အခန်း (၃၀၆)
Vol. 31 Ch. 306
【ခယ့်ယွမ်အား ပျော်လွန်းလို့ ပြုံးဖြီးနေတာများ ပါးစပ်တောင်ပြဲတော့မယ်။ ယွီယွဲ့ကို ကယ်တင်မယ့် တရားမျှတသူကြီးလို ဟန်ဆောင်နေပြီး တစ်ဖက်မှာကျတော့ ဒီသတင်းကိုဘယ်လိုသုံးပြီးတော့ ယွီယွဲ့ နဲ့ ပိုင်ရှောင်ရှီ လမ်းခွဲအောင် ဖိအားပေးရမလဲတွေးနေမှာ။ သူအားလုံးကို ဖော်ထုတ်လိုက်လည်း ယွီယွဲ့က ပိုင်ရှောင်ရှီကိုပဲရွေးချယ်လိုက်ရင် ဖြစ်သွားမယ့် မျက်နှာကို မြင်ချင်လိုက်တာနော်။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဖြစ်ဘူး။ ဒါက ပိုင်ရှောင်ရှီရဲ့ ဒဏ်ရာပဲ။ ပြန်မဖွင့်တာ အကောင်းဆုံးပဲ။】
ကျီဖေးတွေးနေစဥ် သူမလက်မောင်ထဲမှ ပိုင်ရှောင်ရှီ၏ ခန္ဓာကိုယ် တုန်ယင်နေသည်ကိုခံစားလိုက်ရသည်။
စောစောကတည်က တုန်ယီနေခြင်းဖြစ်နိုင်သောလည်း ကျီဖေး ဒရာမာထဲမှာ စိတ်ရောက်နေသောကြောင့် သတိမထားမိလိုက်ခြင်းဖြစ်သည်။ ယခုအခါ ပိုင်ရှောင်ရှီ၏ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုသည် ပိုမိုအားကောင်းလာကာ ကျီဖေးပင် လျစ် လျူမရှုနိုင်တော့ပေ။
ကျီဖေး ပိုင်ရှောင်ရှီအား ချက်ခြင်းကြည့်လိုက်ကာ သူမ၏ နှလုံးသားနာကျင်သွားသည်။ တစ်ချိန်က တောက်ပပြီး ချစ်စဖွယ်ကောင်းသော မိန်းကလေးသည် ယခုအခါ စိတ်ဝိညာဥ် ပျောက်ဆုံးသကဲ့သို့ဖြစ်နေကာ သူမ၏ နာကျင်မှုအား သူမမျက်နှာပေါ်တွင် တွေ့နိုင်သည်။
သူမ၏မျက်လုံးများသည် ဗလာဖြစ်နေကာ အကြည့်မှာလည်း ဦးတည်ရာမဲ့နေပြီး စိတ်ချုံးချုံးကျသွားဟန်ပေါ်ကာ အချိန်မရွေး မူးလဲသွားနိုင်သလို သူ့မနဖူးပေါ်ရှိ သွေးကြောများသည် တဒိန်းဒိန်းခုန်နေသည်။
ကျီဖေးကတော့ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
ချင်ရှန့် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ပိုင်ရှောင်ရှီကိုယ်တိုင်တောင် သူမကိုယ်သူမ သတိမထားမိခဲ့လောက်ပေ။ သူမ၏ ဖုံးကွယ်ထားသော နာကျင်မှုကို အခြားသူများ သတိမပြုသည်မှာ သူမ ထိုအရာကိုအရေးမစိုက်လည်းရသည်ထိ သူမ၏မိသားစုနှင့် ယွီယွဲမှ သူမအား လုံးလုံးကာကွယ်ပေးထားသောကြောင်လေးတစ်ကောင်လိုပင်။
ကံမကောင်းစွာပဲ၊ ခယ့်ယွမ်အာနှင့် မမျှော်လင့်ထားတဲ့ တွေ့ဆုံမှုသည် သူမအား ချစ်သောသူများ ကြိုးကြိုးစားစားတည် ဆောက်ခဲ့ရသည့် အရာအားလုံးကိုဖျက်ဆီးပစ်လိုက်သည်။
ကံဆိုးလှသည်။
ထိုအချိန်တွင် ပိုင်ရှောင်ရှီ၏အိတ်ကပ်အတွင်းမှ ဖုန်းသည် တုန်ခါသွားသည်။ ကျီဖေးစူးရှသော မျက်လုံးများကခေါ်ဆိုသူ ID အားမြင်လိုက်ရကာ သူမ တွန့်ဆုတ်မနေပါချေ။ သူမ ဖုန်းအား ကောက်ကိုင်လိုက်ပြီး ဖုန်းချပစ်လိုက်ကာ ယွီယွဲ့ထံသို့ မြန်မြန်လာရန်မက်ဆေ့ချ်ပို့လိုက်သည်။ သူ့မိန်းမသည် သူမအားနှစ် သိမ့်ပေးရန် သူအားလိုအပ်နေသည်။ မြန်မြန်မလာလျှင်အလွန် နောက်ကျသွားနိုင်သည်။
ယွီယွဲ့ သည်လည်း အပြစ်ကင်းစင်သူဖြစ်သော်လည်း ဤအရှုပ်ထုပ်မှာ သူ့အပြစ်ဖြစ်ပြီး သူ တာဝန်ယူရမည်ဖြစ်သည်။
သူအခုတင်ထွက်လာသည့် အခန်း၏ဘေးခန်း လိပ်စာပါသည့် မက်ဆေ့အား ပို့လာသည်အား ယွီယွဲ့ မြင်လိုက်ရသောအခါ သူချွေးပြန်သွားသည်။ ပိုင်ရှောင်ရှီနှင့် ပတ်သတ်လာလျှင်သူမည်သည့်အခွင့်အရေးကိုမဆို မလွဲချော်ရဲပေ။ သူနှင့် စကားပြောနေသော အဖွဲ့အားလျစ်လျူရှုကာထပြေးတော့သည်။
အခုတင် သူတို့သည် ခယ့်ယွမ်အာနှင့် ခပ်ခွာခွာနေရန် ယွီယွဲ့အားသတိပေးနေကြသည်။ ယခုအခါ သူ မရှိတော့ပေ။
"ဘာတွေဖြစ်နေတာလဲ?" ကျန်းရန် စိတ်ဝင်တစားမေးသည်။
"သူအရမ်းထိတ်လန့်နေတာမြင်ရတာ ရှားတယ်။ သူ့မျက်နှာ ကြီး ဖြူဖျော့သွားတာများ။ သူဘာ ပြဿနာဖြစ်လို့လဲမသိဘူး။" လောဖေး ပြောသည်။
ကောင်းယာလန်သည် ခွဲခြမ်းစိတ်ဖြာပြီး အချိန်ဖြုန်းမနေပေ။ သူ ချက်ချင်းထရပ်ပြီး စမ်ထင်အားဆွဲထူလိုက်သည်။
စမ်ထင်လန့်သွားသည်။ "ငါတို့ ဘာလုပ်မလို့လဲ ?"
"အရည်ရွှမ်းတဲ့ အတင်းအဖျင်းရှိတယ်လို့ ခံစားမိတယ်!"
ကောင်းယာလန်ချက်ချင်း မျက်ခုံးပင့်လိုက်သည်။
"အဲ့ဒီမြေခွေးမ တစ်ခုခုထပ်လုပ်ပြန်ပြီထင်တယ်။ ယွီယွဲနောက်လိုက်ကြည့်ရအောင်။ ငါတို့ အပြစ်ကင်ပြီး ချစ်စရာ ရှောင်ရှီကို နာကျင်အောင်လုပ်ရဲလို့ကတော့ နင်တို့သူကို သမပစ်။”
ကျန်းရန်နှင့် လောဖေးတို့ လိုက်နာရန်မှတပါး ရွေးချယ်စရာမရှိပေ။
သူတို့အဖွဲ့သည် အမြဲအတင်းအဖျင်းတွေကို စွဲလမ်းနေသလားလို့ပင် မတွေးပဲမနေနိုင်တော့ချေ။
သူတို့အုပ်စုသည် ယွီယွဲ့နောက်သို့တန်းစီလိုက်ပါလာကြသည်။
တစ်ဖက်တွင်၊ ယွီရီသည် သင့်လျော်သည်ဖြစ်စေ မသင့်လျော်သည်ဖြစ်စေ ခယ့်ယွမ်အာအား သူပြောဖို့လိုသည်များအားအ ကုန်ပြောခဲ့သည်။ ခယ့်ယွမ်အာသည် အခြားအာရုံရောက်နေပုံပေါက်ကာ သူမ ပင်ပန်းနေသည်ဟုပြောခဲ့သည်။
အစမှအဆုံး၊ ခယ့်ယွမ်အာသည် ယွီရီမည်သည်အား လုပ်ရန်ကြိုးစားနေသည်ကို လုံးဝနားမလည်ပါချေ။ သူမရင်ဖွင့်ပြီးနောက် ယွီရီသည် သူမအား မခြိမ်းခြောက်ခဲ့ချေ။ ထို့ကြောင့် သူအား အခမ်းအနားစတင်တော့မည်ဖြစ်ကာ မကြာမီ တစ် ယောက်ယောက် ရောက်လာတော့မည်ဟုဆိုကာ သူ့အား နှင်ထုတ်လိုက်သည်။
လျှို့ဝှက်ချက်ကြီးတစ်ခုကြောင့် စိတ်ကမောက်ကမဖြစ်နေသော ယွီရီသည်လည်းထွက်သွားလိုက်သည်။
စင်္ကြံသို့ ရောက်သည်နှင့် ပြေးလာသည့် ယွီယွဲ့အားတွေ့လိုက်ရသည်။
ယွီရီ၏အမူအရာသည် ချက်ချင်းပင် အနည်းငယ်ရှုပ်ထွေးလာသည်။
"မင်း ဘာလို့ဒီကိုရောက်နေတာလဲ?" ယွီယွဲ့ မေးသည်။
ယွီရီသည် ရွှတ်နောက်နောက်နှင့် မျက်ခုံးပင့်လိုက်ပြီး သူ့အား လှောင်ပြောင်ရန် အသင့်ဖြစ်နေသော်ငြား ယွီယွဲ့၏နောက်သို့ လိုက်နေသည့် လူတစ်စုအား တွေ့လိုက်ရပြီး ခဏတာအံ့ဩသွားခဲ့သည်။
ဘာတွေဖြစ်နေတာလဲ ? ယွီယွဲ့က ခယ့်ယွမ်အာကိုလျှို့ဝှက်ပြီး တွေ့ဖို့ ဒီကို ပြေးလာတာမဟုတ်ဘူးလား? နောက်ဆုံးတော့ သူတို့မှာ ရွံ့စရာဆက်ဆံရေးရှိနေတာကို ဘာလို့ သူတို့အားလုံးကို သူနဲ့အတူ ခေါ်လာတာလဲ။
ယွီရီ သူနားလည်မှုလွဲသွားသည်ဟုထင်လိုက်သည်။ အောက်ထပ်မှာဆူညံနေလို့ တိတ်ဆိတ်တဲ့နေရာလာရှာကြတာထင်တယ်။
သူသည် သူတို့အား မနှောက်ယှက်ဘဲ ဖြတ်လျှောက်သွားခဲ့သည်။
ယွီယွဲ့ သူ့နောက်မှအဖွဲ့အား စိတ်မဝင်စားဘဲ အခန်းထဲသို့ အမြန်ပြေးသွားလိုက်သည်။
တံခါးဖွင့်လိုက်ချိန်တွင် သူ အံ့ဩသွားသည်။
အခန်းထဲမှ ကျီဖေးနှင့် ချင်ရှန့်တို့အား သတိမထားမိကာ ပိုင်ရှောင်ရှီ ငိုနေသည့်မြင်ကွင်းသည် သူ့နှလုံးသားကို ကြေမွသွားစေသည်။ ပိုင်ရှောင်ရှီဟာ လွန်ခဲ့တဲ့ နှစ် လမ်းခွဲပြီးကတည်းက တစ်ခါမှ ဒီလောက်ထိ ထပ်မငိုတော့ပေ။
ယွီယွဲ့ ၏ စိတ်ထဲတွင်ကြောက်စရာ အဖြစ်အပျက်များ ပြည့်နှက်သွားပြီး ရှင်းပြရန် အလျင်အမြန်ပြေးလာခဲ့သည်။
ကံကောင်းထောက်မစွာ၊ ဘေးခန်းမှ စကားဝိုင်းအပြီးတွင် ချင်ရှန့်သည် လသာဆောင်ပြတင်းပေါက်အား ပိတ်ထားပြီးဖြစ်သောကြောင့် ခိုးနားထောင်မည့်သူရှိနေမည်အား စိတ်ပူစရာမလိုတော့ပေ။
ယွီယွဲ့နောက်လိုက်လာသောအဖွဲ့သည် အထဲမှ လူသုံးယောက်အား တွေ့လိုက်သောအခါ ထိတ်လန့်သွားသည်။
ကောင်းယာလန် ချက်ချင်းတုံ့ပြန်လိုက်ပြီး အားလုံးကို အခန်းထဲတွန်းလိုက်ကာတံခါးကိုပိတ်လိုက်ပြီး ကျီဖေးအား စိတ်လှုပ်ရှားစွာဖြင့် "ဒီမှာ တကယ်ပဲ အရည်ရွှမ်းတဲ့ ဖရဲသီးရှိနေတာပဲ။!"
ကျီဖေး ပါးစပ်တွန့်သွားသည်။ ဒီလောက် လူတွေအများကြီး ဘယ်လိုလုပ် ဒီရောက်လာတာလဲ ?
ထိုအချိန်တွင် ယွီယွဲ့ သည် ပိုင်ရှောင်ရှီအားဖက်ထားပြီး ချစ်မြတ်နိုးမှုနှင့် စိုးရိမ်မှုတို့ဖြင့် သူ ပြောလိုက်သည် ။
"ရှောင်ရှီ၊ မင်း ဘာလို့ငိုနေရတာလဲကွာ၊ တစ်ခုခုကြားခဲ့လို့လား? တစ်ခုခုကို နားလည်မှုလွဲနေတာလား။ ငါ အကုန်ရှင်းပြနိုင်တယ်။ ငါ မင်းကိုချစ်တယ်၊ မင်း တစ်ယောက်တည်းကိုပဲ ချစ်တာ။ ဒါကိုမှတ်ထားနော်… ငါ... ငါ..."
ပိုင်ရှောင်ရှီငိုနေသည်ကို မြင်သော ယွီယွဲ့သည် မည်သည်ကို ဆက်ပြောရမှန်းမသိတော့ချေ။
လောဖေး ရှေ့တိုးလာပြီး ချင်ရှန့်အားမေးလိုက်သည်။
"ဘာဖြစ်နေတာလဲ?"
ကျန်းရန်က "မင်း ရှောင်ရှီကို ရှာဖို့ ဒီကိုလာတာလား။"
စမ်ထင်သည် ပိုင်ရှောင်ရှီ ပြင်းထန်စွာငိုနေသည်ကို မြင်ကာ မျက်နှာသုတ်ပုဝါတစ်ထည်နဲ့ ရေနွေးပူပူလေး သွားယူသည်။
ကောင်းယာလန်သည် ကျီဖေးရှေ့တွင် ခါးကိုင်းလိုက်ကာ မျက်လုံးများသည် တဖျပ်ဖျပ်တောက်ပနေပြီး ကျီဖေး ဖိအားများသွားသည်။
ချင်ရှန့် ယွီယွဲ့ စကားဆက်မပြောနိုင်တာမြင်တော့ တည့်ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်လောက်က ရှောင်ရှီငိုနေတာကို ငါတို့ အမှတ်တမဲ့ တွေ့လိုက်ရတယ်။ ဘေးခန်းက စကားဝိုင်းကို သူကြားခဲ့တာဖြစ်နိုင်တယ်။"
အားလုံး ချက်ချင်းသိချင်သွားကြသည်။
ယွီယွဲ့ သည် နောက်ဆုံးတွင် စိတ်တည်ငြိမ်မှုသွားပြီး မြန်မြန်ပြောလိုက်သည်။ " ငါ ခယ့်ယွမ်အာကိုပြောခဲ့တာကို မင်း ကြားခဲ့တာလား?"
ပိုင်ရှောင်ရှီမျက်ရည်များ ပိုလို့ပင်တသွင်သွင် စီးကျလာသည်။
ယွီယွဲ့ သည် ပိုင်ရှောင်ရှီ၏မျက်နှာအား ဆုပ်ကိုင်လိုက်ကာ သူ့နှလုံးသားသည် နာကျင်သွားသည်။ "ငါ့ကို ယုံကြည်ပေးပါ။”
ပိုင်ရှောင်ရှီ ရပ် သွားပြီး သူမ၏မျက်ရည်များသည် အမှန်တကယ်ရပ်တန့်သွားသည်။
"အဲဒါတွေ အားလုံးက ခယ့်ယွမ်အာကိုလိမ်ခဲ့တာ။ အဲဒီ့အရူးမက ကိုယ်ဝန်ပျက်ကျတာကိုဖော်ထုတ်လိုက်ရင် ယွီမိသားစုက မင်းကို အပြစ်တင်ပြီး မင်းနဲ့အတင်းအကြပ် လမ်းခွဲခိုင်းမှာကို ငါစိုးရိမ်ခဲ့တာ။ ဒါပေမယ့် ငါဘယ်လိုလုပ် မင်းကိုထားခဲ့နိုင်မှာလဲ။ သူတို့တွေကြောင့် မင်းရဲ့ တောက်ပတဲ့မျက်လုံးတွေ ညှိုး နွမ်းသွားမှာကြောက်တယ်။ ဒါ့ကြောင့် လက်ထပ်ပွဲပြီးပြီးချင်း နိုင်ငံခြားက ငါတို့အိမ်လေးကို ပြန်ဖို့တောင် စီစဥ်ထားပြီးပြီ။ ဒီနဲ့လုံးဝ အဆက်သွယ်ဖြတ်ပစ်မယ်။ ဒါကြောင့် အဲမိန်းမ ပြဿမရှာအောင် ထိန်းထားဖို့ ဆုံးဖြတ်လိုက်တာ။ ငါ့အချစ်လေးရယ်။ ငါက ဘယ်လိုလုပ် သူနဲ့သွားရှုပ်မှာလဲ။ ငါက အဲ့လိုလူ မျိုးလား။ အရင်ကလည်း ငါ ပြောခဲ့ပြီးပြီ။ ကလေးတွေကို မကြိုက်ဘူး။ သူမနဲ့ ကလေးယူစရာအကြောင်းမရှိဘူး။”
ထိုအဖွဲ့သည် မည်သည့်အကြောင်းအရာကိုမှ သေချာမသိကြသော်လည်း သတင်းအချက်အလက်များသည် သူတို့ခေါင်းထဲပေါက်ကွဲသွားကာ တဝီဝီတောင်မည်သွားစေသည်။
မေးခွန်းများအမျိုးမျိုးနှင့် သံသယအမျိုးမျိုးပေါ်လာသည်။
ကျီဖေးသည် နောက်ကွယ်မှ အတင်းအဖျင် အနည်းငယ်အား ပြောပြလိုက်သည်။
"ဘာကြီး? ရှောင်ရှီကြောင့်ဖြစ်တာဟုတ်လား။ မဖြစ်နိုင်ဘူး။ငါရဲ့ ဖရဲသီးစားလာတဲ့ အတွေ့အကြုံအရပြောရရင် အဲ့မိန်းမရဲ့အမှားပဲဖြစ်ရမယ်။”ကောင်းယာလန် ချက်ချင်းပြောသည်။
"ဒီလိုတောင်းဆိုတာ ဘယ်လိုတောင်ရွံ့စရာကောင်းလိုက်လဲ။" စမ်ထင် မကျိန်ဆဲပဲမနေနိုင်တော့ချေ။
လောဖေးက "ဘယ်သူပြောတာမှ မခံရဘဲ မင်းအဖေကို လက် ထပ်နိုင်မယ်လို့ သူ တကယ်ထင်နေတာလား။"
"သူ့အဖေက လောလောဆယ် ကလေးမရနိုင်တော့တဲ့ နာကျင်မှုကို ခံစားနေရတာ။ ယွီယွဲ့ဘက်လိုက်ဖို့အသာထား သူ့ကိုတောင်ဆန့်ကျင်နိုင်သေးတယ်။ ဒီအတိုင်းထားလိုက်တာမှန်တယ်။ လူယုတ်မာတွေနဲ့သွားမရှုပ်နဲ့။ “ ကျန်ရန် သုံးသပ်လိုက်သည်။
ယွီယွဲ့ စကားပြောပြီးနောက် ပိုင်ရှောင်ရှီသည် မျက်ရည်တိတ်တိတ်လေးကျနေပြီး သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူကြံမိကြံရာဖြင့် သူ့ဖုန်းအားချက်ချင်းထုတ်ကာ သူ့ကိုယ်သူသက်သေပြလိုက်သည်။ သူလက်မှတ်ဖြတ်ထားသည်ကိုပြကာ သူပြောသည်မှာ အမှန်ဆိုသည်ကို ပြလိုက်သည်။
သို့သော် နောက်အခိုက်အတန့်တွင် ပိုင်ရှောင်ရှီသည် ပိုလို့ပင် ငိုကြွေးလာသည်။ ယွီယွဲ့နာမည်အား ထပ်ခါတလဲလဲ ခေါ်ကာ သူမ သူအားမည်မျှချစ်ကြောင်း၊ မည်မျှအဆုံးရှုံးမခံချင်ကြောင်းနှင့် သူမ မည်မျှအသဲကွဲနေကြောင်းသိနိုင်သည်။
သူမ စကားပြောချင်သော်လည်း နာကျင်မှုကြောင့် တစ်လုံးမျှထွက်မလာပေ။
ယွီယွဲ့ မည်သည်အားဆက်လုပ်ရမည်မသိသောကြောင့် ခေါင်း ကုတ်လိုက်သည်။
"မင်း ဒါကို အရင်နားထောင်သင့်တယ်။" ချင်ရှန့် သူ့ဖုန်းအား ထုတ်ကာ ပြောလိုက်သည်။