတာကိုသိပြီးမှ ဝမ်းနည်းမလို့လား?

"ရှင် ဘာကိုဆိုလိုတာလဲ၊ အဲဒီကလေး... အဲ့ကလေးက ‌သေချာ ပေါက် ကျွန်မ ခင်ပွန်းရဲ့ ကလေးပဲ" ခယ့်ယွမ်အာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားစွာပြောလိုက်သည်။

"ဟုတ်လား? ငါ့အကိုကြီးမှာ ကလေးမွေးတဲ့ပြဿနာကရှိတာ ကြာပြီ၊ မင်းနဲ့ အတူရှိမှ အလုပ်လုပ်တာလား? မဟုတ်မှ မင်း အဲဒီနေ့ညက အိမ်ဟောင်းမှာ...."

"ရှင်!" ခယ့်ယွမ်အာ မျက်နှာသည် တခဏချင်းဖြူဖျော့သွားသည်။

ယွီရီ စကားဆက်မပြောဘဲရပ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်လုံးအမှန်တရားကိုသိကြသည်။

All Chapters