အခန်း (၃၀၇)
Vol. 31 Ch. 307
အစပိုင်းတွင် ယွီယွဲ့၏အမူအရာသည် ဗလာဖြစ်သွားသည်။ "ငါယွီယွဲ့ရဲ့ကလေးကို သယ်ထားတာ။" ဆိုတဲ့ စကား ယွီယွဲ့ ရဲ့ ဦးနှောက်အား တိုက်ရိုက်ထိသွားသည်။
ရှိသမျှလူတိုင်းမျက်လုံးပြူးသွားပြီး ယွီယွဲအားစိုက်ကြည့်လိုက်ကြသည်။
ဤအခိုက်အတန့်တွင် သူတို့စိတ်ထဲ၌ စကားလေးလုံး ဖြတ်ပြေးသွားသည်။ “မကောင်းဆိုးဝါး မိထွေး “
“သူရုးနေတာလား။ ဘာ….ဘာအဓိပ္ပာယ်မရှိတာကြီးလဲ။ “
ယွီယွဲ့ မျက်နှာသည် ဒေါသကြောင့် နီရဲနေပြီး မတရားခံရသောကြောင့် သွေးအန်တော့မတတ်ပင်။
ထို့နောက် တစ်စုံတစ်ခုအား သတိရသွားသလို သူ့အမူအရာ ရှုံ့တွသွားသည်။
[သနာစရာကောင်လေး သနားစရာပဲဟယ်။ တစ်ချိန်လုံး ခယ်ယွမ်အာရဲ့ သူ့အပေါ် ထူးဆန်းနေတာဆိုတာ နားလည်သွားပြီ။ သူဘယ်လောက်စဥ်းစား ခယ့်ယွမ်အာမှာ ဒီလိုလျို့ဝှက်အကြံ အစည်ရှိတာကိုတော့ စဥ်းစားမိမှာမဟုတ်ဘူး။]
“ရှောင်ရှီ မင်း သူပြောတဲ့ ဗလောင်းဗလဲစကားတွေကို မယုံဘူးလား။ ငါက သူနဲ့ဘယ်လို ဆက်ဆံရေးရှိရမှာလဲ။ အဲကလေးကလည်း ဘယ်လိုလုပ် ငါ့ကလေးဖြစ်ရမှာလဲ။” ယွီယွဲ့စီုးရိမ်တကြီးပြောသည်။
သူပြောသည်အားကြားသော် အခြားလူများအားလုံး စိတ်သက် သာရာရစွာ သက်ပြင်းချလိုက်သည်။
“ သူ ဘာလုပ်ချင်နေတာလဲ။ နင့်ဦးလေးကို တမင်လှည့်စားတာလား။ ဒါမှမဟုတ် နင့်အကြောင်း ကောလဟာလတွေ ဖြန့်နေတာလဲ။” ကောင်းယာလန်မေးသည်။
“ငါ ဘယ်လိုသိမှာလဲဟ။”
ယွီယွဲ့ သူဆံပင်များကိုပင် ဆွဲနှုတ်ပစ်ချင်သွားပြီး ဤအခြေအ မြစ်မရှိသော ကောလဟာလများကြောင့် မတရားခံရသလို ခံစားလိုက်ရသည်။
အသံသွင်းသည်အား ဆက်ဖွင့်ပြလိုက်ကာ ခယ့်ယွမ်အား ထိုနေ့ည အိမ်ဟောင်းတွင်ဖြစ်ခဲ့သည့် မတော်တဆအားပြောလာသည်ကို ကြားလိုက်ရသည်။
ယွီယွဲ့ ချက်ချင်းပဲ "အဲဒီည။ မဟုတ်ဘူး။ ငါအဲ့လောက်မူးမနေဘူး။ ငါမူးချင်ယောင်ဆောင်နေတာ။ မအိပ်ခင် ရှောင်ရှီကို goodnight ပြောဖို့တောင် ဖုန်းခေါ်လိုက်သေးတယ်။”
ပိုင်ရှောင်ရှီ အနည်းငယ်ပြန်တည်ငြိမ်လာပုံရလာ သူတို့အတူမရှိသည့် ညတိုင်း ဖုန်းခေါ်ပြီး goodnight ပြောသည်ကို သတိရကာ သူ့ မျက်နှာတစ်ချက် စိတ်ရှုပ်ထွေးသွားသည်။
“ဒါဆိုဇာတ်လမ်းတစ်ခုလုံး သူမ ကိုယ့်ဟာကိုယ်ပုံဖော်ပြီးပြောနေတာလာ။” စမ်ထင်မေးသည်။
ကျန်းရန်က "ဖြစ်နိုင်တယ်။ မင်း ဆိုရင်ရော၊ ကိုယ် ဘယ်သူနဲ့အိပ်ခဲ့တယ်ဆိုတာတောင် သေချာမသိဘူးပေါ့ အဲလိုကြီးလား”
အသံသွင်းထားသည် နားထောင်သူတိုင်း မည်သည့်ထူးဆန်းမှုကိုမှ မခံစားရသည့်အတွက် ယွီရီ၏မူမမှန်သော လေသံအား သံသယမဖြစ်ခဲ့ကြပေ။
ထို့ကြောင့် ကျီဖေး တိုက်ရိုက်ပင်ပြောလိုက်သည်။
"စကားမစပ် ယွီယွဲ့ ရဲ့အဖေက ကလေးမရနိုင်တော့ဘူးလို့ ခယ့်ယွမ်အာပြောခဲ့တာကို မမေ့နဲ့ဦး။ ဒါကြောင့် သူ့မှာ တခြားတစ်ယောက်ရှိနေတာဖြစ်ရမယ်။ သူ မလိမ်တာလည်းဖြစ်နိုင်တယ်"
ယွီယွဲ့ သည် ကျီဖေးအား ချက်ချင်းကြည့်ကာ ပြန်လည်ချေပလိုက်သည်။ "မေ့ဖေးရေ၊ ငါ့ကို မတရား အမှုမဆင်ပါနဲ့ဟာ။”
ကျီဖေး စကားမပြောနိုင်တော့ပေ။
"ငါပြောတာက သူက အခြားသူကို နင်လို့အထင်မှားသွားတာလားမသိဘူးလို့။”
"သူလည်း မူးနေတာလား။?" ကောင်းယာလန်က "သူ လူမှားပြီး အိပ်လိုက်တာလား။ အား၊ အဲဒါ ယွီယွဲ့ ရဲ့ဦးလေးများလား။"
ဤအမှတ်ဖော်မှုသည် ယွီရီ၏တည်ရှိမှုအား ချက်ချင်းထင် ရှားစေသည်။
ဟုတ်တယ်၊ ဒီအခြေအနေမှာ ယွီရီက ဘာလို့ ရုတ်တရက်ကြီးပေါ်လာတာလဲ။
ယွီယွဲ့ ခဏလောက်ရပ်သွာကာ ရုတ်တရက် ပြောလာသည်။
"ငါ အခုမှမှတ်မိပြီ။ ငါ့ဦးလေးမူးနေလို့ သူ့အခန်းခေါ်သွားတာ သူ ကုတင်ပေါ်ကို အန်ချလိုက်တယ်။ ငါလည်း မတတ်နိုင်တော့လို့ ငါ့အခန်းမှာ နားဖို့ခေါ်သွားလိုက်တာ။ အစေခံတွေ သန့်ရှင်းရေးလုပ်ပြီးသွားတော့ သူက မထွက်ချင်တော့ဘူး။ အာ့တာနဲ့ ငါ သူ့အခန်းမှာပဲ အိပ်လိုက်တာ။”
လောဖေးက "အခန်းမီးတွေကလည်း ပိတ်ထားတယ်။ မင်းဦးလေးနဲ့ မင်းက အသက်ရော၊ ခန္ဓာကိုယ်ချင်းရော အတူတူ ပဲ။ သူသာ မနက်စောစောထွက်ခဲ့မယ်ဆိုရင် လွယ်လွယ်လေး နားလည်မှုလွဲသွားနိုင်တာပဲ။”
ယွီယွဲ့ သည် ချက်ချင်းပင် သံသယရှင်းသည်အားအာရုံခံမိလိုက်ကာ ပိုင်ရှောင်ရှီ၏လက်အားဆုပ်ကိုင်ကာ “ မင်းကြားလာ။ အမှန်က အဲ့လိုပဲဖြစ်ရမယ်။ ငါ မင်းကို သစ္စာဖောက်တဲ့ဟာမျိုး ဘယ်လိုလုပ်လုပ်မှာလဲ။ အခု အဆင်ပြေပြီလား။”
ယွီယွဲ့ ပြုံးလိုက်သည်။
သို့သော် အခြားသူများသည် ယွီရီနှင့် ခယ့်ယွမ်အာတို့၏ဆက် ဆံရေးအား ပိုသိချင်နေကြသည်။
နောက်ထပ်တွင် သီချင်သံစလာသည်အား ကြားလိုက်ရကာ အခမ်းအနားစတင်တော့မည်။
သို့သော သူတို့အားလုံး အပြင်မှ အခမ်းအနားထက်အရည် ရွှမ်းသည့် ဤအတင်းအဖျင်းအား စိတ်ဝင်စားနေကြသည်။
ဇာတ်လမ်းဆင်၊နောက်မီးလင်းခံလိုက်ရသည့်ယွီယွဲ့ ၏ဖခင်အတွက်တော့ −သူသားအရင်းကိုတောင် ဂရုမစိုက်တာသူတိုကလည်း ဂရုမစိုက်ချေ။
ထိုအချိန်တွင်၊ စကားဝိုင်းသည် ယွီယွဲအပေါ် သူမခံစားချက်များကို ထုတ်ဖော်ခဲ့သည့် ခယ်ယွမ်အားအကြောင်းရောက်သွားသည်။
ယွီယွဲ့ တစ်ဖန် အံသြသွားသည်။- "ငါအရင်က သူကို သိတောင်မသိဘူး။ အခု သူက ငါ့မိထွေးပဲ။ ငါ့အဖေအိပ်ထားတဲ့ မိန်းမနဲ့ အိပ်ရမယ်ဆိုရင် ငါရွံလွန်းလို့သေမှာပဲ။ သူ ဘာတွေပြောနေတာလဲ။”
ပိုင်ရှောင်ရှီသည် ယွီယွဲ့ အား ဝမ်းနည်းစွာကြည့်ကာ အဆုံးထိသွားလိုက်ချင်သည်။ သို့သော် သူမမေးနိုင်ခင်မှာပင် အသံသွင်းထားသည်မှာ ခယ့်ယွမ်အာ အထက်တန်းဘဝအား ပြန် တမ်းတချိန်ဆီရောက်သွားသည်။
နားထောင်နေရင်း အခြားသူများသည် ယွီယွဲအား သံသယဖြင့် မကြည့်ပဲမနေနိုင်တော့ချေ။
ယွီယွဲ့ သည် တချို့သော သရုပ်ဖော်မှုများတွင် တုန်ယီကျန်ခဲ့သည်။ အနီးကပ်စစ်ကြည့်ကာ တစ်ခုလုံးအားချုံငုံသုံးသပ်လိုက်လျှင် ကြက်သီးထသွားသည်။
"ငါ မှတ်ဥာဏ်တွေ ပျောက်သွားတာလာ။ လူတွေကို ရှောင်ပြီး ကျောင်းဆေးကုသဆောင်မှာ အိပ်ရတာကြိုက်တယ်။ ဒါပေမယ့်... ငါ စဥ်းစားကြည့်ပါဦးမယ်…..အချိန်တစ်ခုလောက် ဆေးခန်းကို ပုံမှန်လာတဲ့သူတော့ရှိဘူးတယ်။ ဒါမယ့် သူက တခြားသူတွေလိုပဲ ငါ့ကိုသိပြီး ဖားချင်ပြီး ငါ့နောက်လိုက်ဖြစ်ချင်တယ်ထင်တာ။ ငါက တော်တော်လေးရက်ရောတယ်လေ တောက်တိုမယ်ယခိုင်းရရင် ဆုနည်းနည်းပေးတယ်။ ငါ့နောက် လိုက်တွေထဲ တစ်ယောက်လားမသိဘူး။”
သူ့ကို ခယသူများ၏ နာမည်အားမမှတ်နေသလို ဆက်သွယ်ရန် အချက်အလက်လည်း ပေးမနေပေ။
"ဒါဆို ခယ့်ယွမ်အာအတွက် ဒါက ဆယ်ကျော်သက် အချစ်ဒရာမာဆိုပေမယ့် နင့်မျက်လုံးထဲမှာတော့ အဲဒါက သခင်ငယ်လေးနဲ့ သူ့ရဲ့တောက်တိုမယ်ယအလုပ်သမားလေးပေါ့။"
ကောင်းယာလန် ရယ်ရလွန်းလို့ မျက်ရည်တောင် ထွက်တော့မည်။
တခြားသူများလည်း ဤအခြေအနေအား မည်သို့ပြောရမည်ပင် မသိကာ နှုတ်ခမ်းများသာရှုံ့ကုန်တော့သည်။
ကျီဖေးလည်း မရယ်ပဲ မနေနိုင်တော့ပေ။ ["မမျှတတဲ့ အချစ်ဆိုတာ တစ်ဦးတည်းရဲ့ စစ်ပွဲ"ဆိုတာ ဒီအဓိပ္ပာယ်ပေါ့။ ရှေ့လျှောက် ပြန်လည်မတောင်းဆိုတဲ့အချစ်ဆိုတဲ့ အရိပ်မဲကြီးကျန်ခဲ့တော့မယ် ငါ တော့။]
ပိုင်ရှောင်ရှီ ဤသည်စကားများအား ကြားသော် နောက်ဆုံးမှာ သူမမေးရဲလာကာ ချက်ချင်းပြောလာသည်။
“ဒါဆိုနင် သူ့ကို တကယ်မမှတ်မိတာလာ။ နင် နိုင်ငံခြားမှာရှိတုန်းကကော...?"
"အာ ? နိုင်ငံခြားမှာလား?" ယွီယွဲ့ သည် တစ်ဖန် အံသြသွားပြန်သည်။
အသံသွင်းထားသည်အား ဆက်လက်ဖွင့်ထားပြီး ယွီယွဲ့ သည် နောက်ဇာတ်လမ်းတစ်ပုဒ်အား ထပ်ကြားလိုက်ရသည်။
ပထမစာကြောင်းကပင် ယွီယွဲ့အား ပြင်းပြင်းထန်ထန် တုံ့ပြန်စေဖို့ လုံလောက်သည်။
"ဘာကို စီစဥ်ထားတဲ့ အိမ်ထောင်ရေးလဲ။ ငါ့မိန်းမကို ငါ့ဟာ ငါ ရှာတွေ့ခဲ့တာပါနော် ဟုတ်ပြီလား။” ယွီယွဲ မကျေမနပ်နှင့်ပြောလိုက်သည်။
အချစ်စစ်မှာတွေ့ရန် သူအသားကုန်ကြိုးစားခဲ့ရပြီး ဤကမ္ဘာပေါ်တွင် သူသည် ကံအကောင်းဆုံးလူသားဟု သူတွေးခဲ့သည်ပင်။ ဤကဲ့သို့ အစော်ကားခံရခြင်းသည် သူအား ဒေါသထွက်စေသည်။
ကျန်းရန်က "အရင်တုန်းက ယွီမိသားစုနဲ့ ပိုင်မိသားစုက လုံးဝအဆက်အစပ်မရှိခဲ့ဘူး။ သူမြင်ချင်တာပဲမြင်ပြီး ကျန်တာအကုန် လျစ်လျူရှုခဲ့တာ။”
ဤစကားသည် ကျီဖေးအားလှုံ့ဆော်လိုက်သည်။
[ဒါက ထူးဆန်းတယ်လို့ ငါအမြဲထင်ခဲ့တာ။ နှစ်ပေါင်းများစွာ အထင်လွဲပြီး တီဗီဒရမ်မာတွေထဲလို တိုက်ဆိုက်မှုတွေနဲ့။ တကယ်ပဲ ချို့ယွင်းချက်တွေမရှိတာလာ။ ခဲ့ယွင်အာကပဲ အဲဒါတွေကို တမင်မသိချင်ယောင်ဆောင်ခဲ့တာလာ။]
ချင်ရှန့် : အချို့လူတွေက သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာပဲ ပိတ်မိနေကြတာသိသာပါတယ်။
ကောင်းယာလန် ပြုံးပြီ "ယွီယွဲ့ နင်ကဆယ်လီမဟုတ်တာတောင် stalker တွေကို ဆွဲဆောင်နေတုန်းပဲ။ နိုင်ငံရပ်ခြားထိတောင် နင့်နောက်လိုက်ပြီး သူ စိတ်ကူးယဥ်နေတာယုံဖို့တောင်ခက်တယ်။”
ယွီယွဲ့ သေချာပြန်စဥ်းစားနေသည်။
"ငါ သူမနဲ့တွေ့ဖူးလို့လား? ဒါမှမဟုတ် သူအခုတင် ဇာတ်လမ်းလုပ်လိုက်တာလား?"
အဲဒီအချိန်မှာပဲ ချင်ရှန့် က "ငါ စောစောက တစ်ယောက်ကို စုံစမ်းခိုင်းလိုက်တာ။ ခယ့်ယွမ်အာနဲ့ မင်းက အထက်တန်း ကျောင်း အတူတူတက်ခဲ့ပြီးနောက်ပိုင်း မင်းတက်တဲ့ နိုင်ငံခြားတက္ကသိုလ်မှာပဲ ဆက်တက်ခဲ့တယ်။"
ယွီယွဲ့ သည် ချင်ရှန့် အဘယ့်ကြောင့် ခယ့်ယွမ်အာအား ရုတ်တ ရက် စုံစမ်းရသနည်းဟုမေးခွန်းမထုတ်ပေ၊ သူ မျက်မှောင် ကြုတ်ကာပြန်မှတ်မိရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သည်။
ကြည့်ရတာ သူတကယ်ပဲ လုံးဝမမှတ်မိတော့သလိုပင်။
အသံသွင်းသည်မှာ တစ်နေရာရောက်သည့်အခါ ယွီယွဲ့ နှင့် ပိုင်ရှောင်ရှီနှစ်ဦးစလုံး၏မျက်နှာပြောင်းလဲသွားတော့သည်။
သူတို့နှစ်ယောက်လုံး ဤအနာကျင်ဆုံးအမှတ်တရအားသတိ ရမိကြသည်။