← Chapters

အခန်း (၃၀၈)

Vol. 31 Ch. 308

အခန်း (၃၀၈)

Vol. 31 Ch. 308

ယွီယွဲ့ ချက်ချင်းထိတ်လန့်သွားပြီး ပိုင်ရှောင်ရှီအားကြည့်ကာ အဘယ့်ကြောင့် သူစိတ်ဆိုးသွားသည်ကိုသိလိုက်ရသည်။ ပိုင်ရှောင်ရှီ အလွန်စိတ်ဆင်းရဲနေသည်မှာ အံ့သြစရာမဟုတ်‌ချေ —သူ ထိုအဖြစ်အပျက်များအား သတိရနေပြီး ခယ့်ယွမ်အာ ၏အလိမ်အညာများဖြင့် လွယ်လွယ်လှည့်စားခံလိုက်ရသည်။

"ချီးပဲ၊ ခယ့်ယွမ်အာ၊ သူ ဘာစွကြောင်းတွေပြောခဲ့တာလဲ! သူဘယ်နှစ်ခါလောက် ငါ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှာလဲ? သူ အရူးပဲဖြစ်ရမယ်၊ လုံးဝကိုရူးနေတာ!"

ယွီယွဲ့ ဒေါသတကြီးဖြင့် ကောင်းကင်ပေါ်သို့လက်ညှိုးထိုးပြီး ကျိန်လိုက်သည်။

"ကိုယ်သူ့ကို လုံးဝကိုမထိခဲ့ဘူး။ သူ့ဖြစ်တည်မှုကိုတောင်မမှတ်မိခဲ့ဘူး။ ရှောင်ရှီ၊ ကိုယ့်မှာမင်းပဲရှိတာပါ။ မစိုးရိမ်ပါနဲ့၊ မင်းကိုယ့်ကို ဒီတိုင်းယုံလိုက်စရာမလိုပါဘူး၊ ကိုယ်ဒါကို သက် သေနဲ့တကွပြမယ်။ ကိုယ်အခုပဲ နိုင်ငံခြားကအတန်းဖော်တွေစီ ဖုန်းဆက်လိုက်မယ်။ ကိုယ့်ကို အာမခံပေးနိုင်မဲ့သူမရှိဘူးဆိုတာ ကိုယ်မယုံဘူး!"

ယခု ယွီယွဲ့၏တုံ့ပြန်မှုအား မြင်နေရသူအားလုံးသည် သူ့အား တင်းတင်းကြပ်ကြပ်ဖက်ထားကြသည်။

ပိုင်ရှောင်ရှီ နောက်ဆုံးငိုချလိုက်ပြီး ယွီယွဲ့ ၏ရင်ခွင်ထဲသို့လှဲချလိုက်သည်။

"တောင်းပန်ပါတယ် အားယွဲ့။ တောင်းပန်ပါတယ်။ ငါယုံကြည်မှုမရှိခဲ့လို့၊ ငါ့ကြောင့်..."

ယွီယွဲ့ သည် ပိုင်ရှောင်ရှီအား ထိုစကားများမပြောစေချင်သလို ထိုအဖြစ်အပျက်များကိုလည်း ပြန်သတိမရစေချင်ပေ။ သူ၏ အဖိုးတန်မိန်းကလေးသည် ထာဝရဖြူစင်လှပနေသင့်သည်။

ပိုင်ရှောင်ရှီအား ပွေ့ဖက်ထားပြီး ယွီယွဲ့ ၏မျက်လုံးများသည် အေးစက်နေသည့်ဒေါသများဖြင့် ပြည့်နှက်နေသည်။ ထိုရူး သွပ်နေသည့်မိန်းမ ခယ့်ယွမ်အာသည် သူ့ချစ်သူအား အသည်း ကွဲစေခဲ့သည်။ သေချာပေါက် သူပြန်ပေးဆပ်ရမည်။

ယွီယွဲ့ အားကာကွယ်လိုသည်ဟု ခယ့်ယွမ်အာပြောသည်ကိုကြားသောအခါ လူတိုင်းက သူ့အား မလှောင်ပြောင်ပဲမနေနိုင်ကြဘဲ၊ ယွီယွဲ့ သည်ပင် မထီမဲ့မြင်ရယ်မောလိုက်သည်။

ကောင်းယာလန်မှ "သူက သူ့ကိုယ်သူ တော်တော်လေးမွန်မြတ်တယ်လို့ ထင်နေတာသေချာပါတယ်၊ ဒါပေမယ့် လူတိုင်းက မြင်မြင်ချင်းပဲဖြစ်ဖြစ်၊ အချိန်ကြာလာလို့ပဲဖြစ်ဖြစ် သူတို့ရဲ့လူမှုအသိုင်းအဝိုင်းထဲမှာပဲ ချစ်မိသွားကြတာဖြစ်နိုင်ပါ့မလား? သူတို့က အချစ်စစ်ဆိုတာကိုသက်သေပြဖို့အတွက် သူ့လို လုံးဝကွဲပြားတဲ့ကမ္ဘာကလာတဲ့တစ်ယောက်ကို တကယ်ရွေးပါ့မလား?"

"ဒီလိုမျိုးက စိတ်မြန်ပြီး ဆင်ခြင်တုံတရားမရှိတာနဲ့ပိုတူတယ်" ဟု စမ်ထင်က အေးစက်စွာပြောသည်။

ထိုစဉ်ချင်ရှန့်သည် ရုတ်တရက် အသံသွင်းခြင်းကိုရပ်လိုက်ပြီး အခြားလူများမှ သူ့အား စူးစိုက်ကြည့်နေကြသည်။

"ပြီးသွားပြီလား ?" လော့ဖေးမှ မေးသည်။

ချင်ရှန့် တည်ငြိမ်စွာခေါင်းညိတ်လိုက်သည်။

"သူတို့ ပူးပေါင်းကြံစည်မှုတစ်ခုခုကို ဆွေးနွေးမယ်လို့ ငါထင်နေတာ။" ကျန်းရန် လှောင်ပြောင်လိုက်သည်။

"သူတို့ စာမျက်နှာတစ်ခုတည်းမှာ အတူရှိမှာမဟုတ်ဘူး။ အ ကယ်၍ယွီယွဲ့သာ အဲ့ဒီညက ခယ့်ယွမ်အာနဲ့အတူရှိခဲ့တဲ့သူဆိုရင် အခု သူအမှန်တရားကိုသိနေသင့်တယ်။ ဆိုတော့ သူလည်း အကုန်လုံးကိုဖုံးကွယ်ထားပြီး ယွီယွဲ့ကို အပြစ်တင်ခံရအောင်လုပ်နေတာ။" လော့ဖေးမှပြောပြီး ယွီယွဲ့ အား ကြည့်လိုက်သည်။ "ဒီအခြေအနေက တော်တော်ဒုက္ခများတယ်။ ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ ?"

ယွီယွဲ့ ဒေါသတကြီးဖြင့် "ယွီရီနဲ့သူ့ရဲ့ ဆက်ဆံရေးကိုဖော် ထုတ်ဖို့ ငါနည်းလမ်းရှာလိုက်မယ်။ အဲဒီအရူးနှစ်ယောက်က ငါ့ကိုရန်ပြုဖို့ကြံစည်နေတာ!"

"သူ သူ့ကလေးကို အသုံးချမယ်ဆိုရင်ရော?" စမ်ထင် မေးလိုက်သည်။

"နင်အတွေးလွန်နေတာပဲ။ အသံဖိုင်အရဆို ကလေးက ပါးပါးယွီရဲ့ကလေးမဟုတ်ဘူး၊ ဒီတော့ သူဘယ်လိုလုပ် ကလေးကိုဒိုင်းကာအနေနဲ့သုံးလို့ရနိုင်မှာလဲ?" ကောင်းယာလန်မှ ပြန်ဖြေသည်။

"ဒါပေမယ့်ငါတို့မှာ ကလေးက သူ့က‌လေးမဟုတ်တာသက် သေပြဖို့အတွက် အသံဖိုင်တစ်ခုပဲရှိတယ်လေ၊ ပြီးတော့ ယွီယွဲ့က သူ့နာမည်ကိုရှင်းဖို့ခက်လိမ့်မယ်။" ဟု ကျန်းရန်မှ ပြော သည်။

"စကားမစပ်၊ ကလေးနဲ့ ဘာကိစ္စရှိလို့လဲ? ရှောင်ရှီ၊ ငါတို့ကို အသေးစိတ်ပြောပြစမ်း။" ကောင်းယာလန် ချက်ခြင်းသိချင်လာသည်။

ပိုင်ရှောင်ရှီ အခုမှအငိုရပ်သွားပြီး ဓာတ်ပုံအား ရုတ်တရက်သတိရသွားသည်။

ကြည့်ရသည်မှာ နိုင်ငံခြားသွားတော့မည့်အတန်းဖော်များ၏ နောက်ဆုံးစုဝေးပွဲနေ့တွင် သူတို့အားလုံးသောက်စားကြပြီး တစ်စုံတစ်ယောက်မှ မူးမူးနှင့် သူတို့နှစ်ယောက်အား ဓာတ်ပုံရိုက်ခဲ့ပုံရသည်။

ထိုအချိန်တွင်၊ ယွီယွဲ့ သည် သူ့ကိုယ်ပိုင်အတွေးများထဲ ရစ်မူးနေပြီး သူ့ဘေးတွင်ထိုင်နေသည့်သူအား ဂရုမစိုက်နိုင်ပေ။

သို့ပေမယ့် တခြားသူများမှာ ထိုကဲ့သို့မထင်ကြပေ။ ဓာတ်ပုံနှင့်အသံဖိုင်ကိုပေါင်းစပ်လိုက်လျှင် ၎င်းသည် ယွီယွဲ့အား ထိခိုက်နိုင်သည့် နှစ်ဖက်ချွန်ဓားတစ်ချောင်းဖြစ်လာနိုင်သည်။

အခြေအနေသည် အမှန်ပင် ရှုပ်ထွေးလွန်းသည်။

"အဲ့ဒီကောင်က မင်းကိုထောင်ချောက်ဆင်ဖို့ တမင်လုပ်ခဲ့တာဖြစ်မယ်။ အဲ့ဒီ နန်းတွင်းအရှုပ်တော်ပုံတွေထဲမှာလိုပဲ ဆွဲချဖို့ဟန်ဆောင်နေတာ။" ဟု ကောင်းယာလန်မှ ပြောသည်။

"အဲ့ဒီတုန်းက အခြေအနေနဲ့ပတ်သက်ပြီး ငါ တကယ်သိပ်မရှင်းဘူး၊ ငါ အသိစိတ်ပျောက်သွားပြီး ဖုန်းကိုကြည့်ဖို့ပဲ လှမ်းဆွဲချင်နေတာ။" ဟု ပိုင်ရှောင်ရှီမှ သူ၏စိတ်မြန်မှုအား အပြစ် တင်ကာ ဝမ်းနည်းစွာပြောသည်။

ယွီယွဲ့ သူ့မိန်းမအားချက်ချင်းနှစ်သိမ့်ပေးရင်း "အင်း၊ ကိုယ့်အဖိုးတန်လေးက ကိုယ့်ကိုအရမ်းစိတ်ပူလို့ စိတ်လွတ်ခဲ့သွားတာ။ သူက ကိုယ့်ကိုအရမ်းချစ်မှာသေချာတယ်။"

ပိုင်ရှောင်ရှီ ချက်ချင်းပင်ရှက်သွားသည်။

တခြားသူများမှ ယွီယွဲ့အား တိတ်တဆိတ်လက်မထောင်ပြကြသည်။

သို့သော် ဘာဆက်လုပ်ရမည်ဆိုသည်အား မည်သူမှမတွေးတတ်ကြပေ။

ယွီယွဲ့ သည် နောက်ဆုံးတွင် ချင်ရှန့်နှင့်ကျီဖေးအား ကြည့်လိုက်သည်။

"မင်းမှာ အကြံဉာဏ်တွေရှိသေးလား?"

ကျီဖေးသည် ဒရာမာခံစားရန်သာ ဤနေရာတွင်ရှိနေခြင်းဖြစ်သည်။ သူ့တွင် အကြံပေးစရာမရှိချေ။ ရယ်စရာအကောင်းဆုံးအပိုင်းမှာတော့ ခယ့်ယွမ်အာအား နောက်မှစစ်ဆေးနိုင် သည်ထင်၍ သူနှင့်မတွေ့ဖူးသေးခြင်းပင်ဖြစ်သည်။

သို့ပေမယ့် ချင်ရှန့်မှ " မင်းရဲ့ နဂိုအစီအစဉ်အတိုင်းပဲ ပိုင်ရှောင်ရှီကိုအရင်ခေါ်သွားဖို့ အကြံပေးချင်တယ်။ သက်သေအ ထောက်အထားတွေစုဆောင်းပြီးရင် အဖြစ်မှန်ကိုရင်ဆိုင်ပြီး မင်းကိုဆက်မနှောက်ယှက်တော့ဖို့ ယွီရီနဲ့ ခယ့်ယွမ်အာကို တိတ်တိတ်လေးသတိပေးလိုက်မယ်။"

ယွီယွဲ့ ချက်ချင်းကန့်ကွက်လိုက်ပြီး "ဘာလို့ဒီလောက် လွယ်လွယ်နဲ့လွှတ်ထားရမှာလဲ!"

"မင်းသူတို့ကို တိတ်တဆိတ်လက်စားချေချင်ရင် ချေလို့ရတယ် ဒါပေမယ့် လူသိရှင်ကြားဖြစ်မသွားစေနဲ့။ အဲ့တာက ကိစ္စတွေကိုရှုပ်ထွေးသွားစေလိမ့်မယ်။" ဟု ချင်ရှန့်မှ ဆက်ပြော သည်။

"အသံဖိုင်နဲ့အချက်အလက်တွေကို နောက်မှပို့ပေးမယ်၊ မင်းကိုယ်တိုင် ဆုံးဖြတ်လို့ရတယ်။"

ကျီဖေးလည်း ချင်ရှန့်၏ချဉ်းကပ်ပုံအား နားမလည်သဖြင့် ၎င်းသည် မိမိကိုယ်ကိုလှည့်စားသည့် စိတ်ကူးယဉ်သက်သက်ဟုသာတွေးကာ ကလေးပျက်ကျသွားကတည်းက ကြီးကြီးမားမားကိစ္စများ လုပ်ဖို့မသင့်တော်ချေ။

ယွီယွဲ့ သည် ချင်ရှန့်အား အလွန်ယုံကြည်သည်။ ခါတိုင်းလိုပင်၊ ချင်ရှန့်မှ အကြံဉာဏ်ပေးသည့်အခါ ယွီယွဲ့ လိုက်နာသည်။

သို့သော် ယခုတစ်ကြိမ်တွင် အခြားသူငယ်ချင်းများမှာ ချင်ရှန့်၏ချဉ်းကပ်ပုံအား နားမလည်ခဲ့ပေ။

ယွီယွဲ့ ၏ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သောကြောင့် နောက်ဆုံးဆုံးဖြတ်ချက်မှာ သူ့အပေါ်တွင်သာရှိခဲ့သည်။

အပြင်ဘက်တွင် ဂီတသံများရပ်သွားပြီးနောက် မင်္ဂလာပွဲပြီးသွားပြီး ဧည့်ခံပွဲစတော့မည်ကိုသိလိုက်ရသည်။ သူတို့အောက်ထပ်သို့ဆင်းကာ စုံတွဲအား ရှေ့ဆက်ဘာလုပ်ရမည်ကိုဆွေး နွေးရန် နေရာတစ်ခုပေးလိုက်သည်။

မထွက်ခွာမီချင်ရှန့်သည် နောက်ဆုံးအကြိမ်ပြန်လှည့်လာကာ ယွီယွဲ့ အား တစ်ခုခုပြောခဲ့သည်။

တခြားသူများမကြားရပေမယ့် ကျီဖေးမှ သိချင်စိတ်မထိန်းနိုင်ဘဲ မတ်တပ်ရပ်ပြီးနားထောင်‌နေသည်။ ချင်ရှန့် သတိထားမိသော်လည်း သူ့ကိုမတားခဲ့ချေ။

ယွီယွဲ့သည် ချင်ရှန့်အား အံ့အားသင့်စွာကြည့်နေဆဲဖြစ်ပြီး သူ၏ သက်ညှာသည့်အကြံပြုချက်အား ရှင်းရှင်းလင်းလင်းနားမလည်ပေ။

ထို့နောက် နောက်တစ်စက္ကန့်တွင် ချင်ရှန့်၏စကားများမှာ သူ့အား ထိတ်လန့်သွားကာ သူ့မျက်နှာသည် ရုတ်တရက်ပြောင်း လဲသွားသည်။

"အသံ‌သွင်းတာ မပြီးသေးဘူး။ ပိုင်ရှောင်ရှီရဲ့ ကျန်းမာရေးအခြေအနေက ဖော်ထုတ်ခံလိုက်ရပြီ။" ၎င်းကိုပြောပြီးနောက် ချင်ရှန့်သည် ကျီဖေးနှင့်အတူထွက်ခွာသွားခဲ့သည်။

နောက်ဆုံးတွင် ကျီဖေးသဘောပေါက်သွားသည်။

[အိုး၊ ခယ့်ယွမ်အာသာ အစွန်းအထိတွန်းပို့ခံလိုက်ရရင် သူ ပိုင်ရှောင်ရှီရဲ့လှို့ဝှက်ချက်ကို ဖော်ထုတ်ပစ်လိုက်နိုင်တယ်။ ပိုင်ရှောင်ရှီက ခယ့်ယွမ်အာရဲ့ကိုယ်ဝန်ကို ပျက်ကျစေခဲ့တာနဲ့ယှဉ်လိုက်ရင်၊ ပိုင်ရှောင်ရှီ ကလေးမရနိုင်ဘူးဆိုတဲ့အချက်က ယွီမိသားစုအတွက် ပိုပြီးဆိုးရွားတယ်။ အကျိုးကျေးဇူးတွေအ များကြီးရှိရင်တောင်မှ ယွီမိသားစုက ‌လက်ထပ်ပွဲကိုငြင်းနိုင်တယ်။ ချင်ရှန့် ဒီလိုအကြံဉာဏ်မျိုးပေးလိုက်တာအံ့ဩစရာတော့မဟုတ်ဘူး။ အိုးးး၊ ငါ့လောင်ကုန်းက ဘာနဲ့မှကိုမလဲနိုင်ဘူး၊ အရမ်းဉာဏ်ကောင်းပြီး အရမ်းတည်ကြည်တာပဲ။ ငါဒါကို‌မေ့နေတာ၊ ဟီးဟီးဟီး။]

ကျီဖေး ချက်ချင်းပင် အနည်းငယ်အရူးအမူးဖြစ်သွားကာ ချင်ရှန့်အားဖက်ပြီး သူ၏ချောမောသည့်ရုပ်ရည်အားစိုက်ကြည့်နေသည်။

ချင်ရှန့်သည် သူ့နှလုံးသားထဲတွင် ပျားရည်များဖြင့်ပြည့်နှက်နေသလိုခံစားရကာ ပြင်းထန်သည့်အကြည့်အောက်တွင် မျက် နှာမှာနီရဲလာသည်။ သူ ကျီဖေးအားလှည့်ကြည့်လိုက်ရာ တောက်ပသည့်အပြုံးဖြင့် တွေ့လိုက်ရသည်။

ချင်ရှန့်သည် သူ့ဇနီးအား ပျော်ရွှင်စေသည်ဟုခံစားလိုက်ရသဖြင့် ဆုလာဘ်နှင့်ထိုက်တန်သည်ဟုထင်သည်။

ထို့ကြောင့် မမျှော်လင့်စွာပင် သူ့အား ညင်သာစွာနမ်းလိုက်သည်။

ထိုအချိန်တွင်အဖွဲ့လေးသည် သူတို့ နောက်ကျကျန်နေခဲ့မှန်းသိကာနောက်ပြန်လှည့်လာပြီးနောက် တုန်လှုပ်သွားခဲ့သည်။

၎င်းသည် ယခင်ဒရာမာများကဲ့သို့ပင် အလွန်အံ့အားသင့်စရာကောင်းသည်။

ချင်ရှန့်နှင့်ကျီဖေးတို့ကြားဆက်ဆံရေးသည် အထူးကောင်းမွန်ကြောင်း အားလုံးသိကြသော်လည်း အထူးသဖြင့် ချင်ရှန့်မှကျီဖေးအားနမ်းလိုက်ခြင်းမှာ သူတို့အတွက်ပထမဆုံးဖြစ်သည်။ ချင်ရှန့်သည် အများအားဖြင့် အလွန်ပင်တည်ငြိမ်အေးဆေးပြီး စီးပွားရေးဆန်ကာ ရှက်ရွံ့နေသည့်ဆယ်ကျော်သက်လေးနှင့် ဆင်တူသည်။

သူ့အား နှစ်အတော်ကြာသိကျွမ်းခဲ့ကြသူများအတွက်မူ ထိုမြင်ကွင်းမှာ အလွန်ဆန်းသစ်ပြီး ဖုန်းများဆွဲထုတ်ကာ ဓာတ်ပုံရိုက်ချင်လာကြသည်။

သို့သော် နှစ်အတော်ကြာအိမ်ထောင်ပြုပြီးသော်လည်း သူတို့နှစ်ဦးစလုံးသည် ကြင်စဦးဇနီးမောင်နှံများကဲ့သို့ပင် ရှက်ရွံ့နေကြပြီး တစ်ယောက်ကိုတစ်ယောက် အကြည့်များရှောင်နေကြသည်၊ အထူးသဖြင့် လူတိုင်းကြည့်နေသည်အားသတိပြုမိစဉ်တွင်ဖြစ်သည်။

သူတို့၏မင်္ဂလာပွဲကိုတော့ နည်းနည်းကြာအောင်စောင့်ရဦးမည်ဟုထင်သည်။

အောက်ထပ်တွင် ပါးပါးယွီမှ ဒေါသတကြီးဖြင့် "ယွီယွဲ့က အရမ်းများနေပြီ။ သူ ဘယ်တွေသွားနေတာလဲ?"

အခမ်းအနားအတွင်း လင်ပါသားအဖြစ် ယွီယွဲ့ရှိနေသင့်သော ကြောင့် ခယ့်ယွမ်အာသည်လည်း အခန်းအားစကင်န်ဖတ်နေခဲ့သည်။

ထိုစဉ်လူတိုင်းသည် ယွီယွဲ့မှ မင်္ဂလာပွဲအားဆန့်ကျင်ခြင်း ရှိ၊မရှိ ပြောဆိုနေကြသည်။

သို့သော် ခယ့်ယွမ်အာသည် မျှော်လင့်ချက်လှိုင်းလုံးလေးများအား မခံစားရပဲမနေနိုင်ပေ။ ယွီယွဲ့ကယိမ်းယိုင်နေပြီး သူ့ကိုယွီပါးပါးနဲ့ လက်မထပ်စေချင်တာများဖြစ်နိုင်လား ?

All Chapters