← Chapters

အခန်း (၃၀၄)

Vol. 31 Ch. 304

အခန်း (၃၀၄)

Vol. 31 Ch. 304

ဤသည်အား ကြားပြီးနောက် ကျီဖေး ခယ့်ယွမ်အာအား မည် သို့အကဲဖြတ်ရမည် မသိတော့ပေ။

[ဒါက... ဘယ်လိုတောင်မွှန်နေတာလဲ။ အာ…..တော်တော်အတု ယူစရာပဲ။ ယောက်ျားတစ်ယောက်အတွက်နဲ့ ကြိုးစားပြီး စာကျက်တယ်၊၊ ငွေစုပြီး နိုင်ငံခြားမှာတောင် ကျောင်းအတူသွားတက်တယ်။ ဒီလောက်ကြာကြာ တိတ်တခိုးချစ်နိုင်တဲ့သူသိပ်မရှိဘူး။]

ချင်မိသားစုသည် ဒရာမာအားအလွန်သဘောကျနေကာ ခယ့်ယွမ်အာအား မချီးကျူးပဲမနေနိုင်တော့ပေ။ သူတကယ်ပဲ နိုင်ငံရပ်ခြားထိတောင် လိုက်ခဲ့တာလား။

ချင်ရှန့် မျက်ခုံးပင့်လိုက်သည်။ ထိုအချိန်တွင် ယွီယွဲ့ဘေးတွင် မည်သူမှ ထပ်မရှိခဲ့ပေ။ ထို့အစား သူသည် အချစ်ရူးနေသကဲ့ သို့နေ့တိုင်း ပိုင်ရှောင်ရှီထံလေယာဥ်စီးကာ သွားလိုက်ပြန်လိုက်လုပ်ခဲ့သည်။

ထိုအချိန်တွင် ယွီယွဲ့ ၏ပေါ်ပင်လက်သုံးစကားမှာ "တစ်ရက်ဝေးရတာက သုံးနှစ်သုံးမိုးလောက်ခံစားရတယ်”

ထိုအချိန်တွင် ပိုင်ရှောင်ရှီသည်လည်း ထိုကာလအားမှတ်မိသွားပုံရသည်။

ထိုအချိန်ခါက သူမ တမင်သက်သက် သူတို့ကတိအားချိုးဖောက်ခဲ့ခြင်းမဟုတ်ပေ။ သူမ၏ ကျန်းမာရေးအခြေအနေမှာ ပိုဆိုးလာသောကြောင့် သူမအား ဆေးကုသရန်လျို့ဝှက်စွာ တခြားနေရာသို့ပို့ခဲ့ခြင်းဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ယွီယွဲ့သည် သူ့ နောက်သို့လိုက်လာခဲ့တုန်းပင်။

ထိုအချိန်တုန်းက ယွီယွဲ့ ၏ခံစားချက်များသည် အလွန်ရိုးသားခဲ့သည်။ သူမ သူ့ဘေးမှာမရှိသည်နှင့် အဘယ်ကြောင့် အခြားတစ်ယောက်ကိုကြိုက်သွားရမည်နည်း။

သူ့မ အခြေအနေအားသိသွားကာ တစ်ဘက်အားယိမ်းယိုင်သွားခြင်းပေလော ?

ပိုင်ရှောင်ရှီ ဤကဲ့သို့ မတွေးသင့်သော်လည်း သိမ်ငယ်စိတ်မဝင်ပဲမနေနိုင်ပေ။

ခယ့်ယွမ်အာ၏ ပြန်အမှတ်ဖော်မှုသည် ပိုင်ရှောင်ရှီအတွက် ဓားများကဲ့သို့ဖြစ်ပြီး ယခု ဤဓားများသည် သူမ၏နှလုံးသားအား ထိုးဖောက်ဝင်ရောက်တော့မည်အလားပင်။

" သူတို့ အဲဒီတုန်းကလမ်းမခွဲကြသေးဘူးမလား။” ယွီရီ သံသယစိတ်ဖြင့် မေးလိုက်သည်။

ခယ့်ယွမ်အာ ခါးသီးစွာရယ်မောလိုက်သည်။

"ငါ ရောက်ပြီးပြီးချင်း သိလိုက်ရတယ်။ ဒါပေမယ့် နောက်တစ် ခုလည်း သိလိုက်ရသေးတယ်။ "

သူမ၏ရုတ်တရက် ပြောင်းလဲသွားသောလေသံသည် ယွီရီအား ထိတ်လန့်သွားစေသည်။ "ဘာလဲ?"

"ယွီယွဲ့ နဲ့ ပိုင်ရှောင်ရှီတို့ တွဲနေတာက နင်တို့မိသားစုအကြီးအ ကဲတွေက သူ့ကို အတင်းအကြပ်ဖိအားပေးလို့လေ။ ပိုင်မိသားစုနဲ့ မိသားစုချင်း အိမ်ထောင်ရေးမဟာမိတ်ဖွဲ့ချင်လို့ပံ။ နင်တို့ သူ့ကို အိမ်ထောင်ပြုဖို့ကိရိယာတစ်ခုအနေနဲ့ ဆက်ဆံခဲ့တာ။ သူ့လွတ်လပ်ခွင့်နဲ့ ပျော်ရွှင်ခွင့်တွေကို ဆုံးရှုံးစေခဲ့တာ။"

ခယ့်ယွမ်အာသည် ယွီယွဲ့ အတွက် နက်နက်ရှိုင်းရှိုင်း နာကျင်ခံစားရကာ ယွီရီအပေါ် မကျေမနပ်ချက်နှင့် တိုက်ရိုက်ပြောလိုက်သည်။

【ဘာအိမ်ထောင်ရေး မဟာမိတ်လဲ။ ဘာအတင်းအကြပ်စီစဉ်တာလဲ။ ဒါဆို ခယ့်ယွမ်အာက ပိုင်ရှောင်ရှီနဲ့ အရင်စကားပြောတုန်းက တကယ်ကြီးပြောခဲ့တာပေါ့။ ဒါကို ဘယ်ကကြားလာပြီး ဘယ်လို ကောက်ချက်ချလိုက်တာလဲ။]

ချင်မိသားစုသည်လည်း တော်တော်ရယ်ချင်စရာကောင်းသည်ဟုတွေးမိသည်။ ယွီယွဲ့ တစ်စုံတစ်ယောက်အား လှည့်ဖြားချင်သည်ထား ယခုလောက်ကြာကြာလုပ်နေဖို့မလိုပါချေ။

ပြင်ပလူများပင်လျှင် ဤအရူးလေးနှစ်ယောက်ကြားက ချိုမြိန်သန့်ရှင်းသည့် ပျော်ရွှင်မှုအား မြင်နိုင်ကြသည်။ မည်သို့ သရုပ် ဆောင်ခြင်းဖြစ်နိုင်မည်နည်း။

ယွီယွဲ့လား သရုပ်ဆောင်မှာ။ သူ့အဖေကိုတောင် ဟန်ဆောင်ပြီး သားသမီးဝတ်ကျေပွန်ဖို့ပျင်းတာ။ ယွီမိသားစုကိုလည်း လိုမှပြန်လာတာ၊ သူလား ဖိအားပေးခံရမှာ။

ခယ့်ယွမ်အာ ဘာလုပ်နေတာလဲ။ သူ ယွီရီကို လှည့်စားနေတာလား ဒါမှမဟုတ် သူ့ ကိုယ်သူပြန်လှည့်စားနေတာလား။

ချင်ရှန့်သည်တော့ သူမ မိမိကိုယ်ကို လှည့်စားနေခြင်းဖြစ်သည်ဟု ကောက်ချက်ချပြီးဖြစ်သည်။ အခြားသူများထံမှ မလိုလားအပ်သော ထင်မြင်ယူဆချက်များအား နာထောင်ကာ သူတစ် ပါး ရည်းစားအားလိုက်ချင်သော သူမ၏ကိုယ်ကျင့်တရားအတွက် တရားမျှတသည့်ဟန်ဆောင်နိုင်မည့်နည်းတွေ့သွားခြင်းဖြစ်သည်။

ချမ်းသာသော အသိုင်းအဝိုင်းတွင် အချို့လူများသည် အတင်း အဖျင်းပြောခြင်းအား နှစ်သက်ကြပြီး အရာအားလုံးကို ၎င်းတို့နှစ်သက်သလိုတွေးကာ လူတိုင်းသည် အိမ်ထောင်ရေးကိရိယာ ဟုစဥ်စားကြသည်။

ဤသည်ကို ကြားသော ပိုင်ရှောင်ရှီသည် ပိုလို့ပင်မှင်တက်သွားရသည်။ ခယ့်ယွမ်အာ ဒီလောက်ယုံကြည်ချက်ရှိရှိပြောနေတာ။ ဖြစ်နိုင်မလား……..

ဤအတွေးဖြင့် ယွီယွဲ့ အပေါ် သူမ၏ယုံကြည်မှု ပြိုလဲလုနီးဖြစ်သွားချိန်တွင် ပိုင်ရှောင်ရှီ ချက်ချင်းခေါင်းအားအပြင်းအထန်ခါလိုက်သည်။ သူမသည် ထိုလူ၏ ရိုးသားသောချစ်ခြင်းမေတ္တာအပေါ် ယုံကြည်နေဆဲပင်။

ခယ့်ယွမ်အာနှင့် မတော်တဆ ပတ်သတ်မိသွားခြင်းလား သို့မဟုတ် သူမ အခြေအနေကြောင့် အနည်းငယ်စိတ်အနှောင့် အယှက် ဖြစ်သွားခြင်းများလား ? ဖြစ်နိုင်မလား...

ပိုင်ရှောင်ရှီသည် လုံးဝကျန်းမာတဲ့သူတစ်ယောက်ဆိုပါက သူမယခုလောက်ထိ ကိုယ့်ကိုယ်ကိုသံသယဝင်နေမည် မဟုတ်ပေ။

နားလည်မှု လွဲမှားမှုများနှင့် မတော်တဆမှုများ နဲနဲချင်းဆီ စုပြုံလာကာသူမ၏ ယုံကြည်မှုနှင့် အပြစ်ကင်းစင်မှုအား တဖြည်း ဖြည်းခြင်း ပျက်စီးသွားစေသည်။

ခယ့်ယွမ်အာ၏ ပြောဆိုချက်များကြောင့် ယွီရီ စကားမပြောနိုင်ပေ။ နောက်ဆုံး သူအိမ်တွင် အချိန်ဖြုန်းလေ့မရှိသော ကြောင့် ဘာတွေဖြစ်ပျက်နေမှန်းမသိပါချေ။

သို့သော် ယွီမိသားစုသည် ပိုင်မိသားစုနှင့် အိမ်ထောင်ရေး မဟာမိတ်ပြုရန် အလွန်စိတ်အားထက်သန်နေသည်မှာ အမှန်ပင်ဖြစ်သည်။ သူတို့၏ဆက်ဆံရေးကြောင့် မိသားစုနှစ်စုဟာ ပရောဂျက်များစွာမှာ အတူပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ပိုင်မိသားစုသည် နောက်ထပ် လိုက်လျှော့ပေးခဲ့သည်များလည်း ရှိသေးသည်။ အကယ်၍ ယွီယွဲ ယခုလမ်းခွဲချင်သည် ဆိုလျှင်ပင် ယွီမိသားစုသည် ဤအိမ်ထောင်ရေးအား လုပ်မည်ဟုဆုံးဖြတ်ပြီးသားပင်။

"ဒါဆို ယွီယွဲ့နဲ့ ပိုင်ရှောင်ရှီက သရုပ်ဆောင်နေတာ။ နိုင်ငံခြားမှာတုန်းက မင်းတို့ နှစ်ယောက် တိတ်တိတ်လေးတွဲခဲ့ကြတယ်။ အဲလိုပြောချင်တာလား။” ယွီရီ ပြောသည်။

သို့သော် ခယ့်ယွမ်အာ ငြင်းခဲ့သည်။ အဲဒီအစား သူက "ယွီယွဲ့က လူကောင်းတစ်ယောက်ပါ။ သူဖိအားပေးခံထားရတာတောင်မှ လှေနံနှစ်ဖက်မနင်းဘူး။ သူအရမ်းစိတ်ဓာတ်ကျနေရုံပဲ။ သူစိတ်ဖိစိးပြီး စိတ်လွတ်နေတဲ့ အဲဒီအချိန်ကိုတောင် သတိရတယ်။ နောက်ဆုံး တစ်ရက်ကျတော့ သူသည်းမခံနိုင်တော့ဘူး။ သူသောက်ပြီး ငိုခဲ့တယ်။ ငါသူနဲ့အတူရှိနေပေးပြီး အကုန်ဖွင့်ထုတ်ခိုင်းခဲ့တာ။ အဲဒီညက သူငါ့ကို ဖက်ထားပြီး ငါ့ကိုချစ်တယ်ပြောခဲ့တာ။ ငါ့ကို တကယ်ချစ်တယ် ငါနဲ့အတူရှိချင်တယ်တဲ့။ အဲတာပြီးတော့ ငါ…..နောက်နေ့ရောက်တော့ သူပျောက်သွားတယ်။ ငါကျောင်းပြန်ရောက်တော့ သူကျောင်းထွက်သွားပြီတဲ့။ နင်တို့ရဲ့ယွီမိသားစုက အတင်းအကြပ်ဖိအားပေး ဆုံးဖြတ်ချက်ချပြီး ပိုင်ရှောင်ရှီဆီကိုပြန်သွားခိုင်းခဲ့တာ....

ခယ့်ယွမ်အာ ဤမျှရိုးသားစွာပြောဆိုနေခြင်ကြောင့် ချင်ရှန့်ပင် ခဏတာစိတ်ယိုင်သွားသည်။

ကျီဖေး၏ ညီးညူမှုကြောင့်သာမဟုတ်ရင် ချင်ရှန့် သူ့သူငယ် ချင်းအားသံသယဝင်မိနိုင်သည်။

【အာ ခယ့်ယွမ်အာ နင်က ရင်နာစရာဇာတ်လမ်းကိုပြောနေတာဆိုပေမယ့် ငါ ယွီယွဲဆီကနေ အတင်းအဖျင်းကြားထားပြီးပြီ။ ဒါပေမယ့် နင့် ဇာတ်လမ်းနဲ့တော့တခြားစီပဲ။]

ချင်မိသားစု ရုတ်တရက်တက်ကြွသွားသည်။ နောက်ဆုံးတော့! ဒါဆို အမှန်တရားကဘာလဲ!

ချင်ရှန့်ပင်လျှင် စူးစမ်းချင်စိတ်ဖြင့် နှလုံးခုန်သံ မြန်လာသည်။

【 သူနိုင်ငံခြားကို ရောက်စတုန်းက ခဏခဏစိတ်ဖိစီးပြီး စိတ် ပျက်ခဲ့တာ အမှန်ပဲ။ ဘာလို့လဲဆိုတော့ အဲဒီလူက သောက်ကျိုးနည်းရိုမန့်တစ်ဆန်လို့ဟဲ့။ သူ ပိုင်ရှောင်ရှီကိုပဲ သတိရနေတာ။ နှစ်နိုင်ငံကြားအချိန်ကွာခြာချက်ကို ညှိရင်းနဲ့ အဆက်အသွယ်မပြတ်အောင်နေရတယ်။ ယွီယွဲ့ သူငယ်ချင်းဖွဲ့တာ၊ ပါတီတက်တာ၊ စာသင်တာအကုန် ဘာမှမလုပ်ဘူး။ နိုင်ငံခြားမှာကျောင်းတက်နေတဲ့ လူချမ်းသာ သူငယ်ချင်းတွေက သူ့ကို တစ်ခါတစ်လေခေါ်တာကလွဲပြီး အခြားဆိုရှယ်ဘဝမရှိဘူး။]

ချင်မိသားစု: ဒါဆို... ဒါတွေ အားလုံးက ခယ့်ယွမ်အာ ကိုယ့်ဘာသာ စိတ်ကူးယဥ်နေတာလား။

ချင်ရှန့်: သူ ခယ့်ယွမ်အာကိုမမှတ်မိသေးဘူး။ ဒါဆို ခယ့်ယွမ်အာက သူ့ရဲ့လူမှုအသိုင်းအဝိုင်းမှာ အမေ့ခံနောက်ခံဇာတ် ကောင်တွေထဲက တစ်ယောက်ပဲလား။

【 သူပြောတဲ့ ”ရင်ကွဲပြီး ငိုကြွေးတယ်”ဆိုတာရဲ့အကြောင်းပြချက်က အဲ့အချိန်အရတွက်ကြည့်ရင် သူကျောင်းထွက်ပြီးနောက် ပိုင်ရှောင်ရှီရဲ့ကိစ္စဖြစ်တဲ့အချိန်ထင်တယ်။]

ချက်ချင်း သူ့ အတွေးအားကြားနိုင်သူတိုင်း ပဟေဠိဖြစ်သွားသည်။ ဇာတ်လမ်းရှိ သေးတာလား။

[အာ၊ ယွီယွဲ့ က ပိုင်ရှောင်ရှီကို တကယ်ချစ်တယ်။ ပိုင်ရှောင်ရှီ နိုင်ငံခြားမှာကျောင်းတက်ပြီး တခြားနေရာမှာဆေးကုသရန် မိသားစုထံမှလှည့်စားခံခဲ့ရတယ်၊ အဲ့အချိန်က သူ ဘာမှားနေမှန်းမသိဘူး၊ ပုံမှန်ရာသီလာချိန် ကိုက်ခဲခြင်းလို့ပဲထင်ပြီး ဂရု စိုက်ရုံနှင့်သက်သာသွားမယ်လို့ထင်ခဲ့တယ်။ သူ ရှက်တာကြောင့် ယွီယွဲလာတဲ့အချိန်တိုင်း သူ့ကိုပေးမသိခဲ့ဘူး။

ဒါပေမယ့် ယွီယွဲ့ က ပိုင်ရှောင်ရှီကိုအရမ်းချစ်တော့ သူ့ရဲ့ ပြောင်းလဲမှုတိုင်းကို သေချာဂရုစိုက်ခဲ့တယ်။ တဖြည်းဖြည်း ယွီယွဲ့ သံသယဖြစ်လာပြီး သူ စတင်စုံစမ်းခဲ့တော့တယ်၊ အစပိုင်းမှာ ပိုင်မိသားစုက အနားယူပြီးပြန်လည်ထူထောင်ရန်ဆိုပြီးလိမ်ပြောခဲ့တယ်။ စုံစမ်းပြီးနောက်မှာ ပိုင်ရှောင်ရှီရဲ့သားအိမ်ပျက်စီးနေပြီး ကုသမှုကနေ သူ့အသက်ကိုပဲကယ်တင်နိုင်ခဲ့တယ် သူ ဘယ်တော့မှ ကိုယ်ဝန်မဆောင်နိုင်ဘူးဆိုတာသိလိုက်ရတယ်။]

ချင်မိသားစုနှင့် ချင်ရှန့်တို့သည် ဤသတင်းကိုကြားကာအံ့ဩသွားကြသည်။

ပိုင်မိသားစုသည် ဤလျှို့ဝှက်ချက်အားတင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားသည်။ ၎င်းတို့ရဲ့ အဖိုးတန်သမီးလေးအား သနားစရာ ဒါမှမဟုတ် ထူးဆန်းသည့် မျက်လုံးများနှင့်အကြည့်မခံစေချင်ခဲ့ပေ။ ထို့ကြောင့် ပြည်တွင်း ချမ်းသာသောအသိုင်းအ ဝိုင်းမှ မည်သူမှမသိလိုက်ရပေ။

ဤအချက်အလက်သည် ယခုမှသာအတင်းအဖျင်းစနစ်မှတစ်ဆင့် မမျှော်လင့်ဘဲထုတ်ဖော်ခံလိုက်ရသည်။

ထိုမှသာ ပိုင်ရှောင်ရှီ၏ ယွီယွဲ့ ၏ခံစားချက်များအပေါ်ယုံ ကြည်ချက်သည် ဤမျှယိုင်နဲ့နေရကြောင်း ချင်ရှန့် နားလည်သွားသည်။ ခယ့်ယွမ်အာသည် သူ မပေးစွမ်းနိုင်ခဲ့သော ယွီယွဲ့ ၏ကလေးအားကိုယ်ဝန်ဆောင်ခဲ့သည်ဟုထင်သောကြောင့်ပင်။

စိတ်အတွင်းတွင် သူမသည် နက်နက်ရှိုင်းရှိုင်း အပြစ်ရှိစိတ်ဝင်ကာ သူမသည် ယွီယွဲ့၏ချစ်ခြင်းမေတ္တာနှင့် မထိုက်တန်ကာ သူ့အပေါ် မတရားဘူးဟု အမြဲတမ်းခံစားခဲ့ရသည်။

အမျိုးသမီးတိုင်း ကလေးယူဖို့မလိုအပ်ပေမယ့် သူ ကတော့မတူပါချေ။ ယွီယွဲ မိသားစုပြဿနာများအား သူ အမြဲသိနေခဲ့သည်။ ယွီယွဲ့ သည် သူမနှင့် အတူ မိဘကောင်းများဖြစ်ချင်ကာ သူတို့ကလေးတွေအား အတူတကွချစ်မြတ်နိုးစွာဖြင့် ပြုစုပျိုး ထောင်လိုကြောင်း သူ သိသည်။ ထို့ပြင် သူသည်လည်း ကလေး အရမ်းချစ်တတ်ပါသည်။ သို့သော်...

All Chapters