အခန်း (၃၀၃)
Vol. 31 Ch. 303
ဤစကားကိုကြားသောအခါ ချင်မိသားစု အံ့အားသင့်သွားပြီး သူတို့၏စာနာသောအကြည့်သည် ပါးပါးယွီမှ တစ်ယောက် ယောက်အားရှာရန် အောက်ထပ် ဆင်းလာသည့် ယွီယွဲထံသို့ ပြောင်းသွားသည်။ တစ်ယောက်သည် ဦးထုပ်စိမ်းဆောင်းခံရပြီး တစ်ယောက်သည် အိုးမဲကြီးကိုသယ်ထားရသည် ကံဆိုးလိုက်တဲ့သားအဖ။
ချင်ရှန့် ထိုမျှလောက် နားလည်မှုလွဲနေမည်ဟုထင်မထားခဲ့ချေ။ အချို့လူများသည် ၎င်းတို့အလိုရှိသည်ကိုသာမြင်ကာ အဓိပ္ပာယ်ရှိမရှိ ဂရုမစိုက်ပေ။
သို့သော်... ခယ့်ယွမ်အာသည် အစကတည်းက ယွီယွဲ့ အားပစ် မှတ်ထားခြင်းဖြစ်သည်။ သူတို့ယခင်က ဆက်စပ်မှုရှိသော် လည်း ယွီယွဲ့သည် ဤမိန်းကလေးကိုမမှတ်မိပေ။ သူတွေးနေ စဥ်မှာပဲ ခယ့်ယွမ်အာပြောလာသည်ကိုကြားလိုက်သည်။
ယွီရီ၏အမူအရာသည် ခယ့်ယွမ်အာအား စိတ်မသက်မသာဖြစ်စေသည်။
ခမ့်ယွမ်အာသည် လူအကဲခတ်တော်သည်။ ယွဲ့ရီ ခံစားသွားကာ ယောကျာ်းမာန်ကြွနေသည်ကို မြင်လိုက်ရသောအခါ ပိုသက် ရောက်မှုရှိပြီး သူ့အားသနား၊ဂရုဏာသက်သွားစေရန် စာနာမှုကတ်အား ကစားရန်ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် နားလည်မှုလွဲစေမည့် မေးခွန်းအား ရင်ဆိုင်လိုက်ရချိန်တွင် သူ ဝန်ခံရန်ရွေ:ချယ်ခဲ့သည်။
"ငါအဲလိုလုပ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။" ခယ့်ယွမ်အာ၏ အသံသည် တုန်နေသည်။
"အဲဒီညက ငါ တကယ်ပဲ...ငါတို့ခံစားချက်တွေကို အဆုံးသတ်နိုင်ဖို့ နောက်ဆုံးအနေနဲ့ လှပတဲ့မှတ်ဉာဏ်လေး ချန်ထားချင်ခဲ့တာပါ။ ဒါ့ကြောင့် သူမူးနေတာကို အခွင့်အရေးယူခဲ့မိတာ။ ကိုယ်ဝန်ရလာမယ်လို့ ထင်မထားခဲ့ဘူ။ ဒီကလေးအကြောင်း ယွဲ့ယွီကိုပြောပြဖို့စိတ်ကူးလည်း မရှိခဲ့ပါဘူ။ ကလေးက ကံဆိုးပြီး ကမ္ဘာပေါ်တောင်ရောက်မလာနိုင်ခဲ့ဘူး။ အဲ့ဒီ့အစား ပြဿ နာတွေချန်ထားခဲ့တယ်။”
ခယ့်ယွမ်အာ အသံသည် ဝမ်းနည်းကြေကွဲနေကာ ယွီရီပင် ခဏတာအံ့သြသွားသည်။
"မင်း ဘာကိုဆိုလိုတာလဲ။ မင်းတို့နှစ်ယောက် အရင်ကသိကြတာလား။ ဘာတွေဖြစ်ခဲ့တာလဲ။” ယွီရီသည် အခြားအရာများထက် ထိုသည်ကို ပိုအံ့သြကာစူးစမ်းချင်သွားသည်။
"ဟုတ်တယ်၊ ငါတို့ ဟိုးအရင်ကတည်းကသိခဲ့ကြတာပါ။ ငါတို့တစ်ခါတောင် အတူတူတူရှိဖူးတယ်။” ခယ့်ယွမ်အာ အတည်ပြောလာသည်။
[ဘာတွေဖြစ်နေတာလဲ ? လိမ်နေတာလား။ ယွီရီကိုလှည့်စားဖို့ လိမ်ပြောနေတာပဲ ယွီယွဲ့က သူ့ကိုလုံးဝမမှတ်မိဘူး ဘယ်လိုလုပ်….. သူက ပလပ်စတစ်ဆာဂျရီလုပ်ထားတဲ့ စောက်ရူးမဖြစ်နေမလား ??]
ချင်ရှန့် မျက်ခုံးပင့်လိုက်သည်။ မဖြစ်နိုင်ပေ။ ထိုညမှ မတော် တဆကဲ့သို့ပင်။ သူတို့ကြားတွင် ခံစားချက်ရှိခဲ့သည်ဆိုသည်မှာ ခဲ့ယွမ်အာ၏ယုံကြည့်ချက်သာ။ ကောလိပ်ကတည်းက သူတို့သူငယ်ချင်းများဖြစ်ခဲ့ကာ တစ်ယောက်အခြေအနေအား တစ်ယောက်သိသည်။ အစကတည်းက ယွီယွဲဘဝသည်လည်း ပိုင်ရှောင်ရှီဘေး၌သာ လည်ပတ်ခဲ့သည်ကို လူတိုင်းသိကြသည်။ သူတိုသည်ကောလိပ်တွင် ခွဲပင်မခွဲခဲ့ပေ။
နောက်တော့ နှစ်ယောက်သား နိုင်ငံခြားသို့စာလေ့လာသွားခဲ့သည်။ မူလက တစ်နိုင်ငံတည်း အတူသွားရန်စီစဥ်ခဲ့ကြသော် လည်း ပိုင်မိသားစုသည် ပိုင်ရှောင်ရှီအား နောက်တစ်နိင်ငံသို့ လွှတ်ကာ LDRS ဖြစ်သွားသည်။
ယွီယွဲ့သည်တော့ သူမအား နေ့တိုင်း ဆက်သွယ်နေဆဲပင်။ ထို့နောက် သူ သည်းမခံနိုင်တော့ကာ နှစ်ဝက်မှာပင် ကျောင်းထွက်ကာ ပိုင်ရှောင်ရှီထံသွားခဲ့သည်။ ဒီလောက် ချွဲကပ်နေ သည်ကိုအဘယ်ကြောင့် အခြားမိန်းမတစ်ယောက်အတွက် အချိန်ရှိမည်နည်း။
ကျီဖေးနှင့် ချင်ရှန့်တို့ နှစ်ယောက် ထိုအတွေးအား ပယ်ချလိုက်သည်။ သူတို့ ငိုရှိုက်သံတိုးတိုးကြားလိုက်ရသည်။
ထိုအခါမှ ဤနေရာတွင် ပိုင်ရှောင်ရှီရှိနေကြောင်း သတိထားမိလိုက်သည်။
ပိုင်ရှောင်ရှီသည် ပြုလဲလုနီးပါးဖြစ်နေပြီဖြစ်သည်။ ဓာတ်ပုံများသည် သူ့စိတ်ထဲလွှမ်းမိုးနေကာ ကျီးဖေးနှင့် ချင်ရှန့်တို့လို ယွီယွဲအား အပြည့်အဝမယုံကြည့်နိုင်ပေ။
သူ့ ပါးစပ်အားလက်ဖြင့်အုပ်ကာ ငိုရှုက်သံကိုမထိန်းနိုင်သေးချေ။
ကျီဖေးလျင်မြန်စွာ ငုတ်တုတ်ထိုင်ကာ ပိုင်ရှောင်ရှီအားပွေ့ဖက်လိုက်ကာငိုကျွေးစေခဲ့သည်။
"အဲဒါ အတုပဲနေမှာ။ အကုန်အတုတွေ။ နင် ယွီယွဲ့ကို ယုံရမယ်လေ။ နောက်မှ သူဆီသွား ရှင်းပြခိုင်းကြမယ်။”
ဒီလိုကိစ္စက ဖြေရှင်းရလွယ်သည်။ ဘေးအိမ်မှ ဒရမ်မာရှိလို့သာမဟုတ်ရင် ယွီယွဲ့ဆီ ပိုင်ရှောင်ရှီးအားချက်ချင်းခေါ်သွားပေးမည်။
သို့သော် ခယ့်ယွမ်အာသည် အလိမ်အညာများနှင့် ကောလဟလများကိုစတင်ဖြန့်နေသောကြောင့် အနာဂတ်ပြဿနာတွေ နားလည်မှုလွဲခြင်းတွေ မဖြစ်ပွားလာစေရန် အရာအားလုံးကို ရှင်းရှင်းလင်းလင်းမေးပြီး ဖော်ထုတ်ရန်လိုအပ်သည်။ ဒီလို ဟာပေါက်တွေကို အပေါစားဒရမ်မာတွေမှာပဲ လုပ်လို့ရမယ်။ ဒီနေရာမှာ ဖရဲသီးမာစတာကျီဖေးရှိနေတယ်၊ လုံးဝမဖြစ်စေရဘူး။ ဘေးအိမ်မှစကားဝိုင်းသည် ဆက်သွားနေဆဲ။
ယွီရီသည် ခယ့်ယွမ်အာ၏ဇာတ်လမ်းအား သဘာဝအတိုင်း မယုံကြည်ပေ။
သည်တစ်ကြိမ်တွင် ခယ့်ယွမ်အာသည် ရင်ခုန်စရာအချစ်ဇာတ် လမ်းလေးကိုတင်ဆက်နေသည်။
ခယ့်ယွမ်အာနှင့် ယွီယွဲ့ တို့သည် အထက်တန်းကျောင်းနေဖက်များဖြစ်ကြသည် ။ တစ်ယောက်မှာ သာမာန်မိသားစုမှဖြစ်ပြီး ကျန်တစ်ယောက်မှာ ချမ်းသာမိသားစုမှ သခင်ငယ်တစ်ဦးဖြစ် သည်။ ၎င်းတို့သည် အတန်းမတူ၊ အခန်းမတူသောကြောင့် အချင်းချင်း မသိကြပေ။
ထိုအချိန်တွင် ယွီယွဲ့ သည် ပိုင်ရှောင်ရှီနှင့် မတွေ့ဆုံရသေးပေ။ သူသည် ဆိုဆုံးမရခက်၊ ကမ္ဘာကြီးကို ငြီးငွေ့ကာ အတန်းလစ်ပြီး ဆေးကုသဆောင်တွင် မကြာခဏလာအိပ်လေ့ရှိသည်။ နောက်ကျသည်ထိ ပါတီတွေတက်လေ့ရှိသည်။
ခယ့်ယွမ်အာသည် သူ့အား ဆေးကုသဆောင်တွင် ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ သူ သွေးအားနည်းသောကြောင့် အားကစားခန်းမထဲမူးလဲပြီး အနားယူခဲ့ရသည်။ သူမ ယွီယွဲ့၏ ဘေးကုတင်တွင်ဖြစ်ကာ ကုလားကာပါးများမှတစ်ဆင့် ကောင်းကင်မှ မြေကြီးသို့ နတ်သက်ကြွေလာသည့် နတ်သားတစ်ပါးနှင့်တူသော ယွီယွဲ့အားတွေ့ခဲ့သည်။ သူသည်အထီး ကျန်နေပုံလည်းပေါ်သည်။
ကျီဖေး ဤဖော်ပြချက်အားကြားသောအခါလှောင်ပြောင်နေရာမှ ရယ်မောချင်သွားသည်။။
[နတ်သားလေး? နတ်သက်ကြွေလာတဲ့ နတ်သားလေးဟုတ် လား???]
ချင်ရှန့်ရယ်ချင်သွားသည်။ "အလှတရားသည် ကြည့်ရှုသူ၏ မျက်စိ၌ရှိသည်" ဆိုတာ ဒါမျိူးထင်တယ်။
သို့သော် ပိုင်ရှောင်ရှီ၏အမူအရာမှာ နောက်ဆုံးတွင် ပြောင်းလဲသွားပြီး မနာလိုသွားပုံပေါ်သည်။ ခယ့်ယွမ်အာသည် ယွီယွဲ့အား သူ့ထက်စော၍ တွေ့ခဲ့ဖူးသောကြောင့် မနာလိုသွားသည်ထင်...
"အဲဒီတုန်းက သူ့ကို မြင်မြင်ချင်းချစ်မိသွားတယ်။ သူ့အ ကြောင်း တိတ်တဆိတ်စုံစမ်းပြီး သူ့အခြေအနေကို သိလိုက်ရတယ်။ ကလေးဘဝကတည်းက သူ့အမေကိုဆုံးရှုံးခဲ့ရတယ်။ သူ့အဖေကလည်း သူ့ကို ဂရုမစိုက်ဘူး။ သူအဲ့ဒါကြောင့် အထီး ကျန်နေတဲ့ ပုံပေါက်နေတာဆိုပြီး သူ့အတွက်စိတ်မကောင်းဖြစ်သွားတာ။ သူကို အဖော်ပြုပေးချင်လို့ ဆေးကုသဆောင်ဆီ ခဏခဏသွားခဲ့တယ်။ “
"အစကတော့ သူနဲ့ စကားမပြောရဲဘူး။ ဒါပေမယ့် တစ်နေ့တော့ သူဖျားနေတာကြောင့် ငါ ရေတိုက်ခဲ့တယ်။ အဲဒါနဲ့ နောက်ဆုံးတော့ သူနဲ့ငါ ခင်သွားတယ်။ နောက်တော့ သူနဲ့ငါ ဆေးကုသဆောင်မှာပဲ အချိန်ဖြုန်းခဲ့ကြတယ်။ ဒါငါတို့ရဲ့ လျို့ဝှက်ချက်ဖြစ်လာတယ်။ သူ ငါ့အပေါ်အရမ်းကောင်းတယ်။ အစားအသောက်တွေလည်း ယူလာတယ်။ ဒါပေမယ့်သူ့ရင်ထဲက ခံစားချက်တွေကိုတော့ ဘယ်တော့မှ မပြောဘူး။ သူနဲငါ အမြဲ အတူတူထိုင်ပြီး အပြင်ဘက်ကိုငေးကြည့်ရသည်။ ငါသူနဲ့ နှလုံးသားချင်း ပိုနီးချင်ချင်ပေမယ့် အချိန်ကတိုလွန်းတယ်။ ကောလိပ်လည်းမတူဘူး။ အဆက်သွယ်ပြတ်သွားခဲ့တာ။ သူကိုတောင် မနှုတ်ဆက်ခဲ့ရဘူး။”
[အဲဒါက ဆယ်ကျော်သက် တစ်ဖက်သတ် အချစ်နဲ့ တူပေမယ့် ဘာလို့ ထူးဆန်းနေတာလဲ မသိဘူး။သူတိုတကယ်ပဲ အကြာကြီး အချိန်ဖြုန်းခဲ့ကြရင် ဘာလို့ ယွီယွဲက မမှတ်မိတာလဲ။ သူငယ်ချင်းသိပ်မရှိဘဲ။ သိပ်အရေးမပါတဲ့ အတိတ်မို့ မမှတ်မိတော့တာလား။]
ချင်ရှန့် : ဒါက လှပတဲ့ အမှတ်တရတွေ နေမှာပါ။
[အရေးကြီးဆုံးက နှစ်နဲနဲပဲကြာသေးတာလေ အဲတုန်းက အ ဆက်အသွယ် လုပ်ဖို့ အချက်အလက်မရှိဘူးပေါ့။ ဘယ်လိုလုပ် အဆက်အသွယ်ပြတ်သွားတာလဲ။ ယွီယွဲက သူ့ကိုမပေးခဲ့တာလား။ သူငယ်ချင်းထဲတောင် ထည့်မတွက်ခဲ့တာလား။]
ချင်ရှန် အော်ရယ်လုမတတ်ပင်။ −ကျီဖေး အဓိကအချက်ကို တန်းထိတာပဲ။
သို့သော် ခယ့်ယွမ်အာရဲ့ဇာတ်လမ်းသည် စိတ်လှုပ်ရှားစရာကောင်းလွန်းတာကြောင့် ပိုင်ရှောင်ရှီပင် သူတို့ အထက်တန်း ကျောင်းတက်စဥ် ကာလအတွင် လှပတဲ့ အခိုက်အတန့်တွေ ရှိခဲ့လောက်မည်ဟု ခံစားလိုက်ရသည်။
တက္ကသိုလ်စတက်ချင်း ယွီယွဲ့ ချစ်ရေးဆိုခဲ့သည့် သူမကရော။
သေချာပေါက်ပင် သက်ရောက်ခံလိုက်ရသည်မှာ ပိုင်ရှောင်ရှီတစ်ယောက်တည်းမဟုတ်ပေ။ မည်သည်မျှမသိသော ယွီရီပင် စိတ်လှုပ်ရှားသွားသည်။
“ဒါဆို မင်းပြောတဲ့ 'အတူရှိခဲ့ကြတယ်'ဆိုတာက ဘာကိုပြောချင်တာလဲ။ ဘယ်အချိန်တုန်းလဲ။”
ခယ့်ယွမ်အာ မျက်လွှာချလိုက်ပြီး"သူ့ကို ငါရှာတွေ့ဖို့ ငါကြိုး စားခဲ့ရတာ။ ဒါပေမယ့် သူ့ကို တွေ့တဲ့အချိန်တုန်းက သူက ပိုင်ရှောင်ချီနဲ့တွဲနေပြီ။ ဒါ့ကြောင့် အဝေးကနေပဲတိတ်တိတ်လေး ကြည့်ခဲ့တယ်။ သူဆီလည်း မချဥ်းကပ်ရဲခဲ့ဘူး။ ဒါပေမယ့် ပိုင်ရှောင်ရှီမပါပဲ နိုင်ငံခြားသွားတယ်ကြားမှ သူရှေ့နောက်တစ်ခါသွားရဲခဲ့တာ။"