← Chapters

အခန်း (၃၀၅)

Vol. 31 Ch. 305

အခန်း (၃၀၅)

Vol. 31 Ch. 305

အမှန်တရားအား ရှာဖွေတွေ့ရှိခဲ့သော်လည်း ယွီယွဲသည် သူဘာမှမသိဟန်ဆောင်ကာ ပိုင်ရှောင်ရှီနှင့် ချိုမြိန်သော အချစ်ဇာတ် လမ်းအားဆက်ခဲ့သည်။ သူ ကလေးမရနိုင်တာထက် ပိုင်ရှောင်ရှီ သိသွားကာ အသဲကွဲသွားမှာစိုး၍ပင်။ ချင်မိသားစု ရင်ထဲထိသွားသည်။

သို့သော် ချင်ရှန့်မအံ့သြပေ။ ယွီယွဲ့၏မျက်လုံးထဲတွင် ပိုင်ရှောင်ရှီသည် ကမ္ဘာပေါ်တွင်အလှဆုံးတည်ရှိမှုပင်။ သူ၏အကြီးမားဆုံးအိမ်မက်မှာ ထိုသန့်ရှင်းပြီးအပြစ်ကင်းစင်သော အလှတရားအား ကာကွယ်ပေးဖို့ပင်။

[အင်း၊ ချင်ရှန့် နဲ့ တခြားသူတွေက လေးလေးနက်နက်ချစ်ကြတဲ့ ဒီနှစ်ယောက်တစ်ခါလမ်းခွဲဘူးတာ မသိကြဘူးပဲ]

ဒီအတွေးသည် လူတိုင်း၏စပ်စုချင်စိတ်အား ချက်ချင်း တောက်လောင်သွားစေသည်။ သူတို့လည်း ထူးမခြားနားပဲပေါ့။

[ပိုင်ရှောင်ရှီက လိမ္မာတဲ့သူဆိုပေမယ့် အဲ့ဒီအချိန်က အဆိုးဆုံးအချိန်ဖြစ်ခဲ့တာ။ သူ့ရဲ့အခြေအနေကိုသိလိုက်ရတော့ အရမ်းစိတ်ဓာတ်ကျပြီး ယွီယွဲ့ နဲ့ လမ်းခွဲဖို့ဆုံးဖြတ်လိုက်တယ်။ အဲဒါကြောင့် ခယ့်ယွမ်အာပြောတဲ့ ငိုပြီးကျောင်းထွက်သွားတယ်ဆိုတာက ပိုင်ရှောင်ရှီ ယွီယွဲ့ နဲ့ အဆက်အသွယ်ဖြတ်လိုက်တဲ့အတွက်ကြောင့်ပဲ၊ ပြီးတော့ သူက သူ့ဘေးမှာနေဖို့အရာအား လုံးကို စွန့်လွှတ်ခဲ့တယ်။]

ချင်မိသားစုသက်ပြင်းချလိုက်သည်။ ဘယ်လိုတောင် ဒရမ်မာဆန်တဲ့ အချစ်ဇာတ်လမ်းလေးလဲ။ ဒီလူငယ်နှစ်ယောက်အတွက် ခက်ခဲလွန်းခဲ့တယ်။ ခဏနေပါဦး၊ ခယ့်ယွမ်အာက ဘယ်သူနဲ့အိပ်ခဲ့တယ်လို့ပြောခဲ့တာ ? ယွီယွဲ့ အရက်မူးပြီး ထိန်းမနိုင်သိမ်းမရဖြစ်ပြီ ခယ့်ယွမ်အာနဲ့ ပိုင်ရှောင်ရှီနဲ့ကို အထင်မှားပြီး ဖြစ်သွားတာများလား။ ဘယ်လိုတောင် ဖန်တစ်ရာတေနေတဲ့ ဇာတ်လမ်းကြီးလဲ ?

ချင်ရှန့်သည် အမှန်တရားအား လျင်မြန်စွာသဘောပေါက်လိုက်သည်။ အစောပိုင်း ကျီဖေး၏အတွေးများသည် အရေး ကြီးသော အချက်တစ်ချက်အား ဖော်ပြခဲ့သည်- ယွီယွဲ့ သည် ပိုင်ရှောင်ရှီနှင့်သာရှိခဲ့ဖူးသည်။ ထို့ကြောင့် ခယ့်ယွမ်အာ၏ ပြောဆိုချက်များသည် မည်မျှယုံကြည်စိတ်ချပြီး စောဒက တက်လို့ရပါစေဦး။ ယွီယွဲ့ သည် သူမနှင့်တစ်ခုခါမှ မရှိခဲ့ဘူးဆိုသောအချက်ကိုတော့မပြောင်းလဲနိုင်ပေ။

ကျီဖေးလည်း ဒါကို တွေးမိပုံရပြီး မညီးညူးပဲမနေနိုင်တော့ချေ။

[ရှင်းရှင်းကြီးကို၊ နိုင်ငံခြားမှာပညာသင်ကြားတုန်းက မှတ် ဉာဏ်ထဲမှာ ခယ့်ယွမ်အာမရှိဘူး။ ခယ့်ယွမ်အာ မိထွေးဖြစ်တဲ့ အချိန်ကမှ တရားဝင် ပထမဆုံးအကြိမ်တွေ့ဘူးတာ။ ဒါ စောစောက မတ်နဲ့ မရီးကြာနားလည်မှုလွဲခဲ့တာထင်တယ်။ ခယ့်ယွမ်အာက တကယ်နဲ့ သူ့နဲ့အိပ်ခဲ့သမျှယောကျာ်းတိုင်းကို ယွီယွဲ့လို့ တွေးပြီးများအိပ်ခဲ့တာလားမသိဘူး။ ဒါကြီးက….ဟားဟား၊ တကယ်ကို မယုံနိုင်စရာပဲ။]

[ကံကောင်းထောက်မစွာနဲ့ ပိုင်ရှောင်ရှီက ရိုးရှင်းပြီးချော့ရလွယ်လို့ပေါ့၊ ယွီယွဲ့က သူကလေးမလိုချင်ကြောင်း သူမကိုသာလိုအပ်ကြောင်းအကြိမ်ကြိမ်အတည်ပြုပေးခဲ့ရတယ်။ အဲ့တာနဲ့နားလည်မှုလွဲတာက သူ့ အပေါ်လုံးဝမသက်ရောက်စေခဲ့ဘူး။ နှစ်ယောက်တစ်ကမ္ဘာတည်ပြီးကလေးတွေ သူနဲ့ သူမ ဆီကအချစ်ကိုပြိုင်လုမှာကိုတောင်စိုးရိမ်ရတယ်တဲ့၊ ဒီအပြောချိုချိုလေးအောက်မျာ ပိုင်ရှောင်ရှီလွယ်လွယ်နဲ့ပြန်အချော့ခံလိုက်ရပြီး သူတို့ ချစ်ကြည်နူးတစ်တီတူး စုံတွဲပြန်ဖြစ်သွားကြတာကိုး]

[ပိုင်မိသားစုက သူတို့လက်ထပ်ဖို့ သဘောမတူသေးတာက စိုးရိမ်ကြလို့လေ။ သူတို့တွဲနေတုန်း ပိုင်မိသားစုက ယွီမိသားစုအ‌ပေါ်အကျိုးအမြတ်တွေ ထပ်ခါတလဲလဲပေးခဲ့တယ်။ ယွီမိသားစုမှာ ကလေးအများကြီးရှိတာနဲ့ သူတို့သွေးသားကို တန်ဖိုးထားတယ်ဆိုတာသိလို့လေ။ ယွီယွဲ့သာ ပိုင်ရှောင်ရှီနဲ့တကယ်အတူရှိချင်တယ်ဆိုရင် သူတို့ကလေးမွေးစားမှပဲရမယ်။]

ပိုင်မိသားစု အတော်လေးဉာဏ်ကောင်းသည်ဟု ချင်မိသားစု ကတွေးမိသည်။

ယွီမိသားစုအမှန်တရားကို သိချိန် ယွီယွဲ့ နှင့် ပိုင်ရှောင်ရှီတွဲခြင်းအား သချာပေါက်သဘောမတူလောက်ပေဟု ချင်ရှန့် တွေးခဲ့သည်။ ယွီယွဲ့ နှင့် ပိုင်ရှောင်ရှီတို့သည် နိုင်ငံခြား၌အကြာကြီးနေနေကြသည်မှာ အံ့သြစရာမဟုတ်ပေ—ယွီမိသားစု၏ထိန်းချုပ် မှုအောက်မှ လွတ်မြောက်နိုင်ရန်ဖြစ်သည်။

[ပိုင်မိသားစုက ရိုးသားလွန်းတယ်။ ဘာလို့ ယွီမိသားစုကို အကျိုးအမြတ်တွေပေးနေရမှာလဲ? ယွီယွဲ့ ကလည်း သူတို့နဲ့ ဆက်ဆံရေးမကောင်းတာကို။ ယွီယွဲ့ ပိုင်ရှောင်ရှီအတွက် လုပ်ပေးခဲ့တာကိုသာသိရင် ယွီမိသားစုကိုတောင် ကိုးကွယ်လောက်တယ်။ ငါတို့ သူတို့ကိုသတိပေးရမယ်။ ဒါမှ အခွင့်ကောင်း အယူမခံရမှာ]

ချင်မိသားစု ခေါင်းညိတ်သဘောတူသည်။

ချင်ရှန့်သည် ခဏတာအံ့အားသင့်သွားသည်။ သူ့မိန်းမပြောသည့်စကားလုံးတိုင်းအား သူအာရုံစိုက်ခဲ့သဖြင့် တစ်ခုခုကို ချက်ချင်းဖမ်းမိလိုက်သည်။ −ကျီဖေးပြောတဲ့”ယွီယွဲ့ ပိုင်ရှောင်ရှီးအတွက်လုပ်ပေးခဲ့တာ’ဆိုတာ ဘာကိုပြောတာလဲ၊ အခြားဘယ်သူမှမသိသေးတဲ့ တစ်ခုခုကိုများယွီယွဲ့လုပ်ခဲ့တာလား ?

သို့သော် ကျီဖေး ထိုစကားများအား မစဥ်စားခဲ့သည့်အတွက် မည်သူမှမကြားနိုင်ပါချေ။

ထိုအချိန်တွင်၊ ခယ့်ယွမ်အာသည် ယွီယွဲ့ နှင့် သူမချစ်ခြင်းမေတ္တာသည် အကြိမ်ကြိမ်ခွဲခွာခံရ၊ နာကျင်ခဲ့ရသည်များကို အပြစ်တင်ကာ မျက်ရည်ကျနေဆဲပင်။

"သူထွက်သွားပြီးတဲ့နောက် သူ့ကိုဆက်သွယ်ဖို့ကြိုးစားပေမယ့် ဘာတုံ့ပြန်မှုမှမရခဲ့ဘူး။ ယွီယွဲ့ ရဲ့ကုမ္ပဏီကို အလုပ်သွားလုပ်ပြီးတောင် သူ့ကို စောင့်ခဲ့တယ်။ ဒါပေမဲ့ ကံကြမ္မာကရက်စက်တယ်။ ငါ့ယောက္ခထီးဖြစ်မယ့်သူက ငါ့ကို ကြိုက်သွားပြီး ငါ့မိဘတွေက ငါ့ကိုရောင်းစားလိုက်ကြတယ်။ ငါယွီယွဲနဲ့ ပွင့်ပွင့် လင်းလင်း အတူမရှိနိုင်တော့ဘူး။ ငါသူ့ကို လက်မလွှတ်နိုင်ခဲ့ဘူး။ ငါနဲ့အတူမရှိလည်း သူ့ကိုပျော်ရွှင်စေချင်တယ်။ ဒါကြောင့် ငါ့ခံစားချက်တွေကို တိတ်တိတ်လေးဖုံးကွယ်ပြီး သူ့ကိုမသိချင်ယောင်ဆောင်ပြီး သူ့မိထွေးအဖြစ်နဲ့ပဲနေခဲ့တာ။”

ယွီရီ မှိန်းမောစွာနားထောင်နေသည်။ ခယ့်ယွမ်အာ၏ ဇာတ် လမ်းသည် ရိုးသားလွန်ပုံပေါ်သဖြင့် သူလုံးဝယုံကြည့်လိုက်သည်။ သူတူလေး သိုဝှက်သည့်နေရာတွင် ဤမျှတော်မည်မထင်ခဲ့ပေ။ သူတစ်ချိန်က ချစ်ခဲ့သည့်မိန်းကလေးနှင့် သူ့ဖခင် လက်ထပ်သွားသည်ကိုကြည့်နေခဲ့သည်။

သူသည် သူ့မိထွေးနှင့်ပင် အိပ်ကာကိုယ်ဝန်လွယ်စေပြီး နောက်ကိုယ်ဝန်ထပ်ယူရန်ပင် စီစဥ်နေသေးသည်။ ဤသွေးချင်းဆက်ယှက်သည့် ဆက်ဆံရေးအားထိန်းသိမ်းရန်ကြိုးစားနေခြင်းလား ??

ယွီရီ မကျေမနပ်မဖြစ်ပဲ မနေနိုင်တော့ချေ။ သူ့တူလေးနှင့် သူမည်မျှရင်နှီးခဲ့သည်ကိုပင် မေ့သွားသည်။

"ဒါ ငါတို့အပြစ်မဟုတ်ဘူး။ ယွီယွဲ့ ကို ပိုင်ရှောင်ရှီနဲ့တွဲကစားခိုင်းတဲ့ နင်တို့ယွီမိသားစုရဲ့ဖိအားပေးမှုကြောင့်ပဲ။ ပြီးတော့ငါက၊ ယွီယွဲ့ နင့်ရဲ့ထိန်းချုပ်အောက်မှုကနေ လွတ်မြောက်အောင်ကူညီပေးနိုင်ဖို့ ခွန်အားကြီးချင်ခဲ့တာ။"

ခယ့်ယွမ်အာ ဖြောင့်မတ်သည့် လေသံနှင့်ပြောလိုက်သည်။

ယင်းကြောင့် ယွီရီ အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။ ယွီယွဲ့ နဲ့ သိပ်မဆက်ဆံခဲ့ဖူးသော်လည်း ယွီယွဲ့သည် ပိုင်ရှောင်ရှီအားတကယ်ချစ်ကြောင်း သူမြင်နိုင်သည်။

ဒါဆို သူ့တူ တစ်ချိန်လုံးသရုပ်ဆောင်နေတာလား။ သူ အိမ် ထောင်ပြုဖို့ အချိန်ဆွဲနေတာမအံ့သြတော့ဘူး။

ရုတ်တရက် ယွီရီ တစ်ခုခု တွေးမိကာ ခယ့်ယွမ်အာ၏ဝမ်းနည်းမှုအားကိုယ်ချင်းစာသွားပြီး "စိတ်မပူနဲ့။ သူတို့နှစ်ယောက်အတူမရှိစေရဘူး။”

ဤအခြေအနေသည် ခိုးနားထောင်နေသော ကျီဖေးနှင့် ချင်ရှန့်အား အံ့အားသင့်သွားစေသည်။

ခယ့်ယွမ်အာသည် ရုတ်တရက် မော့ကြည့်ကာအသက်ကယ်ကြိုးအားတွေ့လိုက်ရသော သူမမျက်လုံးများတစ်လက်လက်တောက်ပသွားကာထက်သက်သည့် မျှော်လင့် ချက်များနဲ့ ယွီရီအား မျှော်ကြည့်လာသည်။

ယွီရီက "ငါ မတော်တဆ သိလိုက်ရတာ။ ပိုင်ရှောင်ရှီ ကလေးမရနိုင်ဘူး။"

[ချီးပဲ သူတကယ် သိနေတာပဲဟ။ အိုး၊ ယွီယွဲ့ရဲ့ အမေက အိမ် ထောင်ရေး ပဋိပက္ခ ဖန်းတီးတဲ့နေရာတော်တော်လေးကျွမ်း ကျင်တာကို။ သူ့ စီးပွားဖက် အိမ်ထောင်ရေးအတွက် အလား အလာအရှိဆုံး စုံတွဲတွေကို တိတ်တတ်လေးပစ်မှတ်ထားပြီး ဗျူဟာလည်းကြွယ်တယ်။ စုံစမ်းကြည့်ပြီးတော့ ပိုင်ရှောင်ရှီရဲ့ ကျန်းမာရေး ပြဿနာကိုရှာတွေ့ခဲ့တယ်။ ယွီမိသားစုရဲ့အစဉ်လာအရ ဒီလိုချွေးမမျိုးက ဘယ်လောက်ကောင်းကောင်း အသုံးမဝင်ဘူး။ ဒါ့ကြောင့် ဒီအမေက ကြင်ကြင်နာနာနဲ့ ယွီယွဲ့နဲ့ ပိုင်ရှောင်ရှီတို့ ကလေးမရ‌စေချင်တဲ့စိတ်လေးနဲ့ လျှို့ဝှက်ထား ခဲ့တာ။ သူသား ဖော်ပစ်လိမ့်မယ်လို့မထင်ထားလောက်ဘူး။]

ချင်မိသားစု မျက်မှောင်ကြုတ်သွားသည်။ ဤသည်မှာ ပိုင်ရှောင်ရှီ၏ မိသားစုလျှို့ဝှက်ချက်ပင်။ ယွီရီ လျှာရှည်လှသည်။ သူသည် ခဲ့ယွမ်အာ ကျေနပ်စေရန်ပြုမူနေသလိုပင်။

ချင်ရှန့်လည်း မျက်မှောင်ကြုတ်သွားသည်။ ယခု သူခယ့်ယွမ်အာ၏ တုံ့ပြန်မှုအား အလွန်သိချင်သွားသည်။ နောက်အခိုက် အတန့်မှာပင် ချက်ချင်း ခယ့်ယွမ်အာ စိတ်လှုပ်တရှားမေးလာသံအား သူတို့ကြားလိုက်သည်။ ယွီရီ ရှင်းပြပြီးနောက် ခယ့်ယွမ်အာ အချိန်အတန်ကြာ နှုတ်ဆိတ်နေပြီးမှပြောလာသည်။

"ငါနားလည်ပြီ။"

သူ့အသံသည် အနည်းငယ် အက်ကွဲ‌နေသည်။

ယွီရီ ဤအကြောင်းအား ထုတ်မပြောသင့်ကြောင်း နားလည်လိုက်သည်။ သို့သော် သူ့ကိုယ်သူ အမြန်နှစ်သိမ့်လိုက်သည်။ အနည်းဆုံးတော့ သူ မိထွေး၏ဇာတ်လမ်းအား သိလိုက်ပြီ။ သူ့အမေအား ဤအကြောင်းပြောပြရင် သူမ ယွီယွဲ့အား ခြယ် လှယ်နိုင်လိမ့်မည်ပင်။ ခယ့်ယွမ်အာအား ကြည့်လိုက်သည်။ သူမ ထိုလျှို့ဝှက်ချက်ဖြင့် အခြားသူအား ခြိမ်းခြောက်မည့်သူတော့ဖြစ်ဟန်မပေါ်ပေ။

All Chapters