← Chapters

အခန်း (၃၀၉)

Vol. 31 Ch. 309

အခန်း (၃၀၉)

Vol. 31 Ch. 309

ချင်ရှန့်၏ရုတ်တရက်အနမ်းကြောင့် ကျီဖေးအာရုံများ ခေတ္တပြောင်းသွားသော်လည်း ခယ့်ယွမ်အာ၏မင်္ဂလာဝတ်စုံကို မြင်လိုက်သောအခါချက်ချင်းပြန်ရုတ်သိမ်းသွားသည်။ သူ့မျက် လုံးများသည် လတ်လတ်ဆတ်ဆတ်ငါးတစ်ကောင်အား တွေ့လိုက်သည့် ကြောင်တစ်ကောင်၏မျက်လုံးများကဲ့သို့ပင် တောက်ပလာပြီး နောက်ဆုံးတော့ ခယ့်ယွမ်အာအား လူကိုယ် တိုင်တွေ့ဖူးပြီဟု တွေးနေသည်။

သူ၏အမူအရာသည် သူ့ကိုကြည့်နေသည့် ချင်ရှန့်အား မနာလိုစိတ်အနည်းငယ် ခံစားစေခဲ့သည်။

ချင်ရှန့် : ကျီဖေး ငါ့ကို ပြင်းပြတဲ့အကြည့်တွေနဲ့ ဘယ်တော့မှကြည့်မှာလဲ?

တစ်ချိန်တည်းမှာပင် စူးစူးဝါးဝါးအတွေးများသည် နောက်ဆုံးတွင် ချင်မိသားစုထံသို့ ရောက်ရှိသွားသည်။ သူတို့သည် ဇာတ်ဝင်ခန်းကြီးများနှင့်စိမ်းမနေသလို ကျီဖေးသည် နောက်ဆုံးတွင် ခယ့်ယွမ်အာအားမြင်ဖူးပြီဖြစ်ကြောင်း ချက်ခြင်းနား လည်လိုက်သည်။

ချင်မိသားစု၏အကြည့်များသည် ခယ့်ယွမ်အာအပေါ် ပိုပြင်း ထန်လာကာ မည်ကဲ့သို့အရည်ရွှမ်းသည့်အတင်းအဖျင်းများ ထွက်ပေါ်လာမည်တော့မည်အား အံ့သြနေကြသည်။

စကားမစပ်၊ ရှောင်ချင်ရှီသာလျှင် အတွေးများအားမကြားနိုင်ပေ။

ထိုအချိန်တွင် သူသည် မင်္ဂလာရှိသည့်စကားများကြောင့် ပါးပါးယွီနှင့်ခယ့်ယွမ်အာတို့ထံမှ ချီးကျူးခံရပြီး စာအိတ်နီပင်ရရှိခဲ့သည်။

သူတို့ထွက်သွားပြီးနောက် ချင်ရှီမှ “မား၊ အဲ့ဒီအန်တီက ဖိုးဖိုးယွီကိုတကယ်ကြိုက်တယ်လို့မထင်ဘူး။” ဟု ပြောလိုက်သည်။

ချင်မိသားစုသည် ပေါက်ကွဲလုမတတ် ရယ်မောလိုက်သည်။ ဘာအန်တီလဲ? ဘာအဘိုးလဲ ? ချင်ရှီမှ သူတို့အား အမည်ပေးလိုက်ပုံမှာ တကယ်ပင်အဆင်မပြေသော်လည်း သူ့အကြည့်များမှာ စိတ်ဝင်တစားဖြစ်နေသည်။အားလုံးမှ ချင်ရှီအားအံ့သြစွာကြည့်ကြသည်။

ချင်ရှီသည် ကျီဖေး၏အတွေးများအား မကြာခဏမကြားရ တတ်သော်လည်း လူအများစုဝေးကာ သွားရည်စာစားရင်း အတင်းအဖျင်းပြောနေကြချိန်တွင် သူသည် ဧည့်ခန်းကော်ဇောပေါ်ထိုင်လျှက် ဂိမ်းကစားနေသောကြောင့် သူ သဘောပေါက်သည်။

"ဘာလို့ဒီလိုပြောတာလဲ?" ချင်ရန်မှ မနေနိုင်ပဲမေးလိုက်သည်။

"သူ ယွီရှုရှုကို တော်တော်အထင်သေးနေတယ်လို့ သားခံစားရတယ်။ ယွီရှုရှု သူ့ကိုဖက်ဖို့ကြိုးစားတိုင်း သူက တမင်ရှောင်သွားတယ်။" ဟု ချင်ရှီမှ ရှင်းပြသည်။

မားမားချင် ရယ်မောလိုက်ပြီး "ငါတို့ရဲ့ရှီအာက အရမ်းကိုအမြင်စူးရှတာပဲ။"

"အဟမ်း၊ ရှူးးး၊ တိတ်တိတ်နေ။" ပါးပါးချင်မှ တိတ်တဆိတ်နေရန် အမြန်အချက်ပြလိုက်ပြီး ပတ်ဝန်းကျင်မှဧည့်သည်များကြားကာ အာရုံစိုက်စရာဖြစ်လာမှာ စိုးရိမ်နေသည်။

သို့သော် ကြင်စဦးဇနီးမောင်နှံတို့ အဝေးသို့ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရသည့်အတွက် ချင်မိသားစုသည် လှောင် ပြောင်သရော်သည့်ခံစားချက်များ မခံစားမိပဲမနေနိုင်ချေ။ သူတို့ ခယ့်ယွမ်အာ၏ပုံမှန်အမူအကျင့်အား စုံစမ်းခဲ့ကြပေမယ့် သူ့တွင် ရည်မှန်းချက်ကြီးလွန်းနေပုံရသည်။

ဟုတ်တာ‌ပေါ့၊ သူတို့အသိချင်ဆုံးအရာမှာ ကျီဖေးမှ လတ် ဆတ်ကာ အရည်ရွှမ်းသည့်အတင်းအဖျင်းများအား တူးဖော်နိုင်မလားပင်ဖြစ်သည်။

သူတို့သည် ယနေ့တွင် ကြီးကြီးမားမားအရှုပ်အရှင်းတစ်ခုအဖြစ်သို့ မပြောင်းနိုင်သည်ကိုသိသော်လည်း အလတ်ဆတ်ဆုံးအတင်းအဖျင်းအား လက်ဦးမှုရယူနိုင်သည့် ပထမဆုံးသူဖြစ်ချင်ဆဲဖြစ်သည်။

ကျီဖေးစိတ်မပျက်စေခဲ့ပေ။ ပထမဆုံးအကြိမ် ကြီးမားသည့်ထုတ်ဖော်ချက်သည် သူ၏အာမေဋိတ်သံနှင့်အတူပါလာသည်။

[ဒါက ရူးလောက်တယ်! ငါအရင်က သတိမထားမိပေမယ့် ပါးပါးယွီက သူ့ကိုကိုယ်ဝန်ရအောင်မလုပ်ပေးနိုင်ဘူးလို့ ခယ့်ယွမ်အာ တစ်ခါပြောခဲ့ဖူးတယ်။ အခုတွေးကြည့်တော့ သူသေချာနေတာက တော်တော်လေးသံသယဖြစ်ဖို့ကောင်းတယ်။ သူရက်စက်လွန်းတာ သိသာလာပြီ။ ဒါ... ဒါလည်း အချစ်ဆိုတဲ့အရာပဲလား?]

ဤဖော်ပြချက်သည် အသေးစိတ်အချက်အလက်များ များစွာမပါဝင်သော်ငြား အတွေးများအား ကြားနိုင်သူများအနေဖြင့် အဓိကအချက်ကို ချက်ချင်းလက်ငင်းသဘောပေါက်သည်။

ဒါဆို ပါးပါးယွီမျိုးမအောင်တော့တာက သဘာဝအတိုင်းမဟုတ်ပဲ တမင်လုပ်ကြံထားတာပေါ့? ပြီးတော့ အဲ့တာက ခယ့်ယွမ်အာလုပ်ခဲ့တာလား? အစကတည်းက သူ ပါးပါးယွီရဲ့ကလေးကိုလွယ်ဖို့ မရည်ရွယ်ထားဘူး ?

ပါးပါးယွီနဲ့လက်ထပ်ဖို့ အတင်းအကြပ်စေခိုင်းခံရပြီးကတည်း က သူ ပါးပါးယွီကို အန္တရာယ်အရှိဆုံး နုပျိုဆေးတွေအဆက်မ ပြတ်တိုက်ပြီး မတည့်တဲ့အစားအသောက်တွေကျွေးပြီး နောက် ဆုံးတော့ ပါးပါးယွီရဲ့ကလေးကိုလွယ်ရနိုင်တဲ့ အလားအလာကိုဖြတ်တောက်ပစ်ခဲ့တယ်။ ယွီမိသားစုက ယွီယွဲ့ကို ပိုင်မိသား စုနဲ့လက်ထပ်ဖို့စတေးခဲ့ပြီး၊ ယွီယွဲ့ကသာ အမွေအားလုံးကိုဆက်ခံသင့်တယ်၊ အခြားသူတွေနဲ့မျှဝေပေးစရာမလိုဘူးလို့ သူယုံကြည်နေတာ။ သူ ပါးပါးယွီအတွက်တောင် ကလေးတစ်ယောက်မလိုချင်ခဲ့ဘူး၊ သူ ဒီမိသားစုထဲဝင်လာခဲ့တာက ယွီယွဲ့ဘေးနားမှာ ရှိနေယုံသပ်သပ်ပဲ။

ကျီဖေးသည် ပြုံးပြီး‌ကျေနပ်နေဆဲဖြစ်သောပါးပါးယွီအား တိတ်တဆိတ်ကြည့်ကာ ရံဖန်ရံခါတွင် ခယ့်ယွမ်အာ၏ဗိုက်ချပ်ချပ်လေးအား ချစ်စဖွယ်အကြည့်များပေးနေသည်။

ငြိမ်းချမ်းစွာအိပ်စက်နိုင်ပါစေကွယ်။ (RIP)

ချင်မိသားစု: ဒါက အရူးပဲ၊ ရူးလွန်းတယ်၊ လုံးဝကို အရူးတွေ~

ချင်ရှန့်: ငါ့သူငယ်ချင်းကို သနားလိုက်တာ!

သို့ပေမယ့်လည်း ထူးဆန်းသည်။ အကယ်၍ ခယ့်ယွမ်အာသည် ယွီယွဲ့ အား အမှန်တကယ်ရူးသွပ်နေပါက ပိုင်ရှောင်ရှီကိုချောက်ချရန် သူ့ဗိုက်ထဲမှကလေးအား အဘယ်ကြောင့်အသုံး ပြုရမည်နည်း? အဆုံးတွင် သူသည် ထိုကလေးအား ယွီယွဲ့၏ က‌လေးဖြစ်သည်ဟု အမြဲယုံကြည်နေခဲ့သည်။

၎င်းသည် တကယ်ပင် မတော်တဆမှုတစ်ခုလား သို့မဟုတ် ခယ့်ယွမ်အာ၏ ရူးသွပ်မှုသပ်သပ်ပဲလား?

၎င်းသည်လည်း ကျီဖေးအလွန်အာရုံစိုက်နေသည့် အချက်တစ်ခုဖြစ်ပြီး ယခုပင် သူသည် တခြားကိစ္စများအားကျော်ဖြတ်ကာ ခယ့်ယွမ်အာမှ ပိုင်ရှောင်ရှီအား တွန်းအားပေးသည့်အဖြစ်အ ပျက်ကို ကြည့်ရှုခဲ့သည်။

[သောက်ချီး! ကောင်းယာလန်ပြောတာမှန်တယ်။ ခယ့်ယွမ်အာ ကပိုင်ရှောင်ရှီရဲ့လက်ကိုတမင်လှမ်းဆွဲလိုက်ပြီး လဲကျသွားဟန်ဆောင်ခဲ့တာ၊ အဲ့တုန်းက သူ့ဗိုက်ထဲကကလေး သေနေပြီဆိုတာ သူ သိတာကြောင့်ပဲ။]

ချင်မိသားစု- ဒါက... ချမ်းသာတဲ့မိသားစုတချို့က ရှုပ်ထွေး ပွေလီတဲ့ဆက်ဆံရေးတွေနဲ့ ချောက်ချမှုအမျိုးမျိုးတွေကိုကြားဖူးပေမယ့်၊ ဒီတစ်ခါတော့ လက်တွေ့ဘဝမှာပါ တွေ့လိုက်ရတာပဲ။

ချင်ရှန့် မျက်လုံးများတဖြတ်ဖြတ်ခတ်ကာ ယွီယွဲ့အားကူညီရန် နည်းလမ်းကိုတွေးနေမိသည်။

ယခင်က သက်သေမရှိခဲ့သောကြောင့် ခြယ်လှယ်ရန်လွယ်ကူခဲ့သည်။ ယခုတွင် ခယ့်ယွမ်အာမှ အခြားဆေးရုံများသို့ တိတ်တ ဆိတ်သွားရောက်ကာ သန္ဓေသားသေဆုံးခြင်းရှိမရှိ အသေအ ချာစုံစမ်းနေသရွေ့ ၎င်းတို့သည် အမှန်တရားအား ရှာဖွေနိုင်မည်ဖြစ်သည်။

ကျီဖေး၏အတွေးများအား ကျေးဇူးတင်ရမည်၊ ဤအတင်းအ ဖျင်းလေးများ မပါဝင်ပဲ၊ ထိုကဲ့သို့မတော်တဆမှုအပြီးတွင် ကလေးဆုံးရှုံးသွားရသည့် ဝမ်းနည်းပူဆွေးနေသည့်ကိုယ်ဝန် ဆောင်အမျိုးသမီးအား စုံစမ်းစစ်ဆေးရန် မည်သူမျှတွေးတောမိမည်မဟုတ်ချေ။

ဘယ်လိုတောင် ဉာဏ်များတဲ့ဆင်ခြေလဲ! ပိုင်ရှောင်ရှီကို ဒီလိုချောက်ချလိုက်တာက ယွီယွဲ့ကို အိမ်ကစီစဉ်ပေးတဲ့ အကျဉ်း ထောင်လိုအိမ်ထောင်ရေးကနေ လွတ်အောင်လုပ်ပေးနိုင်လိမ့်မယ်လို့ သူထင်နေတာ။ နောက်ဆုံးမှာတော့ သူကိုယ်ဝန်ပျက်ကျခဲ့ရင် ယွီမိသားစုက ပိုင်ရှောင်ရှီကို မိသားစုရဲ့မျိုးဆက်ကို ကိုယ်ကျိုးအတွက် ထိခိုက်အောင်လုပ်ခဲ့တဲ့သူဆိုပြီး အလွယ် တကူလက်မခံနိုင်တော့ဘူး။

ချင်မိသားစု- ဟမ့်၊ ငါတို့ ဒါကို တကယ်မယုံဘူး။ သူတကယ်ပဲ ဒီလိုထင်ခဲ့တယ်ဆိုရင် ဘာလို့စောစောမပြောခဲ့တာလဲ? ဘာလို့ ဝှက်ထားတာလဲ?

ချင်ရှန့်သည် ခယ့်ယွမ်အာမှ သူ့ကိုယ်သူ မည်ကဲ့သို့လှည့်စားနေသည်ကို အပြည့်အဝခန့်မှန်းနိုင်သည်။ သူ၏ဖြောင့်မတ်သည့်ဒီဇိုင်းသည် ဘာမှမဟုတ်သော်ငြား ပြောင်ပြောင်တင်းတင်း ဘောင်ခတ်ထားရုံမျှသာဖြစ်သည်။

သူသည် အပေါ်ယံတွင် သူ့ကိုယ်သူလှည့်စားဖို့ ကြိုးစားခဲ့သော်ငြား လုံး၀မရှုပ်ထွေးသရွေ့ ကျီဖေးမှ ၎င်းကို တူးဖော်နိုင်မည်ဖြစ်သည်။

[ဟက်၊ တကယ်တော့၊ အဲ့တုန်းက၊ ပိုင်ရှောင်ရှီအပေါ် ယွီယွဲ့ရဲ့ခံစားချက်တွေက သူ ထင်ထားသလိုမဟုတ်ဘူးဆိုတာ ခယ့်ယွမ်အာသိပြီးသွားပြီ။ ယွီယွဲ့ရဲ့ ပိုင်ရှောင်ရှီ‌အပေါ် သည်းသည်းလှုပ်အချစ်တွေကသိသာလွန်းတာကိုး ကန်းနေတဲ့သူပဲမမြင်နိုင်မှာ

သူ့ရဲ့ ဗိုက်ထဲမှာသေနေတဲ့သန္ဓေသားက သူ့ကို နှိုးဆွနေပြီး၊ ယွီယွဲ့ ကို ဘယ်တော့မှ ထပ်မချည်နှောင် နိုင်တော့မှာစိုးရိမ်လို့ ဆိုးရွားတဲ့အကြံအစည်တစ်ခုကို အကောင်အထည်ဖော်ခဲ့တာပဲ။ သူက ပိုင်ရှောင်ရှီကို ကိုယ်ဝန်ပျက်ကျမှုအတွက်အပြစ်တင်ဖို့ အသုံးချခဲ့ပြီး ယွီယွဲ့ နဲ့ပိုင်ရှောင်ရှီကို ခွဲထုတ်ဖို့ကြိုးစားခဲ့တာတစ်ချိန်တည်းမှာပဲ၊ သူက ယွီယွဲ့ ကို ကျန်းမာတဲ့ကလေးတစ်ယောက် အစားပြန်ပေးဖို့လှည့်စားခဲ့တယ်၊ အဲ့တာမှသူ့တို့ ချည် နှောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေတယ်။ တစ်ချို့သောဆက် ဆံရေးတွေ၊ တစ်ကြိမ်တစ်ခါလောက်အစပြုမှုတွေက ရပ်တန့်ဖို့ခက်တယ်။ ယွီယွဲ့က ရပ်တန့်ပစ်ချင်ရင်တောင်မှ ခယ့်ယွမ်အာက သူ့ကိုခြိမ်းခြောက်ပြီး ဒီမိထွေးဇာတ်လမ်းကို ထိန်းထားဦးမှာပဲ]

ချင်မိသားစု အံ့ဩသွားသည်။ ထိုအရာများကိုသတ္တိရှိရှိလုပ်ရန် တွန်းအားပေးခဲ့ကြသည်မှာ အမှန်ပင်။

ချင်ရှန့်သည် သူ့နှလုံးသားထဲမှ အေးစက်စွာရယ်မောလိုက်သည်။ ဤလူသည် အချစ်ရူး ရူးနေတာ သို့မဟုတ် အရူးသပ် သပ်မဟုတ်ချေ၊ သူသည် အစစ်အမှန် နတ်ဆိုးတစ်ကောင်ဖြစ် သည်။

[အာ၊ မဟုတ်ဘူး၊ သူ့အမြင်အရဆို၊ ဒါက ခြိမ်းခြောက်မှုတစ်ခုမဟုတ်ပေမယ့် ယွီယွဲ့ကိုကျူးလွန်ဖို့ အကြောင်းပြချက်တစ်ခုပဲ။ ခယ့်ယွမ်အာစိတ်ထဲ သူနဲ့ယွီယွဲ့တို့မှာ အတိတ်တချို့ရှိနေဆဲမို့ မိထွေးဇာတ်လမ်း‌တွေက အလုပ်ဖြစ်နိုင်တယ်လို့ သူထင်နေတာ။ ပိုင်ရှောင်ရှီအပေါ် ယွီယွဲ့ ရဲ့ခံစားချက်ကတော့ အချိန်အ တိုင်းအတာတစ်ခုထိပဲ၊ တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားမဲ့ အချစ်တွေပဲ။ အဲ့တာကြောင့် သူက မကြာသေးခင်က အဖြစ်အ ပျက်တွေရယ်၊ ယွီပါးပါးနဲ့ တကယ်လက်ထပ်ခဲ့တဲ့အချက်ရယ်ကြောင့် ယွီယွဲ့က လွှတ်မချနိုင်ဖြစ်နေတာလို့ သူတွေးနေသေးတာ။

အိုခိုင်‌မော့၊ သူဘယ်လိုများ ဒီလောက်တောင် ထင်ယောင်ထင် မှားဖြစ်နေတာလဲ! စိတ်ကူးယဉ်တာက ယဉ်လို့ရပါတယ် ဒါပေမယ့် နင် ဒီလိုမျိုးလုပ်လို့မရဘူးလေ!]

All Chapters